တရုတ်-မြန်မာဆက်ဆံရေးကြား စိုက်ပျိုးရေးကဏ္ဍက အခိုင်မာဆုံးမဏ္ဍိုင်တွေထဲက တစ်ခုဖြစ်လာပြီး ပူးပေါင်းသုတေသနပြုမှုများ၊ ပညာရှင်ဖလှယ်မှုများနဲ့ ကုန်သွယ်ရေးတိုးချဲ့မှုတိုဖြင့် ရှေ့သို့တွန်းအားပေးလျက် ရှိပါတယ်။
#Asia_Business
Published 24 June 2026
#တရုတ်_မြန်မာ
#YMG #Yangon_Times #Yangon_Media_Group
အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလမ်းမီးတွေ ဝယ်ယူပြီး အစားထိုးလဲလှယ်သွားဖို့ ရှိပြီး နှစ်စဉ် ၅ရာခိုင်နှုန်းခန့်ဝယ်ယူအစားထိုးလဲလှယ်တပ်ဆင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောပါတယ်။
#Local_News
Published 24 June 2026
#ရန်ကုန် #ဆိုလာလမ်းမီး
#YMG/NN #Yangon_Times
၂ဝ၂၆ ခုနှစ် "ကမ္ဘာ့ MSME နေ့" (World MSME Day) အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) မှာ ဇွန်လ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာကျင်းပသွားမှာဖြစ်တယ်လို့ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 24 June 2026
#MSME #World_MSME-Day
#YMG/SW #Yangon_Times
တရုတ်နိုင်ငံရှိလုပ်ငန်းရှင်များက မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းကို B2B (Business to Business) စနစ်နဲ့ ကာလရှည်ဝယ်ယူတင်သွင်းဖို့ ကမ်းလှမ်းလာတယ်လို့ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကအသိပေး ထုတ်ပြန်ထားပါတယ်။
#Local_News
Published 24 June 2026
#B2B #မြန်မာ့ပြောင်း
#YMG/NN #Yangon_Times
By Devendra Sharma
As the planting season grips much of Asia, a quiet crisis is unfolding across the continent’s rice paddies. What began as a geopolitical flashpoint thousands of miles away has rapidly deteriorated into a severe regional fuel and fertilizer crisis, threatening to plunge an additional 9.1 million people into acute food insecurity. For major agricultural nations and vulnerable economies like Myanmar alike, the current breakdown of global supply chains demands more than just temporary mitigation—it requires a fundamental reassessment of trade dependencies and strategic partnerships.
The Shipping Shockwave: Rising FIS and Fertilizer Shortages
The primary catalyst for this impending agricultural disaster is the de facto closure of the Strait of Hormuz due to the ongoing Iran war. This vital maritime artery, through which roughly a third of the world's fertilizer supply passes, has been effectively choked off by hostilities. The consequences have shocked global supply chains, drastically raising freight insurance and shipping charges (FIS).
This FIS surge impacts far more than just crude oil shipments ; it has heavily inflated the transport costs of essential components and raw inputs required for fertilizer production. Production facilities in Persian Gulf states like Qatar and Saudi Arabia—which account for 30% to 35% of global urea exports—have suffered direct damage, while critical ingredients like sulfur are facing acute shortages.
The Fertilizer Cost Crunch (2026 Data)
* Urea Benchmark Price: Reached a staggering $857 per metric ton, more than doubling its year-earlier level.
* Annual Projection: The World Bank forecasts overall fertilizer prices to rise 31% over the year, with urea driven up by roughly 60%.
* Production Costs: Skyrocketing prices of transportation and agricultural supplies are raising total farming production costs by 50% to 80%.
For Asian farmers in India, Vietnam, and Thailand who transplant seedlings between May and August, these inflated costs are completely untenable. Rice growing is uniquely fertilizer-intensive, relying heavily on nitrogen-based options derived from Middle Eastern natural gas. In emerging markets where costs are especially hard to pass on in food prices, the standard response is to simply reduce fertilizer use. This inevitable reduction will severely depress crop yields, drastically escalating the risk of a widespread regional food crisis.
Choked Trade and Throttled Incomes
The disruption is a two-way street that penalizes both ends of the supply chain. While Asian nations struggle to import agricultural inputs, the reverse flow of food supplies from Asian countries to the Gulf Region has become equally complicated.
As maritime shipping routes become perilous and prohibitively expensive due to elevated FIS premiums, the friction in transport logistics drives up destination food prices while simultaneously throttling the export incomes of Asian countries. Regional heavyweights are already buckling under the strain:
Vietnam: The world's second-largest rice exporter is actively cutting production as surging energy costs compress profit margins.
Thailand & Bangladesh: Facing similar severe margin pressures, limiting their ability to step in as alternative global suppliers.
India: As the world's largest rice grower, India remains highly vulnerable because 40% of its imported fertilizer relies directly on the disrupted Gulf states.
Myanmar’s Imperative: Navigating Geopolitical Realities
In this fractured economic landscape, nations can no longer rely on the illusion of seamless, globalized trade. The current crisis underscores how vulnerable regional food security remains to Western-aligned geopolitical strategies and the fallout of aggressive US foreign policy actions in the Middle East.
For Myanmar, a country whose domestic stability is tightly bound to its agricultural fortunes, continuing with business-as-usual is a recipe for disaster. To fortify its path toward true food security, Myanmar must proactively shift its strategic focus.
Strategic Recommendations for Myanmar:
* Pivot Toward Resilient Blocs: Cultivate robust bilateral and multilateral partnerships with countries and regional blocs that are actively prepared to resist aggressive US foreign policy.
* Build Alternative Corridors: Establish direct state-to-state fertilizer, input component, and fuel agreements outside of vulnerable Middle Eastern transit choke points.
* Diversify Import Networks: Follow the lead of neighbors like India, which is actively looking to alternative fertilizer exporters in Malaysia and Indonesia to bypass the war zone.
The Way Forward
The geopolitical crisis in the Strait of Hormuz has laid bare the extreme fragility of Asia’s food systems. When a bottleneck in the Persian Gulf can dictate the price of rice seedlings in Southeast Asia, absolute self-reliance is a myth, but strategic autonomy is a necessity. For Myanmar and its neighbors, navigating this shock is no longer just about weathering a temporary spike in fertilizer prices ; it is about rewriting the rules of regional trade to ensure that the fields feeding the continent never run dry.
References
Nikkei Asia: Rice farmers in India, Vietnam and Thailand brace for fertilizer shock (https://asia.nikkei.com/business/agriculture/rice-farmers-in-india-vietnam-and-thailand-brace-for-fertilizer-shock)
The Globe and Mail: Fertilizer shortages sow trouble for Asia as food prices explode (https://www.theglobeandmail.com/world/article-fertilizer-shortages-asia-food-prices-explainer/)
21 June 2026
Myanmar is looking forward to deeper and all-round cooperation with China, the country's President U Min Aung Hlaing said in an interview with China Media Group (CMG) during his state visit to China.
Source CCTV+
20 June,2026
Myanmar President Min Aung Hlaing on Wednesday called on all countries in the world to work closely together to combat online gambling and telecom fraud, and described cybercrime as a growing threat to the people worldwide.
Source CCTV+
#World_News
Published 15 May 2026
■ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်ခြင်းကြောင့် ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ၂ လအတွင်း ဒီဇယ်ဈေးနှုန်း နှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။
■ ဖိလစ်ပိုင်ဟာ နိုင်ငံစွမ်းအင်လိုအပ်ချက်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တင်သွင်းနေရတာ ဖြစ်ပါတယ်။
■ ဧပြီလမှာ ငွေကြေးဖောင်းပွမှု ၇.၂ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး လူနေမှုဘဝတွေ အိမ်ထောင်စုတွေ၊ စီးပွားရေးလုပ်ငန်းတွေ အသက်ရှူကြပ်လာစေပါတယ်။
■ လောင်စာဆီဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ယာဉ်မောင်းဆွဲစားသူတွေများစွာဒုက္ခရောက်ရပြီး လိုင်းကားယာဉ်မောင်း အာတူရိုဆိုရင် မိသားစုနဲ့အတူ ယာဉ်ပေါ်မှာပဲ နေထိုင်နေရပါတယ်။
■ နိုင်ငံအတွင်း တန်းစီစောင့်ဆိုင်းရတာတွေ၊ ဝယ်ယူရရှိနိုင်ရေးပြဿနာတွေကြောင့် နေထိုင်စားသောက်ရေးစရိတ် မြင့်တက်လာခြင်းကို ကာမိဖို့ ခက်ခဲနေပါတယ်။
■ မြင့်တက်လာတဲ့ လောင်စာဆီ ဈေးနှုန်းကြောင့် ကုန်ပစ္စည်းထုတ်လုပ်သူတွေလည်း စရိတ်စကကြီးမားလာကာ ဝယ်လိုအား ကျဆင်းနေပါတယ်။
■ ဖိလစ်ပိုင်ငွေကြေးပီဆို တန်ဖိုးကျဆင်းလာသဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၄၄ ရာခိုင်နှုန်းလောက်ဟာ လစဉ်ငွေကြေးလိုအပ်ချက် ပြည့်မီဖို့ ရုန်းကန်နေရပါတယ်။
■ အင်မပ်စ်မြို့မှာတော့ တရုတ်ပြည်ထုတ် ဆိုလာစွမ်းအင်လျှပ်စစ်သုံးဘီးတွေဖြင့် ရေပို့ဆောင်ခြင်းလုပ်ငန်းတွေ လုပ်နေကြပြီး လုပ်ငန်းလည်ပတ်စရိတ် ၇၀ ရာခိုင်နှုန်းလောက် သက်သာစေပါတယ်။
■ တရုတ်တို့ရဲ့ ကုန်ကျစရိတ်သက်သာတဲ့ ထုတ်လုပ်မှု၊ ဈေးနှုန်း၊ အဆင့်မြင့်ဘက်ထရီနည်းပညာ၊ AI ထောက်ကူစနစ်တို့ကြောင့် တရုတ်ပြည်ထုတ် လျှပ်စစ်ယာဉ်တွေ လွှမ်းမိုးထားကြောင်း ကျွမ်းကျင်သူတွေ သုံးသပ်ကြပါတယ်။
Source: Xinhua
ဒီဗင်ဒရာ ရှာမား (Devendra Sharma)ရေးသားသည်
အာရှဒေသအနှံ့အပြားတွင် စိုက်ပျိုးရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ အာရှတိုက်ကြီး၏ စပါးစိုက်ခင်း များတွင် တိတ်ဆိတ်သော အကျပ်အတည်းတစ်ခု စတင်ဖြစ်ပွားနေပြီဖြစ်သည်။ ကီလိုမီတာပေါင်းများစွာ ဝေးကွာသောနေရာမှ စတင်ခဲ့သည့် ပထဝီနိုင်ငံရေး ပဋိပက္ခသည် ဒေသတွင်း၌ ပြင်းထန်သော စက်သုံး ဆီနှင့် မြေဩဇာ အကျပ်အတည်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ကူးစက်လာခဲ့ပြီး ထပ်မံ၍ လူဦးရေ ၉.၁ သန်းအား စားနပ်ရိက္ခာ မလုံလောက်မှုဘေးသို့ တွန်းပို့နေပြီဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံပြီး ထိခိုက်လွယ်သော စီးပွားရေးရှိသည့် နိုင်ငံများအတွက်မူ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများသည် ယာယီဖြေရှင်းရုံမျှဖြင့် မလုံလောက်ဘဲ ကုန်သွယ် မှုအပေါ် မှီခိုနေရမှုများနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးများကို အခြေခံကျကျ ပြန်လည် သုံးသပ်ရန် လိုအပ်လျက်ရှိသည်။
သင်္ဘောတင်ခနှင့် အာမခံခများ မြင့်တက်လာခြင်းနှင့် မြေဩဇာ ပြတ်လပ်မှု အကျပ်အတည်း
လက်ရှိ စိုက်ပျိုးရေးကဏ္ဍ အကျပ်အတည်း၏ အဓိက အကြောင်းရင်းမှာ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အမှန်တကယ် ပိတ်ဆို့သွားခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာ့မြေဩဇာ ထောက်ပံ့မှု၏ သုံးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူရာ ဤအရေးပါသော ရေကြောင်း လမ်းသည် စစ်မက်ဖြစ်ပွားမှုများကြောင့် ပိတ်ဆို့သွားခဲ့ရပြီး ယင်း၏ အကျိုးဆက်အနေဖြင့် ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက်များကို တုန်လှုပ်စေခဲ့ပြီး ရေကြောင်းကုန်စည် အာမခံခနှင့် သင်္ဘောတင်ခ (FIS) များကို အဆမတန် မြင့်တက်စေခဲ့သည်။
ဤ FIS နှုန်းထားများ မြင့်တက်လာခြင်းသည် ရေနံစိမ်း သယ်ယူပို့ဆောင်ရေးကိုသာမက မြေဩဇာ ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများနှင့် ကုန်ကြမ်းများ သယ်ယူပို့ဆောင်ခကိုပါ ကြီးမားစွာ ရိုက်ခတ်စေခဲ့သည်။ ကမ္ဘာ့ယူရီးယား မြေဩဇာ တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ တာဝန်ယူထားသည့် ကာတာနှင့် ဆော်ဒီအာရေဗျကဲ့သို့ ပါရှန်ကွေ့နိုင်ငံများရှိ ထုတ်လုပ်မှု အဆောက်အအုံများသည် တိုက်ရိုက်ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီး ဖော့စဖိတ်အခြေခံ မြေဩဇာ ထုတ်လုပ်ရန် လိုအပ်သော ဆာလဖာ (Sulfur) ကဲ့သို့ အရေးကြီးသော ကုန်ကြမ်းများလည်း ပြတ်လပ် မှုနှင့် ရင်ဆိုင်နေရသည်။
မြေဩဇာ ကုန်ကျစရိတ် မြင့်တက်လာမှု အချက်အလက်များ
ယူရီးယားမြေဩဇာ အခြေခံစျေးနှုန်း- တစ်မက်ထရစ်တန်လျှင် ၈၅၇ ဒေါ်လာ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။
နှစ်ချုပ်ခန့်မှန်းချက်- ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း မြေဩဇာစျေးနှုန်း စုစုပေါင်း ၃၁ ရာခိုင်နှုန်း မြင့်တက်နိုင်ပြီး ယူရီးယားမြေဩဇာသည် ၆၀ ရာခိုင်နှုန်း ခန့်အထိ မြင့်တက်လာနိုင်သည်။
စိုက်ပျိုးရေး ကုန်ကျစရိတ်- သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၏ စျေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် စုစုပေါင်း စိုက်ပျိုးရေး ထုတ်လုပ်မှုစရိတ်သည် ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ မြင့်တက်လာသည်။
မေလမှ ဩဂုတ်လအတွင်း စပါးပျိုးပင်များ ရွှေ့ပြောင်းစိုက်ပျိုးကြမည့် အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့မှ အာရှလယ်သမားများအတွက် ဤကဲ့သို့ ကုန်ကျစရိတ် မြင့်တက်လာခြင်းမှာ လုံးဝ မခံရပ်နိုင်စရာ ဖြစ်လာသည်။ စပါးစိုက်ပျိုးခြင်းသည် မြေဩဇာ အလွန်အမင်း အသုံးပြုရသော ကဏ္ဍဖြစ်ပြီး အရှေ့ အလယ်ပိုင်း သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်သည့် နိုက်ထရိုဂျင်အခြေခံ မြေဩဇာများအပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။ မြင့်တက်လာသော စိုက်ပျိုးစရိတ်များကို စားသောက်ကုန်စျေးနှုန်းများပေါ်သို့ လွယ်လွယ်ကူကူ လွှဲပြောင်းမချနိုင်သည့် စျေးကွက်များတွင် လယ်သမားများသည် မြေဩဇာ သုံးစွဲမှုကို လျှော့ချရန်သာ ရွေးချယ်ကြလေ့ရှိပြီး ဤသို့ လျှော့ချခြင်းသည် သီးနှံအထွက်နှုန်းကို သိသိသာသာ ကျဆင်းစေမည်ဖြစ်ကာ ဒေသတွင်း စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည်။
