#World_News
Published 24 February 2026
■ ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ချားလ်စ်ကုရှ်နာကို ပြင်သစ်အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံမှုတွေကို ပိတ်ပင်လိုက်ကြောင်း သံတမန်သတင်းရင်းမြစ်တွေက တနင်္လာနေ့မှာ ပြောပါတယ်။
■ ပြင်သစ်လက်ယာစွန်းရောက် လှုပ်ရှားသူတစ်ဦး ပြီးခဲ့တဲ့သီတင်းပတ်က အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးရာဝန်ကြီးဌာနကို ဆင့်ခေါ်ခဲ့ရာမှာ ချားလ်စ်ကုရှ်နာ ရောက်မလာခဲ့တာ ဖြစ်ပါတယ်။
■ နိုင်ငံတကာလူထုဆွေးနွေးမှုတွေမှာ စိုးရိမ်မှုမြင့်တက်စေခဲ့တဲ့ ပြင်သစ်က ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးမှ ထုတ်ပြန်ခဲ့ပြီးနောက် သံအမတ်ချားလ်စ်ကုရှ်နာကို ဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပေမယ့် ပေါ်မလာခဲ့ဘူးလို့ သိရပါတယ်။
■ ပြင်သစ်လက်ယာစွန်းရောက် ကွမ်တင်ဒါရန့်ဟာ လက်ဝဲစွန်းရောက်သမားတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး အသတ်ခံခဲ့ရတဲ့ကိစ္စက တုန်လှုပ်စရာဖြစ်ခဲ့ပြီး ယမန်နှစ်က အမေရိကန်ကွန်ဆာဗေးတစ်လှုပ်ရှားသူ ပစ်သတ်ခံရတဲ့ကိစ္စကို အမှတ်ရစေပါတယ်။
■ ပြင်သစ်မှ အမေရိကန်သံရုံးနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အကြမ်းဖက်ဆန့်ကျင်ရေးဗျူရိုတို့က ဒီဖြစ်ရပ်ကို စောင့်ကြည့်နေပြီး လက်ဝဲရောက်အကြမ်းဖက်မှုတွေ မြင့်တက်နေတယ်လို့ သတိပေးထားကာ အများပြည်သူဘေးကင်းရေး ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။
■ အမေရိကန်ကို ဂုဏ်ယူစွာကိုယ်စားပြုတဲ့ သံအမတ်တစ်ဦးရဲ့ အခြေခံကျကျတာဝန်များအပေါ် သဘောထားကွဲလွဲစရာဖြစ်နေပြီး ပြင်သစ်အစိုးရအဖွဲ့ဝင်များထံ တိုက်ရိုက်ပတ်သက်ခွင့်မပြုတော့ဖို့ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
■ ပြင်သစ်မှာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှု အဖြစ်များလာတဲ့အပေါ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ကိုရှင်းလင်းပြဖို့ ၂၀၂၅ ဩဂုတ်မှာ ဆင့်ခေါ်ခဲ့စဉ်ကလည်းကုရှ်နာ ရောက်မလာခဲ့ပါဘူး။
Source: Reuters
#World_Health
Published 24 February 2026
■ လူတစ်ယောက် အသက်ဘယ်လောက်ရှည်လဲဆိုတာ မျိုးဗီဇပစ္စည်းများအပေါ် မူတည်ပြီး ကျန်းမာနေထိုင်မှုပုံစံတွေနဲ့ အနည်းငယ် ဆွဲဆန့်နိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဆိုပါတယ်။
ဒါပေမဲ့ မျိုးဗီဇအရ အသက် ၈၀ လောက် နေရတဲ့သူဟာ အသက် ၁၀၀ အထိတော့ ဆွဲဆန့်လို့ မရနိုင်ပါဘူး။
■ အစ္စရေးလ် ဝစ်ဇ်မန်းတက္ကသိုလ်မှ ယူရီအယ်လွန်နဲ့ အခြားသုတေသီများက အသက် ၁၀၀ ကျော်ရှိတဲ့ အမေရိကန် ၄၄၄ ဦးရဲ့ မွေးချင်း ၂,၀၉၂ ဦးကို လေ့လာပြီး ဘယ်လိုအဖြစ်အပျက်တွေက သက်ရောက်နေလဲဆိုတာ လေ့လာခဲ့ကြပါတယ်။
