English Section

Myanmar's Esports World Champions YG Yangon Galacticos Return to Heroes' Welcome

August 7, 2025 | Yangon, Myanmar- Myanmar's esports team, YG Yangon Galacticos, received a heroes' welcome upon their return to Yangon after winning the world championship at the Esports World Cup. The team was greeted at Yangon International Airport by a large crowd of fans, along with Yangon Region Chief Minister U Soe Thein and other officials.

The team competed in the PUBG Mobile event at the world-class Esports World Cup, which took place from July 25 to August 3 in Riyadh, Saudi Arabia. YG Yangon Galacticos secured the championship title, making Myanmar proud.

The victorious team consisted of a total of eight members, including the manager, coach, and players. They returned to Yangon by air at 11:30 a.m. on August 7. A welcoming crowd was on hand to greet them, including Chief Minister U Soe Thein, officials from the Myanmar Esports Federation, members of the Yangon Region Sports Promotion Committee, students from the Institute of Sports and Physical Education, and numerous sports fans.

YG Yangon Galacticos competed against 24 top teams from 16 countries, including the host country Saudi Arabia, Thailand, Indonesia, Vietnam, Mongolia, Nepal, Pakistan, India, China, South Korea, Japan, Turkey, Egypt, Brazil, and several European nations.

In the final standings, Myanmar's YG Yangon Galacticos took first place, followed by China in second, and Mongolia in third. In addition to the gold medal, the team was awarded a prize of $550,000.

Over 1,000 teams and approximately 5,000 professional players from more than 100 countries participated in the tournament.A welcome ceremony for the world champions, YG (Yangon Galacticos), was also held at People's Square in Yangon.

#ymg/mmn

Myanmar's Pro Tempore President Myint Swe Dies at 75

Nay Pyi Taw – August 7, 2025 — Myanmar's Pro Tempore President, U Myint Swe, passed away today, August 7, at 8:28 a.m. at the 1,000-bed No. 2 Military Hospital. He was 75 years old.

The National Defense and Security Council announced that a state funeral will be held for the pro tempore president. Additionally, a three-day national mourning period has been declared from August 7 to August 9, 2025. The national flag of the Republic of the Union of Myanmar is to be flown at half-staff during this time.

Since early 2023, U Myint Swe began experiencing sluggish movements and a weakened appetite, leading to medical examinations by a special team of senior specialists. Diagnostic tests revealed he was suffering from Parkinson's Disease and related neurological weakness. He received treatment at Singapore's Mount Elizabeth Medical Center from April 15-19, 2024, and then at the 1,000-bed No. 2 Military Hospital from May 27-June 18.

Following his discharge, a special medical team led by Union Minister of Health Professor Dr. Thet Khaing Win continued to monitor and treat him. However, his health did not improve. On July 18, 2024, he began receiving medical treatment and resting at home on sick leave.

In July24, 2025, U Myint Swe experienced weight loss, poor appetite, fever, and decreased brain activity. He was readmitted to the 1,000-bed No. 2 Military Hospital on July 24, where he remained until his death.

#ymg/ PP

Myanmar's Pyae (Pyay)Sedimentary Basin, 3 Onshore Blocks, to be Explored by Private Companies for Oil and Gas

August 6, 2025,Nay Pyi Taw- Two private companies will begin exploration for oil and natural gas in three onshore blocks in the Pyae (Pyay) Sedimentary Basin region.

The two private companies, HNA Myanmar Oil & Gas Ltd and Future Engineering & Gold, Mining Co., Ltd, signed production sharing contracts with the Myanma Oil and Gas Enterprise, which is under the Ministry of Energy. The signing ceremony took place today, August 6, at the Ministry of Energy in Nay Pyi Taw.

According to a press release from the Ministry of Energy, HNA Myanmar Oil & Gas Ltd will carry out increased oil extraction operations in onshore blocks IOR-4 (Pyae region) Area-1 and IOR-6 (Myanaung region) Area-3. Meanwhile, Future Engineering & Gold, Mining Co., Ltd. will perform similar work in block IOR-7 (Shwepyithar region) Area-2.

Union Minister for Energy U Ko Ko Lwin, who presided over the contract signing ceremony, stated, "The Pyae, Myanaung, and Shwepyithar oil fields, which are located in the larger Pyae Sedimentary Basin, have a great history and good potential. We believe that if we can carry out exploration, evaluation, and drilling using modern technologies and equipment, it will be very beneficial for the state and will be successful."

 

Officials from the private companies and senior officials from the Ministry of Energy also attended the signing ceremony.

The Ministry of Energy has been allowing Local entrepreneurs to operate 10 onshore blocks in mature oil fields under a production sharing contract system. According to the Ministry's press release, the first block approved in October 2024 is already producing natural gas, which is being used to provide electricity to that region.

#ymg/knl

Asean

Most Popular - Local News

  • E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရရှိခဲ့သည့် YG Yangon Galacticos အသင်းကို ပြည်သူများ သောင်းသောင်းဖျဖျကြိုဆို

    ၇ ဩဂုတ် ၂၀၂၅

    မြန်မာနိုင်ငံမှ E sports အသင်းဖြစ်တဲ့ YG Yangon Galactic ဟာ   ကမ္ဘာ့အဆင့် E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအပါအဝင် ပြည်သူများက သောင်းသောင်းဖျဖျ  ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။

    ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့တွင် ဇူလိုင်(၂၅) ရက်နေ့မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့  ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲရဲ့  PUBG Mobile အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။

    YG (Yangon Galacticos)အသင်း တွင် အုပ်ချုပ်သူ/နည်းပြ အားကစားသမား စုစုပေါင်း အဖွဲ့ဝင်(၈)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

    YG (Yangon Galacticos)အသင်းသည် ဩဂုတ် (၇)ရက်  နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်က ရန်ကုန်  အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ E sports အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများက ကြိုဆိုခဲ့ကြပါတယ်။

    66

    မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ၊ အီဂျစ်၊ ဘရာဇီး၊ ဥရောပ စသည့် လက်ရွေးစင်(၁၆)နိုင်ငံမှ ထိပ်သီး(၂၄)သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

    ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ပထမ၊ တရုတ် နိုင်ငံက ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံက တတိယရရှိခဲ့ကြောင်း သိရပါတယ်။

    YG(Yangon Galacticos)  သည် E sports World Cup PUBG Mobile ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု နှင့်အတူ ဆုကြေးငွေ ဒေါ်လာ ၅၅၀,၀၀၀ပါ ဆုချီးမြှင့် ခြင်းခံခဲ့ရသည်။

    ပြိုင်ပွဲသို့ ကမ္ဘာ့ နိုင်ငံပေါင်း (၁၀၀)ကျော်ခန့်မှ လက်ရွေးစင်အသင်းပေါင်း (၁၀၀၀)ကျော်ခန့်ရှိပြီး Professional ကစားသမား (၅၀၀၀)ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါတယ်။

    #ymg/mnn

    33

  • ပြည် အနည်ကျချိုင့်ဝှမ်း ကုန်းတွင်းလုပ်ကွက်(၃)နေရာတွင် ပုဂ္ဂလိကကုမ္ပဏီများ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်မည်

    ၆ ဩဂုတ် ၂၀၂၅

    ကုန်းတွင်းလုပ်ကွက်တွေဖြစ်တဲ့ “ပြည်” အနည်ကျချိုင့်ဝှမ်းကြီး ဒေသ(၃)ခုတွင် ရေနံနှင့်  သဘာဝဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီ(၂)ခုက စတင်ဆောင်ရွက်တော့မယ်လို့သိရ   ပါတယ်။

    အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီ (၂)ခုကတော့ HNA Myanmar Oil & Gas  Ltd နှင့် Future Engineering & Gold, Mining Co., ltd တို့ဖြစ်ကြပြီး စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ယင်းကုမ္ပဏီများ ဩဂုတ် ၆ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် စာချုပ်များလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါတယ်။