ပိတ်ဆို့သွားသော ကုန်သွယ်မှုနှင့် ထိခိုက်လာသော ပို့ကုန်ဝင်ငွေများ
ဤအကျပ်အတည်းသည် ထောက်ပံ့ရေးကွင်းဆက်၏ ဘက်နှစ်ဖက်လုံးကို ထိခိုက်စေသည့် နှစ်ဖက်ညှပ် အခြေအနေဖြစ်သည်။ အာရှနိုင်ငံများသည် စိုက်ပျိုးရေး သွင်းအားစုများကို တင်သွင်းရန် ရုန်းကန် နေရချိန်တွင် အာရှနိုင်ငံများမှ ပါရှန်းကွေ့ဒေသသို့ စားနပ်ရိက္ခာ ပြတ်လည်တင်ပို့သည့် လမ်းကြောင်း သည်လည်း ထပ်တူ ရှုပ်ထွေးခက်ခဲလာခဲ့သည်။
ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းများသည် အန္တရာယ်များလာပြီး FIS ပရီမီယံကြေးများ မြင့်မားမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ အဆမတန် ကြီးမြင့်လာကာ တင်ပို့မည့် ကုန်စည် စျေးနှုန်းများကို မြင့်တက်စေသည့်အပြင် အာရှနိုင်ငံများ၏ ပို့ကုန်ဝင်ငွေကိုလည်း လျော့နည်း ကန့်သတ် စေသည်။ ဒေသတွင်း အဓိက စိုက်ပျိုးရေးနိုင်ငံများသည်ပင် ဤဒဏ်ကို စတင်ခံစားနေရပြီဖြစ်သည်။
ဗီယက်နမ်- ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆန်စပါးတင်ပို့သူဖြစ်ပြီး စွမ်းအင်စရိတ် မြင့်တက်မှုကြောင့် အကျိုးအမြတ် လျော့နည်းလာကာ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တက်ကြွစွာ လျှော့ချနေသည်။
ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်- အလားတူ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့စျေးကွက်သို့ အစားထိုး တင်ပို့နိုင်စွမ်း ကန့်သတ်ခံထားရသည်။
အိန္ဒိယ- ကမ္ဘာ့အကြီးဆုံး စပါးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏ သွင်းကုန်မြေဩဇာ ၄၀ ရာခိုင်နှုန်း မှာ ပါရှန်ကွေ့နိုင်ငံများအပေါ် တိုက်ရိုက်မှီခိုနေရသဖြင့် အလွန် ထိခိုက်လွယ်သော အခြေအနေတွင် ရှိနေသည်။
မြန်မာနိုင်ငံအတွက် လိုအပ်ချက်-ပထဝီနိုင်ငံရေး အခင်းအကျင်းကို ကျော်လွှားခြင်း
ဤကဲ့သို့ ပြိုကွဲပျက်စီးနေသော စီးပွားရေးအခင်းအကျင်းတွင် နိုင်ငံများသည် ချောမွေ့သော ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုစနစ် ရှိနေသည်ဟူသော အတွေးမှားအပေါ် ဆက်လက် မှီခိုနေ၍မရတော့ပေ။ လက်ရှိ အကျပ်အတည်းက ပြသနေသည်မှာ ဒေသတွင်း စားနပ်ရိက္ခာ လုံခြုံမှုသည် အနောက်အုပ်စုလိုလားသော ပထဝီနိုင်ငံရေး မဟာဗျူဟာများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ ပြင်းထန်သော နိုင်ငံခြားရေးမူဝါဒ အကျိုးဆက်များအပေါ်တွင် မည်မျှအထိ ထိခိုက်လွယ်နေသည်ဟူသောအချက်ပင် ဖြစ် သည်။
မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ တည်ငြိမ်မှုသည် စိုက်ပျိုးရေးကဏ္ဍ၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်စပ် နေသဖြင့် ယခင်အတိုင်း ပုံမှန်အတိုင်းသာ ဆက်လက်လုပ်ကိုင်နေပါက ရေရှည်တွင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ စားနပ်ရိက္ခာ ဖူလုံမှုကို စိတ်ချရသော လမ်းကြောင်းပေါ်သို့ ပို့ဆောင်ရန်အတွက် မြန်မာနိုင်ငံသည် မိမိ၏ မဟာဗျူဟာမြောက် အာုံစိုက်မှုကို တက်ကြွစွာ ပြောင်းလဲရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အကြံပြုချက်များ-
ခံနိုင်ရည်ရှိသော မဟာမိတ်အုပ်စုများဆီသို့ ဦးတည်ခြင်း: အမေရိကန်၏ ပြင်းထန်သော နိုင်ငံခြား ရေးမူဝါဒများကို တွန်းလှန်ကျော်လွှားရန် အသင့်ရှိသည့် ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ခိုင်မာ သော နှစ်ဦးနှစ်ဖက် သို့မဟုတ် ဘက်စုံမိတ်ဖက် ဆက်ဆံရေးများကို တည်ဆောက်ခြင်း။
အစားထိုး လမ်းကြောင်းများ ဖော်ဆောင်ခြင်း- ထိခိုက်လွယ်သော အရှေ့အလယ်ပိုင်း ရေကြောင်း လမ်းများကို ရှောင်လွှဲနိုင်ရန် အစိုးရအချင်းချင်း (State-to-State) တိုက်ရိုက်ချိတ်ဆက်၍ မြေဩဇာ၊ ကုန်ကြမ်းများနှင့် စက်သုံးဆီ တင်သွင်းမှု သဘောတူညီချက်များ ရယူခြင်း။
သွင်းကုန်ကွန်ရက်များကို စုံလင်အောင်ထားရှိခြင်း- စစ်မက်ဖြစ်ပွားရာဇုန်ကို ရှောင်ကွင်းနိုင်ရန် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ အစားထိုးမြေဩဇာ တင်ပို့သူများကို ရှာဖွေနေသည့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံ၏ လုပ်ဆောင်ချက်များကို နမူနာယူ ဆောင်ရွက်ခြင်း။
ရှေ့ဆက်ရမည့် လမ်းစဉ်
ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်ပွားနေသော ပထဝီနိုင်ငံရေး အကျပ်အတည်းသည် အာရှ၏ စားနပ် ရိက္ခာစနစ် မည်မျှအထိ မခိုင်မာကြောင်းကို ကောင်းစွာ ဖော်ပြနေသည်။ အရှေ့အလယ်ပိုင်းဒေသမှ ရေကြောင်းပိတ်ဆို့မှုတစ်ခုသည် အရှေ့တောင်အာရှရှိ စပါးပျိုးပင်များ၏ စျေးနှုန်းကို လာရောက် လွှမ်းမိုးနိုင်သည့်အခါ လုံးဝဥဿုံ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်ရန်မှာ မဖြစ်နိုင်သော်လည်း မဟာ ဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Strategic Autonomy) ရှိရန်မှာ မရှိမဖြစ် လိုအပ်လှသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအတွက် ဤထိုးနှက်ချက်ကို ကျော်လွှားရန်မှာ မြေဩဇာစျေးနှုန်း ခေတ္တမြင့်တက်မှုကို တောင့်ခံရုံမျှတင် မဟုတ်တော့ဘဲ ဒေသတွင်း ပြည်သူများကို ကျွေးမွေးနေသည့် စိုက်ပျိုးရေးမြေများ ဘယ်တော့မှ ခန်းခြောက်မသွားစေရန် ဒေသတွင်း ကုန်သွယ်မှု စည်းမျဉ်းများကို ပြန်လည်ရေးဆွဲရမည့် အချိန်ပင်ဖြစ်ကြောင်းသုံးသပ်တင်ပြရပါသည်။
ကိုးကားချက်များ
Nikkei Asia: Rice farmers in India, Vietnam and Thailand brace for fertilizer shock (https://asia.nikkei.com/business/agriculture/rice-farmers-in-india-vietnam-and-thailand-brace-for-fertilizer-shock)
The Globe and Mail: Fertilizer shortages sow trouble for Asia as food prices explode (https://www.theglobeandmail.com/world/article-fertilizer-shortages-asia-food-prices-explainer/)
ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ (UNESCO) က ကြီးမှူးကျင်းပတဲ့ YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း လူငယ်များအား ပါဝင်ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။
#Local_News
Published 20 June 2026
#YouthHackathon_2026 #UNESCO
#YMG/SW #Yangon_Times
နေပြည်တော်၊ ဇွန် ၉ ရက်။ ။ နိုင်ငံတော်အစိုးရ၏ အဓိကလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများ မြှင့်တင်ရန်၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများ အဂတိကင်းရှင်းစွာ တာဝန်ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အလေးအနက် တိုက်တွန်းပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက နိုင်ငံ၏ ဂျီဒီပီ (GDP) တိုးတက်စေရန်အတွက် နိုင်ငံတွင်းရှိ ပုဂ္ဂလိကနှင့် နိုင်ငံပိုင်စက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်ရန်လိုအပ်ကြောင်းနှင့် ဒေသတွင်း ကုန်ကြမ်းများကို အသုံးပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကို နိုင်ငံ၏ အဓိက စီးပွားရေးမောင်းနှင်အားအဖြစ် ဖော်ဆောင်ရန် လမ်းညွှန်ခဲ့သည်။ ထို့ပြင် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေးနှင့် အဆင့်မီ ပညာရေးစနစ်တစ်ခု တည်ဆောက်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် နိုင်ငံပိုင် မြေနှင့် ရေအရင်းအမြစ်များကို စနစ်တကျ အကျိုးရှိရှိ အသုံးချရန်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အထူးသဖြင့် အုပ်ချုပ်ရေးနှင့် လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး၊ တရားမဝင် ငွေကြေးကောက်ခံခြင်းနှင့် အဂတိလိုက်စားမှုများ လုံးဝကင်းရှင်းရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေများကို လေလွင့်မှုမရှိစေဘဲ အကျိုးရှိရှိ သုံးစွဲရန် တင်းကျပ်စွာ သတိပေး မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစည်းအဝေးမှာကြားချက် ကောက်နှုတ်ချက်များ
အောက်ပါတို့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ အဓိကထား မှာကြားခဲ့သည့် အချက်များဖြစ်ပါသည် -
စီးပွားရေးနှင့် ဥစ္စာဓနဆိုင်ရာ
ပညာရေးကဏ္ဍဆိုင်ရာ
MSME နှင့် စက်မှုလုပ်ငန်းဆိုင်ရာ
စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် အဂတိကင်းရှင်းရေးဆိုင်ရာ
ဇွန်၈၊၂၀၂၆-နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သော ရွေးကောက်ခံအစိုးရအနေဖြင့် မြန်မာနိုင်ငံကိုပိုမို ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံတော်အဖြစ် ဖော်ဆောင်ပေးနိုင် မည်ကိုအပြည့်အဝ ယုံကြည်မှု ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono က ဇွန် ၈ ရက်နေ့က ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Mr. Sugiono ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိပြီး နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ သမ္မတ ဦးမင်းအောင်လှိုင်အား လာရောက်ဂါရဝပြုတွေ့ဆုံစဉ် Mr. Sugiono ကယင်းကဲ့သို့ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့်စိန်ခေါ်မှုများနှင့် အခက် အခဲများကို နားလည်သိရှိကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း မြန်မာနိုင်ငံ အစိုးရသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သမ္မတဦးမင်းအောင်လှိုင်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့သည် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံ၏ အစိတ်အပိုင်းအဖြစ်၊ အင်ဒိုနီးရှားနိုင်ငံ၏ မိတ်ဆွေအဖြစ် အမြဲမှတ်ယူထားရှိပြီး မြန်မာနိုင်ငံကို အောင်မြင်သော၊ ငြိမ်းချမ်းသောနိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရေး လိုအပ်သည် များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်အပေါ် မြန်မာနိုင်ငံအနေဖြင့်တတ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက် အဝန်းအကြားအကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာ-အာဆီယံ အကြား ပိုမိုတောင့်တင်းခိုင်မာသည့်ဆက်ဆံမှုများ ပြန်လည်တိုးတက်လာစေရေး၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ပိုမိုကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံအစိုးရ အနေဖြင့်ပြည်သူများကအားကိုးရပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ တည်ငြိမ်အေးချမ်းသောနိုင်ငံတစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်သည့် မှတ်ကျောက်တင်ခံနိုင်သော အစိုးရတစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့်အင်ဒိုနီးရှား နိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်းလည်း သတင်းရရှိသည်။

နေ့ချင်းပြန် ခရီးအဖြစ်နေပြည်တော်သို့အဖြစ်ရောက်ရှိလာသည့်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာရှပစိဖိတ်နှင့် အာဖရိကဌာန ညွှန်ကြားရေးမှူးချုပ် H.E. Mr. Santo Darmosumartoနှင့်တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သောအဖွဲ့နှင့် သီးခြား တွေ့ဆုံ၍ အာဆီယံကိစ္စ၊ နှစ်နိုင်ငံဆက်ဆံရေးကိစ္စများဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
--------------

By Devendra Sharma
As the planting season grips much of Asia, a quiet crisis is unfolding across the continent’s rice paddies. What began as a geopolitical flashpoint thousands of miles away has rapidly deteriorated into a severe regional fuel and fertilizer crisis, threatening to plunge an additional 9.1 million people into acute food insecurity. For major agricultural nations and vulnerable economies like Myanmar alike, the current breakdown of global supply chains demands more than just temporary mitigation—it requires a fundamental reassessment of trade dependencies and strategic partnerships.
The Shipping Shockwave: Rising FIS and Fertilizer Shortages
The primary catalyst for this impending agricultural disaster is the de facto closure of the Strait of Hormuz due to the ongoing Iran war. This vital maritime artery, through which roughly a third of the world's fertilizer supply passes, has been effectively choked off by hostilities. The consequences have shocked global supply chains, drastically raising freight insurance and shipping charges (FIS).
This FIS surge impacts far more than just crude oil shipments ; it has heavily inflated the transport costs of essential components and raw inputs required for fertilizer production. Production facilities in Persian Gulf states like Qatar and Saudi Arabia—which account for 30% to 35% of global urea exports—have suffered direct damage, while critical ingredients like sulfur are facing acute shortages.
The Fertilizer Cost Crunch (2026 Data)
* Urea Benchmark Price: Reached a staggering $857 per metric ton, more than doubling its year-earlier level.
* Annual Projection: The World Bank forecasts overall fertilizer prices to rise 31% over the year, with urea driven up by roughly 60%.
* Production Costs: Skyrocketing prices of transportation and agricultural supplies are raising total farming production costs by 50% to 80%.
For Asian farmers in India, Vietnam, and Thailand who transplant seedlings between May and August, these inflated costs are completely untenable. Rice growing is uniquely fertilizer-intensive, relying heavily on nitrogen-based options derived from Middle Eastern natural gas. In emerging markets where costs are especially hard to pass on in food prices, the standard response is to simply reduce fertilizer use. This inevitable reduction will severely depress crop yields, drastically escalating the risk of a widespread regional food crisis.
Choked Trade and Throttled Incomes
The disruption is a two-way street that penalizes both ends of the supply chain. While Asian nations struggle to import agricultural inputs, the reverse flow of food supplies from Asian countries to the Gulf Region has become equally complicated.
As maritime shipping routes become perilous and prohibitively expensive due to elevated FIS premiums, the friction in transport logistics drives up destination food prices while simultaneously throttling the export incomes of Asian countries. Regional heavyweights are already buckling under the strain:
Vietnam: The world's second-largest rice exporter is actively cutting production as surging energy costs compress profit margins.
