၂၂ ဧပြီ ၂၀၂၅
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး ဦးတည်တဲ့ ရင်းနှီးခင်မင်သော ညှိနှိုင်း တိုင်ပင်မှုတွေဆောင်ရွက်ခြင်းကို ထောက်ခံတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါ
တယ်။
ဧပြီလ ၂၁ရက်က ဘေဂျင်းတွင်ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်း ပွဲတွင် လားရှိုးမြို့ကို ကိုးကန့်MNDAAမှ နစကထံ ပြန်လည်လွှဲပြောင်းပေးမှုအပေါ် AFP သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မစ္စတာ ကွမ်ကျားကွင် Guo Jiakun က ပြန်လည်ဖြေကြားရာမှာ ယင်းကို ထည့်သွင်း ပြောဆိုခဲ့ ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံနိုင်ငံရေးအသွင်ကူးပြောင်းမှုလုငန်းစဉ် ပြန်လည်စတင်ခြင်းကို ထောက်ခံတယ်လို့လည်း ကွမ်ကျားကွင်က လားရှိုးကို အမည်တပ်သုံးနှုံးခြင်းမပြုဘဲ ပြောဆိုသွားပါတယ်။
“ တရုတ်နှင့်မြန်မာဟာ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်ကြပါတယ်။မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်တွင် တရုတ်နိုင်ငံ၏သဘောထားမှာ အလွန်ရှင်းလင်းပါသည်။ ကျွန်တော်တို့ဟာ အခြားနိုင်ငံများရဲ့ ပြည်တွင်းကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အခြေံသဘောတရားကို လိုက်နာပါတယ်”လို့သူကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ ၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်မှုတွေအပေါ်လည်း တရုတ်ကထောက်ခံတယ်လို့ပြောကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#ymg/knl
22 April 2025 | Yangon
China has reiterated its support for Myanmar’s efforts toward political reconciliation through friendly consultations, according to a statement issued by the Chinese Foreign Ministry.
Speaking at a regular press briefing in Beijing on April 21, Chinese Foreign Ministry spokesperson Mr. Guo Jiakun responded to a question from AFP concerning the recent handover of Lashio by the Kokang’s Myanmar National Democratic Alliance Army (MNDAA) to the Myanmar Ruling State Administration Council (SAC).
While Mr. Guo did not explicitly mention Lashio in his remarks, he emphasized China’s consistent position on Myanmar, affirming support for the resumption of the country’s political transition process.
“China and Myanmar are friendly neighbors. China’s position on the Myanmar issue is very clear. We follow the principle of non-interference in other countries’ internal affairs,” Guo said.
The spokesperson also stated that China supports Myanmar in safeguarding its independence, sovereignty, national unity, and territorial integrity.
The statement reaffirms Beijing’s approach of encouraging political dialogue while maintaining its long-held policy of non-intervention.
knl/ymg
၂၁ ဧပြီ ၂၀၂၅
ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့သမိုင်းမှာ ပထမဆုံးသော လက်တင်အမေရိကန် ပုပ်ရဟန်းမင်းကြီး ဖြစ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရစ်စစ်ဟာ ဧပြီ၂၁ ရက် တနင်္လာနေ့ မနက် ၇နာရီ ၃၅ မိနစ် မှာ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈နှစ်ရှိပါပြီ။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မကွယ်လွန်မီ တစ်လအလိုက မတ် ၂၃ ရက်နေ့က လူကြီးရောဂါတွေနှင့် ဆေးရုံ တက်ခဲ့ရပြီး ဆေးရုံမှာ ၃၈ ရက်နေခဲ့ရပါတယ်။သူဟာ ပြီးခဲ့တဲ့ အီစတာတနင်္ဂနွေပွဲတော်မှာ လူထုပရိဿတ်ကြီးနှင့် လေဟာပြင်မှာ တွေ့ဆုံခဲ့သေးတာကြောင့် သူသေဆုံးပြီဆိုတဲ့သတင်းကို အံအားသင့်ခဲ့ကြပါတယ်။
သူဟာ တနင်္ဂနွေနေ့တုန်းကပဲ အမေရိကန်ဒုသမ္မတ ဂျေဒီဗင့်စ်ကို ခဏတာမျှ တွေ့ဆုံခဲ့ပါသေးတယ်။
ပုပ်ရဟန်းမင်းကြီး အရိုက်အရာဆက်ခံဖို့ ဗာတီကန်အနေနှင့် နောက်ထပ် ပုပ်ရဟန်း မင်းကြီးတစ်ဦးကို ရွေးချယ်ရမှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်က အချိန်ကြာတတ်ပါတယ်။
အာဂျင်းတီးနားလူမျိုးဖြစ်တဲ့ သူ့ကို ၂၀၁၃ခုနှစ် မတ်၁၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အဖြစ် ဗာတီကန်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
21 April 2025
According to an official data released at 7:00 PM on 20-4-2025, the latest updates on the earthquake-related incidents are as follows:
Casualties/Missing Persons
Deaths: 3,735
Injured: 5,108
Missing: 120
International Aid
Number of assisting countries: 25 (including Hong Kong)
Flights: 145 trips
Ships: 6 vessels
Vehicles: 23 units
Relief supplies: 2,514.6 tons
Rescue equipment: 1,197.12 tons
Rescue personnel: 2,094
Latest Update: The seventh batch of rescue supplies from China has arrived by plane.