    HNA Myanmar Oil & Gas  Ltd ကုမ္ပဏီသည် ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ - ၃ တို့တွင်လည်း   ကောင်း၊Future Engineering & Gold, Mining Co., ltd. သည် IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ တွင်လည်းကောင်း  ရေနံ  အထွက်တိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ  လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ကြောင်း စွမ်း  အင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    “ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာရေနံမြေ တို့သည် ပြည်အနည်ကျချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလား အလာ   ကောင်းများရှိသည့်  ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများ အသုံး   ပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော် အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး အောင်မြင်မည်ဟုလည်းယုံကြည်တယ်”လို့ အဆိုပါ စာချုပ်ချုပ်  ဆိုပွဲကို ဦးဆောင်တက်ရောက်တဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အခမ်း အနားမှာပြောကြားခဲ့ပါတယ်။

    စာချုပ်ချုပ်ဆိုပွဲတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အတူ အဆိုပါပုဂ္ဂလိကုမ္ပဏီ  များမှ တာဝန်ရှိသူတွေ၊ စွမ်းအင်ဝန်ကြီးဌာန ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

    စွမ်းအင်ဝန်ကြီးဌာနသည် သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက်(၁၀)ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ  ဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိတယ်လို့  လည်း သိရပါတယ်။

    ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝ ဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်တယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ   ဖော်ပြထားပါတယ်။

    #ymg/knl

  • ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရ

    ၅ ဩဂုတ် ၂၀၂၅

    ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသခံယူနေရတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေူကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာ  ကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှု   ခံယူခဲ့ရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ယာယီသမ္မတသည် အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson's Disease) ၊၎င်းနှင့်  ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါများကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံMount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း

    ဆေးကုသမှုများခံယူခဲ့ရပါတယ်။

    ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသ မှုများ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။  

    သို့သော်သူ၏ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူ  နေခဲ့   စဉ် ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် ဆေးရုံပြန်လည်တက်ခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။

    ယာယီသမ္မတဦးမြင့်ဆွေသည်ကျန်းမာရေးအခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီတွင် ခွင့်တင်ထားသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ(တာဝန်)ဖြင့် အဆိုပါကောင်စီတွင် တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။

    #ymg/knl

  • တောင်ငူဘူတာရုံကို အသစ်တည်ဆောက်မည်

    ၄ ဩဂုတ် ၂၀၂၅

    တောင်ငူဘူတာရုံကို ခေတ်မီဘူတာရုံတစ်ခုအဖြစ် အသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါ တယ်။

    အဆိုပါဘူတာရုံအသစ်နှင့်ဆက်စပ်ပြီး  တောင်ငူမြို့ရှောင် ရထားလမ်းကိုလည်း ဖောက်လုပ်နေပါတယ်။

    အဆိုပါဆောင်ရွက်ချက်များကို လအက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသယာယာရေးကော်မရှင် (လအက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ် ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပါတယ်။

    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ် တည်ဆောက်ရေး လျာထား ဆောင်ရွက် ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ဖို့မြေလုပ်ငန်းဆောင်ရွက် သွား မည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

    ရှင်းလင်းတင်ပြမှုများအပေါ် လအကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားလမ်း နှင့် ဘူတာရုံ အသစ် တည်ဆောက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေး  ပြည့်မီအောင် တည်ဆောက်သွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။

    #ymng/knl

Most Popular - World News

  • အမေရိကန်က အခွန်တိုးချသဖြင့် အိန္ဒိယက ယင်းထံမှလက်နက်ဝယ်ယူမှုရပ်ဆိုင်း

    ၈ ဩဂုတ် ၂၀၂၅

    နယူးဒယ်လီ — သမ္မတ ထရမ့်က အိန္ဒိယကုန်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ချမှတ်သည့် ဆုံးဖြတ်ချက်အပြီးတွင် အိန္ဒိယသည် အမေရိကန်လက်နက်နှင့် လေယာဉ်များ ဝယ်ယူရေး   အစီအစဉ်များ ကို ယာယီရပ်ဆိုင်းလိုက်သည်။ ဤဆောင်ရွက်ချက်သည် နှစ်ပေါင်းများစွာအတွင်း အမေရိကန်–အိန္ဒိယ ဆက်ဆံရေးကို  အနိမ့်ဆုံးအဆင့်သို့ သက်ဆင်းသွားစေသည်။

    ◾️ ဇာတ်ရှိန်မြင့်တက်ခြင်း

    အိန္ဒိယအရာရှိ သုံးဦးက အိန္ဒိယသည် Stryker တိုက်ခိုက်ရေးယာဉ်များနှင့် Javelin ဒုံးကျည်များအပါအဝင် အဓိကကာကွယ်ရေးဆိုင်ရာ   သဘော တူညီချက်များကို  ဆိုင်းငံ့လိုက်ကြောင်း Reuters သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည် ။ အိန္ဒိယကာကွယ်ရေးဝန်ကြီး ဝါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်

    ◾️ဘာကြောင့်အရေးကြီးသလဲ:

    ထရမ့်သည် အိန္ဒိယကုန်စည်များအပေါ် အခွန်ကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးချထားသည်။ ဒေလီ က ရုရှားရေနံဝယ်ယူခြင်းဖြင့် ယူကရိန်းစစ်ကို ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲထားသည်။ အိန္ဒိယက ထိုအခွန်ကို မမျှတသော နိုင်ငံရေးအခြေခံလုပ်ဆောင်မှုဟုမြင်နေသည်။

    ▪️သဘောပေါက်သင့်သည့်အချက်:

    အိန္ဒိယအနေဖြင့် စာချုပ်များကို တရားဝင်ဖျက်သိမ်းခြင်းမဟုတ်ဘဲ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။ အရာရှိတဦးကဆိုသည်မှာ အခွန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ပိုမိုရှင်းလင်းလာသည့်အခါတွင် ယင်းတို့ကို ပြန်လည်ဆောင်ရွက်နိုင်ပါသည်ဟုပြောသည်။

    ◾️ မဟာဗျူဟာ အနေအထား:

    အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်းက ရုရှားလက်နက်များမှ ဖယ်ခွာ၍ အမေရိကန်နှင့် ဥရောပ  နိုင်ငံများထံသို့ပြောင်းလဲချည်းကပ်ခဲ့သည်။ သို့သော် ရုရှားနှင့် စစ်ရေးဆက်နွယ်မှုသည် နှစ်ပေါင်းများစွာ ခိုင်မာနေသဖြင့် အိန္ဒိယသည် ရုရှားစနစ်များနှင့် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်သည်။

    ◾️ ရုရှားရေနံကိစ္စ

    အိန္ဒိယက အမေရိကန်အပါအဝင်အခြားသော နိုင်ငံများထံမှ ရေနံဈေးပိုသက်သက်သာသာနှင့်ရလျှင် ရုရှား ထံမှ ရေနံတင်ပို့မှု လျှော့ချမည်ဟုပြောသည်။

    ◾️ဗလောင်ဆူလာသောတင်းမာမှုများ

    ထရမ့်က ၂၀၂၅ တွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား သူသည် ငြိမ်းချမ်းရေး အကျိုးဆောင်ခဲ့သည်ဟု ပြောခဲ့သော်လည်း အိန္ဒိယကမူ ယင်းကိုပယ်ချခဲ့သည်။ ထို့အပြင် ပါကစ္စတန်တပ်ချုပ်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားမှုကလည်း အိန္ဒိယ၏ စိတ်နာမှုကိုတိုးစေခဲ့သည်။

    ◾️နောက်တစ်ဆင့်

    အိန္ဒိယသည် မဟာဗျူဟာလွတ်လပ်အမှီအခိုကင်းမှု၊ ပြည်သူများ၏ခံစားချက်အမြင်နှင့် ကာကွယ်ရေး လိုအပ်ချက်တို့အကြား သတိကြီးစွာထား၍ ချိန်ညှိလုပ်ဆောင်ဖွယ်ရှိနေသည်။ ထရမ့်၏ အခွန်မူဝါဒ ပြန်လည်ပြောင်းလဲနိုင်ခြေကိုလည်း စောင့်ကြည့်နေသည်။

    Source : International News outlets

  • မျောက်ဝံဦးနှောက်ကဲ့သို့လုပ်ဆောင်နိုင်သည့် ဒါဝင်မျောက် ကွန်ပျူတာအသစ် တရုတ်ပညာရှင် များ တီထွင်

