KNL သုံးသပ်ရေးသားသည်
ဆယ်စုနှစ်များစွာပင် အမေရိကန်ပြည်ထောင်စုသည် အာရှ၏ ပို့ကုန်နှင့် ဆန်းသစ်မှုများ၏ ခရီးဆုံး နေရာနှင့် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုရရှိဖို့အတွက် တစ်ခုတည်းသော ဝင်ပေါက်အဖြစ်ရှိခဲ့သည်။
ဂျပန်ထုတ်လျှပ်စစ်ပစ္စည်းများ၊ ကိုရီးယားကားများမှသည် တရုတ်၏ လူသုံးကုန်ပစ္စည်းများအဆုံး အမေရိကန်ဈေးကွက်သို့ထိုးဖောက် ဝင်ရောက်ပြီး နိုင်ငံတကာအောင်မြင်မှုများကို ရယူခဲ့ကြရသည်။ သို့သော် အဆိုပါခေတ်သည် ယခုမူ မှေးမှိန်စပြုလာပြီ။ ပြန်လည်ရှင်သန်လာသော ထရမ့်ခေတ် ကုန်သွယ်ရေး လှုပ်လှုပ်ရှားရှားဖြစ်လာမှုများ အထူးသဖြင့် သူ၏ ကုန်သွယ်ခွန်မြှင့်တင်ခြင်းကို ပြန်ဖြေ လျော့ပေးဖို့ အဆိုပြုခြင်းများကြောင့် အာရှကုမ္ပဏီများအနေဖြင့် ယင်းတို့၏ အနေအထားကို မဟာ ဗျူဟာမြောက် ပြန်လည်သုံးသပ် ကြရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
အမေရိကန်ဈေးကွက်ဝင်ရောက်နိုင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ အဆင့်တစ်ခုရောက်သွားသည်ဟူသော အာရှကုမ္ပဏီများ၏ ယုံကြည်မှုများကို ပြန်လည်သုံးသပ်စဉ်းစားရမည့် အချိန်ရောက်လာပြီ။
ဒေါ်နယ်ထရမ့်၏ ပထမဆုံးအစိုးရခေတ်တွင် အခွန်များကို လက်နက်အဖြစ်အသုံးချခြင်း၊ ကုန်သွယ်ရေး စစ်ပွဲများမီးမွှေးခြင်းနှင့် နိုင်ငံစုံဆက်ဆံရေး၏ အခြေခံများကို လှုပ်ယမ်းပစ်ခြင်းတို့ဖြင့် ကမ္ဘာ့ကုန်သွယ် ရေးကို ပုံပြောင်းခဲ့သည်။
ယခုတွင် ထရမ့်သည် အချို့သောနိုင်ငံများနှင့် ကုန်သွယ်အခွန်ကိစ္စ နောက်ပြန်ဆုတ်သည့် သဘော ဆွေး နွေးညှိနှိုင်းမှုတွေပြုလုပ်လာသည်။ စီးပွားရေးလုပ်ငန်းများသည် ယုံကြည်မှုနှင့် မသေချာမှုများအကြား ပိတ်မိနေသည်။ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
အပြောင်းအလဲမြန်သော မူဝါဒအယိမ်းများက နက်ရှိုင်းသောယုံံကြည်ထားမှုများအတွက် စဉ်းစားစရာ ဖြစ်လာသည်။ အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒသည် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးတွင် ယုံကြည် စိတ်ချရသော တည်ငြိမ်မှုတစ်ခုအဆင့်က လျောကျသွားခဲ့ပြီ။
အဆိုပါ မတည်မငြိမ်ဖြစ်မှုက အရွေ့တစ်ခုကို ဖြစ်ပေါ်စေသည်။ ကမ္ဘာလုံးဆိုင်ရာ ဩဇာအရှိန်အဝါကို အမှီအခိုမရှိစေဘဲ ပိုမိုကျယ်ပြန့်သော ပုံစံတစ်ခုဖြင့် တည်ဆောက်ရတော့မည်ဆိုသည်ကို အာရှကုမ္ပဏီ များနှင့် မူဝါဒချမှတ်သူများက အသိအမှတ်ပြုလာနေပြီဖြစ်သည်။
ယနေ့ကမ္ဘာကြီးသည် ဝင်ရိုးစုံ ကမ္ဘာဟုဆိုရမည်။အမေရိကန်၏ ပါဝါဗဟိုနှင့်ယှဉ်လျက် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အာဆီယံ၊ အီးယူ၊ ပင်လယ်ကွေ့နိုင်ငံများနှင့် တိုးချဲ့ဖွဲ့စည်းထားသည့် BRICS ( ဘရာဇီး၊ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနှင့် ယခုအသစ်ထပ်ဝင်လာသည့် အီဂျစ်နှင့် ယူအေအီးကဲ့သို့သော အဖွဲ့ဝင်အသစ်များ) ဟူသည့် ဝင်ရိုးများပေါ်ထွန်းလာသည်။
ယခုလို အသွင်ကူးပြောင်းလာမှုသည် သွင်ပြင်လက္ခဏာတစ်ခုထက် ပို၍ လေးနက်သည်။ အိန္ဒိယသည် နိုင်ငံကို ကုန်ထုတ်လုပ်ရေးနှင့် ဆန်းသစ်စီးပွားရေး အချက်အချာ အဖြစ် တည်ဆောက်နေသည်။ ပထဝီ နိုင်ငံရေးတင်းမာမှုများရှိနေသည့် ကြားထဲမှာပင် ရုရှားသည် အာရှနိုင်ငံတော်တော်များများ၏ အရေးကြီး လှသည့် စွမ်းအင်နှင့် ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖြစ် ဆက်လက်တည်ရှိနေသည်။ BRICS သည် ဘဏ္ဍာရေးစနစ်အသစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုမူဘောင်များဖြင့် အနောက်ဦးဆောင်သည့် အဖွဲ့များကို ချိန်ခွင်လျှာညှိနေပြီ။ အာဆီယံနှင့် အာဖရိကတို့သည်လည်း အထူးသဖြင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးများပါဝင်သည့် အဓိက ဖွံ့ဖြိုးတိုးတက်နေသည့် ဈေးကွက်များ အဖြစ် ရုပ်လုံးပေါ်လာနေသည်။
အရေးပါလှသည့် အချက်မှာ ဆမ်ဆောင်း၊ BYD၊ Shopee ၊ နှင့် တစ်တော့ခ် ကဲ့သို့သော ကုမ္ပဏီများက ဒေသတွင်း အားကောင်းမောင်းသန်ရှိမှုများ၊ ဒစ်ဂျစ်တယ်ကို ကျွမ်းကျင်နိုင်နင်းမှု၊ ပြင်လွယ်ပြောင်းလွယ် သော သံခင်းတမန်ခင်းများ မှတစ်ဆင့် အမေရိကန်တစ်နိုင်ငံတည်းကို ရောင်းချစရာမလိုတော့ဘဲ ကမ္ဘာ့ အဆင့် လွှမ်းမိုးမှုကို ရယူနိုင်ကြောင်း သက်သေပြနေခြင်းဖြစ်သည်။
အမေရိကန်တွင်ခြေချနိုင်ခြင်းက ကမ္ဘာ့အဆင့်အောင်မြင်မှုကို အာမခံသည်ဟူသော အတွေးအခေါ်က ခေတ်နောက်ကျသွားပြီ။ ယနေ့ခေတ်တွင် နယ်စပ်ဖြတ်ကျော် အီလက် ထရွန်းနစ်ကုန်သွယ်မှုများ၊ RCEP ကဲ့သို့သော ဒေသတွင်းပေါင်းစည်းပါဝင်မှုများ၊ တောင်-တောင် ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဗဟုဝင်ရိုး ဇာတ်ကောင်များနှင့် တက်ကြွစွာ မိတ်ဖက်ပြုမှုများဖြင့် အမှတ်တံဆိပ်ဩဇာအရှိန်အဝါကို တည်ဆောက် ထူထောင်နိုင်ကြပြီဖြစ်သည်။ အစဉ်အလာဖြစ်သော အနောက်ဝင်ပေါက်များမှတစ်ဆင့် ဆိုသည်မှာ မလို အပ်တော့။
ထရမ့်၏ ဖြစ်နိုင်ချေရှိသော အခွန်ကိစ္စနောက်ပြန်ဆုတ်ခြင်းများက ယခုသတင်းခေါင်းစီးများဖြစ်နေသည်။ ယင်းက အချို့သော ပို့ကုန်နိုင်ငံများအတွက် ရေတို စိတ်သက်သာရာရသွားကောင်း ရသွားနိုင်သည်။ သို့သော် ရေရှည်မဟာဗျူဟာအတွက်မူ ရလိုက်သော သင်ခန်းစာက သိပ်ကိုရှင်းနေပါပြီ။ အမေရိကန် အပေါ်တွင်သာ လုံးဝပုံအော ဆောင်ရွက်ခြင်းသည် မဟာဗျူဟာအားနည်းချက်တစ်ခုဖြစ်လာနေသည်။
အာရှကုမ္ပဏီများသည် ယခုအခါတွင်
အမေရိကန်ဈေးကွက်သည် ဆက်လက်ပြီးတော့ အရေးကြီးနေဦးမည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ဩဇာ ရှိဖို့အတွက်တော့ လုပ်ပေးနိုင်စရာမရှိတော့။
မဟာဗျူဟာမြောက် အပိုင်းအစများနှင့် ဗဟုဝင်ရိုးအင်အားတို့၏ ခေတ်တွင် စစ်မှန်သော ကြံ့ကြံ့ ခံနိုင်စွမ်းသည် အမေရိကန်တစ်နိုင်ငံတည်းကသာ လာဖြင်းမဟုတ်တော့ဘဲ မည်သည့်နေရာက မဆို လာ နိုင်သည်ကို လက်ခံကြရမည်။
ထရမ့်၏ ကုန်သွယ်ရေး ဟိုယိမ်း သည်ယိမ်းဖြစ်မှုများသည် လမ်းပြမြေပုံတစ်ခုမဟုတ်ပါ။ ယင်းသည် တကယ်တမ်းတော့ သတိပေးချက်ကြီးတစ်ခုဖြစ်သည်။ ယင်းတို့ကို ကျော်လွန်၍ တည်ဆောက်ထားသည့် ကုမ္ပဏီများသည် အနာဂတ်တွင် ရှင်သန်နိုင်ကြပါမည်။
Sources: World Bank (2023), Brookings Institution (2024), Asian Development Bank (2023)
By KNL, Opinion Contributor
For decades, the United States served as the ultimate destination for Asian exports and innovation—a single gateway to global recognition. From Japanese electronics and Korean automobiles to Chinese consumer goods, cracking the U.S. market was synonymous with international success. But that era is fading. With the resurgence of Trump-era trade discourse, particularly his proposed tariff rollback, Asian firms are facing a strategic inflection point. It’s time to rethink the belief that access to the U.S. is the singular path to global relevance.
