#World_Science
Published 21 October 2025
■ ပါးစပ်ထဲမှာ အချို့သော ဘက်တီးရီးယားတွေ မှိုတွေရှိတဲ့သူတွေဟာ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေသုံးဆကျော်လောက် ပိုများနိုင်ကြောင်း NYU Langone ကျန်းမာရေးမှ သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။
■ ကင်ဆာစေနိုင်မယ့် ပါးစပ်ထဲက ဘက်တီးရီးယားနဲ့ မှိုအမျိုးအစား ၂၇ မျိုးကို သုတေသီများ ဖော်ပြခဲ့ကြပါတယ်။
■ ကင်ဆာလေ့လာမှုကြီး ၂ ခုထဲမှာ ပါဝင်ခဲ့တဲ့ လူပေါင်း ၁၂၂,၀၀၀ ထံမှ တံတွေးများကို ဆန်းစစ်ခဲ့ကြကာ ၉ နှစ်ခန့် စောင့်ကြည့်ခဲ့ကြပါတယ်။
■ ပန်ကရိယကင်ဆာဖြစ်ပွားတဲ့ လူနာ ၄၄၅ ဦးထံမှ ခံတွင်းဘက်တီးရီးယားတွေနဲ့ ကင်ဆာမဖြစ်တဲ့ ၄၄၅ ယောက်တို့ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ ဘက်တီးရီးယားနဲ့ မှိုမျိုးစိတ် ၂၄ ခုက ရောဂါနဲ့ သက်ဆိုင်နေပြီး နောက်ထပ်ဘက်တီးရီးယား ၃ မျိုးကတော့ သွားဖုံးရောဂါ၊ ပန်ကရိယကင်ဆာတို့နဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
■ ဖြစ်နိုင်ခြေတွက်ချက်ရာမှာ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေက ၃ ဆခွဲပိုများတာ တွေ့ရပါတယ်။
■ ယခင်ကလည်း ခံတွင်းကျန်းမာရေး မကောင်းခြင်းနဲ့ ပန်ကရိယကင်ဆာတို့ကြား ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ပေမယ့် ယခုလေ့လာချက်က ဘက်တီးရီးယားမျိုးစိတ်တွေအကြောင်း သိရှိလာရပါတယ်။
■ ဒီနည်းလမ်းက ကင်ဆာဖြစ်နိုင်ခြေများနိုင်တဲ့ သူတွေကို ခွဲစိတ်မှုမလုပ်ရဘဲ သိရှိစေနိုင်မယ့်အရာ ဖြစ်လာနိုင်ပါတယ်။
■ ဒီလိုပိုးမွှားတွေက ကင်ဆာဖြစ်ပေါ်စေတဲ့နေရာမှာ အဓိကပါဝင်နေလားဆိုတာကို သိရှိဖို့ နောက်ထပ်လေ့လာချက်တွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။
■ ဒီအတွက် ခံတွင်းဘက်တီးရီးယားများ ကျန်းမာဖို့အတွက် ပုံမှန်ဆေးကြောသန့်စင်ဖို့ သွားဆရာဝန်တွေ အကြံပြုထားပါတယ်။
Source: AOL
#World_Health
Published 21 October 2025
■ လေယာဉ်အတက်အဆင်း လုပ်တဲ့အခါ လေဖိအားက လျင်မြန်သိသာစွာ ပြောင်းလဲပါတယ်။
■ လည်ချောင်းအိုးနဲ့ ဆက်စပ်နေတဲ့ အလယ်နားဟာဆိုရင် ပြင်ပဖိအားနဲ့ နားအတွင်းဖိအားတို့ကို မျှခြေဖြစ်အောင် လုပ်ပေးရပါတယ်။
■ အထဲကပြွန် ပိတ်ဆို့တဲ့အခါမှာ ဖိအားမညီမျှတော့ဘဲ နားထဲမှာ ပြည့်သိပ်နာကျင်လာပါတယ်။
■ လေယာဉ်ဆင်းပြီးနောက် နားတွေဆက်လက် ပိတ်ဆို့နေပါက ဖိအားချက်ချင်းမထွက်တော့ဘဲ နေရထိုင်ရခက်ခဲကာ ယာယီမကြားရတော့ပါဘူး။
■ နာရီပိုင်းရက်ပိုင်းအတွင်းမှာတော့ ခန္ဓာကိုယ်က ပတ်ဝန်းကျင်ဖိအားကို အလိုက်သင့်ပြောင်းလဲပေးပြီး ခံစားရမှု သက်သာသွားတတ်ပါတယ်။
■ ဒီခံစားမှုကို သက်သာစေမယ့် အခြားနည်းလမ်းတွေအနေနဲ့..