    ၄ ဩဂုတ် ၂၀၂၅ -တရုတ်အင်ဂျင်နီယာများသည် ဒါဝင်မျောက်(Darwin Monkey) ဟုအမည်ပေးထားသော မျောက်ဝံ၏ ဦးနှောက်လုပ်ဆောင်ချက်ကို အတုယူနိုင်သည့် ဦးနှောက်နှင့်တူသော ကွန်ပျူတာမျိုးဆက်အသစ်ကို စနေနေ့တွင် မိတ်ဆက်ခဲ့သည်။

    တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ကျဲ့ကျန်းတက္ကသိုလ်၏ အမျိုးသား ဦးနှောက်ဉာဏ်ရည် ပင်မဓာတ်ခွဲခန်းမှ ဖန်တီးပြုလုပ်ထားသည့် အဆိုပါကွန်ပျူတာတွင် ဓာတ်ခွဲခန်းမှ ကိုယ်ပိုင် ဖန်တီး တီထွင်ထားသည့် တတိယမျိုးဆက် ဦးနှောက်နှင့်တူသော အာရုံခံချစ်ပ် (Darwin 3 chips) ၉၆၀ ကို တပ်ဆင်ထားသည်။

    အဆိုပါချစ်ပ် အခင်းသည် pulsed အာရုံခံဆဲလ်သန်းပေါင်း ၂,၀၀၀ ကျော်နှင့် အာရုံကြောဆက် synapses ပေါင်း ၁၀၀ ဘီလီယံကျော်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဒါဝင်မျောက်ကို အမြင်၊ အကြား၊ ဘာသာ စကားနှင့် သင်ယူနိုင်စွမ်းတို့ဖြင့် ပေါင်းစပ်ထားသည့် အဆင့်မြင့်တွေးခေါ်နိုင်စွမ်းများပေါင်းစပ်ထားသော ကမ္ဘာ့ပထမဆုံး ဦးနှောက်နှင့်တူသော ကွန်ပျူတာဖြစ်လာသည်။

    ပုံမှန်အလုပ်လုပ်ချိန်တွင် ယင်းသည် ၂,၀၀၀ ဝပ်ခန့် စွမ်းအင်သုံးစွဲသည်။ သုတေသနအဖွဲ့သည် အဆိုပါကွန်ပျူတာပေါ်တွင် အသိဉာဏ်အပလီကေးရှင်းများစွာကို အောင်မြင် စွာ တပ်ဆင်ထားသည်။ ယင်းသည် DeepSeek ဦးနှောက်နှင့်တူသော အကြီးစားမော်ဒယ်ကို အသုံးပြု၍ ယုတ္တိ ဆန်သောတွေးဆချက်၊ အကြောင်းအရာထုတ်လုပ်ခြင်းနှင့် သင်္ချာပြဿနာဖြေရှင်းခြင်းစသည့် အလုပ် များကို လုပ်ဆောင်နိုင်သည်။

    ယင်း၏ အာရုံခံဆဲလ်နှင့် ဆိုင်နပ်စ်အရင်းအမြစ်များကို အသုံးပြု၍ ယခုစနစ်သည် elegans၊ ငါးမြင်းကျား၊ ကြွက်နှင့် မျောက်ဝံတို့အပါအဝင် အရွယ်အစားအမျိုးမျိုးရှိ တိရစ္ဆာန်ဦးနှောက်များကို အခြေခံအားဖြင့် လှုံဆော်ပေးနိုင်ပြီး ယင်းကဦးနှောက်သိပ္ပံသုတေသနအတွက် အလားအလာအသစ်များ ကို ဖန်တီးပေးနိုင်သည်။

  • အမေရိကန် နီဗားဒါးပြည်နယ် အကြီးဆုံးလောင်ကစားရုံပြင်ပတွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီး သုံးဦး  သေဆုံး

    ရီနို၊ နီဗားဒါး — နီဗားဒါးပြည်နယ်၊ ရီနိုမြို့ရှိ အကြီးဆုံးလောင်းကစားရုံအပြင်ဘက်တွင် သေနတ်ကိုင်  တစ်ဦးက ဇူလိုင်၂၈ရက်၊တနင်္လာနေ့နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ သုံးဦး  ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့က ပစ်ခတ်သူကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

    သံသယရှိသူသည် သေဆုံးသူများနှင့် သိရှိထားသည့် ဆက်နွယ်မှုများမရှိဘဲ၊ သူသည် Grand Sierra Resort ၏ ဧည့်သည်လား သို့မဟုတ် ဝန်ထမ်း လားဆိုသည်ကိုလည်း မသိရသေးပါ။ ထိုအပန်းဖြေနေရာ သည် ရီနိုမြို့၏ အထင်ရှားဆုံးနေရာတစ်ခုဖြစ်ပြီး ဂီတပွဲများ၊ အားကစားပွဲများနှင့် ၂၀၂၄ ရွေးကောက် ပွဲမတိုင်မီ သမ္မတ ဒေါ်နယ်ထရမ့် ၏ ရွေးကောက်ပွဲမဲဆွယ်ဟောပြောပွဲများ ကျင်းပခဲ့ဖူးသည်။ ကယ်လီဖိုး  နီးယားနယ်စပ်အနီးနှင့် တာဟိုး ရေအိုင် ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး နွေရာသီခရီးသွားများ အလာ များသော နေရာဖြစ်သည်။

    ရဲတပ်ဖွဲ့သည် ပစ်ခတ်မှု၏ ရည်ရွယ်ချက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

    ဒဏ်ရာရသူနှစ်ဦးသည် အရေးပေါ်အခြေအနေတွင်ရှိနေပြီး အခြားတစ်ဦးမှာ ကုသမှုခံယူပြီးနောက်ဆေးရုံ   မှ ဆင်းခွင့်ရခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသည့် စပါ့ခ်စ်မြို့ ရဲမှူး ခရစ်စ် ခရော့စ်ဖော့သ် က ပြောကြားခဲ့သည်။

    ပစ်ခတ်မှုသည် မနက် ၇:၃၀ ခန့်တွင် ဖြစ်ပွားခဲ့ပြီး သေနတ်ကိုင်သည် လောင်းကစားရုံ-ဟိုတယ်၏ ကားရပ်နားနေရာ သို့ ချဉ်းကပ်ကာ လက်နက်ထုတ်ယူပြီး လူစုတစ်ခုကို ပစ်ခတ်ခဲ့သည်။ သူ၏ သေနတ် သည်အစပိုင်းတွင် အလုပ်မလုပ်ခဲ့သော်လည်း မကြာမီ များစွာပစ်ခတ်နိုင်ခဲ့ပြီး သူသည် ကားပါကင်   လော့   ထဲသို့ ခြေလျင်ထွက်ပြေးခဲ့သည်။ ထိုနေရာတွင် သူသည် လက်နက်ကိုင်  လောင်းကစားရုံ   အစောင့်   တစ်ဦးနှင့် ရင်ဆိုင်မိခဲ့သည်။ သေနတ်ကိုင်သည် အစောင့်ကို ပစ်ခတ်ခဲ့ပြီး အစောင့်ကလည်း ထပ်မံ   ထွက်ပြေးသည့်သူကို ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ခရော့စ်ဖော့သ်က ပြောကြားခဲ့သည်။

    ထို့နောက် သူသည် ်ဖွဲ့ဝင်များ မရောက်မီ သုံးမိနစ်ခန့် အချိန်အတွင်း ပါကင်လော့အတွင်း ကားမောင်း   နေသူတစ်ဦးကို ထပ်မံပစ်ခတ် သတ်ပစ်ခဲ့သည်။

    "အံ့ဖွယ်ကောင်းအောင် လျင်မြန်စွာတုံ့ပြန်မှုများပြုလုပ်ခဲ့ပါတယ်" ဟု ရီနိုမြို့တော်ဝန် ဟီလာရီ ရှီးဗီး က ပြောကြားရင်း၊ ထိုသို့လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းကြောင့် သံသယရှိသူသည် လောင်းကစားရုံ-ဟိုတယ်အတွင်းသို့ ဝင်ရောက်ကာ ဆက်လက်ပစ်ခတ်မှု မပြုလုပ်နိုင်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့ သည်။