Donald Trump’s first administration reshaped global trade by weaponizing tariffs, sparking trade wars, and shaking the foundations of multilateralism. Now, with talks of a selective tariff rollback on the horizon, businesses are again caught between hope and uncertainty. But this erratic policy pendulum underscores a deeper truth: U.S. trade policy is no longer a reliable constant in global commerce.
This instability has catalyzed a shift. Asian companies and policymakers are recognizing that global influence must be built on diversification, not dependence. The world today is multipolar. Alongside the U.S., power centers now include China, India, Russia, ASEAN, the EU, the Gulf states, and the expanding BRICS bloc (Brazil, Russia, India, China, South Africa—now joined by new members like Egypt and the UAE).
This transformation is more than symbolic. India is positioning itself as a production and innovation hub. Russia, despite geopolitical tensions, remains a crucial energy and defense partner for many Asian states. BRICS is evolving into a counterweight to Western-led institutions, offering alternative financial systems and development frameworks. ASEAN and Africa are emerging as key growth markets, especially in digital trade and infrastructure.
Crucially, firms such as Samsung, BYD, Shopee, and TikTok have shown that global dominance can be achieved through regional strength, digital scalability, and adaptive diplomacy—not just by selling in the U.S.
The idea that a U.S. foothold guarantees global success is outdated. Today’s brand power is built on cross-border e-commerce, regional integration (like RCEP), South-South cooperation, and agile partnerships with multipolar players. Moreover, the digital age allows companies to go global from anywhere, not just through traditional Western gateways.
As Trump’s potential tariff rollback makes headlines, it may offer short-term relief to select exporters. But for long-term strategy, the lesson is clear: a singular focus on the U.S. is a strategic vulnerability, not a strength.
Asian firms must now:
▪️Deepen regional supply chains
▪️Engage BRICS and other non-Western blocs
▪️Leverage RCEP and South-South trade corridors
▪️Invest in digital-first, platform-based globalization
The U.S. market still matters—but it no longer defines global relevance. In the age of strategic fragmentation and multipolar power, true resilience comes from being everywhere—not just in America.
Trump’s trade swings are not a roadmap. They’re a warning. The future belongs to firms that build beyond them.
++++
Sources:
World Bank (2023), Brookings Institution (2024), Asian Development Bank (2023)
၁၇ မေ ၂၀၂၅
တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က ၂၀၃၅ခုနှစ် နောက်ဆုံးထားပြီး လကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု ပူးတွဲတည်ဆောက်ဖို့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဒါဟာ အာကာသ စူးစမ်းလေ့လာရေးနှင့် လကမ္ဘာကို စိုးမိုးရေး ရေရှည်ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါ တယ်။
ဒီစီမံကိန်းဟာ တရုတ်နိုင်ငံက ဦးဆောင်တဲ့ ILRS လို့ခေါ်တဲ့ နိုင်ငံတကာ လကမ္ဘာ သုတေသနစခန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ အဲဒီ ILRS ဆိုတာ လရဲ့မျက်နှာပြင်ပေါ်မှာ ရေရှည်တည်တံ့တဲ့ သိပ္ပံဆိုင်ရာ အခြေစိုက်စခန်းတစ်ခု တည်ထောင်ဖို့ရည်ရွယ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ အထူးသဖြင့် လရဲ့ တောင်ဝင်ရိုးစွန်းဘက်မှာဖြစ်ဖို့များနေပါတယ်။
နှစ်နိုင်ငံစလုံးက အဆိုပါနျူကလီးယား ဓာတ်အားပေးစက်ရုံကို လူသားပါဝင်ခြင်းမရှိဘဲ စက်ရုပ်များနှင့် အလိုအလျောက်စနစ်များဖြင့် တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။
▪️ဘာဖြစ်လို့ နျူကလီးယာစွမ်းအင်လုပ်ရသလဲ
လကမ္ဘာမှာ ညက ၁၄ရက်တာရှည်ရှိပါတယ်။ အဲဒါကြောင့် ဆိုလာ(နေရောင်ခြည်)စွမ်းအင်သုံးဖို့ အကန့် အသတ်မရှိနေပါတယ်။ ဒါကြောင့် ရှေရှည် လကမ္ဘာမစ်ရှင်တွေအတွက် အရေးကြီးတဲ့ တည်ငြိမ်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခုရရှိဖို့ နျူကလီးယားစွမ်းအင်က သင့်တော်နေပါတယ်။ အဲဒီ နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ သိပ္ပံကိရိယာတွေ၊ဆက်သွယ်ရေးနှင့် အနာဂတ်မှာ သက်ရှိလူတွေရှိလာနိုင်မှာ တွေအတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုဖို့မျှော်လင့်ထားပါတယ်။
▪️အဓိက မှတ်တိုင်များ
ရည်မှန်းနှစ်- ၂၀၃၅ ခုနှစ် တွင် လက်တွေ့အသုံးချနိုင်ရေးရည်မှန်းထား
ဆောက်လုပ်ရေး- အလိုအလျောက်စနစ်အပြည့်အဝသုံးမည်။ လူသားမပါ။
ဆက်စပ်မစ်ရှင်များ- တရုတ်နိုင်ငံ၏ Chang’e-8 လကမ္ဘာမစ်ရှင်က ၂၀၂၈ခုနှစ်တွင် တည်ဆောက်ရေး အတွက် မြေပြင်လုပ်ငန်းများစတင်လုပ်ဆောင်မည်။
နည်းပညာ- လက်ရှိတည်ဆောက်နေသည့် compact nuclear fission ဓာတ်ပေါင်းဖိုများအပေါ် အခြေခံမည်။
▪️နိုင်ငံတကာ တုန့်ပြန်မှုများနှင့် မဟာဗျူဟာရှုပ်ထွေးမှုများ
ဤအစီအစဉ်ကြောင့် ပထဝီနိုင်ငံရေးအရ စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေသည်။ အထူးသဖြင့် အနောက်အုပ်စု၏ အာကာသ အေဂျင်စီများအကြားတွင်ဖြစ်သည်။ တရုတ်နှင့်ရုရှားတို့က ILRS သည် ငြိမ်းချမ်းသော သိပ္ပံဆိုင်ရာရည်ရွယ်ချက်များအတွက်ဟု ပြောဆိုထားသော်လည်း ဝေဖန်သူများက ယင်းကို အာကာသအခြေပြု နျူကလီးယား နည်းပညာအဖြစ်ပါ သုံးလာမည်ကို စိတ်ပူနေကြသည်။ အမေရိကန်သည် ယင်း၏ ကိုယ်ပိုင် လကမ္ဘာ နျူကလီးယားစီမံကိန်းများကို နာဆာ၏ Artemis အစီအစဉ်အောက်တွင် လုပ်ဆောင်ရန် စတင်စည်းရုံးနေပြီဖြစ်သည်။
တရုတ်နိုင်ငံက ယင်း၏ ILRS အစီအစဉ်သို့ ပူးပေါင်းပါဝင်ကြရန် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ဖိတ်ခေါ်ခဲ့ရာ အမေရိကန်ဦးဆောင်သည့် Artemis သဘောတူညီချက်နှင့် ကွဲပြားခြားနားစွာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးကို အလေးပေးထားကြောင်းတွေ့ရသည်။
Source: Global Media Outlets
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့သို့ ရောက်ရှိနေစဉ်အတွင်း မေလ ၈ ရက်က ရုရှားနိုင်ငံ RT သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းရိုက်ကူးခဲ့ ပါသည်။ ထိုတွေ့ဆုံမေးမြန်းမှုအပြည့်အစုံကို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ ယင်း အစအဆုံးကို ပထမပိုင်းနှင့်ဒုတိယပိုင်း နှစ်ပိုင်းခွဲ၍ လည်ဖော်ပြပေးအပ်ပါသည်။ (အယ်ဒီတာ)
(ဒုတိယပိုင်း)
မေး- ခုနကမေးခွန်းနဲ့ဆက်စပ်ပြီး တစ်ဆက်တည်းမေးချင်တာကတော့ ယူကရိန်းပဋိပက္ခဖြေရှင်း ပြီးတဲ့ နောက်မှာ အမေရိကန်က တရုတ်နဲ့ထိပ်တိုက် တွေ့ဆုံမှုတွေကိုတိုးမြှင့်လုပ်ဆောင်လိမ့်မယ်လို့ တစ်ချို့က စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့မကြာခင်မှာ စစ်ရေး တင်းမာမှုတွေ တစ်နည်းနည်းနဲ့ဖြစ်လာနိုင်မယ်လို့ ကြိုတင်မျှော်လင့်ထားပါသလားခင်ဗျာ။
.