■ - နားနဲ့ပါးစပ်ကို ပိတ်ထားပြီး နှာခေါင်းကနေပဲ ဖြည်းညင်းစွာ ရှူထုတ်ပေးပါက နားတွင်းဖိအားဖြစ်လာစေပြီး နားပေါက်ပွင့်စေပါတယ်။
■ - ချွဲပျော်နှာခေါင်းဖျန်းဆေးကို လေယာဉ်မစီးခင် အသုံးပြုခြင်းဖြင့် နားတွင်းပြွန်ထဲမှာ လေအဝင်အထွက် ကောင်းစေပါတယ်။
■ - လေယာဉ်အတက်အဆင်း လုပ်တဲ့အခါမှာ ရေသောက်ခြင်း၊ ကလေးတွေကို ချိုလိမ်ဆို့ခိုင်းခြင်းဖြင့် မျိုချလိုက်တိုင်းမှာ ဖိအားကို မျှတစေပါတယ်။
■ - ဖိအားလျှော့ချပေးတဲ့ နားဆို့တွေက လေယာဉ်အတက်အဆင်း လုပ်တဲ့အချိန်မှာ ဖိအားပြောင်းလဲမှုကို သက်သာစေပါတယ်။
■ လေယာဉ်မှဆင်းပြီးနောက် နားပိတ်နေတဲ့အခါ ပီကေဝါးခြင်း၊ တံတွေးမျိုချခြင်းတို့ ပြုလုပ်နိုင်သလို နားတွေ ပုံမှန်အတိုင်းပြန်မဖြစ်ခင် ခဏလေးအတွင်းမှာပဲ အကြိမ်ကြိမ်လေယာဉ်စီးခြင်းမျိုး ရှောင်ရှားသင့်ပါတယ်။
Source: The Jerusalem Post.
တရုတ်ပြည် ကွမ်တုံပြည်နယ်တောင်ပိုင်း ကွမ်ကျိုးမြို့မှာ အနိမ့်ပျံစီးပွားရေး ပိုမိုတွင်ကျယ်လာပါတယ်။
#Asia_Economy
Published 20 October 2025
#တရုတ်ပြည် #ကွမ်တုံပြည်နယ်
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို တောင်ကြီးမြို့၊ စန်းစန်းခန်းမ၌ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 20 October 2025
#ပိုးသတ်ဆေး #ရှမ်းပြည်နယ်
#YMG/SW #Yangon_Times
ရန်ကုန်-ပုဂံရထားကို ပျဉ်းမနားဘက်လမ်းကြောင်းကနေယာယီ ပြောင်းလဲ ပြေးဆွဲသွားမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေကတော့ ပြောင်းလဲမှုမရှိဘူးလို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 20 October 2025
#ရန်ကုန်-ပုဂံ #ရထား
#YMG/NN #Yangon_Times
#Daily_News
Published 20 October 2025
၁။ ပေါ်ဆန်းမွှေးကို တိုးမြှင့်ထုတ်လုပ်ပြီး ဧရာဝတီတိုင်း၏ Brand တစ်ခုအဖြစ်ဆောင်ရွက်ရမည်ဟုဆို
၂။ ရန်ကုန်-ပုဂံရထား လမ်းကြောင်းပြောင်းလဲ ပြေးဆွဲမည်ဖြစ်ပြီးလက်မှတ်ခနှုန်းထားများပြောင်းလဲခြင်းမရှိဟုဆို
၃။ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး ဆွေးနွေးပွဲပြုလုပ်
၄။ အနိမ့်ပျံလေယာဉ်စီးပွားရေးကဏ္ဍ တရုတ်ပြည်၌လျင်မြန်စွာတိုးတက်ဖွံ့ဖြိုး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်း မှ ထွက်ရှိတဲ့ ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီးရဲ့ Brand တစ်ခုအဖြစ်တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
#Local_News
Published 20 October 2025
#ပေါ်ဆန်းမွှေး #Brand
#YMG/NN #Yangon_Times
ဆင်မကြီးမိုမိုရဲ့ (၇၂)နှစ်ပြည့်မွေးနေ့ပွဲတော်ကြီးကို ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာ (၃)ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်က သိရပါတယ်။
#Local_News
Published 20 October 2025
#ဆင်မကြီးမိုမို #ရန်ကုန်တိရစ္ဆာန်ဥယျာဥ်
#YMG/NN #Yangon_Times
#Local_News
Published 20 October 2025
■ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည်တာဝန် ရှိသူများနှင့်အတူ အောက်တိုဘာ ၁၈ မနက်ပိုင်းက တာချီလိတ်လေဆိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် လေကြောင်းလုံခြုံမှုဆိုင်ရာများကိုကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။
■ ထိုသို့ စစ်ဆေးရာ လေဆိပ် Terminal တွင် ခရီးသည်များအတွက် အသုံးပြုလျက်ရှိသည့်လေကြောင်းလိုင်းကောင်တာများ၊ X-Rays စက်များ၊ လေကြောင်း လုံခြုံမှုဆိုင်ရာ စစ်ဆေးမှုများ၊ ခရီးသည်များ လေယာဉ်စောင့်ဆိုင်းသည့်နေရာများနှင့်ရောက်ရှိခရီးသည်များအတွက် လေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများ၊ ခရီးဆောင်အိတ်များ အဆင်ပြေစွာသယ်ဆောင်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ CCTV များ တပ်ဆင်ထားမှုနှင့် CCTV Control Room တို့ကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
