နိုဝင်ဘာ ၁၅၊၂၀၂၅ (Sky News)-

Panorama အစီအစဉ်တွင် သူ၏ မိန့်ခွန်းကို ပြုပြင်တည်းဖြတ်မှုအတွက် BBC ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံကြား တရားစွဲဆိုမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်သမ္မတက စနေနေ့ည၌ Air Force One လေယာဉ်ပေါ်တွင် ရှိနေစဉ် အဆိုပါ အသံလွှင့်ဌာနကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ သူတို့ကို တရားစွဲမယ်။ ဒေါ်လာ တစ်ဘီလီယံ (ပေါင် ၇၉၂ သန်း) နဲ့ ငါးဘီလီယံ (ပေါင် ၃.၇၉ ဘီလီယံ) ကြား လျော်ကြေးရဖို့ သူတို့ကို တရားစွဲမယ်၊ လာမယ့်အပတ်လောက်မှာ ဖြစ်နိုင်တယ်" ဟု သူက သတင်းထောက်များကို ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဒါကို လုပ်ရမယ်၊ သူတို့ လိမ်လည်ခဲ့တယ်ဆိုတာ ဝန်ခံပြီးသားပဲ။ သူတို့ ဒါကို မလုပ်ဘဲ နေခဲ့ကြတာ မဟုတ်ဘူး။ သူတို့ လိမ်လည်ခဲ့တယ်။ ကျွန်တော့်ပါးစပ်က ထွက်တဲ့ စကားလုံးတွေကို သူတို့ ပြောင်းလဲခဲ့တယ်"ဟုထရမ့်ကပြောသည်။

ထို့နောက် ထရမ့်က ယခုသီတင်းပတ်ကုန်တွင် ဝန်ကြီးချုပ် ဆာာ ကီယာစတားမား နှင့် ဤကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပြီး "ဖြစ်ပျက်ခဲ့သည့်အပေါ် ယူကေ  ပြည်သူများ အလွန်ဒေါသထွက်နေကြသည်၊အဘယ်ကြောင့်ဆိုသော် BBC သည် သတင်းတု ဖြစ်ကြောင်း ပြသလိုက်သောကြောင့်ဖြစ်သည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် လူအုပ်စုတစ်စုက အမေရိကန် ကက်ပီတိုလ် အဆောက်အအုံ၌ အဓိကရုဏ်းမဖြစ်ပွားမီ ထရမ့်ပြောကြားခဲ့သော မိန့်ခွန်းကို BBC က သတင်းအစီအစဉ်တွင် ပြုပြင်  တည်းဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်ခဲ့ကြောင်း ဌာနတွင်း မှတ်တမ်းတစ်ခုကို The Daily Telegraph က ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။

BBC အကျပ်အတည်း ဘယ်လိုဖြစ်ပွားခဲ့သလဲ

စိုးရိမ်မှုများမှာ ပြီးခဲ့သည့်နှစ် အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလိုတွင် BBC က ထုတ်လွှင့် ခဲ့သော "Trump: A Second Chance?" မှတ်တမ်းရုပ်သံတွင် သမ္မတ၏ မိန့်ခွန်း အပိုင်းအစများမှ ဗီဒီယို  ဖိုင်များကို ဖြတ်ဆက်၍ သူက ကက်ပီတိုလ် အဆောက်အအုံသို့ ထောက်ခံသူများနှင့်အတူ လမ်းလျှောက်  သွားပြီး "သတ္တိရှိရှိ တိုက်ပွဲဝင်ရန်" ပြောကြားခဲ့သကဲ့သို့ ထင်ရအောင် ပြုလုပ်ခဲ့ခြင်းနှင့် သက်ဆိုင်နေ သည်။ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် BBC ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေဗီ နှင့် BBC News အမှုဆောင်အရာရှိချုပ် ဒေဘိုရာ တားနက်စ် တို့ နှစ်ဦးစလုံး သူတို့၏ ရာထူးများမှ နုတ်ထွက်  ခဲ့ကြသည်။