    ခရော့စ်ဖော့သ် အဆိုအရ၊ ပစ်ခတ်သူသည် သေနတ်ကျည်ကပ်များစွာဆောင်ထားခဲ့ကြောင်းသိရသည်။

    ထိုသူသည် ရီနိုရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ပြီး ကင်းလှည့်ရဲကားတစ်စီးကို ထိမှန်ခဲ့သည်။ ရဲအရာရှိ အများအပြားက ပြန်လည်ပစ်ခတ်သဖြင့် ထိုသူ သေနတ်ထိမှန်သွားကြောင်း ခရော့စ်ဖော့သ် က ပြောကြား  ခဲ့သည်။ အမည်မဖော်ပြရသေးသည့် ထိုသေနတ်သမားသည် အရေးပေါ်အခြေအနေတွင် ရှိနေဆဲ  ဖြစ်သည်။

    Source NPR

  • ကမ္ဘောဒီးယားနှင့် ထိုင်းတို့ တနင်္လာနေ့(ယနေ့)သန်းခေါင်ယံမှစကာ အပစ်အခတ်ရပ်ရန် သဘောတူ

    ပူထရာဂျာယာ၊မလေးရှား၊ဇူလိုင်၂၈ (ရိုက်တာ) - ကမ္ဘောဒီးယားနှင့် ထိုင်းခေါင်းဆောင်များသည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်၍ တနင်္လာနေ့ သန်းခေါင်ယံ မှစ၍ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြသည်။ ငါးရက်ကြာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီး  နောက် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။

    ပဋိပက္ခငြိမ်းအောင် နိုင်ငံတကာမှ ကြိုးပမ်းနေချိန်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များသည် အာဆီယံဒေသဆိုင်ရာအဖွဲ့၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ဦးဆောင်  ကျင်းပသည့် မလေးရှားနိုင်ငံတွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက ရန်လိုမှုများကို ရပ်ဆိုင်းရန် နှင့် တိုက်ရိုက်ဆက်သွယ်မှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။

    “ယနေ့ ကျွန်တော်တို့ အလွန်ကောင်းမွန်တဲ့ အစည်းအဝေးတစ်ခုနှင့် အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။ ဒါဟာ အသက်ပေါင်းများစွာ ဆုံးရှုံးထိခိုက်ဒဏ်ရာရတာတွေအပြင် လူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေကို ဖြစ်စေခဲ့တဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်မာနက်က ပြောကြားခဲ့ပြီး ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ပေး  ခဲ့သည့်  ထရမ့်နှင့် တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

    "ဝန်ကြီးချုပ် အန်ဝါ ခုလေးတင် ကြေညာခဲ့တဲ့ ဖြေရှင်းနည်းတွေက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆွေးနွေးမှု  တွေ ပုံမှန်ဆက်ဆံရေးအတိုင်း ပြန်ဖြစ်လာဖို့နဲ့ အနာဂတ်မှာ တပ်ဖွဲ့တွေရဲ့ တင်းမာမှု လျှော့ချရေးအတွက် အခြေခံတစ်ခု ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ထိုင်းယာယီ  ဝန်ကြီးချုပ် ဖူမ်သမ် ဝေချာချိုင်းက ပြောကြားခဲ့သည်

    CTTalk3CT04

  • ထိုင်းနိုင်ငံတွင် သေနတ်သမားတစ်ဦးက ဈေးတစ်ခုအတွင်း ဝင်ရောက် ပစ်ခတ်ရာ  ထိုသူအပါအဝင်  ၆ ဦးသေဆုံး၊

    ဘန်ကောက်၊ ဇူလိုင် ၂၈ (ရိုက်တာ) - ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ တနင်္လာနေ့က သေနတ်သမားတစ်ဦး ဈေးထဲမှာ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သေဆုံးသူတွေထဲမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ သေနတ်သမားလည်း ပါဝင်တယ်လို့ မြို့တော် ရဲဌာန   ချုပ်ရဲ့ ဒုတိယရဲမင်းကြီး ချာရင် ဂိုပတ်တာက ရိုက်တာကို ပြောကြားခဲ့ပါတယ်။

    "ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဖြစ်စဉ်ရဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေ  ပါတယ်" လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေနတ်သမား ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ လူ ၅ ဦးကတော့ ဈေးရဲ့ လုံခြုံရေးဝန်ထမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

    .ဘန်ကောက်ရဲ့ ဘန်ဆူးခရိုင်မှာရှိတဲ့ အဓိကအားဖြင့် စိုက်ပျိုးရေးထွက်ကုန်တွေ ရောင်းချတဲ့ ဈေးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ခရီးသွားဧည့်သည်တွေ သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဘန်ကောက်ရဲအရာရှိ ဆာနောင် ဆင်မဏီက ပြောပါတယ်။

    ခရီးသွားလုပ်ငန်းဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့ ထိုင်းနိုင်ငံအတွက် အဓိက စီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်ပြီး စီးပွားရေးတိုးတက်မှု နှေးကွေးနေတာကြောင့်အခုလို ဖြစ်စဉ်တွေက စိတ်ဓာတ်တွေကို ထိခိုက်စေနိုင်ပါတယ်။

    BKK2

    ရဲတပ်ဖွဲ့က မျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်မှာ အဖြူရောင်ဦးထုပ်ဆောင်းထားပြီး ကျောပိုးအိတ်ကို ရင်ဘတ်မှာ  လွယ်ထားတဲ့ သံသယရှိသူတစ်ဦး ဈေးရဲ့ ကားပါကင်ထဲမှာ လမ်းလျှောက်နေတာကို တွေ့ရပါတယ်။

    ထိုင်းနိုင်ငံမှာ သေနတ်အကြမ်းဖက်မှုနဲ့ သေနတ်ပိုင်ဆိုင်မှုတွေက အဆန်းမဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက အသက် ၁၄ နှစ်အရွယ် သံသယရှိသူတစ်ဦးဟာ ဘန်ကောက်မြို့လယ်က ဇိမ်ခံကုန်တိုက်တစ်ခုမှာ ပြုပြင်ထားတဲ့ သေနတ်နှင့် လူနှစ်ဦးကို သတ်ပြီး ငါးဦးကို ဒဏ်ရာရအောင်လုပ်ခဲ့  ပါတယ်။

    တစ်နှစ်အစောပိုင်းကလည်း ရဲအရာရှိဟောင်းတစ်ဦးဟာ ထိုင်းနိုင်ငံအရှေ့ပိုင်းက မူကြိုကျောင်းတစ်ခုမှာ သေနတ်နှင့် ဓားတို့ဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၃၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေအထဲ ကလေး ၂၂ ဦး ပါဝင်ခဲ့ပါတယ်။

    သတင်းကိုးကား-ဘန်ကောက်ပို့စ်

    BKK3

  • ကေပေါ့တ်အဖွဲ့ BTS ၏  အေဂျင်စီဖြစ်သည့် HYBE ရုံးချုပ်ကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဝင်ရောက် စီးနင်းကာ  ရှယ်ယာရောင်းဝယ်မှုကို စုံစမ်းစစ်ဆေး

    ဆိုးလ်၊ ဇူလိုင် ၂၄ (ရိုက်တာ) - တောင်ကိုရီးယားရဲတပ်ဖွဲ့သည် K-pop အေဂျင်စီ HYBE ၏ ရုံးချုပ်ကို ကြာသပတေးနေ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ယင်းတို့   သည် ကုမ္ပဏီဥက္ကဋ္ဌနှင့် ပတ်သက်သည့် မမျှတသော ရှယ်ယာရောင်းဝယ်မှု စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရန်  အတွက် စီးနင်းခဲ့ခြင်း ဖြစ်သည်။

    မီဒီယာများ၏ ဖော်ပြချက်အရ တောင်ကိုရီးယားဘဏ္ဍာရေးဌာနက HYBE ၏ ဥက္ကဋ္ဌ ဘန်စီဟွတ် (Bang Si-hyuk) ကို ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးကွက်စာရင်းဝင်စဉ်ကာလအတွင်း ၎င်း၏လုပ်ဆောင်  မှုများကို စုံစမ်းစစ်ဆေးရန် အစိုးရရှေ့နေများထံ လွှဲပြောင်းပေးခဲ့သည်။