ဖြေ- ဖြစ်နိုင်စရာအကြောင်းလည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ(၁၉၅၀) ပြည့်လွန်ကာလနောက်ပိုင်း မှာ ဒီအမေရိကန်ကနေပြီးတော့ တရုတ် china containment policy နဲ့ပတ်သက်ပြီး စတင် ဆောင်ရွက်ခဲ့တာ သမိုင်းမှာရှိခဲ့တော့ အခုကပြိုင်ဘက်ဖြစ်လာပြီ။တရုတ်နိုင်ငံနဲ့ အမေရိကန်က ပြိုင်ဘက်ဖြစ်လာတဲ့ အခါကျတော့ ဘာပဲပြောပြောသူ့ကိုတော့ ပြိုင်ဘက်တစ်ခုနဲ့ ပြန်ပြီးတော့ ထိန်းဖို့၊ လုပ်ဖို့ လုပ်နိုင်မယ်လို့ ကျွန်တော်တော့ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း ဒါကတော့ မဖြစ်အောင် ကျွန်တော်တို့ကညှိနှိုင်းဆွေးနွေးဆောင်ရွက်တာမျိုး နိုင်ငံတွေအနေနဲ့ အားလုံး ညှိနှိုင်း ဆောင်ရွက်တာမျိုးလုပ်သင့်တယ်လို့ ကျွန်တော်တော့ယူဆပါတယ်။ ဒါသူတို့ နှစ်နိုင်ငံ ချင်းနဲ့တော့ မဆိုင်ဘူး။ကျန်တဲ့ဟာတွေပါ ပါလာတယ်။ နှစ်နိုင်ငံတည်းနဲ့တော့ ပြဿနာ တော့အကြီးအကျယ်ဖြစ်မှာ မဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ ပါလာမှ ပိုပြီးပြဿနာ ပိုရှုပ်မှာဖြစ်ပါတယ်။ကျွန်တော်တော့ အဲ့လိုမြင် တာပေါ့လေ။
မေး- ခုနကအဆွေတော် ပြောသွားတဲ့ထဲမှာပတ်သက်လို့ ဒီပြဿနာက တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘဲနဲ့ အကြမ်းဖက်နယ်မြေတွေပါလာမှ ပြဿနာပိုကြီးလာမယ်လို့ ကျွန်တော်သိရှိ ရပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အနေနဲ့လည်းကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားထဲမှာ တင်းမာမှု တွေ. မြင့်တက်နေတာကို မြန်မာနိုင်ငံအနေနဲ့ ဒီဘယ်လိုမျိုးထိန်းညှိပေးလို့ရမလဲ။ ဘယ်လိုမျိုးထိန်း ညှိပေးဖို့အတွက်ရော စီစဉ်ထားလဲဆိုတာလေးလည်း အဆွေတော်ရဲ့ အမြင်လေးကို သိရှိလိုပါတယ်။
ဖြေ- မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး နေတာပေါ့ ။နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မိတ်ဆွေနိုင်ငံတစ်ခုပါပဲ။သို့သော်လည်းပဲ တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံအထဲမှာလည်းဖြစ်သလို အိမ်နီးနားချင်းနိုင်ငံထဲမှာလည်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တယ်။ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်တယ်။ သူများနိုင်ငံတွေထက်ပိုထူးခြားတဲ့ ဆက်ဆံ ရေးရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒီနှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီး တော့ အကောင်းဆုံးဖြစ်အောင် ထိတွေ့ ဆက်ဆံသွားဖို့ ရှိပါလိမ့်မယ်။
မေး- အာရှပစိဖိတ်ဒေသမှာ ကျွန်တော်တို့ NATO နဲ့ပတ်သက်ပြီးတော့ တိုးမြင့်လာတဲ့ပတ်သက်ပြီး အဆွေတော်အနေနဲ့ရောဘယ်လိုမျိုးသုံးသပ်ပါသလဲ။ ဒီလိုမျိုးဒေသအတွင်းမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဒေသအတွင်းမှာ အင်အားကြီးတာနဲ့ပတ်သက်ပြီးတော့အန္တရာယ်ရှိလာနိုင်တယ်လို့ ရောခန့်မှန်းပါသလား။ ဒီဟာနဲ့ပတ်သက် ပြီးတော့အဆွေတော်ရဲ့အတွေးကိုလည်းသိရှိလိုပါတယ်။
ဖြေ- အော် စိုးရိမ်တာတော့ အမှန်ပဲ။ ဘာမှလည်းမဆိုင်ဘူးလေ။ ဒီအရှေ့အာရှပစိဖိတ်ဒေသနဲ့ NATO က ဘာမှတော့မဆိုင်ပါဘူး။. ကျွန်တော်တို့တော့စိုးရိမ်ပါတယ်။ဘာမှလည်း မဆိုင်ဘူးလို့ ကျွန်တော်တော့ ပြောချင်တယ်။ ဒီဒေသက အာရှပစိဖိတ်ဒေသဆိုတာ အာရှဆိုတာကုန်းမြေဒေသပေါ့။ ပစိဖိတ်ဒေသ ဆိုတော့ ကုန်းမြေဒေသနဲ့ပင်လယ်ကမ်း၊ ပင်လယ်သမုဒ္ဒရာဒေသတွေ ပေါင်းစည်းထားတဲ့နယ်မြေ တစ်ခုပဲ။
ဘာပြောပြော မဟာဗျူဟာအရ အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကို ငြိမ်းချမ်းစွာလုပ်နိုင်မယ် ဆိုရင် တော့ ကမ္ဘာ့အတွက် အများကြီးအကျိုးရှိမယ့် လုပ်ငန်းတစ်ခုပါပဲ။ဒါပေမယ့်လည်း အင်အားကြီး နိုင်ငံကနေပြီးတော့ ဥပမာအားဖြင့်ခုနကပြောတဲ့ထဲမှာNATO တင် မဟုတ်ဘူးဗျ။ အိန္ဒိယတို့၊ ဩစတြေးလျတို့၊ ဂျပန်တို့၊ အမေရိကန်တို့ပေါင်းစည်း ပြီးတော့လည်း သူတို့ ဒီမှာအင်အားထိန်း ညှိဖို့အတွက် လုပ်နေတာလည်းကျွန်တော်တို့တွေ့တယ်။ ဒါတွေက ပဋိပက္ခကို ပိုကြီးမားလာစေမ ယ်လို့ပဲကျွန်တော်တော့မြင်ပါတယ်။ ဒါကြောင့်ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲသွားတာတော့ အကောင်းဆုံး ဖြစ်မယ်လို့ကျွန်တော်ယူဆတယ်။ စိတ်ပူတာတော့ အမှန်ပဲ၊ စိတ်ပူတယ်။
မေး- ဒါနဲ့တစ်ဆက်တည်း ကျွန်တော်မေးချင်တဲ့မေးခွန်းလေးကတော့ အနောက်နိုင်ငံကြီး တော်တော် များများက လွှမ်းမိုးမှု၊ ထိန်းသိမ်းမှုကြိုးစားနေတဲ့အချိန်မှာ နိုင်ငံတကာဆက်ဆံရေးရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် ဗဟုဝင်ရိုးသဘောတရား Multipolar သဘောတရားနဲ့ပတ်သက်ပြီးတော့ အဆွေတော် ဘယ်လိုမြင်ပါသလဲ။ နောက်လက်ရှိအခြေအနေမှာ အနောက်နိုင်ငံတွေက သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့လိုလားချက်အတွက် သူတို့ကတော့ သူတို့တတ်နိုင်သမျှ Dominate လုပ်ပြီးတော့မှ နိုင်ငံတွေကို ဖိအားတွေပေးနေတာပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ ဗဟုဝင်ရိုး သဘောတရားနဲ့ ပတ်သက်ပြီးတော့ အဆွေ တော်အနေနဲ့ ဘယ်လိုမျိုးမြင်ပါသလဲဆိုတာ သိရှိလိုပါတယ်။
ဖြေ- အရင်တုန်းကတော့ Unipolar နဲ့ အမေရိကန်အနောက်အုပ်စုကနေပြီးတော့Unipolar နဲ့ ကမ္ဘာကြီးကိုထိန်းချုပ်လာခဲ့တာပေါ့။ နောက်ကျတော့ Bipolarဖြစ်လာတယ်။ Bipolar ကနေ တစ်ခါထပ်ပြီးတော့ Unipolar ပြန်ဖြစ်သွားတယ်။ဒါအနောက်နိုင်ငံက အားသာသွားတာပေါ့။ ဒါပေမယ့် ဒီဘက်ခေတ်ကကျတော့ ခင်ဗျားတို့ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က စစ်ရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ သိပ္ပံနဲ့နည်းပညာအရသော်လည်းကောင်း တော်တော်ကြီးကိုတိုးတက်လာတယ်။ တိုးတက်လာတော့ ဒါ Multipolar သဘောတွေ ကျွန်တော်တို့ဖြစ် လာတယ်။ ဒါကတော့ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲ။ ကမ္ဘာကြီးကို တစ်ယောက်ကနေကိုင်ပြီးတော့မှ လုပ်တဲ့ ဟာမျိုးကတော့ ဘယ်လိုမှမဖြစ်သင့်ဘူး။ ကျွန်တော်တို့အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေ. ဒီဒဏ် ကို တော်တော်လေးခံကြရပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ကတော့ Multipolar စနစ်ကို သွားတာကတော့ အကောင်းဆုံးဘဲ။ကမ္ဘာကြီးမှာရှိနေတဲ့ အကြောင်းခြင်းရာတွေကို မျှဝေခံစားတာကတော့ အကောင်း ဆုံးဘဲ။ မျှမျှတတ ဆောင်ရွက်တာလည်း . အကောင်းဆုံးဘဲ။ မျှဝေခံစားတာလည်းအကောင်းဆုံးဘဲ။ မမျှမတဖြစ်လို့သာ အခုပဋိပက္ခတွေ ဖြစ်လာတာပေါ့။ ဒါ့ကြောင့်ပဋိပက္ခ မဖြစ်အောင်ဆိုလို့ရှိရင် Multipolar စနစ်ကတော့ အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်ကတော့ ယူဆပါတယ်။