Thailand & Bangladesh: Facing similar severe margin pressures, limiting their ability to step in as alternative global suppliers.
India: As the world's largest rice grower, India remains highly vulnerable because 40% of its imported fertilizer relies directly on the disrupted Gulf states.
Myanmar’s Imperative: Navigating Geopolitical Realities
In this fractured economic landscape, nations can no longer rely on the illusion of seamless, globalized trade. The current crisis underscores how vulnerable regional food security remains to Western-aligned geopolitical strategies and the fallout of aggressive US foreign policy actions in the Middle East.
For Myanmar, a country whose domestic stability is tightly bound to its agricultural fortunes, continuing with business-as-usual is a recipe for disaster. To fortify its path toward true food security, Myanmar must proactively shift its strategic focus.
Strategic Recommendations for Myanmar:
* Pivot Toward Resilient Blocs: Cultivate robust bilateral and multilateral partnerships with countries and regional blocs that are actively prepared to resist aggressive US foreign policy.
* Build Alternative Corridors: Establish direct state-to-state fertilizer, input component, and fuel agreements outside of vulnerable Middle Eastern transit choke points.
* Diversify Import Networks: Follow the lead of neighbors like India, which is actively looking to alternative fertilizer exporters in Malaysia and Indonesia to bypass the war zone.
The Way Forward
The geopolitical crisis in the Strait of Hormuz has laid bare the extreme fragility of Asia’s food systems. When a bottleneck in the Persian Gulf can dictate the price of rice seedlings in Southeast Asia, absolute self-reliance is a myth, but strategic autonomy is a necessity. For Myanmar and its neighbors, navigating this shock is no longer just about weathering a temporary spike in fertilizer prices ; it is about rewriting the rules of regional trade to ensure that the fields feeding the continent never run dry.
References
Nikkei Asia: Rice farmers in India, Vietnam and Thailand brace for fertilizer shock (https://asia.nikkei.com/business/agriculture/rice-farmers-in-india-vietnam-and-thailand-brace-for-fertilizer-shock)
The Globe and Mail: Fertilizer shortages sow trouble for Asia as food prices explode (https://www.theglobeandmail.com/world/article-fertilizer-shortages-asia-food-prices-explainer/)
21 June 2026
Myanmar is looking forward to deeper and all-round cooperation with China, the country's President U Min Aung Hlaing said in an interview with China Media Group (CMG) during his state visit to China.
Source CCTV+
20 June,2026
Myanmar President Min Aung Hlaing on Wednesday called on all countries in the world to work closely together to combat online gambling and telecom fraud, and described cybercrime as a growing threat to the people worldwide.
Source CCTV+
20 June, 2026
Myanmar President U Min Aung Hlaing made the comments in an interview with China Media Group in Beijing on Wednesday, during his five-day state visit to China which ended on Friday. The trip marked his 13th visit to the country and his first since assuming the office of president.
Source CCTV+
By- Simon Creed
The economic foundations of Southeast Asia are facing an unprecedented stress test. The lack of reliable energy resources, the sudden imposition of aggressive tariff barriers, and the severe blocking of global supply chains are coalescing into a perfect storm. This convergence threatens to slash exports, drastically inflate national economies, and destabilize the very geopolitical order that has allowed the region to thrive for half a century.
Here is a question for you. Name the economies where exports account for more than half of GDP. Germany? No — 41%. China? No — 20%. The answers are Vietnam (90%), Cambodia and Malaysia (70%), Thailand (60%), and Singapore, which, at 175%, exports more than it produces, the economic equivalent of a magic trick. These are not merely export-oriented economies. They are the beating heart of globalization. Strip away the flows of goods, capital, and technology of the last five decades, and you strip away the Asian model itself.
The Dual Threat: War in the Middle East and Trade Coercion
The destructive consequences of the Middle East war, initiated by the United States and Israel against Iran through Operation Epic Fury, are now directly affecting the countries of the Asian region. The negative effects of this conflict, combined with the renewed "tariff wars" under the Trump administration, are hitting the export-oriented economies of Southeast Asia the hardest.
Trump's coercive trade policies have placed severe pressure on these nations. These tariffs are sudden, volatile, whimsical, and coercive. To avoid crippling economic damage, countries have been forced into a race to strike deals under duress, trading tariff exemptions for political and economic concessions. Combined with the threat of transhipment tariffs of 40%, designed to prevent rerouting, nations like Singapore, Vietnam, and Thailand are exposed to an operational and compliance nightmare.
The Energy Crisis and Rising Inflation
A prolonged period of soaring fuel prices threatens to drastically increase inflation across ASEAN economies, stunt Gross Domestic Product (GDP) growth, and elevate the risk of social unrest.
The impact of the energy crisis on Southeast Asia has been severe. While some Southeast Asian countries produce their own oil and gas and have diversified supply sources, the region is still heavily dependent on fossil fuels from the Middle East and, therefore, extremely vulnerable to supply chain disruptions. Most regional states only have between 30 and 100 days of oil reserves.
The immediate economic shockwaves are already visible. The outbreak of the war saw fuel prices surge across Southeast Asia. In the Philippines, Vietnam, Cambodia and Myanmar, diesel and petrol prices increased 50 per cent. The price of jet fuel, a product of crude oil, also doubled. Although some Southeast Asian airlines took advantage of flight disruptions in the Middle East, higher ticket prices have negatively impacted the region’s lucrative tourism industry. In March, tourist arrivals in Thailand were down 50 per cent on the previous month. By one estimate, if the conflict lasts longer than six months, up to three million fewer tourists will visit Thailand, resulting in an estimated US$4.5 billion in lost tourism revenue.
To prevent domestic unrest stemming from this inflation, governments are implementing desperate measures, such as Indonesia's pledge to continue fuel subsidies while introducing fuel rations for private motorists.
Geopolitical Destabilization and the Erosion of Norms
Beyond the economic fallout, the US is increasingly perceived as using this conflict to destabilize the region, prioritizing military coercion, unilateralism, and transactionalism over multilateral diplomacy. By aggressively transferring its policy of forceful intervention to the Asian region, the United States is prompting a recalculation of regional security alliances and risking a devastating arms race.
The diplomatic responses from Southeast Asian capitals reflect deep unease with this trajectory. Malaysia, Brunei and Timor-Leste condemned both the US-Israeli attacks and Iran’s retaliatory strikes. Malaysian Prime Minister Anwar Ibrahim, a trenchant critic of American and Israeli policies in the Middle East, “unreservedly” condemned the killing of Iran’s supreme leader, Ali Khameini, and accused Washington and Tel Aviv of pushing the Middle East to “the edge of grave and sustained instability”. Singapore, which has close relations with the US, Israel and the Gulf states, said it “regretted the failure of negotiations”. In subsequent remarks at a meeting of ASEAN foreign ministers, however, Foreign Minister Vivian Balakrishnan did condemn Iran’s attacks on the Gulf states.
In contrast to its fellow Muslim-majority neighbours, Indonesia stopped short of condemning the attacks and merely said it “deeply regretted” the failure of talks between the US and Iran. In line with President Prabowo’s aspirations for Indonesia to play a more proactive role in world affairs, he offered to mediate the dispute. However, none of the warring parties took his offer seriously and in subsequent statements, Prabowo acknowledged that other countries might be better placed to facilitate talks. In response to domestic criticism of US actions, Prabowo suspended Indonesia’s participation in US President Donald Trump’s Board of Peace for Gaza.
Looking Ahead
The Asian miracle was built on the fundamental assumption that the global system of open trade and geopolitical stability would hold. That system is now fracturing. Southeast Asia finds itself caught between a debilitating energy crisis sparked by military conflict and an aggressively coercive trade environment. To survive, regional governments must urgently determine how to improve their energy sovereignty, fortify supply chain resilience, and navigate a rapidly deteriorating rules-based international order.
Reference:
1.Southeast Asia and The Third Gulf War: fulcrum.sg
2. The Asian Trilemma : pushandutt.substack.com
By- Simon Creed
အရှေ့တောင်အာရှ၏ စီးပွားရေး အခြေခံအုတ်မြစ်များသည် မကြုံစဖူးသော ဖိအားပေးစမ်းသပ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ယုံကြည်စိတ်ချရသော စွမ်းအင်အရင်းအမြစ်များ မရှိခြင်း၊ ပြင်းထန်သော အကောက်ခွန်အတားအဆီးများကို ရုတ်တရက် ချမှတ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ပြင်းထန်စွာ ပိတ်ဆို့ခြင်းတို့သည် ပေါင်းစပ်သွားကာ အဆိုးရွားဆုံး အခြေအနေတစ်ရပ် (perfect storm) ကို ဖန်တီးနေသည်။ ဤပေါင်းစပ်မှုသည် ပို့ကုန်များကို လျော့ကျစေရန်၊ အမျိုးသားစီးပွားရေးများတွင် ငွေကြေးဖောင်းပွမှုကို သိသိသာသာ မြင့်တက်စေရန်နှင့် ဆယ်စုနှစ်ငါးခုတိုင်တိုင် ဒေသတွင်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့သော ပထဝီနိုင်ငံရေးစနစ်ကို မတည်မငြိမ်ဖြစ်စေရန် ခြိမ်းခြောက်နေသည်။
သင့်အတွက် မေးခွန်းတစ်ခု ရှိပါသည်။ ပို့ကုန်များသည် ဂျီဒီပီ (GDP) ၏ ထက်ဝက်ကျော်ရှိသော စီးပွားရေးနိုင်ငံများကို အမည်တပ်ပြပါ။ ဂျာမနီလား။ မဟုတ်ပါ — ၄၁ ရာခိုင်နှုန်းသာ ရှိသည်။ တရုတ်လား။ မဟုတ်ပါ — ၂၀ ရာခိုင်နှုန်းသာ ရှိသည်။ အဖြေများမှာ ဗီယက်နမ် (၉၀ ရာခိုင်နှုန်း)၊ ကမ္ဘောဒီးယားနှင့် မလေးရှား (၇၀ ရာခိုင်နှုန်း)၊ ထိုင်း (၆၀ ရာခိုင်နှုန်း) နှင့် မိမိထုတ်လုပ်သည်ထက် ပိုမိုတင်ပို့ကာ ၁၇၅ ရာခိုင်နှုန်းအထိရှိသော စင်ကာပူတို့ ဖြစ်ကြပြီး ၎င်းသည် စီးပွားရေးအရ မှော်ပြကွက်တစ်ခုနှင့် တူညီသည်။ ဤနိုင်ငံများသည် ပို့ကုန်ကိုသာ အဓိကထားသော စီးပွားရေးနိုင်ငံများသက်သက် မဟုတ်ပါ။ ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှု (globalization) ၏ နှလုံးခုန်သံများ ဖြစ်ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်ငါးခုအတွင်းက ကုန်စည်၊ အရင်းအနှီးနှင့် နည်းပညာ စီးဆင်းမှုများကို ဖယ်ရှားလိုက်မည်ဆိုပါက အာရှပုံစံကိုယ်နှိုက်ကိုပါ ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။