    ၂၀၂၀ ပြည့်နှစ် IPO (ကနဦးအများပြည်သူသို့ ရှယ်ယာထုတ်ရောင်းချခြင်း) မတိုင်မီတွင် ဘန်နှင့် အခြားအမှုဆောင်အရာရှိသုံးဦးတို့သည် သူတို့ထိန်းချုပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုသို့ ရင်းနှီး မြှုပ်နှံသူများကို ရှယ်ယာများရောင်းချရန် "ဖျားယောင်းခဲ့သည်" ဟု စွပ်စွဲခံနေရသည်။ ထို့နောက် ကုမ္ပဏီစာရင်းဝင်ပြီးနောက် ရှယ်ယာရောင်းချမှုမှ အကျိုးအမြတ်များ ရရှိခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

    HYBE သည် ကမ္ဘာကျော် K-pop Boy အဖွဲ့ ဖြစ်သော BTS ကို စီမံခန့်ခွဲသည့် အေဂျင်စီဖြစ်သည်။

    ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ကို ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    HYBE ကမူ ယခင်ထုတ်ပြန်ချက်ကို ကိုးကား၍ ကုမ္ပဏီအနေဖြင့် "အချက်အလက်ရှာဖွေမှုများ" အတွက် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

    "IPO ကို ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြည့်အဝ ဆောင်ရွက်ခဲ့ကြောင်း အသေအချာ ပြသနိုင်ဖို့အတွက် လိုအပ်တဲ့အချိန်ယူပြီး လုပ်ဆောင်သွားမှာပါ" ဟု HYBE က ပြောကြားခဲ့သည်။

    ဘန်သည် HYBE ၏ တည်ထောင်သူနှင့် အကြီးဆုံးရှယ်ယာရှင် ဖြစ်သည်။

Politics

အမေရိကန်က အခွန်တိုးချသဖြင့် အိန္ဒိယက ယင်းထံမှလက်နက်ဝယ်ယူမှုရပ်ဆိုင်း

၈ ဩဂုတ် ၂၀၂၅

နယူးဒယ်လီ — သမ္မတ ထရမ့်က အိန္ဒိယကုန်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ချမှတ်သည့် ဆုံးဖြတ်ချက်အပြီးတွင် အိန္ဒိယသည် အမေရိကန်လက်နက်နှင့် လေယာဉ်များ ဝယ်ယူရေး   အစီအစဉ်များ ကို ယာယီရပ်ဆိုင်းလိုက်သည်။ ဤဆောင်ရွက်ချက်သည် နှစ်ပေါင်းများစွာအတွင်း အမေရိကန်–အိန္ဒိယ ဆက်ဆံရေးကို  အနိမ့်ဆုံးအဆင့်သို့ သက်ဆင်းသွားစေသည်။

◾️ ဇာတ်ရှိန်မြင့်တက်ခြင်း

အိန္ဒိယအရာရှိ သုံးဦးက အိန္ဒိယသည် Stryker တိုက်ခိုက်ရေးယာဉ်များနှင့် Javelin ဒုံးကျည်များအပါအဝင် အဓိကကာကွယ်ရေးဆိုင်ရာ   သဘော တူညီချက်များကို  ဆိုင်းငံ့လိုက်ကြောင်း Reuters သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည် ။ အိန္ဒိယကာကွယ်ရေးဝန်ကြီး ဝါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်

◾️ဘာကြောင့်အရေးကြီးသလဲ:

ထရမ့်သည် အိန္ဒိယကုန်စည်များအပေါ် အခွန်ကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးချထားသည်။ ဒေလီ က ရုရှားရေနံဝယ်ယူခြင်းဖြင့် ယူကရိန်းစစ်ကို ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲထားသည်။ အိန္ဒိယက ထိုအခွန်ကို မမျှတသော နိုင်ငံရေးအခြေခံလုပ်ဆောင်မှုဟုမြင်နေသည်။

▪️သဘောပေါက်သင့်သည့်အချက်:

အိန္ဒိယအနေဖြင့် စာချုပ်များကို တရားဝင်ဖျက်သိမ်းခြင်းမဟုတ်ဘဲ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။ အရာရှိတဦးကဆိုသည်မှာ အခွန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ပိုမိုရှင်းလင်းလာသည့်အခါတွင် ယင်းတို့ကို ပြန်လည်ဆောင်ရွက်နိုင်ပါသည်ဟုပြောသည်။

◾️ မဟာဗျူဟာ အနေအထား:

အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်းက ရုရှားလက်နက်များမှ ဖယ်ခွာ၍ အမေရိကန်နှင့် ဥရောပ  နိုင်ငံများထံသို့ပြောင်းလဲချည်းကပ်ခဲ့သည်။ သို့သော် ရုရှားနှင့် စစ်ရေးဆက်နွယ်မှုသည် နှစ်ပေါင်းများစွာ ခိုင်မာနေသဖြင့် အိန္ဒိယသည် ရုရှားစနစ်များနှင့် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်သည်။

◾️ ရုရှားရေနံကိစ္စ

အိန္ဒိယက အမေရိကန်အပါအဝင်အခြားသော နိုင်ငံများထံမှ ရေနံဈေးပိုသက်သက်သာသာနှင့်ရလျှင် ရုရှား ထံမှ ရေနံတင်ပို့မှု လျှော့ချမည်ဟုပြောသည်။

◾️ဗလောင်ဆူလာသောတင်းမာမှုများ

ထရမ့်က ၂၀၂၅ တွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား သူသည် ငြိမ်းချမ်းရေး အကျိုးဆောင်ခဲ့သည်ဟု ပြောခဲ့သော်လည်း အိန္ဒိယကမူ ယင်းကိုပယ်ချခဲ့သည်။ ထို့အပြင် ပါကစ္စတန်တပ်ချုပ်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားမှုကလည်း အိန္ဒိယ၏ စိတ်နာမှုကိုတိုးစေခဲ့သည်။

◾️နောက်တစ်ဆင့်

အိန္ဒိယသည် မဟာဗျူဟာလွတ်လပ်အမှီအခိုကင်းမှု၊ ပြည်သူများ၏ခံစားချက်အမြင်နှင့် ကာကွယ်ရေး လိုအပ်ချက်တို့အကြား သတိကြီးစွာထား၍ ချိန်ညှိလုပ်ဆောင်ဖွယ်ရှိနေသည်။ ထရမ့်၏ အခွန်မူဝါဒ ပြန်လည်ပြောင်းလဲနိုင်ခြေကိုလည်း စောင့်ကြည့်နေသည်။

Source : International News outlets

Myanmar's Pro Tempore President Myint Swe Dies at 75

Nay Pyi Taw – August 7, 2025 — Myanmar's Pro Tempore President, U Myint Swe, passed away today, August 7, at 8:28 a.m. at the 1,000-bed No. 2 Military Hospital. He was 75 years old.

The National Defense and Security Council announced that a state funeral will be held for the pro tempore president. Additionally, a three-day national mourning period has been declared from August 7 to August 9, 2025. The national flag of the Republic of the Union of Myanmar is to be flown at half-staff during this time.

Since early 2023, U Myint Swe began experiencing sluggish movements and a weakened appetite, leading to medical examinations by a special team of senior specialists. Diagnostic tests revealed he was suffering from Parkinson's Disease and related neurological weakness. He received treatment at Singapore's Mount Elizabeth Medical Center from April 15-19, 2024, and then at the 1,000-bed No. 2 Military Hospital from May 27-June 18.

Following his discharge, a special medical team led by Union Minister of Health Professor Dr. Thet Khaing Win continued to monitor and treat him. However, his health did not improve. On July 18, 2024, he began receiving medical treatment and resting at home on sick leave.

In July24, 2025, U Myint Swe experienced weight loss, poor appetite, fever, and decreased brain activity. He was readmitted to the 1,000-bed No. 2 Military Hospital on July 24, where he remained until his death.

