တိုက်ခန်းဝယ်ယူသူများကို အကာအကွယ်ပေးရန် ဥပဒေတစ်ရပ်ရှိသင့်တယ်လို့ ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးကပြောပါတယ်။
#Local_News
Published 21 August 2026
#တိုက်ခန်း
#YMG/NN #Yangon_Times
ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်လျာထားချက်ထက် ကျော်လွန်အောင် ဆောင်ရွက်ရေး၊ စက်သုံးဆီနှင့်စားသုံးဆီများ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးနိုင်ရေး၊ CMP လုပ်ငန်းများတိုးမြှင့်ရေးနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ပြီး ကြန့်ကြာမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံကတိုက်တွန်းပြောကြားခဲ့ပါတယ်။
#Local_News
Published 21 August 2026
#CMP
#YMG/SW #Yangon_Times
#Local_News
Published 21 August 2026
#လန်ချန်း_မဲခေါင်
#YMG/NN #Yangon_Times
#Daily_News
Published 21 August 2026
၁။ ပုပ္ပားတောင်ကို UNESCO Global Geopark အဖြစ်သတ်မှတ်ခံရရေးဆောင်ရွက်နေ
၂။ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့်ဆင်းရဲမှုလျော့ချရေး စံပြကျေးရွာစီမံကိန်းပြီးမြောက်
၃။ ပို့ကုန်လျာထားချက်ထက်ကျော်လွန်အောင်ဆောင်ရွက်ရေးနှင့်ကုန်စည်စီးဆင်းမှု မကြန့်ကြာရေးဆောင်ရွက်ရန်တိုက်တွန်း
၄။ စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံမှလယ်သမားများမိုးခေါင်ရေရှားမှုဒဏ်ကြုံတွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပုပ္ပားတောင်အမျိုးသားဥယျာဉ်နဲ့ Geosites တွေကို ပြည်ပခရီးသွားတွေ ပိုမိုသိရှိလာစေပြီး ဘူမိခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေရေးအတွက် UNESCO Global Geopark အဖြစ်သတ်မှတ်ခံရရေးဆောင်ရွက်နေတယ်လို ယမန်နေ့ကကျင်းပတဲ့အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီရဲ့ (၁/၂၀၂၆) အစည်းအဝေးမှသိရပါတယ်။
#Local_News
Published 21 August 2026
#ပုပ္ပားတောင် #UNESCO_Global_Geopark
#YMG/SW #Yangon_Times
#Local_News
Published 21 August 2026
■ အဇာဘိုင်ဂျန် FIFA U-15 ပြိုင်ပွဲ သို့သွားရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ လူရွေးချယ်ပွဲ ကိုယခုလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ သိရသည်။
■ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်လူငယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် FIFA U15 World Cup and Festival သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းကို အကောင်းဆုံးဖွဲ့စည်းနိုင်ရန်အတွက် ကစားသမားရွေးချယ်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
■ အဆိုပါ ကစားသမားရွေးချယ်ပွဲကို သြဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အထိအမျိုးသားဘောလုံးအကယ်ဒမီကွင်း (ရန်ကုန်)၌ကျင်းပသွားမည်ဖြစ်ပြီးယှဉ်ပြိုင်မှုပုံစံမှာ 8 vs 8 Competition စနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။
■ ထို့ကြောင့်ထုတ်ပြန်ထားသည့် စာရင်းပါ ကစားသမားများအနေဖြင့် သြဂုတ်လ ၂၆ ရက်တွင်အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်သတင်းပို့ရမည် ဖြစ်ပြီး နယ်ဝေးမှကစားသမားများကိုနေထိုင်ရေးစီစဉ်ပေးသွားမည်ဖြစ်သည်။
■ အဆိုပါ လူရွေးချယ်ပွဲသို့ ရန်ကုန်နှင့် မန္တလေးမြို့များမှ Open Try Out စနစ်ဖြင့် ရွေးချယ်ထားသော ကစားသမားများ ၊ FIFA/ MFF U-15 LEAGUE 2026 (တောင်ကြီး) မှ ကစားသမားများ ၊FIFA/ MFF U-15 LEAGUE 2026 (မန္တလေး / မော်လမြိုင်) နှင့် နေပြည်တော် (RTC) မှ ကစားသမားများ ၊ FIFA/ MFF U-15 LEAGUE 2026 (ရန်ကုန်) မှ ကစားသမားများလာရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းသိရသည်။
■ လူရွေးချယ်ပွဲအပြီးတွင် MFF Academy selection team (YGN) နှင့် MFF Academy selection team (MDY) အပါအဝင် စုစုပေါင်း ကစားသမား ၃၂ ဦးကို ရွေးချယ်၍ မြန်မာ ယူ-၁၅ ပဏာမ လက်ရွေးစင်အသင်းကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းပဏာမ ကစားသမား ၃၂ ဦး စာရင်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကာ ထိုမှတစ်ဆင့် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ကာ အဇာဘိုင်ဂျန်ခရီးစဉ်အတွက် အပြီးသတ် ကစားသမားများကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 August 2026
■ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)သည် ထယ်ဟုန် ကုန်သည်ကြီးများအသင်းအပါအဝင်မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာလွှာ (MoU) များ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည် ။
■ အဆိုပါ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) တည်ထောင်သည့် နှစ် (၂၀) ပြည့်မြောက် အမှတ်တရ ဂုဏ်ပြုညစာစားပွဲကို ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာလွှာ (MoU) များ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည် ။
■ အဆိုပါ ကဲ့သို့(MoU) များ လက်မှတ်ရေးထိုးရာတွင် MFVP နှင့် MIFFA (Myanmar International Freight Forwarders’ Association) ၊ MFVP နှင့်ထယ်ဟုန် ကုန်သည်ကြီးများအသင်းတို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်းသိရသည်။
■ ထို့အပြင် MFVP နှင့်MTHRDA (Myanmar Tourism Human Resource Development Association) ၊MFVP နှင့် ချန်ဟော့ ကုမ္ပဏီမြန်မာ့သစ်သီးဝလံ ပေါင်းစည်းကုမ္ပဏီ MFIG နှင့် ချန်ဟော့ကုမ္ပဏီစသဖြင့် အသီးသီးနားလည်မှုစာလွှာ(MoU)လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 1 of 2473