■ ကျန်းမာစွာ နေထိုင်မှုပုံစံက အရေးကြီးပေမယ့် ဘဝသက်တမ်းကတော့ များသောအားဖြင့် မျိုးရိုးနဲ့ ဆိုင်နေတာ ဖြစ်ပါတယ်။
■ ဒါကြောင့် ထင်ထားသလို အသက်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ အီလီနွိုက်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျေအိုရှန်စကီက ပြောပါတယ်။
■ လေ့လာချက်ထဲမှာတော့ အသက်အရွယ်နဲ့ မဆိုင်တဲ့ သေဆုံးအကြောင်းအရင်းတွေကို ထည့်မတွက်ထားပါဘူး။
■ ကင်ဆာက မျိုးရိုးကြောင့် သက်ဆိုင်နိုင်ခြေ အနည်းဆုံးဖြစ်ပြီး ဒီမန်ရှာရောဂါကတော့ အများဆုံးဖြစ်နေပါတယ်။
■ လေ့လာချက်အရဆိုရင် မျိုးဗီဇက လူ့သက်တမ်းအပေါ် များစွာလွှမ်းမိုးနေပြီး နေထိုင်စားသောက်မှုပုံစံတွေကတော့ မျိုးဗီဇကန့်သတ်ချက်များဖြင့် ကွဲပြားသွားနိုင်ပါတယ်။
■ ကျန်းမာရေးညီညွတ်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်ရှောင်ရှားခြင်းတို့က ဘဝအရည်အသွေး ကောင်းမွန်စေပြီး ပျမ်းမျှသက်တမ်းကို အတိုးအလျော့ ဖြစ်စေနိုင်ပါတယ်။
Source: Indian Express
#World_Health
Published 24 February 2026
■ ကင်ဆာနဲ့ ပတ်သက်လာရင် ဘာမှမတတ်နိုင်ဘူးလို့ ထင်နေကြပေမယ့် လေ့လာချက်အသစ်မှာတော့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် နည်းလမ်းအများအပြား ရှိနေပါတယ်။
■ ကင်ဆာရောဂါအားလုံးရဲ့ သုံးပုံတစ်ပုံကျော်လောက်ဟာ ကာကွယ်လို့ရနိုင်တယ်လို့ WHO က ဆန်းစစ်ထားပါတယ်။
■ ဆေးကုသမှုများ၊ အလေ့အကျင့် ပြောင်းလဲမှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု တိုက်ဖျက်မှုများဖြင့် နှစ်စဉ် ကင်ဆာကြောင့်သေဆုံးမှုများစွာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ ပြုပြင်ပြောင်းလဲလို့ရတဲ့ အလေ့အကျင့်တွေထဲမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ခန္ဓာကိုယ်ညွှန်းကိန်းမြင့်မားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်း၊ ကွမ်းစားခြင်း၊ လေထုညစ်ညမ်းခြင်း၊ ခရမ်းလွန်ရောင်ခြည်ဓာတ်များခြင်း၊ ရောဂါပိုးမွှားများ၊ လုပ်ငန်းခွင်အန္တရာယ်များ ပါဝင်ပါတယ်။
■ အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်ပွားမှုအားလုံးရဲ့ ၂၃ ရာခိုင်နှုန်းအထိ ဆက်စပ်နေပါတယ်။
■ ဒီနောက်မှာ လေထုညစ်ညမ်းခြင်းက အမျိုးသမီးတွေမှာ ၁၅ ရာခိုင်နှုန်း၊ အမျိုးသားတွေမှာ ၂၀ ရာခိုင်နှုန်းခန့် ဆက်စပ်နေပါတယ်။
■ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ဆိုရင် ကာကွယ်ဆေးရှိနေပြီ ဖြစ်ပါတယ်။
■ အစာအိမ်ကင်ဆာဆိုရင် ဆေးလိပ်၊ ရောဂါကူးစက်မှုတို့ကြောင့် ဖြစ်လေ့ရှိပြီး သန့်ရှင်းမှုဖြင့် ကာကွယ်နိုင်ပါတယ်။
■ နိုင်ငံဒေသတွေနဲ့ လူမျိုးတွေကြား ဖြစ်ပွားမှုပုံစံတွေကို လေ့လာပြီးတော့ ကင်ဆာအများအပြားကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Science Alert.