#ymg/ PP

Myanmar's Pyae (Pyay)Sedimentary Basin, 3 Onshore Blocks, to be Explored by Private Companies for Oil and Gas

August 6, 2025,Nay Pyi Taw- Two private companies will begin exploration for oil and natural gas in three onshore blocks in the Pyae (Pyay) Sedimentary Basin region.

The two private companies, HNA Myanmar Oil & Gas Ltd and Future Engineering & Gold, Mining Co., Ltd, signed production sharing contracts with the Myanma Oil and Gas Enterprise, which is under the Ministry of Energy. The signing ceremony took place today, August 6, at the Ministry of Energy in Nay Pyi Taw.

According to a press release from the Ministry of Energy, HNA Myanmar Oil & Gas Ltd will carry out increased oil extraction operations in onshore blocks IOR-4 (Pyae region) Area-1 and IOR-6 (Myanaung region) Area-3. Meanwhile, Future Engineering & Gold, Mining Co., Ltd. will perform similar work in block IOR-7 (Shwepyithar region) Area-2.

Union Minister for Energy U Ko Ko Lwin, who presided over the contract signing ceremony, stated, "The Pyae, Myanaung, and Shwepyithar oil fields, which are located in the larger Pyae Sedimentary Basin, have a great history and good potential. We believe that if we can carry out exploration, evaluation, and drilling using modern technologies and equipment, it will be very beneficial for the state and will be successful."

 

Officials from the private companies and senior officials from the Ministry of Energy also attended the signing ceremony.

The Ministry of Energy has been allowing Local entrepreneurs to operate 10 onshore blocks in mature oil fields under a production sharing contract system. According to the Ministry's press release, the first block approved in October 2024 is already producing natural gas, which is being used to provide electricity to that region.

#ymg/knl

Business

အမေရိကန်က အခွန်တိုးချသဖြင့် အိန္ဒိယက ယင်းထံမှလက်နက်ဝယ်ယူမှုရပ်ဆိုင်း

၈ ဩဂုတ် ၂၀၂၅

နယူးဒယ်လီ — သမ္မတ ထရမ့်က အိန္ဒိယကုန်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ချမှတ်သည့် ဆုံးဖြတ်ချက်အပြီးတွင် အိန္ဒိယသည် အမေရိကန်လက်နက်နှင့် လေယာဉ်များ ဝယ်ယူရေး   အစီအစဉ်များ ကို ယာယီရပ်ဆိုင်းလိုက်သည်။ ဤဆောင်ရွက်ချက်သည် နှစ်ပေါင်းများစွာအတွင်း အမေရိကန်–အိန္ဒိယ ဆက်ဆံရေးကို  အနိမ့်ဆုံးအဆင့်သို့ သက်ဆင်းသွားစေသည်။

◾️ ဇာတ်ရှိန်မြင့်တက်ခြင်း

အိန္ဒိယအရာရှိ သုံးဦးက အိန္ဒိယသည် Stryker တိုက်ခိုက်ရေးယာဉ်များနှင့် Javelin ဒုံးကျည်များအပါအဝင် အဓိကကာကွယ်ရေးဆိုင်ရာ   သဘော တူညီချက်များကို  ဆိုင်းငံ့လိုက်ကြောင်း Reuters သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည် ။ အိန္ဒိယကာကွယ်ရေးဝန်ကြီး ဝါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်

◾️ဘာကြောင့်အရေးကြီးသလဲ:

ထရမ့်သည် အိန္ဒိယကုန်စည်များအပေါ် အခွန်ကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးချထားသည်။ ဒေလီ က ရုရှားရေနံဝယ်ယူခြင်းဖြင့် ယူကရိန်းစစ်ကို ငွေကြေးထောက်ပံ့နေသည်ဟု စွပ်စွဲထားသည်။ အိန္ဒိယက ထိုအခွန်ကို မမျှတသော နိုင်ငံရေးအခြေခံလုပ်ဆောင်မှုဟုမြင်နေသည်။

▪️သဘောပေါက်သင့်သည့်အချက်:

အိန္ဒိယအနေဖြင့် စာချုပ်များကို တရားဝင်ဖျက်သိမ်းခြင်းမဟုတ်ဘဲ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။ အရာရှိတဦးကဆိုသည်မှာ အခွန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စ ပိုမိုရှင်းလင်းလာသည့်အခါတွင် ယင်းတို့ကို ပြန်လည်ဆောင်ရွက်နိုင်ပါသည်ဟုပြောသည်။

◾️ မဟာဗျူဟာ အနေအထား:

အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်းက ရုရှားလက်နက်များမှ ဖယ်ခွာ၍ အမေရိကန်နှင့် ဥရောပ  နိုင်ငံများထံသို့ပြောင်းလဲချည်းကပ်ခဲ့သည်။ သို့သော် ရုရှားနှင့် စစ်ရေးဆက်နွယ်မှုသည် နှစ်ပေါင်းများစွာ ခိုင်မာနေသဖြင့် အိန္ဒိယသည် ရုရှားစနစ်များနှင့် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်သည်။

◾️ ရုရှားရေနံကိစ္စ

အိန္ဒိယက အမေရိကန်အပါအဝင်အခြားသော နိုင်ငံများထံမှ ရေနံဈေးပိုသက်သက်သာသာနှင့်ရလျှင် ရုရှား ထံမှ ရေနံတင်ပို့မှု လျှော့ချမည်ဟုပြောသည်။

◾️ဗလောင်ဆူလာသောတင်းမာမှုများ

ထရမ့်က ၂၀၂၅ တွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား သူသည် ငြိမ်းချမ်းရေး အကျိုးဆောင်ခဲ့သည်ဟု ပြောခဲ့သော်လည်း အိန္ဒိယကမူ ယင်းကိုပယ်ချခဲ့သည်။ ထို့အပြင် ပါကစ္စတန်တပ်ချုပ်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားမှုကလည်း အိန္ဒိယ၏ စိတ်နာမှုကိုတိုးစေခဲ့သည်။

◾️နောက်တစ်ဆင့်

အိန္ဒိယသည် မဟာဗျူဟာလွတ်လပ်အမှီအခိုကင်းမှု၊ ပြည်သူများ၏ခံစားချက်အမြင်နှင့် ကာကွယ်ရေး လိုအပ်ချက်တို့အကြား သတိကြီးစွာထား၍ ချိန်ညှိလုပ်ဆောင်ဖွယ်ရှိနေသည်။ ထရမ့်၏ အခွန်မူဝါဒ ပြန်လည်ပြောင်းလဲနိုင်ခြေကိုလည်း စောင့်ကြည့်နေသည်။

Source : International News outlets

ပြည် အနည်ကျချိုင့်ဝှမ်း ကုန်းတွင်းလုပ်ကွက်(၃)နေရာတွင် ပုဂ္ဂလိကကုမ္ပဏီများ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်မည်

၆ ဩဂုတ် ၂၀၂၅

ကုန်းတွင်းလုပ်ကွက်တွေဖြစ်တဲ့ “ပြည်” အနည်ကျချိုင့်ဝှမ်းကြီး ဒေသ(၃)ခုတွင် ရေနံနှင့်  သဘာဝဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီ(၂)ခုက စတင်ဆောင်ရွက်တော့မယ်လို့သိရ   ပါတယ်။

အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီ (၂)ခုကတော့ HNA Myanmar Oil & Gas  Ltd နှင့် Future Engineering & Gold, Mining Co., ltd တို့ဖြစ်ကြပြီး စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ယင်းကုမ္ပဏီများ ဩဂုတ် ၆ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် စာချုပ်များလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါတယ်။

HNA Myanmar Oil & Gas  Ltd ကုမ္ပဏီသည် ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ - ၃ တို့တွင်လည်း   ကောင်း၊Future Engineering & Gold, Mining Co., ltd. သည် IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ တွင်လည်းကောင်း  ရေနံ  အထွက်တိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ  လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ကြောင်း စွမ်း  အင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာရေနံမြေ တို့သည် ပြည်အနည်ကျချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလား အလာ   ကောင်းများရှိသည့်  ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများ အသုံး   ပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော် အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး အောင်မြင်မည်ဟုလည်းယုံကြည်တယ်”လို့ အဆိုပါ စာချုပ်ချုပ်  ဆိုပွဲကို ဦးဆောင်တက်ရောက်တဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အခမ်း အနားမှာပြောကြားခဲ့ပါတယ်။