Source: SAC Information team
၂၁ ဧပြီ ၂၀၂၅
၂၀-၄-၂၀၂၅ ရက် ည(၇)နာရီတွင် ထုတ်ပြန်သည့် တရားဝင်သတင်းအရ
ငလျင်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို ဖော်ပြပေးအပ်ပါတယ်။
သေဆုံး/ထိခိုက်/ပျောက်ဆုံး
၁။ သေဆုံး- ၃၇၃၅ဦး
၂။ ထိခိုက်ဒဏ်ရာရ- ၅၁၀၈ ဦး
၃။ ပျောက်ဆုံး- ၁၂၀ ဦး
နိုင်ငံတကာအကူအညီများ
ကူညီသည့်နိုင်ငံပေါင်း- ၂၅ နိုင်ငံ (ဟောင်ကောင်အပါအဝင်)
လေယာဉ်- ၁၄၅ ခေါက်
သင်္ဘော- ၆ စီး
ကား- ၂၃ စီး
ထောက်ပံ့ပစ္စည်း- ၂၅၁၄.၆ တန်
ကယ်ဆယ်ရေးပစ္စည်း- ၁၁၉၇.၁၂ တန်
ကယ်ဆယ်ရေးဝန်ထမ်း- ၂၀၉၄ ဦး
နောက်ဆုံးသတင်း- တရုတ်နိုင်ငံမှာ သတ္တမအသုတ် ကယ်ဆယ်ရေးပစ္စည်းများ လေယာဉ်ဖြင့် ထပ်မံရောက်ရှိ။
Source: နစကသတင်းထုတ်ပြန်ရေးအဖွဲ့
Yangon, April 20, 2025
The seventh batch of emergency humanitarian earthquake relief supplies from the Government of the People’s Republic of China arrived in Myanmar on April 20, according to official reports.
This latest consignment, comprising over 95 tons of medical supplies, includes 800,000 bottles of Amoxicillin tablets, 122,000 bottles of Acetaminophen injections, 225,000 bottles of Cephradine capsules, and 480,000 bottles of Ibuprofen. The Chinese Embassy in Myanmar confirmed the details in a press release.
Authorities have announced that the supplies will be promptly transported to regions most affected by the recent earthquake for immediate distribution and use.
This delivery follows a series of support efforts from China. The sixth batch of relief supplies, which arrived on April 11, contained 23 folding tents, cooking equipment, solar-powered reading lamps, soap and liquid soap, shampoo, toothpaste and toothbrushes, and detergent powder.
To date, China is among 25 countries providing active support for Myanmar's ongoing earthquake relief and recovery operations.
#ymg/knl
Nay Pyi Taw, April 19 2025 - The devastating earthquake that struck Mandalay on March 28 continues to leave a trail of destruction and grief, with the official death toll rising to 3,726 as of 7:00 AM on April 18, according to Myanmar’s National Natural Disaster Management Committee. A further 5,105 individuals have been reported injured, while 129 remain missing.
The 7. 7-magnitude earthquake has triggered a series of 142 aftershocks, compounding the damage and hampering relief efforts. Infrastructure across the region has suffered immense losses, including 65,096 homes and buildings, 2,514 schools, 4,317 monasteries and nunneries, and 6,027 pagodas. Additionally, 350 hospitals and clinics, 38 railway segments, 269 roads, 203 expressway sections, 586 dams and barrages, and 170 bridges have been severely impacted.
Rescue efforts led by the Myanmar Fire Services Department, in coordination with local authorities and international partners, have thus far saved 653 survivors and recovered 754 bodies. Teams from 16 foreign countries are participating in the ongoing operations, having successfully rescued 8 individuals and retrieved 203 victims.
Humanitarian assistance continues to arrive from across the globe. Relief shipments from 25 countries and Hong Kong have been delivered via 136 aircraft, 6 ships, and 23 ground vehicles. These shipments include 3,503.57 tons of aid, comprising 2,332.98 tons of essential relief materials and 1,170.59 tons of rescue equipment. A total of 1,975 medical and emergency personnels have been deployed to support the relief mission.
Authorities have emphasized that all donated supplies are being distributed promptly to reach affected communities. The massive response underscores the global solidarity and humanitarian commitment as Myanmar confronts one of the deadliest natural disasters in its recent history.
Relief operations remain ongoing as the nation begins the long road to recovery.
#ymg/knl
Page 2 of 223