မေး- ကျွန်တော့အနေနဲ့ဒီခုနက Multipolar World . နဲ့ပတ်သက်ပြီးတော့ မေးချင်တဲ့မေးခွန်း ကတော့ လက်ရှိမြန်မာနိုင်ငံအပါအဝင်တခြားနိုင်ငံတော်တော်များများကMultipolar World ကို ထောက်ခံ နေတယ် လို့သိရှိရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့အနောက်နိုင်ငံတွေကနေပြီးတော့ သူတို့ ရဲ့အရင်တုန်းက Unipolar World ကိုသူတို့ကပြန်သွားချင်နေတယ်။ ဒီလိုပြန်သွားချင်တဲ့ဟာကို မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေက Multipolar World . သွားဖို့ အကောင်အထည် ဖော်နိုင်အောင် အောင်မြင်ဖို့နဲ့ဒီMultipolar World ကို ဖယ်ထုတ်ဖို့တွက် ဘယ်လိုမျိုးနည်းဗျူဟာတွေ ကျင့်သုံးရ မယ်လို့အဆွေတော်ထင်ပါသလဲ။ဒီဟာနဲ့ပတ်သက်ပြီးအဆွေတော်ရဲ့ယုံကြည်မှု လေးတွေသိရှိလိုပါတယ်။
ဖြေ- ခုနက ကျွန်တော်ပြောတာ သုံးနိုင်ငံရှိတယ်။ သုံးနိုင်ငံပေါ့ ဒီသုံးနိုင်ငံကတော့ကမ္ဘာပေါ်မှာလည်း မျှမျှတတဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေလို့ ကျွန်တော်တို့ မြင်တယ်ဗျ။ အဲ့တော့ဒါတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့၊ ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားရမှာပေါ့၊
ကိုယ်ကိုယ်တိုင်ကလည်း မကြိုးစား လို့တော့မဖြစ်နိုင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရဲ့စီးပွားရေး အတတ်ပညာ စသဖြင့် ဒါတွေလည်း ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်အောင်လို့လုပ်ကြရမှာပေါ့။ တစ်ဖက်ကလည်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေပိုလုပ်ဖို့လိုတယ်။ စောစောကနိုင်ငံတွေ ကတော့ ကမ္ဘာမှာ ထိပ်ဆုံးမှာ၊ ထိပ်မှာရှိတဲ့နိုင်ငံတွေဖြစ်တော့ ခင်ဗျားတို့ရုရှားနိုင်ငံ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ဒီလိုနိုင်ငံမျိုးတွေကဦးဆောင်နိုင်တဲ့ အခြေအနေရှိတဲ့ နိုင်ငံတွေ သူတို့နိုင်ငံတွေအနေနဲ့ ပူးပေါင်းပြီးတော့မျှမျှတတ ဆောင်ရွက်သွားမယ်ဆိုရင် Multipolar ကတော့ ကျွန်တော်တို့ကတော့ Globalဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဒီ Unipolar ကတော့ ဘယ်သူမှလက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီဒဏ်ကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ နိုင်ငံတွေအားလုံး ကြုံတွေ့လာနိုင်တာတွေအားလုံးက အကုန်လုံးသိတယ်။ ခါးသီးတဲ့အရသာကို .. ကျွန်တော်တို့ သိတယ်။ဒါကြောင့် ဘယ်သူမှတော့ အဖြစ်ခံမှာ မဟုတ်တော့ဘူး။ နိုင်ငံတွေကလည်း အကုန်လုံးကြိုးစားနေကြတာပဲ နိုင်ငံတွေအားလုံးကလည်း လူတွေက မတ်တပ်ရပ်ရင်ကျန်ခဲ့မှာပေါ့။မတ်တပ်ရပ်ပြီးနေလိုက်ရင် ကျန်ခဲ့မယ်။ လမ်းလျှောက်သူတွေ ကတော့ ကျော်သွားမှာပဲ။
အဲ့တော့ အကုန်လုံးက လမ်းလျှောက်နေကြတာ၊ လမ်းလျှောက်နေကြတာ။ ဒါကြောင့်သူတို့တိုးတက် အောင်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်တော့ ခုနက ပြောခဲ့တဲ့သမိုင်းမှာဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေ အရ နိုင်ငံတွေက သူတို့နိုင်ငံတွေ ဒီလိုမဖြစ်အောင်ဆိုတဲ့စိတ်တွေ အကုန်လုံးရှိကြတယ်။ အဲ့အချိန်မှာ စောစောကပြောခဲ့တဲ့ ဦးဆောင်တဲ့ နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ လုပ်မယ်ဆိုရင် Unipolar ကိုတော့ ဘယ်လိုမှ ဖြစ်လာစေမှာမဟုတ်ဘူးလို့တော့ ကျွန်တော်တော့တွေ့ရပါတယ်။
မေး- မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလို့သိရှိရပါတယ်၊ အာဆီယံအဖွဲ့ဝင်ဆိုတာလည်း ကျွန်တော်တို့ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းတွေမှာဆိုလည်းဩဇာတိက္ကမ ကြီးမားတဲ့ အဖွဲ့ဝင်နိုင်ငံ အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံအနေနဲ့အာဆီယံရဲ့အဖွဲ့မှာရောဘယ်လိုမျိုး အခန်းကဏ္ဍကနေပါဝင် လုပ်ဆောင်နေပါသလဲ။
ဖြေ- ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အာဆီယံရဲ့ပဋိညာဉ်အတိုင်းပေါ့ပူးပေါင်း ဆောင်ရွက်မှုတွေ ကျွန်တော်တို့အကုန်လုံး အပြည့်အဝလုပ်ပါတယ်။ အာဆီယံရဲ့ရည်ရွယ်ချက်ကတော့ တကယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ကဒီမြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ပေါ့… သူ့ရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေလုပ်ဖို့အတွက်ကို ကျွန်တော်တို့က စိတ်ဆန္ဒလည်းရှိပါတယ်။လုပ် လည်းလုပ်နေပါတယ်။
အာဆီယံဘက်ကလည်းအာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံချင်းရဲ့ သဘောထားတွေတော့ တစ်ချို့ ဟာတွေ ကွဲပြားခြားနားမှုတွေရှိပါတယ်၊ သို့သော်လည်းပဲ သူရဲ့အခြေခံအချက် အလက်တွေ ရှိပြီးသားပဲ။ ဒီအခြေခံအချက်တွေပေါ် မူတည်ပြီးတော့ လုပ်နိုင်ဖို့ပဲအရေးကြီးတယ်လို့ ကျွန်တော် ပြောချင်တယ်။
မေး- တစ်ဆက်ထဲမှာ ကျွန်တော်တို့ထပ်ပြီးမေးလိုတာကတော့ ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီအာဆီယံအဖွဲ့အစည်းနဲ့ရုရှားနဲ့ ဒီအနာဂတ်ဆက်ဆံရေးကိုရော ဒီဘယ်လိုမြင်လဲဆိုတာလေးလဲ သိလိုပါ တယ်ခင်ဗျာ။
ဖြေ- ရုရှားနဲ့ ရုရှားနိုင်ငံကအာဆီယံအတွက်တော့ အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော် ပြောချင်တာပေါ့လေ ကျွန်တော်တို့ရဲ့အခု ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိကျွန်တော်တို့ရဲ့နိုင်ငံက အာဆီယံနဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကိုလည်း ညှိနှိုင်းရေးတာဝန်ယူထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အရင်တုန်းက ကျွန်တော်တို့က တရုတ်နဲ့အရင်ကာလက ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ တရုတ်လည်း အောင်အောင်မြင်မြင်ကျွန်တော်လုပ်ခဲ့ပေးတယ်။
ကျွန်တော်တို့အခုဆိုလဲ ရုရှားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က ညှိနှိုင်းခဲ့တဲ့ နိုင်ငံတစ်ခုအနေနဲ့ တာဝန်ယူထားတာပေါ့။ ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လဲ ရုရှားနဲ့ အာဆီယံ နိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ပိုကောင်းအောင်လုပ်ပေးဖို့ .ကျွန်တော်တို့လဲဆန္ဒရှိပါတယ်။ ရုရှားကအာဆီယံအတွက်တော့ အရေးပါတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ ဆွေးနွေးဖက်နိုင်ငံထဲမှာလည်းပါနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ကာလတွေမှာတော့ အာဆီယံနဲ့ပူပေါင်းဆောင်ရွက်မှုတွေမှာ ရုရှားနိုင်ငံ ဟာ အရေးပါတဲ့အနေအထားမှာ ရှိလာနိုင်မယ်လို့ကျွန်တော်တို့မြင်ပါတယ်။ တစ်ဖက်ကလဲ ရုရှားနိုင်ငံ ကလည်း ဒီ အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေကို ကဏ္ဍပေါင်းစုံတိုးချဲ့နိုင်ဖို့ အတွက်လည်း စဉ်းစားဆောင်ရွက် ပေးနိုင်ဖို့လည်းလိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
မေး- ကျွန်တော့်အနေနဲ့ ဒါကတော့နိုင်ငံရေးနဲ့မဆိုင်တော့ပါဘူး။ ကျွန်တော်တို့သတင်းဌာနနဲ့ သက်ဆိုင်တဲ့ မေးခွန်းလေး မေးချင်ပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနကတော့နှစ်ပေါင်း ၂ဝ ခန့် ရပ်တည် နေတာရှိပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနနဲ့ပတ်သက်ပြီးတော့ RT သတင်းဌာနရဲ့ လုပ်ဆောင် နေမှုတွေ၊ သတင်းထုတ်ပြန်နေမှုတွေနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အမြင်လေးကိုလည်း သိရှိလိုပါတယ်။