#World_News
Published 23 February 2026
■ အီရန်က အမေရိကန်နဲ့ ဆွေးနွေးရာမှာ သူတို့ရဲ့ နျူကလီးယား အစီအစဉ်တွေမှာ အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်ရန် ပြင်ဆင်ထားပြီး အပြန်အလှန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးဖို့နဲ့ ယူရေနီယံထုတ်လုပ်ခွင့် အသိအမှတ်ပြုပေးဖို့ အလိုရှိနေပါတယ်။
■ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့မယ်ဆိုတာတောင် နှစ်ဖက်စလုံးက သဘောထားကွဲလွဲမှုသိသာထင်ရှားနေတယ်လို့ အီရန်အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
■ စစ်ရေးပဋိပက္ခဆီ နှစ်နိုင်ငံဦးတည်နေတဲ့အချိန်မှာ အီရန်က တိုက်ခိုက်မှုကြီးမဖြစ်အောင် သံတမန်ရေးထိန်းသိမ်းဖို့ ကြိုးစားနေပုံရကြောင်း သုံးသပ်သူတွေ ဆိုပါတယ်။
■ အမေရိကန်အနေနဲ့ အီရန်ရဲ့ နျူကလီးယား ငြိမ်းချမ်းစွာထုတ်လုပ်ခွင့်ကို အသိအမှတ်ပြုပေးဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးဖို့ အီရန်က အလိုရှိနေပါတယ်။
■ ဒါ့အပြင် အီရန် အမေရိကန်ကုမ္ပဏီတွေကို အီရန်ရေနံနဲ့ လောင်စာကဏ္ဍတွေမှာ ကန်ထရိုက်တာများအဖြစ် ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ ပေးထားပါတယ်။
■ အီရန်က အရည်အသွေးမြင့် ယူရေနီယံတွေကို နိုင်ငံခြားထံ တဝက်ပေးပို့ပြီး ကျန်တာတွေကို ဒေသတွင်း အသုံးချဖို့ ကမ်းလှမ်းထားပါတယ်။
■ နှစ်ဖက်စလုံးက စစ်ရေးပဋိပက္ခ ရှောင်လွှဲချင်ပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေးနဲ့ နျူကလီးယားအရေးအပေါ် သိသိသာသာ သဘောထားကွဲလွဲနေပါသေးတယ်။
■ အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်နေတာ မဟုတ်ကြောင်း သက်သေပြလိုတဲ့အတွက် နိုင်ငံတကာမှ စောင့်ကြည့်မှုတွေကို ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။
■ ဆွေးနွေးမှုတွေ ဆက်လုပ်နေပြီး အရေးယူပိတ်ဆို့မှုများ ဖြေလျှော့နိုင်ပါက ယာယီသဘောတူညီမှု ရရှိသွားနိုင်ခြေ ရှိနေပါတယ်။
Source: Reuters
#World_Health
Published 23 February 2026
■ ကိုရီးယားလူမျိုးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်တတ်ကြပြီး ယခုအခါလည်း သူတို့ရဲ့ ၃-၃-၃ သွားတိုက်နည်းပုံစံကို ဖန်တီးထားပါတယ်။
■ ဒီစည်းမျဉ်းက တစ်နေ့သုံးကြိမ်သွားတိုက်၊ တစ်ကြိမ်ကို ၃ မိနစ်ဖြင့် စားပြီးလို့ ၃ မိနစ်အတွင်း တိုက်ရမှာဖြစ်ပါတယ်။
