၃ ဇွန်၊၂၀၂၆-
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ မျှော်မှန်းဆောင် ရွက်သွားမည်ဟု အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ The Taj Mahal Palace ဟိုတယ်၌ ယနေ့ ဇွန် ၃ရက် နံနက်ပိုင်းက ကျင်းပသော မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။
“နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်း ရရှိခဲ့ ကြောင်း၊ ယခုကဲ့သို့အခြေအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်း” ဟုလည်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ်မှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိသဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၅ ဘီလီယံအထိလည်းကောင်း ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသမ္မတဦးမင်းအောင်လှိုင်ကရှင်းလင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံရှိခဲ့ပြီး အိန္ဒိယမှ သွင်းကုန်မှာမူ ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ ကြားတွင် ရှိခဲ့သည်။ ထို့အပြင် ကုန်သွယ်မှုများတွင် ရူပီး-ကျပ် တိုက်ရိုက်ပေးချေရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုကဏ္ဍတွင် မြန်မာနိုင်ငံဘက်မှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ရေထွက်နှင့် သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် ရာဘာထွက်ပစ္စည်းများကို အဓိကထား တင်ပို့လိုပြီး အိန္ဒိယနိုင်ငံဘက်မှ သံနှင့် သံမဏိများ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများနှင့် ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပစ္စည်းများကို ပိုမိုတင်သွင်းသွားရန် ဆန္ဒရှိကြောင်းလည်း ဆွေးနွေးခဲ့ ကြသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံ ကျော်ဖြင့် နိုင်ငံပေါင်းစုံအနက် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန်လည်း နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။ အထူးသဖြင့် တွင်းထွက်သတ္တုများကို ကုန်ကြမ်း အဖြစ် ပြည်ပသို့ တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ၊ သတင်းအချက် အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာ (High-tech) လုပ်ငန်းများကိုလည်း လာရောက်ရင်းနှီး မြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များအား အထူးဖိတ်ခေါ်ခဲ့သည်။
ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy) နှင့် အိမ်နီးချင်း ဦးစားပေးမူဝါဒ (Neighborhood First Policy) တို့အရ မဟာဗျူဟာကျသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ ၂၀၂၈ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများကို ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွန်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင်ပြယုဂ်တစ်ခုဖြစ်သော ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ Gateway of India သို့ သွားရောက်လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အဆိုပါ သမိုင်းဝင်အဆောက်အအုံကြီး၏ အစ္စလာမ်နှင့် ဟိန္ဒူရိုးရာဗိသုကာလက်ရာများ ရောနှောပေါင်းစပ်ထားမှုနှင့် သမိုင်းကြောင်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။
🇲🇲🇮🇳 မြန်မာ-အိန္ဒိယ ပူးတွဲကြေညာချက် အနှစ်ချုပ်
နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ် - ၂၀၂၆ ခုနှစ် မေ ၃၀ မှ ဇွန် ၃ ရက်အထိ
🔹 သမိုင်းဝင် ပထမဆုံး တရားဝင်ခရီးစဉ်
▪️နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ် ဖြစ်သည်။
🔹ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ
▪️အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများ ဆွေးနွေး။
▪️အိန္ဒိယသမ္မတ ဒရောပါတီ မာမူ၊ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနှင့် အမျိုးသားလုံခြုံရေးအကြံပေး အာဂျစ် ဒိုဗယ်တို့နှင့်လည်း တွေ့ဆုံ။
🔹 ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုဆက်နွယ်မှု အားကောင်းစေခြင်း
▪️ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်နှင့် မြန်မာဘုန်းတော်ကြီးကျောင်းများသို့ ဖူးမြော်ကြည်ညို။
▪️နှစ်နိုင်ငံအကြား ရှေးဟောင်း ဘာသာရေးနှင့် ယဉ်ကျေးမှုဆက်နွယ်မှုများကို ထပ်မံအတည်ပြု။
🔹 စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
▪️မြန်မာ-အိန္ဒိယ စီးပွားရေးဖိုရမ် ကျင်းပ။
▪️ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ချဲ့ထွင်ရေး ဆွေးနွေး။