ဖြေ- RT သတင်းဌာနကတော့ တကယ့်ထိပ်တန်းသတင်းဌာနတစ်ခုလိုပဲ၊ သတင်းတင်ဆက်မှုအပိုင်းလည်း တော်တော်လေးကောင်းပါတယ်။ ကျွန်တော်လည်း မကြာခဏကျွန်တော် RT ကို ကြည့် ပါတယ်။ RT က သတင်းတင်ဆက်မှုတွေက ခိုင်လုံ၊ ခိုင်မာမှုတွေတော်တော်များများရှိတာပေါ့။ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံလေးပြောနိုင်တာရှိတယ်။ နောက်သမိုင်းကြောင်းနဲ့ ပတ်သက်ပြီးတော့ … ဖော်ထုတ်ပြီးတော့တင်ပြတဲ့အခါမှာလည်း တော်တော့်ကို အတုယူစရာတွေ ကျွန်တော်တို့တွေ့တယ်။
ကျွန်တော်တော့ အဲ့ဒီကနေရတဲ့ ပညာတွေလည်း အများကြီး၊ အများကြီး ရှိပါတယ်။အဲ့ဒါကြောင့် RT ကတော့ တကယ်ကောင်းတဲ့ သတင်း၊ အဆင့်မြင့်မားတဲ့သတင်းဌာနတစ်ခုလို့ ကျွန်တော်တော့မြင် ပါတယ်။ အနှစ် (၂၀) ကြာအောင် ကာလအတွင်းမှာ RT ရဲ့အောင်မြင်မှုတွေကိုလည်း ဆက်လက် ပြီးတော့မှ ဒီထက် ပိုပြီးတော့ အောင်မြင်ပါစေလို့ဆုမွန်ကောင်း တောင်းပါတယ်။ ရုရှား-မြန်မာ ချစ်ကြည် ရေးအပြင်ကို ရုရှားနိုင်ငံနဲ့ကမ္ဘာပေါ်မှာ ဆက်ဆံနေရတဲ့အခြေအနေမျိုးကိုလည်း RT ကနေပြီးတော့မှ ပိုပြီး ကောင်းအောင်ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပိုပြီးလည်း အောင်မြင်ပါစေလို့ လည်းဆုမွန်ကောင်းတောင်းပါတယ်။
+++++
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့သို့ ရောက်ရှိနေစဉ်အတွင်း မေလ ၈ ရက်က ရုရှားနိုင်ငံ RT သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းရိုက်ကူးခဲ့ ပါသည်။ ထိုတွေ့ဆုံမေးမြန်းမှုအပြည့်အစုံကို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ ယင်း အစအဆုံးကို ပထမပိုင်းနှင့်ဒုတိယပိုင်း နှစ်ပိုင်းခွဲ၍ လည်ဖော်ပြပေးအပ်ပါသည်။ (အယ်ဒီတာ)
မေး။ လေးစားအပ်ပါသော အဆွေတော်နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျာ။ ကျွန်တော့်အနေနဲ့အဆွေတော်နဲ့ အခုလိုမျိုးအင်တာဗျူးခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ဦးစွာပထမပြောကြားလိုပါတယ်။ အခုလိုမျိုး ကျွန်တော်တို့ရုရှားနိုင်ငံရဲ့ နှစ် ၈၀ ပြည့် မဟာမျိုးချစ်အောင်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီအောင်ပွဲဟာ ကျွန်တော်တို့ရုရှားနိုင်ငံ အတွက်လည်း များစွာ တန်ဖိုးရှိသလို ဒီအောင်ပွဲနဲ့ပတ်သက်ပြီးတော့ ဖက်ဆစ်ဝါဒကိုတွန်းလှန်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံအတွက်လည်း များစွာတန်ဖိုးရှိတယ်လို့ ကျွန်တော်သိရှိရပါတယ်။ တစ်ဆက်တည်းမှာပဲမြန်မာ နိုင်ငံမှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် မြန်မာနိုင်ငံထိခိုက်ပျက်စီးဆုံးရှုံးသွားတယ်ဆိုတာလည်းသိရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ပထမဆုံး မေးချင်တဲ့ မေးခွန်းကတော့ ဒီငလျင်နဲ့ ပတ်သက်ပြီးဝန်ကြီးချုပ်ကြီးအနေနဲ့အကူအညီပေးမှု၊ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမှတ်ချက်တွေပေးချင်ပါသလဲ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကရော ဘယ် လောက်ထိအထောက်အကူပြုပါသလဲ။ အများကြီးလျင်မြန်မှုရောရှိပါသလား။ အစစအရာရာရော အဆင် ပြေပါသလား။ အဲ့ဒါလေးသိချင်ပါတယ်ခင်ဗျာ။
ဖြေ။ ပထမဆုံးတော့ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးအကြောင်း ခင်ဗျား ဝမ်းနည်းကြောင်းပြောတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ပြောလိုပါတယ်။ ငလျင်က တကယ်တော့ တော်တော်လေး ပြင်းထန်ပါတယ်။ ၇.၇ ရစ်(ခ်)တာစကေး ရှိပါတယ်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ငလျင်ထဲမှာ ဒုတိယအပြင်းထန်ဆုံးငလျင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၈ ကြိမ် လှုပ်ခဲ့တဲ့အထဲမှာ ၁၉၁၂ ခုနှစ် လှုပ်ခဲ့တာတော့ ၈ ရစ်ချက်စတာ စကေးရှိပါတယ်။ အခုငလျင်ဟာ တော်တော် လေးပြင်းထန်တဲ့ ငလျင်တစ်ခုပါ။ ထိခိုက်သေဆုံးမှုလည်း တော်တော်လေးများပါတယ်။ လူအားလုံး ၃၇၀၀ ကျော် သေပါတယ်။ ၅၀၀၀ ကျော် ဒဏ်ရာရပါတယ်။နောက် ၈၀ လောက် ပျောက်နေတာရှိပါသေးတယ်။ အိမ်ခြေပေါင်းလည်း ၆၇၀၀၀လောက်ပျက်စီး မှုရှိပါတယ်။ ကျောင်းပေါင်း ၆၄၀၀ လောက် ပျက်စီးမှုရှိပါတယ်။ ဆေးရုံဆေးခန်း ၃၅၀ လောက် ပျက်စီးမှုတွေရှိပါတယ်။ လမ်းတံတား တွေလည်း အများကြီးပျက်ပါတယ်။ နိုင်ငံတကာ အကူအညီလည်း ကျွန်တော်ကဖြစ်ပြီးတော့ဖြစ်တဲ့ နေရာတွေလိုက်ကြည့်တဲ့ အချိန်မှာတော်တော်လေးကို ဆိုးဆိုးဝါးဝါးပျက်စီးမှုတွေ တွေ့ရတဲ့အတွက် ကြောင့် နာရီပိုင်းအတွင်းမှာပဲ နိုင်ငံကိုလည်း အရေးပေါ် အခြေအနေကို ကြေညာတာပေါ့။
ပြီးတော့ နိုင်ငံတကာအကူအညီကိုလည်း ကျွန်တော် တောင်းခံခဲ့ပါတယ်။ နိုင်ငံတကာအကူအညီ ကလည်း ၂၄ နာရီအတွင်းမှာကိုပဲ ကျွန်တော်တို့ဆီ ရောက်လာတယ်။တော်တော်အားရဖို့ လည်းကောင်း ပါတယ်။ခင်ဗျားတို့ရုရှားနိုင်ငံ အပါအဝင် တရုတ်၊အိန္ဒိယ ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံလောက်လာပြီး ကူညီ ကြပါတယ်။ ၇၂ နာရီ အတွင်းမှာပေါ့။
ထုံးစံကတော့ သူတို့ သတ်မှတ်ထားတာ ၇၂ နာရီအတွင်းမှာ ကယ်နိုင်ရင်တော့အသက်ရှင်နိုင်ဖို့ အခွင့် အရေးရှိတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ၂၄ နာရီအတွင်းမှာကိုသူတို့ရောက်လာကြတယ်။ အသက်ရှင်လျက် ကျွန်တော်တို့ ၈ ယောက် ကယ်လို့ရခဲ့တယ်။
နောက်တစ်ခါ Dead Body ကတော့ အများကြီးပေါ့လေ။ ရတာတော့ အများကြီးရှိပါတယ်။ ဘာပဲပြော ပြောကူညီမှုကတော့ အားရဖို့လည်း ကောင်းပါတယ်။ နောက်တစ်ခုကလည်း ကယ်ဆယ်ရေးပစ္စည်း တွေပေါ့ အဲ့တာတွေကလည်း လေယာဉ်ပျံတွေ နောက်ပြီးသင်္ဘောတွေ မော်တော်ကားတွေနဲ့ အကုန်လုံး ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်ဘာပဲပြောပြော နိုင်ငံအတွက်တော့ အထောက်အကူရတယ်လို့ ပြောရပါလိမ့်မယ်။
သို့သော်လည်း ပြန်လည်ရှင်းလင်းရေးလုပ်ငန်းနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေပြန်လုပ်ဖို့က တော့ ကျွန်တော်တို့အများကြီး လုပ်ရဦးမှာ။ ဒီထက်လည်းအကူအညီထပ်မံလိုအပ်သေးမယ်လို့ ကျွန်တော် မြင်ပါတယ်။
မေး။ လက်ရှိအခြေအနေမှာ မြန်မာနဲ့ရုရှား နှစ်နိုင်ငံဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့တိုးတက်နေတယ်လို့ ကျွန်တော်တို့သိရှိရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာရုရှား-မြန်မာနှစ်နိုင်ငံ ရေတပ်ပူး ပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းတွေလုပ်တဲ့ အချိန်မှာလည်းသတင်းယူဖို့ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ တာလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့ထပ်မံသိရှိလိုတာကတော့ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကြား စစ်ဘက်ရေးရာနည်းပညာပူးပေါင်းရေးအခန်းကဏ္ဍတွေသာမဟုတ်ဘဲနဲ့ အခြားသောဘယ်နယ်ပယ်တွေ ဘယ်ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ရပါသလဲ။ ဘယ်နယ်ပယ်တွေမှာလည်းပူးပေါင်းဆောင် ရွက်တယ်ဆိုတာလေးကို ကျွန်တော်အနေနဲ့သိရှိလိုပါတယ်။