ခြိမ်းခြောက်မှုနှစ်ရပ်- အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ကုန်သွယ်ရေးအရ အကျပ်ကိုင်မှု
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကိုဆန့်ကျင်၍ Operation Epic Fury (အက်ပစ်ဖျူရီ စစ်ဆင်ရေး) မှတစ်ဆင့် စတင်ခဲ့သော အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ဖျက်ဆီးမှုဆိုးကျိုးများသည် ယခုအခါ အာရှဒေသတွင်းရှိ နိုင်ငံများကို တိုက်ရိုက် ထိခိုက်နေပြီဖြစ်သည်။ ထရမ့်အစိုးရလက်ထက်တွင် ပြန်လည်စတင်လာသော "အကောက်ခွန်စစ်ပွဲများ" နှင့် ဤပဋိပက္ခ၏ အဆိုးမြင်သက်ရောက်မှုများ ပေါင်းစပ်သွားခြင်းက အရှေ့တောင်အာရှ၏ ပို့ကုန်အခြေပြု စီးပွားရေးများကို အပြင်းထန်ဆုံး ရိုက်ခတ်လျက်ရှိသည်။
ထရမ့်၏ အကျပ်ကိုင်သော ကုန်သွယ်ရေးမူဝါဒများသည် ဤနိုင်ငံများအပေါ် ပြင်းထန်သော ဖိအားများကို သက်ရောက်စေခဲ့သည်။ ဤအကောက်ခွန်များသည် ရုတ်တရက်ဖြစ်ခြင်း၊ မတည်ငြိမ်ခြင်း၊ ဖြစ်ချင်တိုင်းဖြစ်နေခြင်းနှင့် အကျပ်ကိုင်ခြင်းတို့ ဖြစ်သည်။ ကြီးမားသော စီးပွားရေးပျက်စီးဆုံးရှုံးမှုများကို ရှောင်ရှားရန်အတွက် နိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေး လိုက်လျောမှုများနှင့် အကောက်ခွန် ကင်းလွတ်ခွင့်များကို ဖလှယ်ကာ ဖိအားပေးခံရမှုအောက်တွင် သဘောတူညီချက်များရရှိရန် အပြေးအလွှား လုပ်ဆောင်လာကြရသည်။ လမ်းကြောင်းပြောင်းလဲမှုကို တားဆီးရန် ရည်ရွယ်သည့် ၄၀ ရာခိုင်နှုန်းသော ကုန်စည်လွှဲပြောင်းတင်ပို့မှုဆိုင်ရာ အကောက်ခွန် (transhipment tariffs) ခြိမ်းခြောက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းစသည့်နိုင်ငံများသည် လုပ်ငန်းလည်ပတ်မှုနှင့် စည်းမျဉ်းလိုက်နာမှုဆိုင်ရာ အိပ်မက်ဆိုးတစ်ခုနှင့် ရင်ဆိုင်နေရသည်။
စွမ်းအင် အကျပ်အတည်းနှင့် ကြီးထွားလာသော ငွေကြေးဖောင်းပွမှု
အချိန်ကြာမြင့်စွာ လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းက အာဆီယံ စီးပွားရေးနိုင်ငံများတစ်ဝန်းတွင် ငွေကြေးဖောင်းပွမှုကို သိသိသာသာ မြင့်တက်လာစေရန်၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် လူမှုရေးမတည်ငြိမ်မှု အန္တရာယ်ကို မြင့်တက်လာစေရန် ခြိမ်းခြောက်လျက်ရှိသည်။
အရှေ့တောင်အာရှအပေါ် စွမ်းအင်အကျပ်အတည်း၏ သက်ရောက်မှုသည် ပြင်းထန်လှသည်။ အချို့သော အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏ကိုယ်ပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထုတ်လုပ်ကြပြီး ကွဲပြားသော ထောက်ပံ့ရေးအရင်းအမြစ်များ ရှိသော်လည်း၊ ဒေသတစ်ခုလုံးအနေဖြင့် အရှေ့အလယ်ပိုင်းမှ ရုပ်ကြွင်းလောင်စာများအပေါ် အလွန်အမင်း မှီခိုနေရဆဲဖြစ်ရာ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများအပေါ် အလွန်လွယ်ကူစွာ ထိခိုက်နိုင်လျက်ရှိသည်။ ဒေသတွင်း နိုင်ငံအများစုသည် ရေနံသီးသန့်သိုလှောင်မှု ၃၀ ရက်မှ ရက် ၁၀၀ စာကြားသာ ရှိကြသည်။
ချက်ချင်းဆိုသလို စီးပွားရေး ဂယက်ရိုက်ခတ်မှုများကို မြင်တွေ့နေရပြီဖြစ်သည်။ စစ်ပွဲစတင်ဖြစ်ပွားချိန်တွင် အရှေ့တောင်အာရှတစ်ဝန်း လောင်စာဆီဈေးနှုန်းများ အဟုန်ဖြင့် မြင့်တက်သွားခဲ့သည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများသည် ၅၀ ရာခိုင်နှုန်းအထိ တက်သွားခဲ့သည်။ ရေနံစိမ်းမှ ထုတ်လုပ်သော လေယာဉ်ဆီဈေးနှုန်းမှာလည်း နှစ်ဆတက်သွားခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ လေကြောင်းခရီးစဉ် ပြတ်တောက်မှုများအပေါ် အချို့သော အရှေ့တောင်အာရှ လေကြောင်းလိုင်းများက အခွင့်ကောင်းယူနိုင်ခဲ့သော်လည်း မြင့်တက်လာသော လက်မှတ်ဈေးနှုန်းများက ဒေသတွင်း ဝင်ငွေကောင်းသော ခရီးသွားလုပ်ငန်းကို အဆိုးဘက်မှ သက်ရောက်မှုရှိစေခဲ့သည်။ မတ်လတွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ခန့်မှန်းချက်တစ်ခုအရ ပဋိပက္ခသည် ခြောက်လထက်ပို၍ ကြာရှည်မည်ဆိုပါက ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးသည် သုံးသန်းအထိ လျော့ကျသွားမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးသွားမည်ဖြစ်သည်။
ဤငွေကြေးဖောင်းပွမှုမှ ဆင်းသက်လာသော ပြည်တွင်းမတည်ငြိမ်မှုများကို ကာကွယ်ရန်အတွက် အစိုးရများသည် အင်ဒိုနီးရှား၏ လောင်စာဆီ ထောက်ပံ့ကြေးများကို ဆက်လက်ပေးအပ်သွားမည့် ကတိကဝတ်နှင့်အတူ ကိုယ်ပိုင်မော်တော်ယာဉ်မောင်းသူများအတွက် လောင်စာဆီ ခွဲတမ်းချထားပေးခြင်းကဲ့သို့သော အလွန်အမင်း လိုအပ်နေသည့် အစီအမံများကို အကောင်အထည်ဖော်လျက်ရှိသည်။
ပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စံနှုန်းများပျက်ယွင်းလာခြင်း
အရှေ့တောင်အာရှ မြို့တော်များမှ သံတမန်ရေးရာ တုံ့ပြန်မှုများသည် ဤလမ်းကြောင်းအပေါ် နက်ရှိုင်းစွာ စိုးရိမ်မကင်းဖြစ်မှုများကို ထင်ဟပ်နေသည်။ မလေးရှား၊ ဘရူနိုင်းနှင့် တီမောလက်စ်တေ တို့သည် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများနှင့် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှု နှစ်ခုလုံးကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးမူဝါဒများကို ပြင်းပြင်းထန်ထန် ဝေဖန်သူ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ လုပ်ကြံခံရမှုကို "ခြွင်းချက်မရှိ" ရှုတ်ချခဲ့ပြီး၊ ဝါရှင်တန်နှင့် တဲလ်အဗစ်တို့သည် အရှေ့အလယ်ပိုင်းကို "ကြီးမားပြီး စဉ်ဆက်မပြတ် မတည်ငြိမ်မှု၏ အစွန်းဆီသို့" တွန်းပို့နေကြောင်း စွပ်စွဲခဲ့သည်။ အမေရိကန်၊ အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် စင်ကာပူကမူ "စေ့စပ်ညှိနှိုင်းမှုများ အဆင်မပြေခဲ့ခြင်းကို ဝမ်းနည်းမိကြောင်း" ပြောကြားခဲ့သည်။ သို့သော်လည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နောက်ပိုင်းပြောကြားချက်များအရ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်သည် ပင်လယ်ကွေ့နိုင်ငံများအပေါ် အီရန်၏ တိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည်။
မွတ်စလင်အများစုနေထိုင်သည့် အခြားအိမ်နီးချင်းနိုင်ငံများနှင့် မတူညီဘဲ အင်ဒိုနီးရှားသည် တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့ဘဲ အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးမှုများ အဆင်မပြေဖြစ်ခဲ့ခြင်းအပေါ် "အထူးပင် ဝမ်းနည်းမိကြောင်း" သာ ပြောကြားခဲ့သည်။ ကမ္ဘာ့ရေးရာများတွင် အင်ဒိုနီးရှားအနေဖြင့် ပိုမိုတက်ကြွစွာ ပါဝင်ရန် သမ္မတ ပရာဘိုဝို၏ မျှော်မှန်းချက်များနှင့်အညီ ၎င်းက ပဋိပက္ခကို ကြားဝင်စေ့စပ်ပေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း စစ်ပွဲဆင်နွှဲနေသော မည်သည့်ဘက်ကမျှ သူ၏ကမ်းလှမ်းမှုကို အလေးအနက် မထားခဲ့ကြဘဲ နောက်ပိုင်းထုတ်ပြန်ချက်များတွင် ပရာဘိုဝိုက ဆွေးနွေးပွဲများကို ကူညီပံ့ပိုးပေးရန် အခြားနိုင်ငံများက ပို၍ သင့်လျော်ကောင်း သင့်လျော်နိုင်ကြောင်း ဝန်ခံခဲ့သည်။ အမေရိကန်၏ လုပ်ရပ်များအပေါ် ပြည်တွင်းမှ ဝေဖန်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပရာဘိုဝိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် အင်ဒိုနီးရှား၏ ပါဝင်မှုကို ဆိုင်းငံ့ခဲ့သည်။
အနာဂတ်အလားအလာ
အာရှ၏ အံ့မခန်းတိုးတက်မှု (Asian miracle) သည် ပွင့်လင်းသော ကုန်သွယ်မှုနှင့် ပထဝီနိုင်ငံရေး တည်ငြိမ်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာစနစ်များ ဆက်လက်တည်ရှိနေမည်ဟူသော အခြေခံယူဆချက်အပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုစနစ်သည် ယခုအခါ ပြိုကွဲနေပြီဖြစ်သည်။ အရှေ့တောင်အာရှသည် စစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် အင်အားဆုတ်ယုတ်စေသော စွမ်းအင်အကျပ်အတည်းနှင့် ရန်လိုစွာ အကျပ်ကိုင်သော ကုန်သွယ်ရေးပတ်ဝန်းကျင်အကြား ညပ်နေသည်ကို တွေ့ရသည်။ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒေသတွင်း အစိုးရများသည် ၎င်းတို့၏ စွမ်းအင် အချုပ်အခြာအာဏာကို မည်သို့မြှင့်တင်မည်၊ ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်စွမ်းကို မည်သို့ခိုင်မာစေမည်နှင့် လျင်မြန်စွာ ယိုယွင်းလာနေသော စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်ကို မည်သို့ဖြတ်သန်းမည် ဆိုသည်တို့ကို အရေးတကြီး ဆုံးဖြတ်ရမည်ဖြစ်သည်။
ရည်ညွှန်းချက်း
၁။ အရှေ့တောင်အာရှနှင့် တတိယအကြိမ် ပင်လယ်ကွေ့စစ်ပွဲ (Southeast Asia and The Third Gulf War): fulcrum.sg
၂။ အာရှ၏ အကျပ်အတည်းသုံးရပ် (The Asian Trilemma): pushandutt.substack.com
ဒီဗင်ဒရာ ရှာမား (Devendra Sharma)ရေးသားသည်
အာရှဒေသအနှံ့အပြားတွင် စိုက်ပျိုးရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ အာရှတိုက်ကြီး၏ စပါးစိုက်ခင်း များတွင် တိတ်ဆိတ်သော အကျပ်အတည်းတစ်ခု စတင်ဖြစ်ပွားနေပြီဖြစ်သည်။ ကီလိုမီတာပေါင်းများစွာ ဝေးကွာသောနေရာမှ စတင်ခဲ့သည့် ပထဝီနိုင်ငံရေး ပဋိပက္ခသည် ဒေသတွင်း၌ ပြင်းထန်သော စက်သုံး ဆီနှင့် မြေဩဇာ အကျပ်အတည်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ကူးစက်လာခဲ့ပြီး ထပ်မံ၍ လူဦးရေ ၉.၁ သန်းအား စားနပ်ရိက္ခာ မလုံလောက်မှုဘေးသို့ တွန်းပို့နေပြီဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံပြီး ထိခိုက်လွယ်သော စီးပွားရေးရှိသည့် နိုင်ငံများအတွက်မူ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများသည် ယာယီဖြေရှင်းရုံမျှဖြင့် မလုံလောက်ဘဲ ကုန်သွယ် မှုအပေါ် မှီခိုနေရမှုများနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးများကို အခြေခံကျကျ ပြန်လည် သုံးသပ်ရန် လိုအပ်လျက်ရှိသည်။
သင်္ဘောတင်ခနှင့် အာမခံခများ မြင့်တက်လာခြင်းနှင့် မြေဩဇာ ပြတ်လပ်မှု အကျပ်အတည်း
လက်ရှိ စိုက်ပျိုးရေးကဏ္ဍ အကျပ်အတည်း၏ အဓိက အကြောင်းရင်းမှာ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အမှန်တကယ် ပိတ်ဆို့သွားခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာ့မြေဩဇာ ထောက်ပံ့မှု၏ သုံးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူရာ ဤအရေးပါသော ရေကြောင်း လမ်းသည် စစ်မက်ဖြစ်ပွားမှုများကြောင့် ပိတ်ဆို့သွားခဲ့ရပြီး ယင်း၏ အကျိုးဆက်အနေဖြင့် ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက်များကို တုန်လှုပ်စေခဲ့ပြီး ရေကြောင်းကုန်စည် အာမခံခနှင့် သင်္ဘောတင်ခ (FIS) များကို အဆမတန် မြင့်တက်စေခဲ့သည်။
ဤ FIS နှုန်းထားများ မြင့်တက်လာခြင်းသည် ရေနံစိမ်း သယ်ယူပို့ဆောင်ရေးကိုသာမက မြေဩဇာ ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများနှင့် ကုန်ကြမ်းများ သယ်ယူပို့ဆောင်ခကိုပါ ကြီးမားစွာ ရိုက်ခတ်စေခဲ့သည်။ ကမ္ဘာ့ယူရီးယား မြေဩဇာ တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ တာဝန်ယူထားသည့် ကာတာနှင့် ဆော်ဒီအာရေဗျကဲ့သို့ ပါရှန်ကွေ့နိုင်ငံများရှိ ထုတ်လုပ်မှု အဆောက်အအုံများသည် တိုက်ရိုက်ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီး ဖော့စဖိတ်အခြေခံ မြေဩဇာ ထုတ်လုပ်ရန် လိုအပ်သော ဆာလဖာ (Sulfur) ကဲ့သို့ အရေးကြီးသော ကုန်ကြမ်းများလည်း ပြတ်လပ် မှုနှင့် ရင်ဆိုင်နေရသည်။
မြေဩဇာ ကုန်ကျစရိတ် မြင့်တက်လာမှု အချက်အလက်များ
ယူရီးယားမြေဩဇာ အခြေခံစျေးနှုန်း- တစ်မက်ထရစ်တန်လျှင် ၈၅၇ ဒေါ်လာ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။
နှစ်ချုပ်ခန့်မှန်းချက်- ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း မြေဩဇာစျေးနှုန်း စုစုပေါင်း ၃၁ ရာခိုင်နှုန်း မြင့်တက်နိုင်ပြီး ယူရီးယားမြေဩဇာသည် ၆၀ ရာခိုင်နှုန်း ခန့်အထိ မြင့်တက်လာနိုင်သည်။
စိုက်ပျိုးရေး ကုန်ကျစရိတ်- သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၏ စျေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် စုစုပေါင်း စိုက်ပျိုးရေး ထုတ်လုပ်မှုစရိတ်သည် ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ မြင့်တက်လာသည်။
မေလမှ ဩဂုတ်လအတွင်း စပါးပျိုးပင်များ ရွှေ့ပြောင်းစိုက်ပျိုးကြမည့် အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့မှ အာရှလယ်သမားများအတွက် ဤကဲ့သို့ ကုန်ကျစရိတ် မြင့်တက်လာခြင်းမှာ လုံးဝ မခံရပ်နိုင်စရာ ဖြစ်လာသည်။ စပါးစိုက်ပျိုးခြင်းသည် မြေဩဇာ အလွန်အမင်း အသုံးပြုရသော ကဏ္ဍဖြစ်ပြီး အရှေ့ အလယ်ပိုင်း သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်သည့် နိုက်ထရိုဂျင်အခြေခံ မြေဩဇာများအပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။ မြင့်တက်လာသော စိုက်ပျိုးစရိတ်များကို စားသောက်ကုန်စျေးနှုန်းများပေါ်သို့ လွယ်လွယ်ကူကူ လွှဲပြောင်းမချနိုင်သည့် စျေးကွက်များတွင် လယ်သမားများသည် မြေဩဇာ သုံးစွဲမှုကို လျှော့ချရန်သာ ရွေးချယ်ကြလေ့ရှိပြီး ဤသို့ လျှော့ချခြင်းသည် သီးနှံအထွက်နှုန်းကို သိသိသာသာ ကျဆင်းစေမည်ဖြစ်ကာ ဒေသတွင်း စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည်။
ပိတ်ဆို့သွားသော ကုန်သွယ်မှုနှင့် ထိခိုက်လာသော ပို့ကုန်ဝင်ငွေများ
ဤအကျပ်အတည်းသည် ထောက်ပံ့ရေးကွင်းဆက်၏ ဘက်နှစ်ဖက်လုံးကို ထိခိုက်စေသည့် နှစ်ဖက်ညှပ် အခြေအနေဖြစ်သည်။ အာရှနိုင်ငံများသည် စိုက်ပျိုးရေး သွင်းအားစုများကို တင်သွင်းရန် ရုန်းကန် နေရချိန်တွင် အာရှနိုင်ငံများမှ ပါရှန်းကွေ့ဒေသသို့ စားနပ်ရိက္ခာ ပြတ်လည်တင်ပို့သည့် လမ်းကြောင်း သည်လည်း ထပ်တူ ရှုပ်ထွေးခက်ခဲလာခဲ့သည်။
ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းများသည် အန္တရာယ်များလာပြီး FIS ပရီမီယံကြေးများ မြင့်မားမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ အဆမတန် ကြီးမြင့်လာကာ တင်ပို့မည့် ကုန်စည် စျေးနှုန်းများကို မြင့်တက်စေသည့်အပြင် အာရှနိုင်ငံများ၏ ပို့ကုန်ဝင်ငွေကိုလည်း လျော့နည်း ကန့်သတ် စေသည်။ ဒေသတွင်း အဓိက စိုက်ပျိုးရေးနိုင်ငံများသည်ပင် ဤဒဏ်ကို စတင်ခံစားနေရပြီဖြစ်သည်။
ဗီယက်နမ်- ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆန်စပါးတင်ပို့သူဖြစ်ပြီး စွမ်းအင်စရိတ် မြင့်တက်မှုကြောင့် အကျိုးအမြတ် လျော့နည်းလာကာ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တက်ကြွစွာ လျှော့ချနေသည်။
ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်- အလားတူ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့စျေးကွက်သို့ အစားထိုး တင်ပို့နိုင်စွမ်း ကန့်သတ်ခံထားရသည်။
အိန္ဒိယ- ကမ္ဘာ့အကြီးဆုံး စပါးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏ သွင်းကုန်မြေဩဇာ ၄၀ ရာခိုင်နှုန်း မှာ ပါရှန်ကွေ့နိုင်ငံများအပေါ် တိုက်ရိုက်မှီခိုနေရသဖြင့် အလွန် ထိခိုက်လွယ်သော အခြေအနေတွင် ရှိနေသည်။
မြန်မာနိုင်ငံအတွက် လိုအပ်ချက်-ပထဝီနိုင်ငံရေး အခင်းအကျင်းကို ကျော်လွှားခြင်း
ဤကဲ့သို့ ပြိုကွဲပျက်စီးနေသော စီးပွားရေးအခင်းအကျင်းတွင် နိုင်ငံများသည် ချောမွေ့သော ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုစနစ် ရှိနေသည်ဟူသော အတွေးမှားအပေါ် ဆက်လက် မှီခိုနေ၍မရတော့ပေ။ လက်ရှိ အကျပ်အတည်းက ပြသနေသည်မှာ ဒေသတွင်း စားနပ်ရိက္ခာ လုံခြုံမှုသည် အနောက်အုပ်စုလိုလားသော ပထဝီနိုင်ငံရေး မဟာဗျူဟာများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ ပြင်းထန်သော နိုင်ငံခြားရေးမူဝါဒ အကျိုးဆက်များအပေါ်တွင် မည်မျှအထိ ထိခိုက်လွယ်နေသည်ဟူသောအချက်ပင် ဖြစ် သည်။
မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ တည်ငြိမ်မှုသည် စိုက်ပျိုးရေးကဏ္ဍ၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်စပ် နေသဖြင့် ယခင်အတိုင်း ပုံမှန်အတိုင်းသာ ဆက်လက်လုပ်ကိုင်နေပါက ရေရှည်တွင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ စားနပ်ရိက္ခာ ဖူလုံမှုကို စိတ်ချရသော လမ်းကြောင်းပေါ်သို့ ပို့ဆောင်ရန်အတွက် မြန်မာနိုင်ငံသည် မိမိ၏ မဟာဗျူဟာမြောက် အာုံစိုက်မှုကို တက်ကြွစွာ ပြောင်းလဲရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အကြံပြုချက်များ-
ခံနိုင်ရည်ရှိသော မဟာမိတ်အုပ်စုများဆီသို့ ဦးတည်ခြင်း: အမေရိကန်၏ ပြင်းထန်သော နိုင်ငံခြား ရေးမူဝါဒများကို တွန်းလှန်ကျော်လွှားရန် အသင့်ရှိသည့် ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ခိုင်မာ သော နှစ်ဦးနှစ်ဖက် သို့မဟုတ် ဘက်စုံမိတ်ဖက် ဆက်ဆံရေးများကို တည်ဆောက်ခြင်း။
အစားထိုး လမ်းကြောင်းများ ဖော်ဆောင်ခြင်း- ထိခိုက်လွယ်သော အရှေ့အလယ်ပိုင်း ရေကြောင်း လမ်းများကို ရှောင်လွှဲနိုင်ရန် အစိုးရအချင်းချင်း (State-to-State) တိုက်ရိုက်ချိတ်ဆက်၍ မြေဩဇာ၊ ကုန်ကြမ်းများနှင့် စက်သုံးဆီ တင်သွင်းမှု သဘောတူညီချက်များ ရယူခြင်း။
သွင်းကုန်ကွန်ရက်များကို စုံလင်အောင်ထားရှိခြင်း- စစ်မက်ဖြစ်ပွားရာဇုန်ကို ရှောင်ကွင်းနိုင်ရန် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ အစားထိုးမြေဩဇာ တင်ပို့သူများကို ရှာဖွေနေသည့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံ၏ လုပ်ဆောင်ချက်များကို နမူနာယူ ဆောင်ရွက်ခြင်း။
ရှေ့ဆက်ရမည့် လမ်းစဉ်
ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်ပွားနေသော ပထဝီနိုင်ငံရေး အကျပ်အတည်းသည် အာရှ၏ စားနပ် ရိက္ခာစနစ် မည်မျှအထိ မခိုင်မာကြောင်းကို ကောင်းစွာ ဖော်ပြနေသည်။ အရှေ့အလယ်ပိုင်းဒေသမှ ရေကြောင်းပိတ်ဆို့မှုတစ်ခုသည် အရှေ့တောင်အာရှရှိ စပါးပျိုးပင်များ၏ စျေးနှုန်းကို လာရောက် လွှမ်းမိုးနိုင်သည့်အခါ လုံးဝဥဿုံ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်ရန်မှာ မဖြစ်နိုင်သော်လည်း မဟာ ဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Strategic Autonomy) ရှိရန်မှာ မရှိမဖြစ် လိုအပ်လှသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအတွက် ဤထိုးနှက်ချက်ကို ကျော်လွှားရန်မှာ မြေဩဇာစျေးနှုန်း ခေတ္တမြင့်တက်မှုကို တောင့်ခံရုံမျှတင် မဟုတ်တော့ဘဲ ဒေသတွင်း ပြည်သူများကို ကျွေးမွေးနေသည့် စိုက်ပျိုးရေးမြေများ ဘယ်တော့မှ ခန်းခြောက်မသွားစေရန် ဒေသတွင်း ကုန်သွယ်မှု စည်းမျဉ်းများကို ပြန်လည်ရေးဆွဲရမည့် အချိန်ပင်ဖြစ်ကြောင်းသုံးသပ်တင်ပြရပါသည်။
ကိုးကားချက်များ
Nikkei Asia: Rice farmers in India, Vietnam and Thailand brace for fertilizer shock (https://asia.nikkei.com/business/agriculture/rice-farmers-in-india-vietnam-and-thailand-brace-for-fertilizer-shock)
The Globe and Mail: Fertilizer shortages sow trouble for Asia as food prices explode (https://www.theglobeandmail.com/world/article-fertilizer-shortages-asia-food-prices-explainer/)
By Devendra Sharma
As the planting season grips much of Asia, a quiet crisis is unfolding across the continent’s rice paddies. What began as a geopolitical flashpoint thousands of miles away has rapidly deteriorated into a severe regional fuel and fertilizer crisis, threatening to plunge an additional 9.1 million people into acute food insecurity. For major agricultural nations and vulnerable economies like Myanmar alike, the current breakdown of global supply chains demands more than just temporary mitigation—it requires a fundamental reassessment of trade dependencies and strategic partnerships.
The Shipping Shockwave: Rising FIS and Fertilizer Shortages
The primary catalyst for this impending agricultural disaster is the de facto closure of the Strait of Hormuz due to the ongoing Iran war. This vital maritime artery, through which roughly a third of the world's fertilizer supply passes, has been effectively choked off by hostilities. The consequences have shocked global supply chains, drastically raising freight insurance and shipping charges (FIS).
This FIS surge impacts far more than just crude oil shipments ; it has heavily inflated the transport costs of essential components and raw inputs required for fertilizer production. Production facilities in Persian Gulf states like Qatar and Saudi Arabia—which account for 30% to 35% of global urea exports—have suffered direct damage, while critical ingredients like sulfur are facing acute shortages.
The Fertilizer Cost Crunch (2026 Data)
* Urea Benchmark Price: Reached a staggering $857 per metric ton, more than doubling its year-earlier level.
* Annual Projection: The World Bank forecasts overall fertilizer prices to rise 31% over the year, with urea driven up by roughly 60%.
* Production Costs: Skyrocketing prices of transportation and agricultural supplies are raising total farming production costs by 50% to 80%.
For Asian farmers in India, Vietnam, and Thailand who transplant seedlings between May and August, these inflated costs are completely untenable. Rice growing is uniquely fertilizer-intensive, relying heavily on nitrogen-based options derived from Middle Eastern natural gas. In emerging markets where costs are especially hard to pass on in food prices, the standard response is to simply reduce fertilizer use. This inevitable reduction will severely depress crop yields, drastically escalating the risk of a widespread regional food crisis.
Choked Trade and Throttled Incomes
The disruption is a two-way street that penalizes both ends of the supply chain. While Asian nations struggle to import agricultural inputs, the reverse flow of food supplies from Asian countries to the Gulf Region has become equally complicated.
As maritime shipping routes become perilous and prohibitively expensive due to elevated FIS premiums, the friction in transport logistics drives up destination food prices while simultaneously throttling the export incomes of Asian countries. Regional heavyweights are already buckling under the strain:
Vietnam: The world's second-largest rice exporter is actively cutting production as surging energy costs compress profit margins.
Thailand & Bangladesh: Facing similar severe margin pressures, limiting their ability to step in as alternative global suppliers.
India: As the world's largest rice grower, India remains highly vulnerable because 40% of its imported fertilizer relies directly on the disrupted Gulf states.
Myanmar’s Imperative: Navigating Geopolitical Realities
In this fractured economic landscape, nations can no longer rely on the illusion of seamless, globalized trade. The current crisis underscores how vulnerable regional food security remains to Western-aligned geopolitical strategies and the fallout of aggressive US foreign policy actions in the Middle East.
For Myanmar, a country whose domestic stability is tightly bound to its agricultural fortunes, continuing with business-as-usual is a recipe for disaster. To fortify its path toward true food security, Myanmar must proactively shift its strategic focus.
Strategic Recommendations for Myanmar:
* Pivot Toward Resilient Blocs: Cultivate robust bilateral and multilateral partnerships with countries and regional blocs that are actively prepared to resist aggressive US foreign policy.
* Build Alternative Corridors: Establish direct state-to-state fertilizer, input component, and fuel agreements outside of vulnerable Middle Eastern transit choke points.
* Diversify Import Networks: Follow the lead of neighbors like India, which is actively looking to alternative fertilizer exporters in Malaysia and Indonesia to bypass the war zone.
The Way Forward
The geopolitical crisis in the Strait of Hormuz has laid bare the extreme fragility of Asia’s food systems. When a bottleneck in the Persian Gulf can dictate the price of rice seedlings in Southeast Asia, absolute self-reliance is a myth, but strategic autonomy is a necessity. For Myanmar and its neighbors, navigating this shock is no longer just about weathering a temporary spike in fertilizer prices ; it is about rewriting the rules of regional trade to ensure that the fields feeding the continent never run dry.
References
Nikkei Asia: Rice farmers in India, Vietnam and Thailand brace for fertilizer shock (https://asia.nikkei.com/business/agriculture/rice-farmers-in-india-vietnam-and-thailand-brace-for-fertilizer-shock)
The Globe and Mail: Fertilizer shortages sow trouble for Asia as food prices explode (https://www.theglobeandmail.com/world/article-fertilizer-shortages-asia-food-prices-explainer/)
21 June 2026
Myanmar is looking forward to deeper and all-round cooperation with China, the country's President U Min Aung Hlaing said in an interview with China Media Group (CMG) during his state visit to China.
Source CCTV+
ဒီဗင်ဒရာ ရှာမား (Devendra Sharma)ရေးသားသည်
အာရှဒေသအနှံ့အပြားတွင် စိုက်ပျိုးရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ အာရှတိုက်ကြီး၏ စပါးစိုက်ခင်း များတွင် တိတ်ဆိတ်သော အကျပ်အတည်းတစ်ခု စတင်ဖြစ်ပွားနေပြီဖြစ်သည်။ ကီလိုမီတာပေါင်းများစွာ ဝေးကွာသောနေရာမှ စတင်ခဲ့သည့် ပထဝီနိုင်ငံရေး ပဋိပက္ခသည် ဒေသတွင်း၌ ပြင်းထန်သော စက်သုံး ဆီနှင့် မြေဩဇာ အကျပ်အတည်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ကူးစက်လာခဲ့ပြီး ထပ်မံ၍ လူဦးရေ ၉.၁ သန်းအား စားနပ်ရိက္ခာ မလုံလောက်မှုဘေးသို့ တွန်းပို့နေပြီဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံပြီး ထိခိုက်လွယ်သော စီးပွားရေးရှိသည့် နိုင်ငံများအတွက်မူ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများသည် ယာယီဖြေရှင်းရုံမျှဖြင့် မလုံလောက်ဘဲ ကုန်သွယ် မှုအပေါ် မှီခိုနေရမှုများနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးများကို အခြေခံကျကျ ပြန်လည် သုံးသပ်ရန် လိုအပ်လျက်ရှိသည်။
သင်္ဘောတင်ခနှင့် အာမခံခများ မြင့်တက်လာခြင်းနှင့် မြေဩဇာ ပြတ်လပ်မှု အကျပ်အတည်း