 အသရေဖျက်မှု တောင်းဆိုရန် အခြေအမြစ်မရှိ

ကြာသပတေးနေ့တွင် အဆိုပါ အသံလွှင့်ဌာနက သမ္မတအား တရားဝင် တောင်းပန်ခဲ့ပြီး ယင်းသည် "ဆုံးဖြတ်ချက် အမှားအယွင်း" ဖြစ်ကြောင်းနှင့် အစီအစဉ်ကို "မည်သည့် BBC ပလက်ဖောင်းများတွင်မဆို ဤပုံစံအတိုင်း ထပ်မံထုတ်လွှင့်တော့မည် မဟုတ်ကြောင်း" အာမခံပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဗီဒီယိုဖိုင်ကို တည်းဖြတ်ခဲ့သည့်ပုံစံအတွက် BBC က စိတ်ရင်းအမှန်ပင် ဝမ်းနည်းပါသည်" ဟု ပြောကြားခဲ့သော်လည်း "အသရေဖျက်မှု တောင်းဆိုရန် အခြေအမြစ်ရှိသည် ဆိုခြင်းကိုမူ ကျွန်ုပ်တို့ လုံးဝ သဘောမတူပါ" ဟု သူတို့က ထပ်လောင်းပြောကြားခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် ထရမ့်၏ ရှေ့နေများက BBC အနေဖြင့် တောင်းပန်ခြင်း၊ ဗီဒီယိုဖိုင်ကို ပြန်လည်ရုပ်သိမ်းခြင်း နှင့် လျော်ကြေးပေးခြင်းတို့ မပြုလုပ်ပါက ဒေါ်လာ ၁ ဘီလီယံအတွက်  တရား စွဲမည်ဟု ခြိမ်းခြောက်ခဲ့သည်။

သမ္မတ၏ မိန့်ခွန်း အပိုင်းအစများကို ဖြတ်ဆက်၍ သူက ကက်ပီတိုလ် အဆောက်အအုံသို့ ထောက်ခံ  သူများနှင့်အတူ လမ်းလျှောက်သွားပြီး "သတ္တိရှိရှိ တိုက်ပွဲဝင်ရန်" ပြောကြားခဲ့သကဲ့သို့ ထင်သွားအောင် ပြီးခဲ့သည့်နှစ် အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလိုတွင် BBC က ထုတ်လွှင့်ခဲ့သော "Trump: A Second Chance?" မှတ်တမ်းရုပ်သံတွင် ဖန်တီး ပြုလုပ်ခဲ့သည်။

တရားဥပဒေအရ စိန်ခေါ်မှုများ

သို့သော် ဥပဒေပညာရှင်များက မစ္စတာထရမ့်အနေဖြင့် ယူကေ သို့မဟုတ် အမေရိကန် တရားရုံးများ၌ အမှုဖွင့်ရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်ရမည်ဟု ပြောကြားထားသည်။

အသရေဖျက်မှု လျော်ကြေးငွေ ပေါင် ၁၀၀,၀၀၀ ($၁၃၂,၀၀၀) ထက် မကျော်လွန်လေ့ရှိသော ယူကေ  တရားရုံးများသို့ အမှုတင်သွင်းရန် နောက်ဆုံးသတ်မှတ်ရက်မှာ ကျော်လွန်သွားပြီဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် အဆိုပါ မှတ်တမ်းရုပ်သံကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ထုတ်လွှင့်ခဲ့ပြီး ယင်းမှာ တစ်နှစ်ထက် ပိုမိုကြာမြင့်သွားခဲ့သောကြောင့် ဖြစ်သည်။

ထို့အပြင် အဆိုပါ မှတ်တမ်းရုပ်သံကို အမေရိကန်တွင် မပြသခဲ့သောကြောင့်၊ အမေရိကန်ပြည်သူများ မကြည့်ရှု နိုင်ခဲ့သော အစီအစဉ်တစ်ခုကြောင့် သမ္မတအပေါ် အထင်အမြင်သေးသွားသည်ဟု သက်သေပြ ရန် ခက်ခဲလိမ့်မည်လည်းဖြစ်သည်။

The Telegraph တွင် ထပ်မံဖော်ပြခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ထုတ်လွှင့်ခဲ့သော အစီရင်ခံ  စာတစ်ခုတွင် BBC ၏Newsnight အစီအစဉ်ကလည်း အဆိုပါ မိန့်ခွန်း၏ ဗီဒီယိုဖိုင်ကိုပင် ရွေးချယ်   တည်းဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်အသစ်များကို စုံစမ်းစစ်ဆေးနေကြောင်း BBC က ပြောကြားခဲ့ သည်။

BBC ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "BBC ဟာ အမြင့်မားဆုံးသော တည်းဖြတ်မှုစံနှုန်းတွေကို ကိုင်စွဲထားပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ သတိပြုမိပြီးဖြစ်ပြီး အခု စုံစမ်းစစ်ဆေးနေပါတယ်" ဟု ပြောကြားခဲ့သည်။ End