ဖြေ။ ရုရှားနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကလည်း ကျယ်ပြန့်တယ်ခင်ဗျာ။ခင်ဗျား ခုနက ပြောသလို ကာကွယ်ရေးကဏ္ဍတင်မကဘူး။ ကျွန်တော်တို့သိပ္ပံနဲ့နည်းပညာ နောက်တစ်ခါ စီးပွားရေး၊ နောက်တစ်ခု ဥပဒေဘက်ဆိုင်ရာ၊ နောက်ပညာရေးကျန်းမာရေး ဒီနယ်ပယ်တွေ အများကြီးရှိပါတယ်။ ဆွေးနွေးတဲ့ကိစ္စတွေလည်း ရှိပါတယ်။
ကျွန်တော် ပြီးခဲ့တဲ့မတ်လခရီးစဉ်မှာလာတဲ့ အချိန်တုန်းကနျူးကလီးယားနဲ့ ပတ်သက်တဲ့ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရေးကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကိစ္စတွေ၊ နောက်ကမ်း လွန်ရေနံနှင့်ဓာတ်ငွေ့ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဒါတွေဆွေးနွေးနိုင်ခဲ့တာတွေ ရှိပါတယ်။ သဘောတူတာလည်းရှိပါတယ်။ လုပ်နေတာလည်း ရှိပါတယ်။ ဆက်လက်ပြီးလုပ်ရမယ့် နယ်ပယ်တွေလည်း များစွာရှိပါသေးတယ်လို့ကျွန်တော်ပြောချင်ပါတယ်။
မေး။ ကျွန်တော်သိသလောက်တော့ အမေရိကန်နိုင်ငံအနေနဲ့ ဒီမြန်မာနိုင်ငံမှာ ငလျင်လှုပ်တာနဲ့ပတ်သက် ပြီးကူညီပေးရမယ့်အစား မြန်မာနိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး၄၄ ရာခိုင်နှုန်းအထိ ပိုမိုတင်းကြပ်ခဲ့ တယ်လို့ သိရှိရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့အဆွေတော်ရဲ့အမြင်လေးကိုလည်း သိရှိလိုပါတယ်။
ဖြေ။ အမေရိကန်တွေကလည်း မြင်နေရတာကတော့ ငလျင်နဲ့ပတ်သက်ပြီးတော့ အကူညီမပေးတာတော့ မဟုတ်ဘူး။ သူကတော့ ကူညီပေးမယ်ဆိုပြီးတော့ ဒေါ်လာ ၉ သန်းပေးမယ်လို့ ကြေညာခဲ့တာရှိတယ်။ အဲ့တော့ဘယ်လိုပေးမလဲတော့ ကျွန်တော်တို့မသိဘူးပေါ့လေ။ ကုလသမဂ္ဂက တစ်ဆင့်ပေးမလား။ ဒါမှမဟုတ် အာဟစင်တာ (AHACentre) ကနေ တစ်ဆင့် ပေးမလားမသိဘူး။ ပေးဖို့အတွက် ကြေညာထားတာတော့ရှိပါတယ်။ ကျွန်တော်တို့နဲ့ အမေရိကန်နဲ့က ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ လည်းသိပ်တော့ကြီးကြီးမားမား မရှိဘူး။ ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်အထိကျွန်တော်တို့ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တစ်နှစ်ကိုဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။တချို့နှစ်တွေမှာလည်း . ကျွန်တော်တို့ဘက်က ပို့တာတွေများ ပြီးတော့ တချို့ နှစ်တွေမှာလည်း အမေရိကန်က ပို့တာတွေများတယ်။ သူတို့ အခွန်ကောက်တာတော့ ကျွန်တော်တို့တစ်နိုင်ငံတည်း မဟုတ်ဘူး။ တခြားသူတို့ရဲ့ မိတ်ဆွေနိုင်ငံတွေကိုလည်းတချို့လည်း ကောက်တာတွေရှိတယ်။ တရုတ်နိုင်ငံ အပေါ်လည်း တော်တော်လေးကောက်တာတွေရှိတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့အခွန်တိုးကောက်တာတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ ယူဆပါတယ်။ ဒီလိုမျိုးသူတို့ဘက်ကတော့ ကုန်သွယ်ရေးလိုငွေတွေပြလို့ တခြားနိုင်ငံ တွေ အပါအဝင်ပေါ့လေအခွန်တွေတိုးကောက်တယ်လို့သိရပါတယ်။ အမှန်ကတော့ မကောက်သင့်ဘူးလို့ကျွန်တော်တော့ယူဆပါတယ်။ဘာကြောင့်ကောက်လဲတော့ ကျွန်တော်တို့လည်းအသေးစိတ်ပြန်ပြီး စဉ်းစားဖို့တော့လိုတာပေါ့။
မေး။ ကျွန်တော့အနေနဲ့ ထပ်မံမေးမြန်းလိုတာကတော့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီးတော့ပိတ်ဆို့မှုတွေ၊ အတိုးနှုန်းတွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ရော ဘယ်လိုမျိုးတုံ့ပြန်မှုတွေ လုပ်သွားဖို့ အစီ အစဉ်ရှိသလဲ။ ပြင်ဆင်ထားလဲ ဆိုတာလေး သိပါရစေခင်ဗျ။
ဖြေ။ အဓိကတော့ ကျွန်တော်တို့က တစ်နိုင်ငံတည်းကိုမှ မှီခိုနေရတဲ့ ကုန်သွယ်နေတဲ့ကိစ္စတွေကိုတော့ တော်တော်ရှောင်ရှားပြီးတော့ ကျွန်တော်တို့နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ဝိုင်းလုပ်ကြမှာပေါ့။ သူ့တစ်နိုင်ငံ တည်း ကျွန်တော်တို့ကသွားပြီးတော့ ရောင်းပြုနေမယ့်အစားနိုင်ငံအားလုံးနဲ့မျှပြီးတော့ ကုန်သွယ်မှုလုပ် တာမျိုးတော့ ပိုကောင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ပိုကောင်းတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ တစ်ဆက်တည်း ပြောချင်တာ အဲ့ဒါတော့ဘာလဲဆိုတော့ ဘာဖြစ်လို့ သူတို့ ဒီလိုအခွန် တိုးကောက်သလဲပေါ့။ ဒါလည်းကျွန်တော်တို့ တွက်ရတယ်ပေါ့နော်။ သူတို့က ကုန်သွယ်မှုလိုငွေတွေပြလို့ တိုးကောက်တယ်လို့ပြောတာပေါ့။ အဲတော့ ဘာကြောင့်လိုငွေ တွေပြရသလဲ။ သူတို့ပစ္စည်းတွေမရောင်းရ လို့လား။ ဘာလို့မရောင်းရလဲပေါ့။ အမေရိကန် ပစ္စည်းတွေရောင်းနေရတာပဲ။ အမေရိကန်ပစ္စည်းတွေ ကောင်းပါတယ်။ အဆင့်အတန်းလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ကဈေးကြီးတာပေါ့။ ဈေးကြီးတဲ့အခါ ကျတော့ သူတို့ပစ္စည်းတွေဝယ်ဖို့က နည်းနည်းလေးအခက်အခဲရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ အမေရိကန် ဈေးကွက်ရဲ့ဝယ်လိုအားကို ကြီးမား တာကျွန်တော်သွားတွေ့တယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ အများကြီးပဲ ရောင်းနိုင်တယ်။
သူတို့ ဘာကြောင့် ကုန်ပစ္စည်းတွေဈေးကြီးလဲ။ ဒါလည်း စဉ်းစားရမှာပေါ့။ Cost ofProduction ကြောင့် ကုန်ပစ္စည်း ကုန်ဈေးနှုန်းကကြီးတာလား။ ဒါဆိုလည်းဒါတွေတွက်ဆရမှာပေါ့။ ဒီပေါ်မူတည်ပြီးတော့ ဒါပြုပြင်ဖို့အတွက် လုပ်ရလိမ့်မယ်။ကျွန်တော်တို့လည်း သူ့တစ်နိုင်ငံတည်းမှီမယ့်အစားရောင်းတာ မျိုးပေါ့။တခြားနိုင်ငံတွေမျှပြီးတော့သူ့ဈေးကွက်ကိုကျွန်တော်တို့တော်တော်များများတော့အများကြီးမှီခိုနေတာ တော်တော်များတာတွေ့ရပါတယ်။ အဲဒါတော့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။
မေး။ ကျွန်တော့်အနေနဲ့ အဆွေတော်ဟာ မဟာစစ်အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားမှာ ပါဝင်ဆင် နွဲဖို့ ရုရှားနိုင်ငံကိုရောက်ရှိလာတယ်လို့ သိရှိရပါတယ်။ ဒီနေ့အခမ်းအနားဟာ နှစ် ၈ဝ ပြည့်အခမ်းအနား ဖြစ်တဲ့အတွက် ကျွန်တော်တို့ရုရှားနိုင်ငံအတွက်လည်း အထိမ်းအမှတ် အထွတ်အမြတ်ထားတဲ့ အထိမ်း အမှတ်ပွဲတော်ဖြစ်ပါတယ်။ဒီအထိမ်းအမှတ်ပွဲတော်နဲ့ပတ်သက်ပြီး မေးချင်တဲ့မေးခွန်းလေးကတော့ လွန်ခဲ့ တဲ့ နှစ် ၈၀ကနေပြီးတော့ ဒီအောင်ပွဲရရှိခဲ့ပါတယ်။ ဒီအောင်ပွဲဟာ ယနေ့ခုမြင်တွေ့နေရတဲ့ ပထဝီနိုင်ငံ ရေးမြင်ကွင်းတွေကို ဘယ်လိုမျိုးပြောင်းလဲမှုရှိမှာလဲ။ ဒါနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့အမြင်ကိုလည်း သိရှိလိုပါတယ်။