လက်ရှိ စိုက်ပျိုးရေးကဏ္ဍ အကျပ်အတည်း၏ အဓိက အကြောင်းရင်းမှာ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အမှန်တကယ် ပိတ်ဆို့သွားခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာ့မြေဩဇာ ထောက်ပံ့မှု၏ သုံးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူရာ ဤအရေးပါသော ရေကြောင်း လမ်းသည် စစ်မက်ဖြစ်ပွားမှုများကြောင့် ပိတ်ဆို့သွားခဲ့ရပြီး ယင်း၏ အကျိုးဆက်အနေဖြင့် ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက်များကို တုန်လှုပ်စေခဲ့ပြီး ရေကြောင်းကုန်စည် အာမခံခနှင့် သင်္ဘောတင်ခ (FIS) များကို အဆမတန် မြင့်တက်စေခဲ့သည်။
ဤ FIS နှုန်းထားများ မြင့်တက်လာခြင်းသည် ရေနံစိမ်း သယ်ယူပို့ဆောင်ရေးကိုသာမက မြေဩဇာ ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများနှင့် ကုန်ကြမ်းများ သယ်ယူပို့ဆောင်ခကိုပါ ကြီးမားစွာ ရိုက်ခတ်စေခဲ့သည်။ ကမ္ဘာ့ယူရီးယား မြေဩဇာ တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ တာဝန်ယူထားသည့် ကာတာနှင့် ဆော်ဒီအာရေဗျကဲ့သို့ ပါရှန်ကွေ့နိုင်ငံများရှိ ထုတ်လုပ်မှု အဆောက်အအုံများသည် တိုက်ရိုက်ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီး ဖော့စဖိတ်အခြေခံ မြေဩဇာ ထုတ်လုပ်ရန် လိုအပ်သော ဆာလဖာ (Sulfur) ကဲ့သို့ အရေးကြီးသော ကုန်ကြမ်းများလည်း ပြတ်လပ် မှုနှင့် ရင်ဆိုင်နေရသည်။
မြေဩဇာ ကုန်ကျစရိတ် မြင့်တက်လာမှု အချက်အလက်များ
ယူရီးယားမြေဩဇာ အခြေခံစျေးနှုန်း- တစ်မက်ထရစ်တန်လျှင် ၈၅၇ ဒေါ်လာ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။
နှစ်ချုပ်ခန့်မှန်းချက်- ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း မြေဩဇာစျေးနှုန်း စုစုပေါင်း ၃၁ ရာခိုင်နှုန်း မြင့်တက်နိုင်ပြီး ယူရီးယားမြေဩဇာသည် ၆၀ ရာခိုင်နှုန်း ခန့်အထိ မြင့်တက်လာနိုင်သည်။
စိုက်ပျိုးရေး ကုန်ကျစရိတ်- သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၏ စျေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် စုစုပေါင်း စိုက်ပျိုးရေး ထုတ်လုပ်မှုစရိတ်သည် ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ မြင့်တက်လာသည်။
မေလမှ ဩဂုတ်လအတွင်း စပါးပျိုးပင်များ ရွှေ့ပြောင်းစိုက်ပျိုးကြမည့် အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့မှ အာရှလယ်သမားများအတွက် ဤကဲ့သို့ ကုန်ကျစရိတ် မြင့်တက်လာခြင်းမှာ လုံးဝ မခံရပ်နိုင်စရာ ဖြစ်လာသည်။ စပါးစိုက်ပျိုးခြင်းသည် မြေဩဇာ အလွန်အမင်း အသုံးပြုရသော ကဏ္ဍဖြစ်ပြီး အရှေ့ အလယ်ပိုင်း သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်သည့် နိုက်ထရိုဂျင်အခြေခံ မြေဩဇာများအပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။ မြင့်တက်လာသော စိုက်ပျိုးစရိတ်များကို စားသောက်ကုန်စျေးနှုန်းများပေါ်သို့ လွယ်လွယ်ကူကူ လွှဲပြောင်းမချနိုင်သည့် စျေးကွက်များတွင် လယ်သမားများသည် မြေဩဇာ သုံးစွဲမှုကို လျှော့ချရန်သာ ရွေးချယ်ကြလေ့ရှိပြီး ဤသို့ လျှော့ချခြင်းသည် သီးနှံအထွက်နှုန်းကို သိသိသာသာ ကျဆင်းစေမည်ဖြစ်ကာ ဒေသတွင်း စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည်။
ပိတ်ဆို့သွားသော ကုန်သွယ်မှုနှင့် ထိခိုက်လာသော ပို့ကုန်ဝင်ငွေများ
ဤအကျပ်အတည်းသည် ထောက်ပံ့ရေးကွင်းဆက်၏ ဘက်နှစ်ဖက်လုံးကို ထိခိုက်စေသည့် နှစ်ဖက်ညှပ် အခြေအနေဖြစ်သည်။ အာရှနိုင်ငံများသည် စိုက်ပျိုးရေး သွင်းအားစုများကို တင်သွင်းရန် ရုန်းကန် နေရချိန်တွင် အာရှနိုင်ငံများမှ ပါရှန်းကွေ့ဒေသသို့ စားနပ်ရိက္ခာ ပြတ်လည်တင်ပို့သည့် လမ်းကြောင်း သည်လည်း ထပ်တူ ရှုပ်ထွေးခက်ခဲလာခဲ့သည်။
ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းများသည် အန္တရာယ်များလာပြီး FIS ပရီမီယံကြေးများ မြင့်မားမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ အဆမတန် ကြီးမြင့်လာကာ တင်ပို့မည့် ကုန်စည် စျေးနှုန်းများကို မြင့်တက်စေသည့်အပြင် အာရှနိုင်ငံများ၏ ပို့ကုန်ဝင်ငွေကိုလည်း လျော့နည်း ကန့်သတ် စေသည်။ ဒေသတွင်း အဓိက စိုက်ပျိုးရေးနိုင်ငံများသည်ပင် ဤဒဏ်ကို စတင်ခံစားနေရပြီဖြစ်သည်။
ဗီယက်နမ်- ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆန်စပါးတင်ပို့သူဖြစ်ပြီး စွမ်းအင်စရိတ် မြင့်တက်မှုကြောင့် အကျိုးအမြတ် လျော့နည်းလာကာ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တက်ကြွစွာ လျှော့ချနေသည်။
ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်- အလားတူ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့စျေးကွက်သို့ အစားထိုး တင်ပို့နိုင်စွမ်း ကန့်သတ်ခံထားရသည်။
အိန္ဒိယ- ကမ္ဘာ့အကြီးဆုံး စပါးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏ သွင်းကုန်မြေဩဇာ ၄၀ ရာခိုင်နှုန်း မှာ ပါရှန်ကွေ့နိုင်ငံများအပေါ် တိုက်ရိုက်မှီခိုနေရသဖြင့် အလွန် ထိခိုက်လွယ်သော အခြေအနေတွင် ရှိနေသည်။
မြန်မာနိုင်ငံအတွက် လိုအပ်ချက်-ပထဝီနိုင်ငံရေး အခင်းအကျင်းကို ကျော်လွှားခြင်း
ဤကဲ့သို့ ပြိုကွဲပျက်စီးနေသော စီးပွားရေးအခင်းအကျင်းတွင် နိုင်ငံများသည် ချောမွေ့သော ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုစနစ် ရှိနေသည်ဟူသော အတွေးမှားအပေါ် ဆက်လက် မှီခိုနေ၍မရတော့ပေ။ လက်ရှိ အကျပ်အတည်းက ပြသနေသည်မှာ ဒေသတွင်း စားနပ်ရိက္ခာ လုံခြုံမှုသည် အနောက်အုပ်စုလိုလားသော ပထဝီနိုင်ငံရေး မဟာဗျူဟာများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ ပြင်းထန်သော နိုင်ငံခြားရေးမူဝါဒ အကျိုးဆက်များအပေါ်တွင် မည်မျှအထိ ထိခိုက်လွယ်နေသည်ဟူသောအချက်ပင် ဖြစ် သည်။
မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ တည်ငြိမ်မှုသည် စိုက်ပျိုးရေးကဏ္ဍ၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်စပ် နေသဖြင့် ယခင်အတိုင်း ပုံမှန်အတိုင်းသာ ဆက်လက်လုပ်ကိုင်နေပါက ရေရှည်တွင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ စားနပ်ရိက္ခာ ဖူလုံမှုကို စိတ်ချရသော လမ်းကြောင်းပေါ်သို့ ပို့ဆောင်ရန်အတွက် မြန်မာနိုင်ငံသည် မိမိ၏ မဟာဗျူဟာမြောက် အာုံစိုက်မှုကို တက်ကြွစွာ ပြောင်းလဲရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အကြံပြုချက်များ-
ခံနိုင်ရည်ရှိသော မဟာမိတ်အုပ်စုများဆီသို့ ဦးတည်ခြင်း: အမေရိကန်၏ ပြင်းထန်သော နိုင်ငံခြား ရေးမူဝါဒများကို တွန်းလှန်ကျော်လွှားရန် အသင့်ရှိသည့် ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ခိုင်မာ သော နှစ်ဦးနှစ်ဖက် သို့မဟုတ် ဘက်စုံမိတ်ဖက် ဆက်ဆံရေးများကို တည်ဆောက်ခြင်း။
အစားထိုး လမ်းကြောင်းများ ဖော်ဆောင်ခြင်း- ထိခိုက်လွယ်သော အရှေ့အလယ်ပိုင်း ရေကြောင်း လမ်းများကို ရှောင်လွှဲနိုင်ရန် အစိုးရအချင်းချင်း (State-to-State) တိုက်ရိုက်ချိတ်ဆက်၍ မြေဩဇာ၊ ကုန်ကြမ်းများနှင့် စက်သုံးဆီ တင်သွင်းမှု သဘောတူညီချက်များ ရယူခြင်း။
သွင်းကုန်ကွန်ရက်များကို စုံလင်အောင်ထားရှိခြင်း- စစ်မက်ဖြစ်ပွားရာဇုန်ကို ရှောင်ကွင်းနိုင်ရန် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ အစားထိုးမြေဩဇာ တင်ပို့သူများကို ရှာဖွေနေသည့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံ၏ လုပ်ဆောင်ချက်များကို နမူနာယူ ဆောင်ရွက်ခြင်း။
ရှေ့ဆက်ရမည့် လမ်းစဉ်
ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်ပွားနေသော ပထဝီနိုင်ငံရေး အကျပ်အတည်းသည် အာရှ၏ စားနပ် ရိက္ခာစနစ် မည်မျှအထိ မခိုင်မာကြောင်းကို ကောင်းစွာ ဖော်ပြနေသည်။ အရှေ့အလယ်ပိုင်းဒေသမှ ရေကြောင်းပိတ်ဆို့မှုတစ်ခုသည် အရှေ့တောင်အာရှရှိ စပါးပျိုးပင်များ၏ စျေးနှုန်းကို လာရောက် လွှမ်းမိုးနိုင်သည့်အခါ လုံးဝဥဿုံ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်ရန်မှာ မဖြစ်နိုင်သော်လည်း မဟာ ဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Strategic Autonomy) ရှိရန်မှာ မရှိမဖြစ် လိုအပ်လှသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအတွက် ဤထိုးနှက်ချက်ကို ကျော်လွှားရန်မှာ မြေဩဇာစျေးနှုန်း ခေတ္တမြင့်တက်မှုကို တောင့်ခံရုံမျှတင် မဟုတ်တော့ဘဲ ဒေသတွင်း ပြည်သူများကို ကျွေးမွေးနေသည့် စိုက်ပျိုးရေးမြေများ ဘယ်တော့မှ ခန်းခြောက်မသွားစေရန် ဒေသတွင်း ကုန်သွယ်မှု စည်းမျဉ်းများကို ပြန်လည်ရေးဆွဲရမည့် အချိန်ပင်ဖြစ်ကြောင်းသုံးသပ်တင်ပြရပါသည်။
ကိုးကားချက်များ
Nikkei Asia: Rice farmers in India, Vietnam and Thailand brace for fertilizer shock (https://asia.nikkei.com/business/agriculture/rice-farmers-in-india-vietnam-and-thailand-brace-for-fertilizer-shock)
The Globe and Mail: Fertilizer shortages sow trouble for Asia as food prices explode (https://www.theglobeandmail.com/world/article-fertilizer-shortages-asia-food-prices-explainer/)
By- Simon Creed
အရှေ့တောင်အာရှ၏ စီးပွားရေး အခြေခံအုတ်မြစ်များသည် မကြုံစဖူးသော ဖိအားပေးစမ်းသပ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ယုံကြည်စိတ်ချရသော စွမ်းအင်အရင်းအမြစ်များ မရှိခြင်း၊ ပြင်းထန်သော အကောက်ခွန်အတားအဆီးများကို ရုတ်တရက် ချမှတ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ပြင်းထန်စွာ ပိတ်ဆို့ခြင်းတို့သည် ပေါင်းစပ်သွားကာ အဆိုးရွားဆုံး အခြေအနေတစ်ရပ် (perfect storm) ကို ဖန်တီးနေသည်။ ဤပေါင်းစပ်မှုသည် ပို့ကုန်များကို လျော့ကျစေရန်၊ အမျိုးသားစီးပွားရေးများတွင် ငွေကြေးဖောင်းပွမှုကို သိသိသာသာ မြင့်တက်စေရန်နှင့် ဆယ်စုနှစ်ငါးခုတိုင်တိုင် ဒေသတွင်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့သော ပထဝီနိုင်ငံရေးစနစ်ကို မတည်မငြိမ်ဖြစ်စေရန် ခြိမ်းခြောက်နေသည်။
သင့်အတွက် မေးခွန်းတစ်ခု ရှိပါသည်။ ပို့ကုန်များသည် ဂျီဒီပီ (GDP) ၏ ထက်ဝက်ကျော်ရှိသော စီးပွားရေးနိုင်ငံများကို အမည်တပ်ပြပါ။ ဂျာမနီလား။ မဟုတ်ပါ — ၄၁ ရာခိုင်နှုန်းသာ ရှိသည်။ တရုတ်လား။ မဟုတ်ပါ — ၂၀ ရာခိုင်နှုန်းသာ ရှိသည်။ အဖြေများမှာ ဗီယက်နမ် (၉၀ ရာခိုင်နှုန်း)၊ ကမ္ဘောဒီးယားနှင့် မလေးရှား (၇၀ ရာခိုင်နှုန်း)၊ ထိုင်း (၆၀ ရာခိုင်နှုန်း) နှင့် မိမိထုတ်လုပ်သည်ထက် ပိုမိုတင်ပို့ကာ ၁၇၅ ရာခိုင်နှုန်းအထိရှိသော စင်ကာပူတို့ ဖြစ်ကြပြီး ၎င်းသည် စီးပွားရေးအရ မှော်ပြကွက်တစ်ခုနှင့် တူညီသည်။ ဤနိုင်ငံများသည် ပို့ကုန်ကိုသာ အဓိကထားသော စီးပွားရေးနိုင်ငံများသက်သက် မဟုတ်ပါ။ ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှု (globalization) ၏ နှလုံးခုန်သံများ ဖြစ်ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်ငါးခုအတွင်းက ကုန်စည်၊ အရင်းအနှီးနှင့် နည်းပညာ စီးဆင်းမှုများကို ဖယ်ရှားလိုက်မည်ဆိုပါက အာရှပုံစံကိုယ်နှိုက်ကိုပါ ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။
ခြိမ်းခြောက်မှုနှစ်ရပ်- အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ကုန်သွယ်ရေးအရ အကျပ်ကိုင်မှု
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကိုဆန့်ကျင်၍ Operation Epic Fury (အက်ပစ်ဖျူရီ စစ်ဆင်ရေး) မှတစ်ဆင့် စတင်ခဲ့သော အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ဖျက်ဆီးမှုဆိုးကျိုးများသည် ယခုအခါ အာရှဒေသတွင်းရှိ နိုင်ငံများကို တိုက်ရိုက် ထိခိုက်နေပြီဖြစ်သည်။ ထရမ့်အစိုးရလက်ထက်တွင် ပြန်လည်စတင်လာသော "အကောက်ခွန်စစ်ပွဲများ" နှင့် ဤပဋိပက္ခ၏ အဆိုးမြင်သက်ရောက်မှုများ ပေါင်းစပ်သွားခြင်းက အရှေ့တောင်အာရှ၏ ပို့ကုန်အခြေပြု စီးပွားရေးများကို အပြင်းထန်ဆုံး ရိုက်ခတ်လျက်ရှိသည်။
ထရမ့်၏ အကျပ်ကိုင်သော ကုန်သွယ်ရေးမူဝါဒများသည် ဤနိုင်ငံများအပေါ် ပြင်းထန်သော ဖိအားများကို သက်ရောက်စေခဲ့သည်။ ဤအကောက်ခွန်များသည် ရုတ်တရက်ဖြစ်ခြင်း၊ မတည်ငြိမ်ခြင်း၊ ဖြစ်ချင်တိုင်းဖြစ်နေခြင်းနှင့် အကျပ်ကိုင်ခြင်းတို့ ဖြစ်သည်။ ကြီးမားသော စီးပွားရေးပျက်စီးဆုံးရှုံးမှုများကို ရှောင်ရှားရန်အတွက် နိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေး လိုက်လျောမှုများနှင့် အကောက်ခွန် ကင်းလွတ်ခွင့်များကို ဖလှယ်ကာ ဖိအားပေးခံရမှုအောက်တွင် သဘောတူညီချက်များရရှိရန် အပြေးအလွှား လုပ်ဆောင်လာကြရသည်။ လမ်းကြောင်းပြောင်းလဲမှုကို တားဆီးရန် ရည်ရွယ်သည့် ၄၀ ရာခိုင်နှုန်းသော ကုန်စည်လွှဲပြောင်းတင်ပို့မှုဆိုင်ရာ အကောက်ခွန် (transhipment tariffs) ခြိမ်းခြောက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းစသည့်နိုင်ငံများသည် လုပ်ငန်းလည်ပတ်မှုနှင့် စည်းမျဉ်းလိုက်နာမှုဆိုင်ရာ အိပ်မက်ဆိုးတစ်ခုနှင့် ရင်ဆိုင်နေရသည်။
စွမ်းအင် အကျပ်အတည်းနှင့် ကြီးထွားလာသော ငွေကြေးဖောင်းပွမှု
အချိန်ကြာမြင့်စွာ လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းက အာဆီယံ စီးပွားရေးနိုင်ငံများတစ်ဝန်းတွင် ငွေကြေးဖောင်းပွမှုကို သိသိသာသာ မြင့်တက်လာစေရန်၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် လူမှုရေးမတည်ငြိမ်မှု အန္တရာယ်ကို မြင့်တက်လာစေရန် ခြိမ်းခြောက်လျက်ရှိသည်။
အရှေ့တောင်အာရှအပေါ် စွမ်းအင်အကျပ်အတည်း၏ သက်ရောက်မှုသည် ပြင်းထန်လှသည်။ အချို့သော အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏ကိုယ်ပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထုတ်လုပ်ကြပြီး ကွဲပြားသော ထောက်ပံ့ရေးအရင်းအမြစ်များ ရှိသော်လည်း၊ ဒေသတစ်ခုလုံးအနေဖြင့် အရှေ့အလယ်ပိုင်းမှ ရုပ်ကြွင်းလောင်စာများအပေါ် အလွန်အမင်း မှီခိုနေရဆဲဖြစ်ရာ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများအပေါ် အလွန်လွယ်ကူစွာ ထိခိုက်နိုင်လျက်ရှိသည်။ ဒေသတွင်း နိုင်ငံအများစုသည် ရေနံသီးသန့်သိုလှောင်မှု ၃၀ ရက်မှ ရက် ၁၀၀ စာကြားသာ ရှိကြသည်။