■ ထို့နောက် လေဆိပ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်၏ အခြေအနေ၊ လေကြောင်းထိန်းမျှော်စင်တွင် အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးစက်များ အပါအဝင်အခြားဆက်စပ်ပစ္စည်း ကိရိယာများနှင့် VOR/DME စက်အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
■ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ခရီးသွားများ အဆင်ပြေစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် လေဆိပ် Terminal အတွင်း ဆောင်ရွက်ပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းများ မြန်ဆန်စေရေး၊ လေဆိပ်အဆောက်အအုံများ အစဉ်သန့်ရှင်းနေစေရေး၊ ခရီးဆောင်ပစ္စည်းများ သယ်ယူရန် စောင့်ဆိုင်းနေရာများ သန့်ရှင်းမှုရှိနေစေရေး၊ မီးသတ်ယာဉ် အစဉ်ကောင်းမွန်ပြီး အဆင်သင့်ဖြစ်နေစေရေး၊ လေကြောင်းထိန်းများအနေဖြင့် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ အတက်၊ အဆင်းပြုလုပ်နိုင်ရေးအတွက် တာဝန်ခံမှုအပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြစေရေး၊ လေကြောင်းထိန်းမျှော်စင်အပေါ်မှ ပြေးလမ်းအစွန်းနှစ်ဖက်သို့ မြင်ကွင်းရှင်းလင်းမှုရှိစေရေး၊ လေယာဉ်ကွင်းပတ်လည်ရှိ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာကောင်းမွန်စေရေး၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ အဆင်း/အတက် ပြုလုပ်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းဖြစ်သည့် VOR/DME စက် ကောင်းမွန်နေစေရေး၊ လေယာဉ်ကွင်းတွင် လေယာဉ်များ နေ့/ည အတက်အဆင်းရှိသည့်အတွက် ပြေးလမ်းမီးများ၊ PAPI Light များ ကောင်းမွန်နေစေရေးအပြင် လေယာဉ်ကွင်းအတွက်အသုံးပြုသည့် အရန်မီးစက်များ ကောင်းမွန်နေစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြီးကြပ်ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 20 October 2025
■ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံမှ လူလာရောက်မှုအများဆုံး လူဗာပြတိုက်မှာ သူခိုးတွေက ဝန်ချီစက်ဖြင့် ပြတိုက်မျက်နှာစာကိုတက်ပြီး ပြတင်းပေါက်မှ ဖောက်ထွင်းဝင်ရောက်ကာ အဖိုးမဖြတ်နိုင်တဲ့ နပိုလီယံကျောက်မျက်ရတနာများ ခိုးယူထွက်ပြေးသွားကြောင်း တာဝန်ရှိသူများ ပြောပါတယ်။
■ နေ့ခင်းဘက် ဧည့်သည်တွေ ရှိနေချိန်မှာပဲ ပြတိုက်ဖွင့်ပြီး မိနစ် ၃၀ ခန့်အကြာမှာ ဖောက်ထွင်းခဲ့တာဖြစ်ကာ နာမည်အကြီးဆုံးပြတိုက် ဖောက်ထွင်းမှုတွေထဲ ပါဝင်သွားပါတယ်။
■ ဝန်ထမ်းအင်အား နည်းပါးနေပြီး ဧည့်သည်တွေနဲ့ ကြပ်ညပ်နေချိန်မှာ လုံခြုံရေးအခက်အခဲရှိနေခဲ့တယ်လို့ ရှင်းပြထားပါတယ်။
■ မိုနာလီဆာပန်းချီကားဆီကနေ မီတာ ၂၅၀ အကွာလောက်မှာ ခိုးယူခဲ့ကြတာဖြစ်ပြီး ဒါဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ ၄ မိနစ်တာ ဖောက်ထွင်းရေးအဖြစ် ယဉ်ကျေးမှုဝန်ကြီး ရေချီဒါဒါတီက သတ်မှတ်လိုက်ပါတယ်။
■ သူခိုးတွေက ပစ္စည်းစင်နှစ်ခုကို ရိုက်ခွဲခဲ့ကာ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားကြပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
■ အချက်ပေးသံတွေ ထွက်လာပြီးနောက်မှာ လူဗာအရာရှိတွေ ရောက်လာပေမယ့် ဖောက်ထွင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