▪️စိုက်ပျိုးရေး၊ စွမ်းအင်၊ သတ္တုတွင်းနှင့် ထုတ်လုပ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ။
🔹 ရူပီး-ကျပ် ငွေပေးချေမှုစနစ် တိုးတက်အောင်မြင်
▪️၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သည့် Rupee-Kyat Payment Mechanism မှတစ်ဆင့် ငွေလွှဲပြောင်းမှုပမာဏ ဆက်လက်တိုးတက်လာကြောင်း အသိအမှတ်ပြု။
🔹ဒေသတွင်း ချိတ်ဆက်မှုစီမံကိန်းများ အရှိန်မြှင့်မည်
▪️ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Project) ကို အမြန်ပြီးစီးရေး။
▪️အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး (Trilateral Highway) ကို အပြီးသတ်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်။
🔹ပညာရေးကဏ္ဍ ပံ့ပိုးမှု တိုးချဲ့
▪️မြန်မာကျောင်းသားများအတွက် Mekong-Ganga ICCR ပညာသင်ဆုများကို ၃၆ ဆုမှ ၁၀၀ ဆုအထိ တိုးမြှင့်ပေးမည်။
🔹လုံခြုံရေးနှင့် နယ်စပ်ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း
▪️အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် သဘောတူ။
▪️မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယက ထောက်ခံကြောင်း ထပ်လောင်းအတည်ပြု။
🔹မြန်မာဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထောက်ခံ
▪️ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများကို အိန္ဒိယက ထောက်ခံကြောင်း ဖော်ပြ။
🔹စွမ်းအင်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု
▪️စွမ်းအင်နည်းပညာ သုတေသနဌာန NETRA သို့ သွားရောက်လေ့လာ။
▪️ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ဓာတ်အားစနစ် ခေတ်မီဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး။
🔹မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထပ်မံအတည်ပြု
▪️နှစ်နိုင်ငံသည် ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်နှင့် အဆင့်တိုင်းတွင် နီးကပ်စွာ ထိတွေ့ဆောင်ရွက်သွားရန် သဘောတူညီ။
အဓိကရလဒ် (Key Takeaway)
▪️မြန်မာ-အိန္ဒိယ ဆက်ဆံရေးကို စီးပွားရေး၊ လုံခြုံရေး၊ ပညာရေး၊ ချိတ်ဆက်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံက ကတိကဝတ်ပြုခဲ့သည်။
▪️Kaladan Project၊ Trilateral Highway၊ Rupee-Kyat Payment System နှင့် ပညာသင်ဆုတိုးမြှင့်ရေးတို့သည် ခရီးစဉ်၏ အထင်ရှားဆုံး ရလဒ်များဖြစ်သည်။
ကိုးကား- မြန်မာ-အိန္ဒိယပူးတွဲကြေညာချက်
နယူးဒေလီ (ဇွန် ၂)-မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အပါအဝင် သတင်း အချက်အလက်နှင့် ဉာဏ်ရည်တု (AI) နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မြန်မာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ယမန်နေ့က နယူးဒေလီမြို့ရှိ ဝန်ကြီးချုပ်ရုံး (Hyderabad House) ၌ ထိပ်သီးတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သီးခြားတွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေး မူကြီး (၅) ရပ်နှင့်အညီ အိမ်နီးချင်းကောင်း ပီသစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ သည်။
ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် ရေနံထွက်ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ တိုးမြှင့်တင်သွင်း နိုင်ရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး ကဏ္ဍများကို မြှင့်တင်ရန် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအဖြစ် အာကာသနည်း ပညာနှင့် AI ကဏ္ဍများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်နှင့် ဒေါက်တာချာလီသန်းတို့ တက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံဘက်မှ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် မစ္စတာ အဂျစ်ဒိုဗယ် အပါအဝင် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ယခုခရီးစဉ်သည် သမ္မတ ဦးမင်းအောင်လှိုင် အနေဖြင့် သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်သည့် ပြည်ပခရီးစဉ်ဖြစ်သည်။ ဝန်ကြီးချုပ် မိုဒီက မြန်မာသမ္မတသစ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် သူတို့နှစ်ဦးအကြား ယခုတွေ့ဆုံမှုသည် (၆) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ဘေးအန္တရာယ် ကာလ အတွင်း အိန္ဒိယနိုင်ငံက ကူညီပံ့ပိုးပေးခဲ့မှုများနှင့် ပတ်သက်၍ သမ္မတ ဦးမင်းအောင်လှိုင်က ကျေးဇူး တင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် မကြာမီက ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေသည့် အခြေ အနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးချုပ် မိုဒီက မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြု နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နှစ်နိုင်ငံရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် Hyderabad House ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်၏ လိုက်လံပို့ဆောင်မှုဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