စာချုပ်ချုပ်ဆိုပွဲတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အတူ အဆိုပါပုဂ္ဂလိကုမ္ပဏီ  များမှ တာဝန်ရှိသူတွေ၊ စွမ်းအင်ဝန်ကြီးဌာန ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

စွမ်းအင်ဝန်ကြီးဌာနသည် သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက်(၁၀)ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ  ဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိတယ်လို့  လည်း သိရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝ ဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်တယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ   ဖော်ပြထားပါတယ်။

#ymg/knl

တောင်ငူဘူတာရုံကို အသစ်တည်ဆောက်မည်

၄ ဩဂုတ် ၂၀၂၅

တောင်ငူဘူတာရုံကို ခေတ်မီဘူတာရုံတစ်ခုအဖြစ် အသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါ တယ်။

အဆိုပါဘူတာရုံအသစ်နှင့်ဆက်စပ်ပြီး  တောင်ငူမြို့ရှောင် ရထားလမ်းကိုလည်း ဖောက်လုပ်နေပါတယ်။

အဆိုပါဆောင်ရွက်ချက်များကို လအက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသယာယာရေးကော်မရှင် (လအက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ် ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ် တည်ဆောက်ရေး လျာထား ဆောင်ရွက် ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ဖို့မြေလုပ်ငန်းဆောင်ရွက် သွား မည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရှင်းလင်းတင်ပြမှုများအပေါ် လအကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားလမ်း နှင့် ဘူတာရုံ အသစ် တည်ဆောက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေး  ပြည့်မီအောင် တည်ဆောက်သွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။

#ymng/knl

Health

နယူးယောက်မြို့မှ သတ္တုသံကြိုး ဝတ်ဆင်ထားသော အသက်၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး MRI စက်ထဲ အမှတ်မထင် ဆွဲသွင်းခံရပြီး သေဆုံးခဲ့ရ

၂၀ ဇူလိုင် ၂၀၂၅

နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက  စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။

Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်  လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။

"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။

Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။

အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။

North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။

MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။

"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။

Source:hindustantimes.com

ဆော်ဒီအာရေဗျ၏ "အိပ်ပျော်နေသော မင်းသား"  အနှစ်၂၀ကျော် မေ့မြောနေရာမှ ကွယ်လွန်

၂၀ ဇူလိုင် ၂၀၂၅

ဆော်ဒီအာရေဗျ တော်ဝင်မင်းသားတစ်ပါးဖြစ်သူ မင်းသား အလ်-ဝါလစ် ဘင် ခါလစ် အလ်-ဆော့ဒ် (Prince Al-Waleed bin Khalid Al-Saud) သည် လန်ဒန်တွင် ၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ကားမတော်တဆမှုတစ်ခုကြောင့် ၁၅ နှစ်သားအရွယ်ကတည်းက သတိမေ့မြောခဲ့ရာ ဆယ်စုနှစ် နှစ်စုကျော်အကြာ ယခုအခါ အသက် ၃၆ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

ထိုဆိုးရွားသည့် မတော်တဆမှုတွင် မင်းသား အလ်-ဝါလစ်သည် ဦးနှောက်သွေးကြောပေါက်ကာ ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပွားခဲ့သည်။ "အိပ်ပျော်နေသော မင်းသား" ဟု လူသိများသော ၎င်းအား ဆေးရုံတွင် အသက်ရှူစက်ဖြင့် ထိန်းထားခဲ့သော်လည်း သတိအပြည့်အဝ ပြန်လည်မရရှိခဲ့ပေ။

မင်းသား အလ်-ဝါလစ်သည် မင်းသား ခါလက်ဒ် ဘင် တာလာ အလ် ဆော့ဒ် (Prince Khaled bin Talal Al Saud) ၏ အကြီးဆုံးသားဖြစ်ပြီး ဖခင်ဖြစ်သူက ယနေ့ X (ယခင် Twitter) တွင် ဝမ်းနည်းဖွယ်ပို့စ်တစ်ခုဖြင့် သားဖြစ်သူ၏ ကွယ်လွန်ခြင်းကို အတည်ပြုခဲ့သည်။

ကုရ်အာန်ကျမ်းလာ စာသားတစ်ခုကို ကိုးကား၍ သူက "အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်ကို ယုံကြည်သောနှလုံးသားများဖြင့် ကျွန်ုပ်တို့၏ ချစ်လှစွာသောသား၊ မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ဘင် တာလာ ဘင် အဘ်ဒူလာဇစ် အလ် ဆော့ဒ်  သည် ယနေ့ ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် အလွန်အမင်း  အလွန်ပင်ဝမ်းနည်းကြေကွဲစွာကြရပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းကင်ဘုံသို့ ပို့ ဆောင်ပါစေ" ဟု ရေးသားခဲ့သည်။

မင်းသား အလ်-ဝါလစ်သည် လန်ဒန်ရှိ စစ်ကောလိပ်တွင် ပညာသင်ကြားနေစဉ် ဆိုးရွားပြင်းထန်လှသော ကားမတော်တဆမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ  မြို့တော် ရီယာ့ဒ် (Riyadh) ရှိ King Abdulaziz Medical City ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ထိုအချိန်မှစ၍ သတိမေ့မြောနေခဲ့သည်။

မင်းသား အလ်-ဝါလစ်၏ ဖခင်သည် သားဖြစ်သူ တစ်နေ့နေ့တွင် အပြည့်အဝ ပြန်လည် သက်သာလာမည်ဟု မျှော်လင့်ချက်ကို ဘယ်သောအခါမျှ လက်မလွှတ်ခဲ့ပေ။ သူသည် မင်းသားအား ပြုစုစောင့်ရှောက်ရာတွင် ဆက်လက်ပါဝင်ခဲ့ပြီး အသက်ကယ်စက်ဖြုတ်ရန် တောင်းဆိုမှုများကို ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့သည်။

ကွယ်လွန်ကြောင်း ကြေညာပြီးနောက် "အိပ်ပျော်နေသော မင်းသား" (Sleeping Prince) ဟက်ရှ်တက်ဂ် hashtag သည် လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားခဲ့ပြီး ထောင်နှင့်ချီသော လူများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

"မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ကောင်းရာဘုံဘဝ ရောက်ပါစေ။ သူ့ကိုချစ်ခင်ရသူများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမိပါတယ်" ဟု တစ်ဦးက ရေးသားခဲ့သည်။ "ကမ္ဘာမြေပေါ်က မင်းရဲ့အချိန်တွေဟာ မင်းရဲ့မိသားစုနဲ့ ကမ္ဘာအတွက် ကောင်းချီးမင်္ဂလာပါပဲ" ဟု နောက်တစ်ဦးက ဆိုသည်။ "နူးညံ့သိမ်မွေ့တဲ့ သူရဲ့ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ" ဟု တတိယတစ်ဦးက ပြောကြားခဲ့သည်။

မင်းသားအတွက် နာရေးဆုတောင်းပွဲများကို ယနေ့ ရီယာ့ဒ်ရှိ Imam Turki bin Abdullah Mosque တွင် ပြုလုပ်သွားမည်ဖြစ်သည်။

Source: nypost.com

x sleeping prince saudi arabia 108448338

ထရမ့်ပေးပို့သော ကုန်သွယ်ခွန်သဝဏ်လွှာကိစ္စ ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြား

၈ ဇူလိုင် ၂၀၂၅

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ထံ ပေးပို့သောအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏

ကုန်သွယ်အခွန် သဝဏ်လွှာကိစ္စဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားရာ အပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။

Sports

E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရရှိခဲ့သည့် YG Yangon Galacticos အသင်းကို ပြည်သူများ သောင်းသောင်းဖျဖျကြိုဆို

