၁၁ ဒီဇင်ဘာ ၂၀၂၄

◾️ စုံစမ်းစစ်ဆေးရေး ၁၈ ဦးပါဝင်တဲ့ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ အမှု   နှင့်ဆက်စပ်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ယိုးရဲ့ ရုံးကို ဒီဇင်ဘာ ၁၁ရက် ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။  

◾️ သူတို့ဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်တာနှင့်ဆက်စပ်တဲ့ အရာတွေကိုရှာဖွေခဲ့ကြပြီး အဲဒီအထဲမှာ ယွန်းအနေနှင့်စစ်အုပ်ချုပ်ရေးမကြေညာခင်ကလေးမှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးအဖွဲ့အစည်းအဝေးအသံမှတ် တမ်းလည်းပါဝင်ပါတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲတပ်ဖွဲ့ရဲ့ အမျိုးသားစုံစမ်းစစ်ဆေးရေးရုံးက ပြောပါ တယ်။

◾️ရှာဖွေဝရမ်းမှာ သမ္မတယွန်းကို သံသယရှိသူအဖြစ်ဖော်ပြထားပြီး သမ္မတရုံး၊ဝန်ကြီးအဖွဲ့ အစည်းအဝေး ခန်းမနှင့်  သမ္မတလုံခြုံရေးဌာတို့ကို စီးနင်းဝင်ရောက်တဲ့နေရာများအဖြစ်သတ်မှတ်ထားပါတယ်။

◾️စီးနင်းမှုတွေလုပ်ချိန်မှာ ယွန်းဟာ ရုံးအဆောက်အဦမှာရှိမနေဘူးလို့သိရပြီး  နောက်ပိုင်းဘာတွေဖြစ်   သလဲ ဆိုတာတော့ အတည်ပြုလို့မရသေးပါဘူး။

◾️ယွန်းကို ပုန်ကန်ခြားနားမှုသံသယတရားခံတစ်ဦးအဖြစ်သတ်မှတ်ထားပြီး သူ့ကို နိုင်ငံမှထွက်ခွာခွင့် တားမြစ်ထားပါတယ်။သူဟာ နိုင်ငံခြားသွားခွင့်အပိတ်ခံရတဲ့ ပထမဆုံး အာဏာလက်ကိုင်သမ္မတ ဖြစ်ပါတယ်။

◾️ရဲတွေက သူဟာ ဒီအမှုကြီးတစ်ခုလုံးရဲ့ နောက်ကွယ်ကဆရာကြီးအဖြစ်သံသယဝင်နေပါတယ်။  ပြီးခဲ့တဲ အပတ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာပြီးနောက် ပါလီမန်အဆောက်အဦထဲကနေ အမတ်တွေကို ဆွဲထုတ် ပစ်ဖို့ ယွန်းက သူ့ကိုအမိန့်ပေးခဲ့တယ်လို့ စစ်တပ်အထူးစစ်ရေးတပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး ကွပ်ဂျွန် ကွန်းက အမတ်တွေကိုပြောပြခဲ့ပါတယ်။

◾️ရဲတွေဟာ ရဲချုပ် ဂျီဟိုနှင့် ပါလီမန်ရဲအစောင့်ဌာနမှူး ကင်မ်ဘွန်ဆစ်တို့ကိုလည်း ဗုဒ္ဓဟူးနေ့ ခပ်စော စောပိုင်းမှာဖမ်းဆီးခဲ့ပြီး  ရဲချုပ်ရုံး၊ ဆိုးလ်မြို့ပြရဲဌာနနှင့် ပါလီမန်ရဲအစောင့်တပ်တွေကိုလည်း စီးနင်းရှာ ဖွေမှုတွေပြုလုပ်ခဲ့ကြပါတယ်။

Source: Yonhap