၁၄ ဧပြီ၊၂၀၂၆
စပါးကြီးမြွေတွေဟာ သမင်လို အကောင်ကြီးမျိုးကို တစ်ထိုင်တည်း မျိုချပြီးရင် လနဲ့ချီပြီး ဘာမှထပ်မစားဘဲ နေနိုင်ကြတဲ့ ထူးခြားတဲ့ အလေ့အထရှိပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက မြွေတွေရဲ့ ဒီလိုထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိကကျတဲ့ မော်လီကျူးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒါဟာ အဝလွန်သူတွေအတွက် ဆေးဝါးအသစ်တွေ ထုတ်လုပ်ရာမှာ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
မြွေတွေ အစာစားပြီးချိန်မှာ သူတို့ရဲ့ သွေးထဲမှာ အဆပေါင်း ၁၀၀၀ လောက်အထိ မြင့်တက်လာတတ်တဲ့ pTOS လို့ခေါ်တဲ့ မော်လီကျူးတစ်ခုကို အဝလွန်နေတဲ့ ကြွက်တွေကို စမ်းသပ်တိုက်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကြွက်တွေဟာ အစားအသောက်ကို သိပ်မစားတော့ဘဲ ကိုယ်အလေးချိန် အမြန်ကျသွားတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီမော်လီကျူးဟာ Wegovy လို နာမည်ကြီး ဝိတ်ကျဆေးတွေနဲ့ ဆင်တူတဲ့ အာနိသင်မျိုး ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။
လက်ရှိသုံးနေတဲ့ Wegovy လို ဆေးတွေက အစာအိမ်ထဲကနေ အစာဆင်းတာကို နှေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေသလို ခံစားရစေပေမယ့် ပျို့အန်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိတဲ့ pTOS မော်လီကျူးကတော့ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ၊ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Hypothalamus) ကို တိုက်ရိုက် သွားရောက်သက်ရောက်စေတာ ဖြစ်ပါတယ်။
"ကျွန်တော်တို့က မြွေတွေမှ မဟုတ်တာ" လို့ တွေးစရာရှိပေမယ့်၊ ဒီမော်လီကျူးက လူတွေရဲ့ ဆီးထဲမှာလည်း နည်းနည်းပါးပါး ပါဝင်နေတတ်တဲ့ သဘာဝဓာတ်တစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေပြီးသားဖြစ်တဲ့အတွက် အနာဂတ်မှာ ဆေးအဖြစ်ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုဘေးကင်းလုံခြုံမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
ဒီရှာဖွေတွေ့ရှိမှုကို လူတွေမှာ လက်တွေ့ဆေးအဖြစ် အသုံးပြုနိုင်ဖို့အတွက်တော့ ထပ်ပြီး သုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကြီးထဲမှာ ဒီလို အလွန်အမင်း ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတဲ့ တိရစ္ဆာန်တွေဆီကနေ လူသားတွေ ကျန်းမာရေးအတွက် အကျိုးရှိမယ့်အရာတွေ အများကြီး သင်ယူနိုင်တယ်ဆိုတာကို ဒီလေ့လာမှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ Source: The Guardian
၁၄ ဧပြီ၊၂၀၂၆
လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။
လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။
ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။
အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။
-အယ်ဒီတာတစ်ဦး
အိန္ဒိယနိုင်ငံအခြေအနေ
လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။
နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။
ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။
လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့် စစ်ဆေးနေ တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။
ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။
ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။
ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံ အခြေအနေ
မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ နိုင်ခြေရှိသော နိုင်ငံ" (High-risk area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။
အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။
နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ
ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။
◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။
◾️ထန်းရည်/ဓနိရည်- လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)
◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
Source: Wire News