■ ဒါက အထောက်အကူဖြစ်နိုင်ပေမယ့် အလွန်စိတ်ထဲထားလွန်းရင်တော့ စိတ်ရှုပ်ထွေးနိုင်တယ်လို့ အက်စတာ CMI ဆေးရုံမှ ဒေါက်တာ ဆက်ရှီဟင်ဒူဂျာက ပြောပါတယ်။
■ ၃ မိနစ်ခန့်ကြာအောင် တိုက်ခြင်းဖြင့် အကြွင်းအကျန်တွေကို နေရာလပ်မကျန် ဖယ်ရှားပေးဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
■ စားသောက်ပြီးလို့ သွားတိုက်ခြင်းဖြင့် စားစရာတွေမှ အက်ဆစ်ထိခိုက်မှုကို ကာကွယ်နိုင်ပေမယ့် အချဉ်လိုမျိုး အက်ဆစ်များတဲ့ အစားအစာတွေ စားပြီးပြီးချင်းတိုက်ရင်တော့ ကြွေလွှာပျက်စီးနိုင်ပါတယ်။
■ အဓိကက သွားအားလုံးကို ညင်သာစွာ စက်ဝိုင်းပုံသဏ္ဍာန် တိုက်ရမှာဖြစ်ပြီး ဖလိုရိုက်သွားတိုက်ဆေးဖြင့် တိုက်ခြင်း၊ သွားကြားသန့်ရှင်းရေးလုပ်ခြင်းတို့က အရေးပါပါတယ်။
■ ၃ လတစ်ခါ သွားတိုက်တံလဲပေးပါက ဘက်တီးရီးယားများ မခိုအောင်းဘဲ ထိရောက်စွာ သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။
■ တစ်နေ့ကို နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ၂ မိနစ်တိုက်ခြင်းက ပုံမှန်အားဖြင့် လုံလောက်ပြီး ၃-၃-၃ စည်းမျဉ်းက အမြဲတမ်းလုပ်စရာ မလိုဘူးလို့ ဒေါက်တာ ဟင်ဒူဂျာက ပြောပါတယ်။
■ ခံတွင်းကျန်းမာရေးအတွက် နေ့စဉ် သွားကြားသန့်ရှင်းရေးလုပ်ခြင်း၊ ပုံမှန်ခံတွင်းစစ်ဆေးခြင်း၊ ရေဓာတ်ပြည့်ဝအောင်နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။
■ လျှာကလည်း ဘက်တီးရီးယားတွေ စုပြုံလာရင် အနံ့ဆိုးထွက်နိုင်တာကြောင့် လျှာမျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက်ပေးသင့်ပါတယ်။
Source: Indian Express
#World_Health
Published 23 February 2026
■ ကိုဗစ်-၁၉ ရောဂါအတွက် အသိအမှတ်ပြုထားတဲ့ နျူကလီယိုဆိုက်သောက်ဆေး VVII6 ဟာ နီပါဗိုင်းရပ်စ်ကိုလည်း ဆန့်ကျင်ခုခံနိုင်စွမ်းရှိတာကို တရုတ်သိပ္ပံပညာရှင်များ တွေ့ရှိထားကြောင်း ဝူဟန်ဗိုင်းရပ်စ်တက္ကသိုလ်မှ ထုတ်ပြန်လိုက်ပါတယ်။
■ မလေးရှားမှာ ၁၉၉၈ ခုနှစ်က စတင်ပျံ့ပွားခဲ့တဲ့ နီပါဗိုင်းရပ်စ်ဟာ အသက်ဆုံးပါးနှုန်း ၄၀ မှ ၇၀ ရာခိုင်နှုန်းရှိနေပြီး ယခုနှစ်ဇန်နဝါရီမှာ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်မှာ ကူးစက်မှုတွေ သေဆုံးမှုတွေ ရှိထားပါတယ်။
■ လက်ရှိမှာ အသိအမှတ်ပြု ကုသဆေး ကာကွယ်ဆေးတွေ မရှိတာကြောင့် WHO က အဓိကဦးစားပေး ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ထားပါတယ်။