■ ပစ္စည်း ၈ ခု ပါသွားခဲ့ကာ ၁၉ ရာစု ပြင်သစ်ဘုရင်မတွေဖြစ်တဲ့ မယ်ရီအမ်မီလီနဲ့ ဟော်တန့်စ်တို့နဲ့ ဆက်စပ်တဲ့ နီလာကျောက်၊ လည်ဆွဲ၊ နားကပ်၊ ဧကရီ မယ်ရီလူးဝစ်ရဲ့ ကျောက်စိမ်းလည်ဆွဲနဲ့ နားကပ်၊ ဧကရီ ယူဂျင်နီရဲ့ ကျောက်နဲ့ ရင်ထိုးတို့ပါဝင်ကြောင်း တာဝန်ရှိသူများ ဆိုပါတယ်။
■ ဖောက်ထွင်းမှုဖြစ်ပြီးနောက် တနင်္ဂနွေတစ်နေ့လုံး ပြတိုက်ပိတ်လိုက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
■ လူဗာပြတိုက်ဟာ ဝန်ထမ်းနည်းပါးမှုနဲ့ ဧည့်သည်များပြားမှုပြဿနာကို ဖြေရှင်းဖို့ ခက်ခဲနေခဲ့ပါတယ်။
■ ဒါဟာ ပြတိုက်အတွက်တော့ အရှက်စရာဖြစ်ရပ်ကြီးတစ်ခု ဖြစ်ခဲ့တာပါ။
■ လူဗာပြတိုက်မှာ ယခင်ကလည်း ခိုးယူဖောက်ထွင်းမှုများ ဖြစ်ခဲ့ဖူးပြီး ၁၉၁၁ မှာ မိုနာလီဆာပန်းချီကား ခိုးယူခံရခြင်းက နာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။
■ စစ်ဆေးရေးတွေက စီစီတီဗီတွေကို ပြန်လည်ကြည့်ရှုနေသလို သူခိုးတွေအသုံးပြုခဲ့တဲ့ ဝန်ချီစက်ကိုလည်း စစ်ဆေးခဲ့ပြီး ပြတိုက်ဖွင့်ချိန်မှာ ရှိနေခဲ့တဲ့ ဝန်ထမ်းတွေကို မေးမြန်းနေပါတယ်။
Source: AP News
#Local_News
Published 20 October 2025
■ ယခုအခါနိုင်ငံတစ်ဝန်း ထိုက်သင့်သလောက်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းစေရေး တပ်မတော်အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
■ အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။
■ တပ်မတော်ကိုနိုင်ငံတော်၏ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ရန်ဖွဲ့စည်းထားရှိခြင်းဖြစ်သောကြောင့် နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန် ၊ပြည်သူများမှ အပြည့်အဝယုံကြည်ကိုးစားသည့် တပ်မတော်ဖြစ်ရန် ၊ ဒေသအလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများနှင့်တစ်သား တည်းဖြစ်အောင်လုပ်ဆောင်ပြီး ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာဖြင့်ဆောင်ရွက်နိုင်ရေးလုပ်ဆောင်ရန်တို့ကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။
■ ယင်းအပြင် လွပ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
■ တပ်မတော်သားတစ်ဦးချင်းအနေဖြင့် လူနေမှုဘဝကို ထိခိုက်စေမည့် အသောက်အစားအပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ရှားရန်၊
မိမိကိုယ်ကို တပ်မတော်သားကောင်းတစ်ဦးဆိုသည့်စိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန် ၊တပ်မတော်သားများဖြစ်သည်နှင့်အညီ ဝတ်စားဆင်ယင်မှုများ၊ သွားလာနေထိုင်မှုများမှအစ စည်းကမ်းနှင့်အညီ နေထိုင်ကြရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
■ အလားတူ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်မဟုတ်သောကြောင့်လက်နက်ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
■ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times
၂၀ အောက်တိုဘာ ၂၀၂၅၊
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ မှ ၂၈ အထိ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံ နိုင်ငံတော်ယာယီသမ္မတ ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ဖို့ရှိနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်များက သတင်းဖော်ပြကြပါတယ်။
▪️ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအားလုံး၊ အဓိကကမ္ဘာ့ ခေါင်း ဆောင်အချို့နှင့် အဓိက ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ အတူတကွ စုရုံးရောက်ရှိ လာကြ မယ်လို့သိရပါတယ်။ တက်ရောက်ရန် အတည်ပြုထားသူတွေကတော့-
အာဆီယံ နိုင်ငံခေါင်းဆောင်တွေဖြစ်ကြတဲ့-