၇ ဩဂုတ် ၂၀၂၅

မြန်မာနိုင်ငံမှ E sports အသင်းဖြစ်တဲ့ YG Yangon Galactic ဟာ   ကမ္ဘာ့အဆင့် E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအပါအဝင် ပြည်သူများက သောင်းသောင်းဖျဖျ  ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့တွင် ဇူလိုင်(၂၅) ရက်နေ့မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့  ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲရဲ့  PUBG Mobile အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။

YG (Yangon Galacticos)အသင်း တွင် အုပ်ချုပ်သူ/နည်းပြ အားကစားသမား စုစုပေါင်း အဖွဲ့ဝင်(၈)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

YG (Yangon Galacticos)အသင်းသည် ဩဂုတ် (၇)ရက်  နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်က ရန်ကုန်  အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ E sports အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများက ကြိုဆိုခဲ့ကြပါတယ်။

66

မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ၊ အီဂျစ်၊ ဘရာဇီး၊ ဥရောပ စသည့် လက်ရွေးစင်(၁၆)နိုင်ငံမှ ထိပ်သီး(၂၄)သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ပထမ၊ တရုတ် နိုင်ငံက ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံက တတိယရရှိခဲ့ကြောင်း သိရပါတယ်။

YG(Yangon Galacticos)  သည် E sports World Cup PUBG Mobile ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု နှင့်အတူ ဆုကြေးငွေ ဒေါ်လာ ၅၅၀,၀၀၀ပါ ဆုချီးမြှင့် ခြင်းခံခဲ့ရသည်။

ပြိုင်ပွဲသို့ ကမ္ဘာ့ နိုင်ငံပေါင်း (၁၀၀)ကျော်ခန့်မှ လက်ရွေးစင်အသင်းပေါင်း (၁၀၀၀)ကျော်ခန့်ရှိပြီး Professional ကစားသမား (၅၀၀၀)ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါတယ်။

#ymg/mnn

33

ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးမာရသွန်ပြေးပွဲ ရွှေလီမြို့တွင် ကျင်းပ

၂ ဇန်နဝါရီ ၂၀၂၄

ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

Source CCTV+

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်းနှင့်ကစားမည့် မြောက်ကိုရီးယားဘောလုံးအသင်း ရန်ကုန်သို့ရောက်ရှိ

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl

Technology

  • မျောက်ဝံဦးနှောက်ကဲ့သို့လုပ်ဆောင်နိုင်သည့် ဒါဝင်မျောက် ကွန်ပျူတာအသစ် တရုတ်ပညာရှင် များ တီထွင်

    ၄ ဩဂုတ် ၂၀၂၅ -တရုတ်အင်ဂျင်နီယာများသည် ဒါဝင်မျောက်(Darwin Monkey) ဟုအမည်ပေးထားသော မျောက်ဝံ၏ ဦးနှောက်လုပ်ဆောင်ချက်ကို အတုယူနိုင်သည့် ဦးနှောက်နှင့်တူသော ကွန်ပျူတာမျိုးဆက်အသစ်ကို စနေနေ့တွင် မိတ်ဆက်ခဲ့သည်။

    တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ကျဲ့ကျန်းတက္ကသိုလ်၏ အမျိုးသား ဦးနှောက်ဉာဏ်ရည် ပင်မဓာတ်ခွဲခန်းမှ ဖန်တီးပြုလုပ်ထားသည့် အဆိုပါကွန်ပျူတာတွင် ဓာတ်ခွဲခန်းမှ ကိုယ်ပိုင် ဖန်တီး တီထွင်ထားသည့် တတိယမျိုးဆက် ဦးနှောက်နှင့်တူသော အာရုံခံချစ်ပ် (Darwin 3 chips) ၉၆၀ ကို တပ်ဆင်ထားသည်။

    အဆိုပါချစ်ပ် အခင်းသည် pulsed အာရုံခံဆဲလ်သန်းပေါင်း ၂,၀၀၀ ကျော်နှင့် အာရုံကြောဆက် synapses ပေါင်း ၁၀၀ ဘီလီယံကျော်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဒါဝင်မျောက်ကို အမြင်၊ အကြား၊ ဘာသာ စကားနှင့် သင်ယူနိုင်စွမ်းတို့ဖြင့် ပေါင်းစပ်ထားသည့် အဆင့်မြင့်တွေးခေါ်နိုင်စွမ်းများပေါင်းစပ်ထားသော ကမ္ဘာ့ပထမဆုံး ဦးနှောက်နှင့်တူသော ကွန်ပျူတာဖြစ်လာသည်။

    ပုံမှန်အလုပ်လုပ်ချိန်တွင် ယင်းသည် ၂,၀၀၀ ဝပ်ခန့် စွမ်းအင်သုံးစွဲသည်။ သုတေသနအဖွဲ့သည် အဆိုပါကွန်ပျူတာပေါ်တွင် အသိဉာဏ်အပလီကေးရှင်းများစွာကို အောင်မြင် စွာ တပ်ဆင်ထားသည်။ ယင်းသည် DeepSeek ဦးနှောက်နှင့်တူသော အကြီးစားမော်ဒယ်ကို အသုံးပြု၍ ယုတ္တိ ဆန်သောတွေးဆချက်၊ အကြောင်းအရာထုတ်လုပ်ခြင်းနှင့် သင်္ချာပြဿနာဖြေရှင်းခြင်းစသည့် အလုပ် များကို လုပ်ဆောင်နိုင်သည်။

    ယင်း၏ အာရုံခံဆဲလ်နှင့် ဆိုင်နပ်စ်အရင်းအမြစ်များကို အသုံးပြု၍ ယခုစနစ်သည် elegans၊ ငါးမြင်းကျား၊ ကြွက်နှင့် မျောက်ဝံတို့အပါအဝင် အရွယ်အစားအမျိုးမျိုးရှိ တိရစ္ဆာန်ဦးနှောက်များကို အခြေခံအားဖြင့် လှုံဆော်ပေးနိုင်ပြီး ယင်းကဦးနှောက်သိပ္ပံသုတေသနအတွက် အလားအလာအသစ်များ ကို ဖန်တီးပေးနိုင်သည်။

  • China and Russia Plan to Build Nuclear Power Plant on the Moon by 2035

    Beijing/Moscow – 17 May 2025

    China and Russia have announced a joint plan to construct a nuclear power plant on the Moon by 2035, as part of their long-term cooperation in space exploration and lunar colonization.

    The project will be a key element of the International Lunar Research Station (ILRS), a China-led initiative aiming to establish a sustainable, long-term scientific base on the Moon’s surface, likely near the lunar South Pole. Both countries plan to use robotic and automated systems to build the power plant without human presence on-site.

    🔋 Why Nuclear Power?

    Unlike solar energy, which is limited by the Moon’s 14-day-long nights, nuclear power offers a stable energy source crucial for long-term lunar missions. The power station is expected to supply energy for scientific equipment, communications, and potentially human habitats in the future.

    🛰 Key Milestones

    Target Year: 2035 for deployment

    Construction: Fully automated, no human crew

    Related Mission: China’s Chang’e-8 lunar mission in 2028 will lay groundwork for infrastructure

    Technology: Based on compact nuclear fission reactors under development

    🌍 Global Reactions and Strategic Implications

    The plan has raised geopolitical concerns, especially among Western space agencies. While China and Russia claim the ILRS is for peaceful, scientific purposes, critics worry about the dual-use nature of space-based nuclear technology. The U.S. has already begun pursuing its own lunar nuclear projects under NASA’s Artemis program.

    China has reportedly invited 17 countries to join the ILRS project, emphasizing international cooperation in contrast to the U.S.-led Artemis Accords.

    Source: Global Media Outlets

    China Russia Nuclear Power Stsation

  • တရုတ်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံးတံတား အဓိကအစိတ်အပိုင်း တည်ဆောက်ပြီးစီး

    ၁၉ ဇန်နဝါရီ၊ ၂၀၂၅

    တရုတ်နိုင်ငံ အနောက်တိုင်းပိုင်း ကွေကျူးပြည်နယ်မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့် ဆုံးတံတားဖြစ်လာမယ့် တံတားတစ်စင်းရဲ့ အဓိကအစိတ်အပိုင်းတည်ဆောက်မှု သောကြာနေ့က ပြီးစီးသွားပါတယ်။

     Source CCTV+

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.