ဖြေ။ ဒါကကျွန်တော်တို့ဖက်ဆစ်နာဇီတွေပေါ်မှာ ဆိုဗီယက်ပြည်ထောင်စုမှာရှိတဲ့ ပြည်သူပြည်သား တွေကနေပြီးတော့ တိုက်ထုတ်အောင်မြင်ခဲ့တဲ့အောင်ပွဲကို အသိအမှတ် အထိမ်းအမှတ်လုပ်တဲ့ပွဲတစ်ပွဲ ပေါ့။ ဒါတော်တော်လေးကို လေးနက်တဲ့ပွဲတစ်ပွဲလို့ ကျွန်တော်တို့ပြောလို့ရတာပေါ့။ ဒီလိုပဲ မြန်မာနိုင်ငံ မှာလည်း ဖက်ဆစ်ဂျပန်တွေ သူတို့နဲ့ ဝင်ရိုးတန်းဖက်ဆစ်နာဇီတွေ ဂျာမနီနဲ့ တစ်အုပ်စုတည်းဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ ဒဏ်ကိုလည်းကျွန်တော်တို့ခံခဲ့ရတော့ ကျွန်တော်တို့ ပြန်တိုက်ခဲ့ရတဲ့ သမိုင်း ဖြစ်ရပ် ရှိတယ်။ အတူတူကာလအတူတူပဲဖြစ်ခဲ့တာပေါ့။ ဒါကတော့ လွတ်လပ်ရေး ကိုယ့်တိုင်းပြည်ရဲ့ အချုပ် အခြာအာဏာတည်တံ့ ခိုင်မြဲဖို့အတွက်လုပ်တဲ့ တိုက်ခိုက်မှုတစ်ခုပါပဲ။ ဒါ့ကြောင့် ဒါ အင်မတန် တိုက်နိုင် ခဲ့တဲ့အတွက်ကြောင့်လည်း တစ်ချို့ကိုလိုနီအပြုခံခဲ့ရတဲ့ အနိုင်ကျင့်ပြီးတော့သိမ်းပိုက်ခံခဲ့ရတဲ့ တစ်ချို့ ဥရောပနိုင်ငံတွေပေါ့ လွတ်လပ်ရေးပြန်ရသွားတာ ကျွန်တော်တို့သွားတွေ့တယ်။ လွတ်လပ်ရေး ပြန်ရ သွားတာ ဆိုဗီယက်ပြည်ထောင်စုကနေ ဦးဆောင်ပြီးတိုက်ခိုက်ပေးခဲ့တာကြောင့်လွတ်လပ်ရေး ပြန်ရခဲ့ တာပါ။ ဂျာမနီနိုင်ငံ အရှေ့ဘာလင်ထိကို ကျွန်တော်တို့ ဆိုဗီယက်တပ်တွေတက်သိမ်းခဲ့တာရှိတယ်။ ဒါသမိုင်းမှာ ဒီလိုပဲတွေ့ပါတယ်။ နောက်ပထဝီနိုင်ငံရေးပေါ့။ ခုနကဖြစ်ခဲ့တဲ့ သမိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တွေကြည့်ရင်လည်း ပထဝီနိုင်ငံရေးကြောင့်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်အချက်ကတော့နေရာပေါ့။နောက် တစ်ခုကတော့ ဒီသယံဇာတမြေပေါ် မြေအောက်သယံဇာတ ပစ္စည်းတွေပေါ့။ ဒီအပေါ် မှာမူတည်ပြီး တော့ဖြစ်လာတာပေါ့။ ပထဝီနိုင်ငံရေးကတော့ အရေးပါပါတယ်။
အခုချိန်ထိလည်းပထဝီနိုင်ငံရေးကြောင့်ပဲနိုင်ငံကြီးတွေကနိုင်ငံငယ်တွေ သို့မဟုတ်တခြားနိုင်ငံတွေကိုပဲ မျက်စောင်းထိုးနေကြတာပေါ့။ သူတို့ ဘာလုပ်လို့ရမလည်းပေါ့။ဒါ့ကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စပြီးတော့ နယ်ပယ်တွေပေါင်းစုံ ပြီးတော့မှ ဖိအားတွေမျိုးစုံပေးနေတာလည်း ကျွန်တော်တို့တွေ့တယ်။ အခုပြောမယ်ဆိုရင်တော့ ခုနကပြောတဲ့ ဒီအဆွေတော်နိုင်ငံရဲ့ နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲ အခမ်းအနားဆိုတာ တော်တော်ကြီးကို ထူးခြားတဲ့ပွဲတစ်ပွဲပေါ့။ နောက်ဒီတိုက်ခိုက်တဲ့ အခါမှာလည်းဆိုဗီ ယက် ရုရှားပြည်သူ ၂၆ သန်း အသက်ပေးပြီး တိုက်ခိုက်တာရှိတယ်။ ကမ္ဘာစစ်မှာတော့ ဒါအသေအပျောက် အများဆုံး စွန့်လွှတ်စွန့်စားစွာ တိုက်ခိုက်တဲ့ တိုက်ပွဲတစ်ပွဲမော်ကွန်းထိုးတဲ့ ဖြစ်စဉ်တစ်ခုလို့ ကျွန်တော် ပြောချင်တယ်။
မေး− ဒီကျွန်တော်တို့ သမိုင်းတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ဒုတိယကမ္ဘာစစ်မှာဆိုရင်လည်း ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ ကျွန်တော်တို့အောင်ပွဲကို အောင်အောင်မြင်မြင်နဲ့တိုက်ထုတ်ခဲ့တာ ရှိပါ တယ်။ ဒါဖြစ်ရပ်မှန်သမိုင်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့်အနောက်နိုင်ငံတွေက ဒီသမိုင်းနဲ့ပတ်သက်ပြီး တော့ ဒီအနောက်နိုင်ငံတွေကပဲ ဒီသမိုင်းထဲမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ အနိုင်ရခဲ့တဲ့ပုံစံမျိုး Video မှတ်တမ်းတွေနဲ့သမိုင်းကို ပြန်လည်ပြင်ဆင်ချင်တာတွေရှိပါတယ်။ အထူးသဖြင့်တော့ ရုရှား-ယူကရိန်းဖြစ်တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ရုရှားဘက်ကနေပြီးတော့မှ ခုနကလိုမျိုးကျူးကျော် တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သူတို့ဘက်ကနေပြီးတော့ သတင်းမီဒီယာတွေကနေတစ်ဆင့် ပုံဖော်နေ တာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အဆွေတော်အနေနဲ့ကျွန်တော်သိချင်တာက အဆွေတော်နဲ့အတူ ရှိခဲ့ဘူးတဲ့သမိုင်းတွေကို ဘာလို့အနောက်နိုင်ငံတွေက ဘာလို့ပြင်ချင်တာလည်း ဒီအပေါ်မှာကော အဆွေတော်အနေနဲ့ ဘယ်လိုမျိုးမြင်လည်းဆိုတာကို သိချင်ပါတယ်။
ဖြေ။ သမိုင်းဆိုတာ လိမ်လို့မရဘူး ဖုံးလို့လည်းမရဘူး။ သမိုင်းက အရှိအတိုင်းပဲဖြစ်ရမယ်။ဖက်ဆစ်နာဇီ တွေရဲ့ လုပ်ဆောင်ချက်ကိုလည်းဖုံးလို့မရသလိုပဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ဖက်ဆစ်တွေကို ပြန်တိုက်ခဲ့ တဲ့သမိုင်းကိုလည်းဖုံးလို့မရဘူး။ ပြင်လို့လည်းမရဘူး။သမိုင်းကသမိုင်းအတိုင်းအကုန်လုံးရှိရမယ်။ ဒါဘယ် လိုမှငြင်းလို့လည်းမရဘူး။ ဒါကြောင့်သူတို့ကတော့သူတို့ရဲ့မှားယွင်းခဲ့တဲ့လုပ်ဆောင်ချက်တွေကိုနောင် လာမယ့်လူတွေအတွက် မှတ်တမ်းတွေမသိနိုင်အောင်လို့ ဒါတွေကို ပြင်ချင်လို့လည်းဖြစ်မယ်။ New world Order သွားချင်တာ။ နောင်လူငယ်တွေအတွက် New World Order သွားဖို့လည်းဖြစ်ချင်တာ လည်းပါပါလိမ့်မယ်။ တိုင်းပြည်တစ်ခုရဲ့အချုပ်အခြာအာဏာဆိုတာ သူတို့ကိုမထိခိုက်ဘူးဆိုရင်တော် တော်များများကမလုပ်ကြဘူး။ သူတို့ရဲ့ အချုပ်အခြာအာဏာထိခိုက်လာပြီဆိုရင်တော့ ပြန်လည်တုံ့ပြန် ကြရမှာတော့ သဘာဝပဲ။ နောက်တစ်ခုကတော့သူတို့ရဲ့ လိုအင်ဆန္ဒတွေ အတ္တတွေပေါ့။ ဒါတွေရှိ လာလို့ရှိရင်လည်း ပြဿနာရှာပြီးတော့ဒီပြဿနာကို ပြောကြတာပဲ။ ဖြေရှင်းကြတာပဲ။ ဒါမျိုးတွေ ကတော့ ကမ္ဘာမှာလည်းတကယ့်သမိုင်းဖြစ်ရပ်မှန်တွေမှာ ကျွန်တော်တို့ တွေ့ပါတယ်။ ခုနကပြောတဲ့ ယူကရိန်းနဲ့ရုရှားနိုင်ငံဖြစ်စဉ်ကို ကြည့်လည်း ဒီတိုင်းပါပဲ။ တကယ်တမ်းပြောလို့ရှိရင်တော့သမိုင်းကို ပြောင်းပြန်လှန်ဖို့အတွက် ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တွေ့ ပါတယ်။ရုရှားနိုင်ငံကလည်း ရုရှား နိုင်ငံရဲ့ အရင်ကဆိုဗီယက်နိုင်ငံ ဆိုဗီယက်ပြည်ထောင်စုရဲ့အတိတ်အတွေ့အကြုံကိုယူပြီးတော့မှ ရုရှား နိုင်ငံအချုပ်အခြာအာဏာမထိခိုက်အောင် လုပ်ကြတာဖြစ်တယ်လို့ ကျွန်တော်တို့တွေ့တယ်။
မေး- တစ်ဆက်တည်းမှာပဲကျွန်တော်တို့မေးချင်တာကတော့ ယူကရိန်းနိုင်ငံနဲ့ပတ်သက်လို့ အနောက် နိုင်ငံတွေက အထူးသဖြင့် EU နဲ့ UK ကနေပြီးတော့ ဘဏ္ဍာရေးနဲ့စစ်ရေးဆိုင်ရာ စဉ်ဆက်မပြတ် ထောက်ပံ့မှုတွေကို နောက်ကွယ်ကနေပြီး ထောက်ပံ့နေတယ်လို့သိရှိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ အဆွေတော် ဘယ်လိုမြင်ပါသလဲ။ ဝါရှင်တန်ကတော့ ယူကရိန်းနဲ့ ရုရှားအရေးအခင်းနဲ့ ပတ်သက်လို့ သံတမန်ရေးအရရှင်းလင်းဖို့တွန်းအားပေးနေတာကိုလည်း တစ်ကမ္ဘာလုံးက သိပါတယ်။ ဒါပေမယ့်ဒါကို EU နိုင်ငံတွေနဲ့ UK အဖွဲ့ဝင်နိုင်ငံတွေက သံတမန်ရေးအရ ဖြေရှင်းဖို့ နည်းလမ်းကို ကောင်းကောင်း မပေးဘဲနဲ့ စစ်ရေးနဲ့ စစ်လက်နက်ပစ္စည်းနဲ့ ဘဏ္ဍာရေးကို ထောက်ပံ့နေတာတွေကိုဆက်လက်လုပ်ဆောင် နေပါတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့လည်း အဆွေတော်အနေနဲ့ဘယ်လို မြင်လဲဆိုတာ သိရှိလိုပါတယ်။