■ VVII6 က ကိုဗစ်-၁၉ ကုသဖို့အတွက် သောက်ဆေးအဖြစ် တရုတ်နဲ့ ဥဇဘက်ကစ္စတန်တို့မှာ အသိအမှတ်ပြုထားပြီး နီပါဗိုင်းရပ်စ်ကိုလည်း တားဆီးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
■ VVII6 ကို ကျန်းမာရေးလုပ်သားတွေလို ထိတွေ့နိုင်ခြေများတဲ့သူတွေမှာ ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်သလို ဗိုင်းရပ်စ်ပျံ့ပွားမှုအတွက် အရန်သင့်ရနိုင်တဲ့ဆေးအဖြစ်လည်း ရနိုင်ပါတယ်။
■ ဒီဆေးထုတ်လုပ်တဲ့ Vigonvita Life Science Co ကုမ္ပဏီက ပျံ့ပွားမှုတွေကို စောင့်ကြည့်နေပြီး ကုသမှုအတွက် လက်တွေ့စမ်းသပ်ချက်များ စတင်သွားမယ်လို့ ဖော်ပြထားပါတယ်။
■ အိန္ဒိယဟာ နီပါဗိုင်းရပ်စ်ပျံ့ပွားမှုကို အတိုင်းအတာတစ်ခုအထိ ခံစားနေရပြီး စောင့်ကြည့်ခြင်းနဲ့ ကာကွယ်ခြင်းတို့က အဓိကကျနေပါတယ်။
■ တရုတ်ပြည်မမှာတော့ နီပါဗိုင်းရပ်စ်ကူးစက်မှုအကြောင်း မကြားရသေးပေမယ့် ဂရုစိုက်ပြီး သန့်ရှင်းစွာ ထိန်းသိမ်းနေထိုင်ကြဖို့ အကြံပြုထားပါတယ်။
Source: Global Times
၂၂ ဖေဖော်ဝါရီ၊၂၀၂၆
ဗင်နီဇွဲလားနှင့် မတူတဲ့ အီရန်
တဟီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သံတမန်ရေးရာ ကြိုးပမ်းမှုတွေ အားနည်းလာတာ နဲ့အမျှ အမေရိကန်နဲ့ အီရန်တို့ စစ်ရေးအရ ထိပ်တိုက်တွေ့နိုင်ခြေက ပိုနီးကပ်လာနေပါတယ်။
The New York Times နဲ့ Reuters သတင်းဌာနတွေရဲ့ အဆိုအရဆိုရင် အရှေ့အလယ်ပိုင်းမှာ အမေရိကန် စစ်တပ်တွေကို အလုံးအရင်းချထားတဲ့ကြားကပဲ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အကန့်အသတ်နဲ့ပဲ တိုက်ခိုက် မလား၊ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပဲ စစ်ဆင်ရေးလုပ်မလား ဆိုတာကို ချိန်ဆနေတယ်လို့ သိရပါတယ်။ ပြီးခဲ့ တဲ့ ဇန်နဝါရီတုန်းကဆိုရင် အမေရိကန် စစ်ရေယာဉ်စုကြီး အီရန်ဆီကို ဦးတည်နေတယ်လို့ ထရမ့်က ပြော ခဲ့ပါသေးတယ်။ သူက အဲဒီလိုသွားနေတာကို ဗင်နီဇွဲလားမှာတုန်းက "မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန် ထန်" အောင်ပွဲခံနိုင်ခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးနဲ့တောင် နှိုင်းယှဉ်ခဲ့တာပါ။ ဒါပေမဲ့ ကျွမ်းကျင်သူ တွေ ကတော့ အီရန်က စစ်ရေးအရ ပိုပြီးနက်ရှိုင်းတဲ့အပြင် ဒေသတွင်းစစ်ပွဲကြီးတစ်ခုကိုပါ ဖန်တီးနိုင်စွမ်းရှိ တဲ့ အတွက် ဗင်နီဇွဲလားထက် အများကြီး ပိုရှုပ်ထွေးတဲ့ စိန်ခေါ်မှုကြီးဖြစ်တယ်လို့ သတိပေးထားကြပါတယ်။
လွယ်လွယ်နှင့် ပြီးမယ့် စစ်ပွဲမဟုတ်