ချက်ချင်းဆိုသလို စီးပွားရေး ဂယက်ရိုက်ခတ်မှုများကို မြင်တွေ့နေရပြီဖြစ်သည်။ စစ်ပွဲစတင်ဖြစ်ပွားချိန်တွင် အရှေ့တောင်အာရှတစ်ဝန်း လောင်စာဆီဈေးနှုန်းများ အဟုန်ဖြင့် မြင့်တက်သွားခဲ့သည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများသည် ၅၀ ရာခိုင်နှုန်းအထိ တက်သွားခဲ့သည်။ ရေနံစိမ်းမှ ထုတ်လုပ်သော လေယာဉ်ဆီဈေးနှုန်းမှာလည်း နှစ်ဆတက်သွားခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ လေကြောင်းခရီးစဉ် ပြတ်တောက်မှုများအပေါ် အချို့သော အရှေ့တောင်အာရှ လေကြောင်းလိုင်းများက အခွင့်ကောင်းယူနိုင်ခဲ့သော်လည်း မြင့်တက်လာသော လက်မှတ်ဈေးနှုန်းများက ဒေသတွင်း ဝင်ငွေကောင်းသော ခရီးသွားလုပ်ငန်းကို အဆိုးဘက်မှ သက်ရောက်မှုရှိစေခဲ့သည်။ မတ်လတွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ခန့်မှန်းချက်တစ်ခုအရ ပဋိပက္ခသည် ခြောက်လထက်ပို၍ ကြာရှည်မည်ဆိုပါက ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးသည် သုံးသန်းအထိ လျော့ကျသွားမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးသွားမည်ဖြစ်သည်။
ဤငွေကြေးဖောင်းပွမှုမှ ဆင်းသက်လာသော ပြည်တွင်းမတည်ငြိမ်မှုများကို ကာကွယ်ရန်အတွက် အစိုးရများသည် အင်ဒိုနီးရှား၏ လောင်စာဆီ ထောက်ပံ့ကြေးများကို ဆက်လက်ပေးအပ်သွားမည့် ကတိကဝတ်နှင့်အတူ ကိုယ်ပိုင်မော်တော်ယာဉ်မောင်းသူများအတွက် လောင်စာဆီ ခွဲတမ်းချထားပေးခြင်းကဲ့သို့သော အလွန်အမင်း လိုအပ်နေသည့် အစီအမံများကို အကောင်အထည်ဖော်လျက်ရှိသည်။
ပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စံနှုန်းများပျက်ယွင်းလာခြင်း
အရှေ့တောင်အာရှ မြို့တော်များမှ သံတမန်ရေးရာ တုံ့ပြန်မှုများသည် ဤလမ်းကြောင်းအပေါ် နက်ရှိုင်းစွာ စိုးရိမ်မကင်းဖြစ်မှုများကို ထင်ဟပ်နေသည်။ မလေးရှား၊ ဘရူနိုင်းနှင့် တီမောလက်စ်တေ တို့သည် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများနှင့် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှု နှစ်ခုလုံးကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးမူဝါဒများကို ပြင်းပြင်းထန်ထန် ဝေဖန်သူ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ လုပ်ကြံခံရမှုကို "ခြွင်းချက်မရှိ" ရှုတ်ချခဲ့ပြီး၊ ဝါရှင်တန်နှင့် တဲလ်အဗစ်တို့သည် အရှေ့အလယ်ပိုင်းကို "ကြီးမားပြီး စဉ်ဆက်မပြတ် မတည်ငြိမ်မှု၏ အစွန်းဆီသို့" တွန်းပို့နေကြောင်း စွပ်စွဲခဲ့သည်။ အမေရိကန်၊ အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် စင်ကာပူကမူ "စေ့စပ်ညှိနှိုင်းမှုများ အဆင်မပြေခဲ့ခြင်းကို ဝမ်းနည်းမိကြောင်း" ပြောကြားခဲ့သည်။ သို့သော်လည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နောက်ပိုင်းပြောကြားချက်များအရ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်သည် ပင်လယ်ကွေ့နိုင်ငံများအပေါ် အီရန်၏ တိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည်။
မွတ်စလင်အများစုနေထိုင်သည့် အခြားအိမ်နီးချင်းနိုင်ငံများနှင့် မတူညီဘဲ အင်ဒိုနီးရှားသည် တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့ဘဲ အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးမှုများ အဆင်မပြေဖြစ်ခဲ့ခြင်းအပေါ် "အထူးပင် ဝမ်းနည်းမိကြောင်း" သာ ပြောကြားခဲ့သည်။ ကမ္ဘာ့ရေးရာများတွင် အင်ဒိုနီးရှားအနေဖြင့် ပိုမိုတက်ကြွစွာ ပါဝင်ရန် သမ္မတ ပရာဘိုဝို၏ မျှော်မှန်းချက်များနှင့်အညီ ၎င်းက ပဋိပက္ခကို ကြားဝင်စေ့စပ်ပေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း စစ်ပွဲဆင်နွှဲနေသော မည်သည့်ဘက်ကမျှ သူ၏ကမ်းလှမ်းမှုကို အလေးအနက် မထားခဲ့ကြဘဲ နောက်ပိုင်းထုတ်ပြန်ချက်များတွင် ပရာဘိုဝိုက ဆွေးနွေးပွဲများကို ကူညီပံ့ပိုးပေးရန် အခြားနိုင်ငံများက ပို၍ သင့်လျော်ကောင်း သင့်လျော်နိုင်ကြောင်း ဝန်ခံခဲ့သည်။ အမေရိကန်၏ လုပ်ရပ်များအပေါ် ပြည်တွင်းမှ ဝေဖန်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပရာဘိုဝိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် အင်ဒိုနီးရှား၏ ပါဝင်မှုကို ဆိုင်းငံ့ခဲ့သည်။
အနာဂတ်အလားအလာ
အာရှ၏ အံ့မခန်းတိုးတက်မှု (Asian miracle) သည် ပွင့်လင်းသော ကုန်သွယ်မှုနှင့် ပထဝီနိုင်ငံရေး တည်ငြိမ်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာစနစ်များ ဆက်လက်တည်ရှိနေမည်ဟူသော အခြေခံယူဆချက်အပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုစနစ်သည် ယခုအခါ ပြိုကွဲနေပြီဖြစ်သည်။ အရှေ့တောင်အာရှသည် စစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် အင်အားဆုတ်ယုတ်စေသော စွမ်းအင်အကျပ်အတည်းနှင့် ရန်လိုစွာ အကျပ်ကိုင်သော ကုန်သွယ်ရေးပတ်ဝန်းကျင်အကြား ညပ်နေသည်ကို တွေ့ရသည်။ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒေသတွင်း အစိုးရများသည် ၎င်းတို့၏ စွမ်းအင် အချုပ်အခြာအာဏာကို မည်သို့မြှင့်တင်မည်၊ ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်စွမ်းကို မည်သို့ခိုင်မာစေမည်နှင့် လျင်မြန်စွာ ယိုယွင်းလာနေသော စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်ကို မည်သို့ဖြတ်သန်းမည် ဆိုသည်တို့ကို အရေးတကြီး ဆုံးဖြတ်ရမည်ဖြစ်သည်။
ရည်ညွှန်းချက်း
၁။ အရှေ့တောင်အာရှနှင့် တတိယအကြိမ် ပင်လယ်ကွေ့စစ်ပွဲ (Southeast Asia and The Third Gulf War): fulcrum.sg
၂။ အာရှ၏ အကျပ်အတည်းသုံးရပ် (The Asian Trilemma): pushandutt.substack.com
နေပြည်တော်၊ ဇွန် ၉ ရက်။ ။ နိုင်ငံတော်အစိုးရ၏ အဓိကလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများ မြှင့်တင်ရန်၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများ အဂတိကင်းရှင်းစွာ တာဝန်ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အလေးအနက် တိုက်တွန်းပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက နိုင်ငံ၏ ဂျီဒီပီ (GDP) တိုးတက်စေရန်အတွက် နိုင်ငံတွင်းရှိ ပုဂ္ဂလိကနှင့် နိုင်ငံပိုင်စက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်ရန်လိုအပ်ကြောင်းနှင့် ဒေသတွင်း ကုန်ကြမ်းများကို အသုံးပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကို နိုင်ငံ၏ အဓိက စီးပွားရေးမောင်းနှင်အားအဖြစ် ဖော်ဆောင်ရန် လမ်းညွှန်ခဲ့သည်။ ထို့ပြင် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေးနှင့် အဆင့်မီ ပညာရေးစနစ်တစ်ခု တည်ဆောက်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် နိုင်ငံပိုင် မြေနှင့် ရေအရင်းအမြစ်များကို စနစ်တကျ အကျိုးရှိရှိ အသုံးချရန်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အထူးသဖြင့် အုပ်ချုပ်ရေးနှင့် လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး၊ တရားမဝင် ငွေကြေးကောက်ခံခြင်းနှင့် အဂတိလိုက်စားမှုများ လုံးဝကင်းရှင်းရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေများကို လေလွင့်မှုမရှိစေဘဲ အကျိုးရှိရှိ သုံးစွဲရန် တင်းကျပ်စွာ သတိပေး မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစည်းအဝေးမှာကြားချက် ကောက်နှုတ်ချက်များ
အောက်ပါတို့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ အဓိကထား မှာကြားခဲ့သည့် အချက်များဖြစ်ပါသည် -
စီးပွားရေးနှင့် ဥစ္စာဓနဆိုင်ရာ
ပညာရေးကဏ္ဍဆိုင်ရာ
MSME နှင့် စက်မှုလုပ်ငန်းဆိုင်ရာ
စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် အဂတိကင်းရှင်းရေးဆိုင်ရာ
၁၄ ဧပြီ၊၂၀၂၆
စပါးကြီးမြွေတွေဟာ သမင်လို အကောင်ကြီးမျိုးကို တစ်ထိုင်တည်း မျိုချပြီးရင် လနဲ့ချီပြီး ဘာမှထပ်မစားဘဲ နေနိုင်ကြတဲ့ ထူးခြားတဲ့ အလေ့အထရှိပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက မြွေတွေရဲ့ ဒီလိုထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိကကျတဲ့ မော်လီကျူးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒါဟာ အဝလွန်သူတွေအတွက် ဆေးဝါးအသစ်တွေ ထုတ်လုပ်ရာမှာ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
မြွေတွေ အစာစားပြီးချိန်မှာ သူတို့ရဲ့ သွေးထဲမှာ အဆပေါင်း ၁၀၀၀ လောက်အထိ မြင့်တက်လာတတ်တဲ့ pTOS လို့ခေါ်တဲ့ မော်လီကျူးတစ်ခုကို အဝလွန်နေတဲ့ ကြွက်တွေကို စမ်းသပ်တိုက်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကြွက်တွေဟာ အစားအသောက်ကို သိပ်မစားတော့ဘဲ ကိုယ်အလေးချိန် အမြန်ကျသွားတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီမော်လီကျူးဟာ Wegovy လို နာမည်ကြီး ဝိတ်ကျဆေးတွေနဲ့ ဆင်တူတဲ့ အာနိသင်မျိုး ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။
လက်ရှိသုံးနေတဲ့ Wegovy လို ဆေးတွေက အစာအိမ်ထဲကနေ အစာဆင်းတာကို နှေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေသလို ခံစားရစေပေမယ့် ပျို့အန်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိတဲ့ pTOS မော်လီကျူးကတော့ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ၊ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Hypothalamus) ကို တိုက်ရိုက် သွားရောက်သက်ရောက်စေတာ ဖြစ်ပါတယ်။
"ကျွန်တော်တို့က မြွေတွေမှ မဟုတ်တာ" လို့ တွေးစရာရှိပေမယ့်၊ ဒီမော်လီကျူးက လူတွေရဲ့ ဆီးထဲမှာလည်း နည်းနည်းပါးပါး ပါဝင်နေတတ်တဲ့ သဘာဝဓာတ်တစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေပြီးသားဖြစ်တဲ့အတွက် အနာဂတ်မှာ ဆေးအဖြစ်ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုဘေးကင်းလုံခြုံမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
ဒီရှာဖွေတွေ့ရှိမှုကို လူတွေမှာ လက်တွေ့ဆေးအဖြစ် အသုံးပြုနိုင်ဖို့အတွက်တော့ ထပ်ပြီး သုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကြီးထဲမှာ ဒီလို အလွန်အမင်း ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတဲ့ တိရစ္ဆာန်တွေဆီကနေ လူသားတွေ ကျန်းမာရေးအတွက် အကျိုးရှိမယ့်အရာတွေ အများကြီး သင်ယူနိုင်တယ်ဆိုတာကို ဒီလေ့လာမှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ Source: The Guardian
၁၄ ဧပြီ၊၂၀၂၆
လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။
လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။
ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။
အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။
-အယ်ဒီတာတစ်ဦး
အိန္ဒိယနိုင်ငံအခြေအနေ
လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။
နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။
ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။
လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့် စစ်ဆေးနေ တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။
ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။
ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။
ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံ အခြေအနေ
မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ နိုင်ခြေရှိသော နိုင်ငံ" (High-risk area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။
အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။
နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ
ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။
◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။
◾️ထန်းရည်/ဓနိရည်- လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)
◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
Source: Wire News
၂၁ ဖေဖော်ဝါရီ ၂၀၂၆-
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကရှယ်ယာရှင်နှင့်ပိုင်ရှင် ဂျင်မ် ရက်ကလစ်ဖ်ဟာ ဗြိတိန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေက "နယ်ချဲ့ကျူးကျော်နေပြီ" လို့ ပြောကြားခဲ့တဲ့အတွက် ဝေဖန်မှုတွေ ထွက် ပေါ်ခဲ့ပေမဲ့၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကတော့ သူ့ကို အရေးယူမှာမဟုတ်ဘူးလို့ စနေနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရက်ကလစ်ဖ်က သူသုံးနှုန်းခဲ့တဲ့ အသုံးအနှုန်းအတွက် ပြီးခဲ့တဲ့အပတ်က တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့စီးပွားရေးမှာ လူဝင်မှုကြီးကြပ်ရေးပြဿနာက ဆွေးနွေးဖို့ အရေးကြီးတဲ့အချက်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ သူရဲ့ ကနဦးပြောကြားချက်တွေကြောင့် ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ ပြစ်တင်ဝေဖန်မှုကိုတောင် ခံခဲ့ရတာပါ။
FA ရဲ့ ထုတ်ပြန်ချက်အရ ရက်ကလစ်ဖ်ကို အရေးယူမှုမလုပ်ပေမဲ့၊ အင်္ဂလိပ်ဘောလုံးလောကမှာ ပါဝင်ပတ်သက်နေသူတစ်ဦးအနေနဲ့ မီဒီယာတွေမှာ စကားပြောတဲ့အခါ ပိုပြီးတာဝန်ယူမှုရှိဖို့ သတိပေး ချက်တစ်ခုတော့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ရက်ကလစ်ဖ်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အင်တာဗျူးမှာ "အစိုးရထောက်ပံ့ကြေးနဲ့ နေနေသူ ၉ သန်းလောက်ရှိပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ဒီလောက်အလုံးအရင်းနဲ့ ဝင်လာနေရင် စီးပွားရေးက ဘယ်လိုမှ မကောင်းနိုင်ဘူး။ တကယ်တော့ ယူကေဟာ နယ်ချဲ့ခံနေရတာပါ၊ ဒါဟာ ကုန်ကျစရိတ်တွေ အရမ်းများလွန်းတယ်" ဆိုပြီး ထည့်သွင်းပြောကြားခဲ့တာပါ။