ဖြေ- စစ်ဆိုတာတော့ မဖြစ်တာအကောင်းဆုံးပဲ။ ပဋိပက္ခဆိုတာလည်း ကောင်းကောင်းမွန်မွန် . ပြန်လည် ဖြေရှင်းနေတဲ့ နည်းလမ်းနဲ့သွားတာ၊ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းနဲ့သွားတာအကောင်းဆုံးပဲ။ ပဋိပက္ခတွေ ကြီးလာတယ်ဆိုတာလည်း အားပေးထောက်ခံမှုတွေ အားပေးထောက်ပံ့မှုတွေများလို့ ဖြစ်လာတာ။ အားပေးထောက်ပံ့မှုမရှိလို့ရှိရင်ပဋိပက္ခဆိုတာကြီးလာစရာတော့ မရှိပါဘူး။ တစ်ချို့က နှစ်နိုင်ငံဖြစ်တဲ့ ပြဿနာရှိမယ်။ပဋိပက္ခက အဲ့မှာသူ့ကိုဝိုင်းအားပေးကြတယ်။ ထောက်ခံပေးကြတယ်။ ကူညီပံ့ပိုးပေး တယ်။ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေ၊ စားနပ်ရိက္ခာတွေ စသဖြင့် ကူညီပေးတာပေါ့။ ဒီလိုပဲ လုပ်လာကြတာ။ အဲ့တော့ ဒါတွေကပဋိပက္ခ ပိုပြီးကြီးမားလာတဲ့ဟာတွေဖြစ်လာတယ်။ ဒါမျိုးမဖြစ်ဖို့ ဆိုရင် အားပေးကူညီတာမျိုးမလုပ်တာက အကောင်းဆုံးပဲ။ဒါတွေဆိုရင် နိုင်ငံရေးအရ ဖြေရှင်းပေါ့။ ဒီလိုတော့သွားရမှာပေါ့။စောစောကခင်ဗျားမေးတယ်။ EU ကနေပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးဆိုတော့ သူတို့ရည်ရွယ်ချက်က ဘာလဲပေါ့။ သူတို့ ရည်ရွယ်ချက်က ဘာလဲ။ပဋိပက္ခကြာရှည်အောင်ဖြစ်ပြီးတော့မှ စစ်ပန်းအောင်လို့ လုပ်တာ၊ ဒါလည်း စဉ်းစားရမယ့် တစ်ချက်ပဲ။
တကယ်တမ်းတော့ ပဋိပက္ခမဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်တာတော့အကောင်းဆုံး နည်းလမ်း ပါဘဲ။ ကျွန်တော်ကတော့ အားပေးထောက်ပံ့မှု မလုပ်သင့်ဘူးလို့ကျွန်တော်ယူဆပါတယ်။ ညှိနှိုင်းပေါ့။ ဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာ ဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာဖြစ်လာတဲ့အကြောင်းအရင်းကို ကျွန်တော်တို့ပြန်ရှာရမှာပေါ့။သမိုင်းမှာရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် ၁ ခု ၂ ခုအတွင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေကိုကြည့်လိုက်လို့ရှိရင် ဘာ့ကြောင့် ယူကရိန်းနဲ့ ရုရှား ပြဿနာဖြစ်တာလည်း ဆိုတာအဖြေရှိနေပါတယ်။ ဒါကို အဖြေမှန်အတိုင်းကြည့်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင်ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။
(ဒုတိယပိုင်းဆက်လက်ဖတ်ရှုပါရန်)
Beijing/Moscow – 17 May 2025
China and Russia have announced a joint plan to construct a nuclear power plant on the Moon by 2035, as part of their long-term cooperation in space exploration and lunar colonization.
The project will be a key element of the International Lunar Research Station (ILRS), a China-led initiative aiming to establish a sustainable, long-term scientific base on the Moon’s surface, likely near the lunar South Pole. Both countries plan to use robotic and automated systems to build the power plant without human presence on-site.
🔋 Why Nuclear Power?
Unlike solar energy, which is limited by the Moon’s 14-day-long nights, nuclear power offers a stable energy source crucial for long-term lunar missions. The power station is expected to supply energy for scientific equipment, communications, and potentially human habitats in the future.
🛰 Key Milestones
Target Year: 2035 for deployment
Construction: Fully automated, no human crew
Related Mission: China’s Chang’e-8 lunar mission in 2028 will lay groundwork for infrastructure
Technology: Based on compact nuclear fission reactors under development
🌍 Global Reactions and Strategic Implications
The plan has raised geopolitical concerns, especially among Western space agencies. While China and Russia claim the ILRS is for peaceful, scientific purposes, critics worry about the dual-use nature of space-based nuclear technology. The U.S. has already begun pursuing its own lunar nuclear projects under NASA’s Artemis program.
China has reportedly invited 17 countries to join the ILRS project, emphasizing international cooperation in contrast to the U.S.-led Artemis Accords.
Source: Global Media Outlets
Nay Pyi Taw, May 16, 2025 — Myanmar authorities have arrested 26 individuals, including five members of the Arakan Army (AA) insurgent group’s logistics team, in connection with a large-scale drug trafficking operation. The suspects were found in possession of a massive consignment of narcotics valued at more than 282.325 billion Kyats, equivalent to approximately USD 70.58 million, based on prevailing market exchange rates.
According to a press release issued by the State Administration Council (SAC), law enforcement officials seized a total of 4,093 kilograms of ICE (methamphetamine) and 3,000 kilograms of ketamine. The narcotics were destined for Malaysia and were intercepted in two separate maritime operations conducted on April 26 and 27. One group of suspects was arrested aboard a vessel named “Ahman Thit”, located approximately 60 nautical miles southwest of Pyapon in the Ayeyarwady Region. The second operation resulted in the arrest of another group on board a cargo ship about 180 nautical miles west of Kawthaung in the Tanintharyi Region.
Among the individuals apprehended were logistics officers and members of the AA insurgent group. The SAC identified five key figures: Nay Paing Lin (also known as Aung Naing Kywel, age 34), who served as a logistics officer; Nay Myint Tun (also known as Pyae Sone or Lu Gyi, age 41), the deputy logistics officer; Paing Paing Htwe (also known as Aung Naing Htwe, Aung Naing Thu, or Paing Paing, age 26); Naw Naw, age 24; and Ko Ko Oo, age 58. All five were identified as part of the AA's logistics network.
During interrogations, the suspects reportedly admitted that the narcotics had been procured from two individuals: Ko Saing and Ko Tayoke (also known as Saing Aung Lu), both of whom are from Wan Hine Village in Kyethi Township, Loilem District, Southern Shan State. The shipment was said to have been purchased with the intent of transporting the drugs to Malaysia for distribution.
#ymg/knl
Page 1 of 228