တကယ်တမ်းမှာ အီရန်ကိစ္စအတွက် ကုန်ကျစရိတ်သက်သာပြီး လွယ်လွယ်ကူကူ ရှင်းလင်းသွားမယ့် စစ်ရေးရွေးချယ်မှုမျိုး မရှိဘူးလို့ The New York Times က လေ့လာဆန်းစစ်သူတွေကို ကိုးကားပြီး ဖော်ပြ ထားပါတယ်။ အမေရိကန်ဘက်က အသေအပျောက်ရှိလာနိုင်တဲ့ တကယ့်အန္တရာယ်ရှိနေပြီး၊ ဒါက ရွေးကောက်ပွဲကျင်းပမယ့်နှစ်မှာ ထရမ့်အတွက်တော့ ကြီးမားတဲ့ ဖိအားဖြစ်စေမှာပါ။
အီရန်ဆိုတာ အရှေ့ အလယ်ပိုင်းမှာ အကြီးမားဆုံးနဲ့ အမျိုးအစားအစုံလင်ဆုံး ဒုံးကျည်လက်နက်တိုက် တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ မိုင် ၁,၂၀၀ ကျော်အထိ သွားနိုင်တဲ့ အလတ်စားပစ် တိုက်ချင်း ပစ်ဒုံးကျည်တွေပါရှိတော့ ပင်လယ်ကွေ့၊ အစ္စရေးနဲ့ တူရကီနိုင်ငံအချို့က အမေရိကန်စစ်စခန်းတွေဆိုတာ သူတို့ရဲ့ ပစ်မှတ်စက် ကွင်းထဲမှာ အလွယ်လေး ရောက်နေတာပါ။ မကြာသေးခင်ကပဲ ဟော်မုဇ်ရေလက် ကြား စစ်ရေးလေ့ကျင့် မှုမှာ ၉၃ မိုင်ကျော်အထိပစ်နိုင်တဲ့ ပင်လယ်ပြင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တစ်စင်း ကိုတောင် စမ်းသပ်ခဲ့တယ်လို့ သူတို့ရဲ့ နိုင်ငံပိုင်မီဒီယာက ကြေညာထား ပါသေးတယ်။ တဟီရန်ရဲ့ ဗျူဟာ က ဘယ်လိုထိပ်တိုက်ရင်ဆိုင်မှုမျိုးမဆို ဖြစ်လာရင် နေရာပေါင်းစုံမှာ လျင်လျင်မြန်မြန် အရှိန်မြှင့်ပြီး အပျက်အစီးနဲ့ ကုန်ကျစရိတ်တွေကို ပျံ့နှံ့သွားအောင် လုပ်ဖို့ပဲလို့ Chatham House က ကျွမ်းကျင်သူ Sanam Vakil က ဆိုပါတယ်။
နေရာအနှံ့က လက်တုံ့ပြန်မှုတွေနဲ့ ဒေသတွင်း ဂယက်
နောက်ထပ် အန္တရာယ်တစ်ခုကတော့ အီရန်ရဲ့ လက်ဝေခံကွန်ရက်တွေနဲ့ ဒေသတွင်း ဂယက်ရိုက်ခတ်မှု တွေပါပဲ။ လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ယီမင်က ဟူသီတို့လို အီရန်ရဲ့ "ခုခံရေးဝင်ရိုးစွန်း" အဖွဲ့တွေဟာ အရင်ကလောက် မသန်မာတော့ဘူးဆိုပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကို လက်တုံ့ပြန်နိုင်စွမ်း ရှိနေဆဲ ဖြစ်ပြီး စစ်မျက်နှာအသစ်တွေ ဖွင့်လာနိုင်ပါတယ်။ အီရတ်မှာရှိတဲ့ အီရန်မဟာမိတ်အဖွဲ့တစ်ခုဆိုရင် အမေ ရိကန်ကသာ စစ်ရေးအရ လှုပ်ရှားလာရင် "အသေခံစစ်ဆင်ရေးတွေ" အထိ လုပ်သွားမယ်လို့တောင် ခြိမ်း ခြောက်ထားပါတယ်။