▪️ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆာနယ်လ် ဘိုကီယာ
▪️ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်
▪️အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို
▪️လာအိုဝန်ကြီးချုပ် ဆိုနက်ဆေး စီဖန်ဒုံ
▪️မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆီယီ အန်ဝါ အီဘရာဟင်
▪️မြန်မာယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
▪️ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ
▪️စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်
▪️ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်
▪️တီမောလက်စ်တီနိုင်ငံမှ ဂျို့စ် အလက်ဇန္ဒား ဂတ်စ်မိုင်ယို
▪️ဗီယက်နမ် ဝန်ကြီးချုပ် ဖန်မင်းချင်း
နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်ကြတဲ့-
▪️အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
▪️ဘရာဇီးလ်သမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗား
▪️တောင်အာဖရိကသမ္မတ စီရီလ် ရာမာဖိုဆာ
▪️ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး
▪️အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ
▪️ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်များ
▪️တရုတ်သမ္မတ ရှီကျင့်ဖျင် (တက်ရောက်ရန် မျှော်လင့်ထားသော်လည်း တရားဝင် အတည်မပြုသေး)
▪️အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ
▪️ဆိုက်ပရပ်စ်သမ္မတ နီကိုးစ် ခရစ္စတိုဒူလိုက်ဒ်စ် နှင့်
▪️ဖင်လန်ဝန်ကြီးချုပ် ပက်တဲရီ အော်ပိုတို့တက်ရောက်မယ်လို့ သိရပါတယ်။
▪️ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မည်လား မသိရသေးသော်လည်း နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန်အတည်ပြုထားပါတယ်။
▪️ဤခေါင်းဆောင်များနှင့်အတူ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံး၊ အဖွဲ့ဝင်သစ်ဖြစ်လာမည့် တီမောလက်စ် တီနိုင်ငံ၊ နှင့် ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ နှင့် ရုရှားတို့ကဲ့သို့ အာဆီယံ၏ အဓိက ဆွေးနွေးဖက်နိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ နှင့် အဆင့်မြင့်ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ကြဖို့စီစဉ်ထားပါတယ်။
▪️ယခုထိပ်သီးစည်းဝေးပွဲသည် အရှေ့တောင်အာရှဒေသတွင် ယခုနှစ်အတွင်း ကျင်းပသော အကြီးမား ဆုံးနှင့် အထင်ရှားဆုံး နိုင်ငံတကာ စုဝေးမှုများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုခံနေရပါ တယ်။
ထိပ်သီးအစည်းအဝေးမှာ အဓိကတင်ပြဆွေးနွေးမယ့် အရေးကြီးအကြောင်းအရာတွေက
▪️အာဆီယံ Vision 2045 ကို တည်ဆောက် အကောင်အထည်ဖော်ရေး နှင့် ဒေသတွင်းပေါင်းစည်းမှု များကို တိုးတက်မြှင့်တင်ရေး
▪️ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ အဓိက အာဆီယံ-အမေရိကန် စီးပွားရေးသဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် 3.0 ကို တိုးချဲ့ခြင်း
▪️သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ထူးခြားတဲ့ တာဝန်ယူမှုအဖြစ် Zero Emission Community မဟာဗျူဟာ ကို မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းအကောင် အထည်ဖော်ခြင်း
▪️တီမောလတ်စတေးနိုင်ငံကို အာဆီယံ ၁၁ ကြိမ်မြောက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုခြင်း
▪️တီထွင်ဆန်းသစ်မှုနဲ့ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးအရ တိုးတက်မှုများမြှင့်တင်ရေး စသည် တို့ ဖြစ်ကြပါတယ်။
Source: Regional Media and news websites
Page 7 of 1809