ဟူသီသူပုန်တွေကလည်း ၂၀၂၃ နှောင်းပိုင်းတုန်းကလို ပင်လယ်နီထဲက ကုန်သွယ်ရေးသင်္ဘောတွေကို ပြန်ပြီး ပစ်မှတ်ထားလာနိုင်ခြေရှိပါတယ်။ ဒီအချိန်မှာ အမေရိကန်စစ်စခန်းတွေ လက်ခံထားတဲ့ ပင်လယ် ကွေ့နိုင်ငံတွေကလည်း တန်ပြန်တိုက်ခိုက်ခံရမယ့်အရေးကို စိုးရိမ်နေကြပါပြီ။ ဆော်ဒီနဲ့ UAE တို့က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွက် သူတို့ရဲ့ လေပိုင်နက်ကို အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ ပြော ထားပေမဲ့၊ ဒါလေးလုပ်လိုက်ရုံနဲ့ အီရန်ရဲ့ လက်တုံ့ပြန်မှုဒဏ်ကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။
မျှော်လင့်ချက်နည်းလာတဲ့ ဆွေးနွေးပွဲတွေနှင့် အစိုးရဖြုတ်ချဖို့ အခက်အခဲ
ဒီလိုအခြေအနေတွေကြားမှာ ၂၀၀၃ အီရတ်ကျူးကျော်စစ်နောက်ပိုင်း ဒေသတွင်းမှာ အမေရိကန်စစ်တပ် အင်အားအများဆုံး ချထားတာကိုကြည့်ရင် သံတမန်ရေးအရ မျှော်လင့်ချက်တွေ မှေးမှိန်လာပြီဆိုတာ ထင်ရှားနေပါတယ်။ ယူရေနီယမ်သန့်စင်မှု၊ ဒုံးကျည်အစီအစဉ်တွေနဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားရေးအတွက် အမေရိကန်နဲ့ အီရန်တို့ရဲ့ ဆွေးနွေးပွဲ နှစ်ကြိမ်စလုံးဟာ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေခဲ့ပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဆိုရင် အမေရိကန်ကပေးပို့တဲ့ ဒုံးကျည်နဲ့ပတ်သက်တဲ့ အဆိုပြုလွှာကို ဖွင့်တောင် မဖတ်ဘဲ ပြန်ပို့လိုက်တဲ့အထိပါပဲ။
အီရန်ဘက်က တန်ပြန်အဆိုပြုချက်တစ်ခု ထွက်လာဖို့ရှိပေမဲ့ သဘောတူညီမှုမရရင် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်လို့ ထရမ့်က သတိပေးထားပါတယ်။ အီရန်ကို ဖိအားပေးဖို့အတွက် အကန့် အသတ်နဲ့ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့လည်း ထရမ့်က ဝန်ခံထားပြီး မတ်လလယ်လောက်မှာ စစ်တပ် အပြည့်အဝ ချထားမှုပြီးစီးမယ်လို့ ခန့်မှန်းရပေမဲ့ ဘယ်အချိန်မှာ စတင်လှုပ်ရှားမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဒါဆို အဆုံးသတ်ရလဒ်က ဘာဖြစ်မလဲ။ ဝါရှင်တန်ရဲ့ အဓိကရည်မှန်းချက်က အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်ကို လျှော့ချဖို့လား၊ ပဋိပက္ခမကြီးထွားအောင် တားဆီးဖို့လား၊ ဒါမှမဟုတ် အစိုးရ အပြောင်းအလဲ လုပ်ချင်တာလားဆိုတာကို ဥရောပနဲ့ ဒေသတွင်းအရာရှိတွေတောင် သေသေချာချာ မသိကြပါဘူး။
အီရန်ရဲ့ နိုင်ငံရေးဖွဲ့စည်းပုံက ခေါင်းဆောင်ပိုင်းကို ဖြုတ်ချဖို့ ကြိုးစားမယ့် မည်သည့်ဗျူဟာကိုမဆို အတော်လေး ရှုပ်ထွေးသွားစေပါတယ်။ သမ္မတ မာဒူရိုကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့တဲ့ ဗင်နီဇွဲလားနဲ့ မတူဘဲ၊ အီရန်ရဲ့ ဘာသာရေးအုပ်ချုပ်မှုစနစ်က အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ကို ဗဟိုပြုထားပြီး အင်အားကြီးမားတဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း အခိုင် အမာ ကျောထောက်နောက်ခံ ပေးထားတာပါ။ ဒါကြောင့် စစ်တပ်သုံးပြီး အစိုးရဖြုတ်ချနိုင်မယ်လို့ တွေး ထားရင် အလွန်အန္တရာယ်ကြီးတယ်လို့ ဆန်းစစ်သူတွေက သတိပေးနေကြတာပါ။
ကမ္ဘာ့စီးပွားရေးကို ကိုင်လှုပ်မယ့် ရေလက်ကြား
နောက်ဆုံးအနေနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လာမယ့် ဂယက်တွေပါပဲ။ ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ရည် ထွက်ရှိမှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းစီးဆင်းနေတဲ့ ဟော်မုဇ်ရေလက်ကြားဟာ အရေးပါတဲ့ ဖိအားပေးစရာ နေရာတစ်ခု ဖြစ်နေပါတယ်။ အဲဒီရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်က အရင် ကလည်း ခြိမ်းခြောက်ဖူးပြီး တကယ်လို့များ ပိတ်လိုက်မယ်ဆိုရင် ကမ္ဘာတစ်လွှား စွမ်းအင်စျေးနှုန်းတွေ အဆမတန် ထိုးတက်သွားမှာပါ။ ဒီလိုလုပ်တာက သူတို့ကိုယ်တိုင်ရဲ့ ရေနံတင်ပို့မှုကိုပါ ထိခိုက်စေမယ် ဆိုပေမဲ့ အနည်းငယ် အနှောင့်အယှက်ဖြစ်ရုံနဲ့တင် ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို ကမောက်ကမ ဖြစ်သွား စေနိုင်ပါတယ်။
အချိန်မရှိတော့တဲ့ အဆုံးအဖြတ်ကာလ
အခုအချိန်မှာတော့ နှစ်ဖက်စလုံးက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် အလျှော့မပေးကြတော့ပါဘူး။ ဝါရှင်တန် က ယူရေနီယမ်သန့်စင်မှု လုံးဝမလုပ်ဖို့ တောင်းဆိုနေသလို၊ တဟီရန်ကလည်း သူတို့ရဲ့ အချုပ်အခြာ အာဏာပိုင် နျူကလီးယားအခွင့်အရေးဆိုပြီး တင်းခံနေတဲ့အတွက် အမှားအယွင်း ဖြစ်သွားနိုင်ခြေ ပိုများလာပါတယ်။
နှစ်ဖက်စလုံးက နောက်မဆုတ်မချင်း တိုးတက်မှုရလာစရာအကြောင်းမရှိသလို၊ အဲဒီလို နောက်ဆုတ်ကြ လိမ့်မယ်လို့လည်း မယုံကြည်ဘူးလို့ အမေရိကန် သံတမန်ဟောင်း အလန် အဲရ် (Alan Eyre) က ဆိုပါတယ်။ စစ်ရေးအရ အင်အားတွေ ဖြည့်တင်းလာပြီး လေလုံးထွားမှုတွေလည်း ပိုပြင်းထန်လာတာ နဲ့အမျှ၊ အမေရိကန်နဲ့ အီရန်တို့ရဲ့ အားပြိုင်မှုဟာ အဆုံးအဖြတ်ပေးရမယ့် အဆင့်တစ်ခုဆီကို ရောက်နေပြီ ဖြစ်ပြီး တကယ်လို့ ပဋိပက္ခသာ ကြီးထွားလာမယ်ဆိုရင် အဲဒီရဲ့ပေးဆပ်ရမှုတွေက စစ်မြေပြင်တစ်ခု တည်းမှာတင် ပြီးဆုံးသွားမှာ မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။
အရင်းအမြစ် - အိန္ဒိယ အိတ်စ်ပရက်စ် (The Indian Express), Cover Image -AI aided Creation
Page 1 of 1120