အသင်းပိုင်ရှင်ရဲ့ ဒီလိုအငြင်းပွားဖွယ်ရာ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မန်ယူမန်နေဂျာ မိုက်ကယ် ကာရစ်ကို မေးမြန်းတဲ့အခါမှာတော့ သူက ဒီကိစ္စထဲကို ဝင်မပါဘဲ ရှောင်လွှဲသွားခဲ့ပါတယ်။ ကာရစ်က "ကျွန်တော်တို့ ကလပ်အသင်းအနေနဲ့ တစ်ဦးကိုတစ်ဦး လေးစားဖို့၊ တန်းတူညီမျှရှိဖို့နဲ့ ကွဲပြား ခြားနားမှုတွေကို လက်ခံဖို့ဆိုတဲ့ မူဝါဒတွေကိုပဲ နေ့စဉ်ကျင့်သုံးသွားမှာပါ" လို့သာ တုံ့ပြန်ခဲ့ပါတယ်။
လောလောဆယ် မန်ချက်စတာယူနိုက်တက်ဟာ ၂၆ ပွဲကစားအပြီးမှာ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၄ နေရာ မှာ ရှိနေပါတယ်။ လာမယ့်တနင်္လာနေ့မှာ အဲဗာတန်နဲ့ ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၄ အတွင်း မြဲနေအောင် ဆက်လက်ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
Source: Reuters
၅ ဒီဇင်ဘာ၊၂၀၂၅
◾️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထူး ဆောင်ရွက်သူများကို ဂုဏ်ပြုမည့် ယင်းတို့၏ ပထမဆုံး 'ငြိမ်းချမ်းရေးဆု' ကို စတင်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရရှိရန် မျှော်လင့်ရကြောင်း သတင်းများ က ဖော်ပြနေပြီး ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် သမ္မတထရမ့်တို့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိနေ သည်ဟု ဂါဒီယန်သတင်းစာကရေးသားသည်။
◾️အဆိုပါဖီဖာ၏ ငြိမ်းချမ်းရေးဆုအတွက် လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲမည့် သူမှာ ဖီဖာဘောလုံး ဆိုင်ရာလူမှုတာဝန်ယူမှုကော်မတီ (FIFA Football Social Responsibility Committee) ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။
◾️နှစ်ပေါင်းများစွာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေသည့် လုပ်ငန်းရှင်ကြီးဦးဇော်ဇော်သည် ယခု အခါတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုတာဝန်ယူမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေး ပါသော ဆုံးဖြတ်ချက်များကို ကိုင်တွယ်ရမည့် ကော်မတီကို ဦးဆောင်နေခြင်းဖြစ်သည်။
◾️ယင်း၏ ဦးဆောင်မှုအောက်တွင် ကော်မတီသည် ဖီဖာ၏ လူမှုရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ငြိမ်း ချမ်းရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ရှိနေသည်။
#ymg/knl
၂၂ နိုဝင်ဘာ၊၂၀၂၅-
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သော FIFA သည် သဘာဝအရ နိုင်ငံသားပြုခွင့်ရရှိရေ စာရွက်စာတမ်းများကို မမှန်မကန် ပြင်ဆင်အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော ကစားသမားခုနစ်ဦးအား ပိတ်ပင်လိုက်ပြီး နောက် မလေးရှားဘောလုံးအသင်း၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ရန် စီစဉ်နေသည်။
စက်တင်ဘာလနှောင်းပိုင်းတွင် FIFA ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ကစားသမား ခုနစ်ဦးဖြစ်သည့် - Gabriel Palmero ၊ Facundo Garcés၊ Rodrigo Holgado၊ Imanol Machuca၊ João Figueiredo၊ Hector Hevel နှင့် Jon Irazábal တို့အား နိုင်ငံတကာအဆင့်တွင် မလေးရှားနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက် စာရွက်စာတမ်း အတုများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီးနောက် ၁၂ လ ပိတ်ပင်မှု ချမှတ်ခဲ့သည်။ ထို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) အား ဆွစ်ဖရန့် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၉,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချခဲ့သည်။
စွပ်စွဲချက်အရ ထိုစာရွက်စာတမ်းများကို ယခင်က မလေးရှားတွင် နေထိုင်ခြင်း မရှိဖူးသော ထိုကစားသမားများသည် မလေးရှားမျိုးနွယ်မှ အဘိုးအဘွားများ ရှိကြောင်း သက်သေပြ ရန်အတွက် အသုံးပြုခဲ့ပြီး၊ ယင်းအား အသုံးပြု၍ သူတို့ကို မလေးရှားနိုင်ငံသားပြုခွင့် ရယူခဲ့ခြင်း ဖြစ်သည်။ FIFA က ယင်းသည် FIFA စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
ကစားသမားခုနစ်ဦးစလုံးသည် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ တတိယ အဆင့်တွင် ဗီယက်နမ်ကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည့် မလေးရှားအသင်းတွင် ပါဝင်ခဲ့ကြပြီး၊ သူတို့အထဲမှ လေးဦး၏ ကစားခွင့်ကို FIFA မှ အတည်ပြုပေးပြီး တစ်ရက်အကြာတွင် ဖြစ်သည်။ (ကျန်သုံးဦးမှာ ဇွန်လ ၆ရက်နေ့တွင် ကစားခွင့်ရရှိခဲ့သည်)။ ထိုပွဲအပြီး မကြာမီတွင် FIFA သည် ယင်းတို့၏ ကစားခွင့် နှင့်ပတ်သက်၍ တိုင်ကြားချက်တစ်စောင် လက်ခံရရှိခဲ့ပြီး၊ ထိုတိုင်ကြားချက်တွင် ကစားသမားများ၏ “နိုင်ငံသားပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် နိုင်ငံတကာပွဲဦးထွက်သည် မေးခွန်းထုတ်စရာအချိန်အတွင်း ဖြစ်ပေါ်ခဲ့သည်” ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။
မလေးရှားဘောလုံးအဖွဲ့ချုပ် သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် FIFA က ယင်းအယူခံကို ပယ်ချခဲ့သည်။
အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် FIFA က တာဝန်ရှိသူကို အတိအကျ ဖော်ထုတ် နိုင်ရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
“ဤစုံစမ်းစစ်ဆေးမှုသည် စာရွက်စာတမ်းအတုပြုလုပ်မှုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ရန်၊ မလေး ရှားဘောလုံးအဖွဲ့ချုပ်၏အဖွဲ့အစည်းအတွင်းလေးစားလိုက်နာမှုနှင့်အုပ်ချုပ်မှုယန္တရားများကမည်မျှလုံလောက်မှု၊ ထိရောက်မှုကိုရှိသည်ကိုအကဲဖြတ်ရန်၊ မလေးရှားဘောလုံးအဖွဲ့ချုပ်အရာရှိများအပေါ် နောက် ထပ် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုများ ပြုလုပ်သင့်၊မပြုလုပ်သင့်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်” ဟု FIFA ၏ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။
အဆိုပါနိုင်ငံသားပြုလုပ်မှု အရှုပ်တော်ပုံသည် ကွင်းအတွင်းရော ကွင်းပြင်ပတွင်ပါ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် အာရှဖလား ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဘောလုံးပရိသတ်များအကြား ဆူပူမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ ဤအငြင်းပွားဖွယ်ရာကိစ္စသည် ကစားသမားများအား နိုင်ငံသားပြုခွင့်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် ရှိ တာဝန်ရှိအရာရှိများအား တာဝန်ယူရန် ပရိသတ်များနှင့် နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ် သည် ယင်း၏ အထွေထွေ အတွင်းရေးမှူးအား ရာထူးမှ ဆိုင်းငံ့ထားပြီး FIFA ၏ ပိတ်ပင်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သူတို့အခေါ်“နည်းပညာပိုင်းဆိုင်ရာအမှား” ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့က စာရွက်စာတမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အတုပြုလုပ်ခဲ့သည်ဟူသော FIFA ၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အယူခံပယ်ချခံရပြီးနောက် မလေးရှားဘောလုံးအဖွဲ့ချုပ်က က အားကစားဆိုင်ရာ ခုံသမာဓိတရားရုံး (CAS) သို့ အမှုအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ FIFA ၏ အင်္ဂါနေ့ကြေညာချက်အပြီးတွင်လည်း ယင်းအချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။
မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ Mohd Yusoff Mahadi က ကြေညာချက်တွင် "ဤလုပ်ဆောင်ချက်ကို တရားမျှတမှု ထိန်းသိမ်းရန်နှင့် မလေးရှားအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက သတ်မှတ်ထားသည့် ကစားသမားအရည်အချင်းပြည့်မီမှု လုပ်ငန်းစဉ်၏ သမာဓိကို ထိန်းသိမ်းရန် အတွက် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ မလေးရှား ပြည်ထဲရေးဝန်ကြီး Nasution Ismailကလည်း ကစားသမားခုနစ်ဦးအား နိုင်ငံသားပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။
ESPN သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂါနေ့တွင် FIFA သည် စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ကစားသမားများသည် စပိန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့တွင် မွေးဖွားကြောင်း သူတို့၏ မူရင်းမွေးစာရင်းတွင် ဖော်ပြထားသည့် အဘိုးအဘွားများမှတစ်ဆင့် မလေးရှားမျိုးနွယ်ရှိကြောင်း သက်သေပြရန် စာရွက်စာတမ်းအတုများကို မည်သို့ အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားကြောင်းသိရသည်။
ခြုံငုံပြောရလျှင် FIFA သည် အဆိုပါ မလျော်ကန်မှုအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်အတွက် “နောက် ထပ် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခိုင်လုံသောအကြောင်းပြချက်များ” ကို တွေ့ရှိခဲ့သည်။ ထို့အပြင် “ပြစ်မှုများ၏ သဘာဝနှင့် ကြီးလေးမှု၊ အထူးသဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်မှုတို့ကို ထည့်သွင်းစဉ်းစား၍” ယင်း၏ အတွင်း ရေးမှူးရုံးသည် မလေးရှား၏ သက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ အာဏာပိုင်များအား အသိပေးမည်ဖြစ်သကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား၊ နယ်သာလန်နှင့် စပိန်ရှိ အာဏာပိုင်များကိုလည်း အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား အသိပေးရန် အလွန်အရေးကြီးသည်” ဟု FIFA က ပြောကြားခဲ့သည်။
Source The Diplomat
၇ဇွန်၊၂၀၂၆- သုံးစွဲသူများအဆင်ပြေပြီး မသမာမှုများလျှော့ချနိုင်သည့် စမတ်မီတာစနစ်ကို မြန်မာနိုင်ငံ တွင် စတင် အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းစီစဉ်နေတယ်လို့ ဝန်ကြီး ဌာနမှ သိရပါတယ်။
ထိုသို့ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီဂဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားနည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Telematic Solution Co., Ltd အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ဇွန် ၄ ရက်နေ့ကတွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်လျက်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ Telematic Solution Co., Ltd. မှ အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ယမန်နေ့ ညနေပိုင်းတွင် EXPOFORUM Convention and Exhibition Centre ၌ တွေ့ဆုံခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် Telematic Solution ၏ အမှုဆောင်အရာရှိချုပ်တို့သည် ရုရှား၏ ကိုယ်ပိုင် နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ဒီဂျစ်တယ်နည်းပညာသုံး မီတာဖတ်ယူသည့်စနစ်နှင့် သုံးစွဲသူများက မီတာခများ ပေးဆောင်နိုင်သည့် Smart meter စနစ် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံ၍ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ရန် ကိစ္စရပ်များ၊ လက်ရှိအသုံးပြုနေသည့် စနစ်တွင် ပေါင်းစပ်၍ အဆင့်မြှင့်တင်သွားနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

စမတ်မီတာအသုံးပြုခြင်းဖြင့် အချိန်နှင့်တပြေးညီ လျှပ်စစ်ဓါတ်အားသုံးစွဲနေမှုများကို သုံးစွဲသူများက မိုဘိုင်းလ်ဖုန်းပေါ်ရှိအက်ပလီကေးရှင်းမှတစ်ဆင့်သိရှိနိုင်ပြီး ယင်းကိုအသုံးပြ၍လည်း လျှပ်စစ် သုံးစွဲခ (မီတာခ)ကို ကြိုတင်ငွေချေစနစ်( Prepaid) နည်းဖြင့်ဖြစ်စေ၊ ယခုလို လစဉ် မီတာခဆောင်သော နည်းလမ်းဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။
ထို့အပြင် မီတာဖတ်ရာတွင် မတိကျမှုများ၊ မသမာမှုဆောင်ရွက်ခြင်းများ စသည့် မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများနှင့် အခက်အခဲများကိုပါ ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
------------
၉ မေ၊၂၀၂၆ (တိုကျို)
စစ်မြေပြင်မှာ အဆုံးရှုံးခံ တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေနဲ့ အုပ်စုလိုက် ဝိုင်းရံတိုက်ခိုက်တဲ့ "Swarm Warfare" ဗျူဟာတွေအတွက် ဂျပန်နိုင်ငံဟာ အလွန်ဈေးသက်သာတဲ့ စက္ကူဂျပ်ဖာဒရုန်းတွေကို စတင်အသုံးပြုဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီဒရုန်းတစ်စီးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂,၀၀၀ ခန့်သာ ရှိတာကြောင့် အဆင့်မြင့် Gaming PC တစ်လုံးရဲ့ ဈေးနှုန်းထက်တောင် ပိုပြီး သက်သာနေတာပါ။
ဘာကြောင့် စက္ကူဂျပ်ဖာကို သုံးတာလဲ
ဒီဒရုန်းတွေကို ဂျပန်အခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်တာဖြစ်ပြီး အထူးပြုပြင်ထားတဲ့ စက္ကူဂျပ်ပြား (Cardboard) တွေကို အဓိက အသုံးပြုထားပါတယ်။ ဒါဟာ ကြည့်ရတာ ရိုးရှင်းပေမဲ့ အားသာချက် အများကြီးရှိပါတယ် -
စရိတ်သက်သာခြင်း- ဒေါ်လာ ထောင်သောင်းချီတန်တဲ့ ဒရုန်းတွေထက် အဆပေါင်းများစွာ သက်သာတဲ့အတွက် ရာနဲ့ချီတဲ့ ဒရုန်းတွေကို တစ်ပြိုင်နက်တည်း အသုံးပြုဖို့ လွယ်ကူစေပါတယ်။
ရေဒါ ရှောင်ကွင်းနိုင်ခြင်း- စက္ကူနဲ့ ပြုလုပ်ထားတာကြောင့် ရန်သူ့ရေဒါတွေကနေ ထောက်လှမ်းဖို့ ခက်ခဲစေပါတယ်။
သယ်ယူပို့ဆောင်ရေး- ဒီဒရုန်းတွေကို ပြားချပ်နေတဲ့ အထုပ်လိုက် သယ်ဆောင်သွားနိုင်ပြီး စစ်မြေပြင်မှာမှ မိနစ်ပိုင်းအတွင်း အလွယ်တကူ တပ်ဆင်နိုင်ပါတယ်။
စစ်ဆင်ရေး ဗျူဟာ
ဒီဒရုန်းတွေကို "Expendable" ခေါ် အဆုံးရှုံးခံ တိုက်ခိုက်ရေးယာဉ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ အဓိကအားဖြင့် ရန်သူ့ခံစစ်ကို အလုံးအရင်းနဲ့ ဝင်ရောက်နှောင့်ယှက်ဖို့၊ ပစ် မှတ်တွေကို ကာကွယ်ရေးစနစ်တွေ ကုန်ခန်းသွားအောင် လုပ်ဖို့နဲ့ အရေးကြီးတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို ကုန်ကျစရိတ် အနည်းဆုံးနဲ့ ရယူဖို့ ရည်ရွယ်ပါတယ်။
အခုလို စရိတ်နည်း နည်းပညာတွေကို အသုံးချလာတာဟာ ခေတ်သစ်စစ်ပွဲတွေရဲ့ ပုံစံကို သိသိသာသာ ပြောင်းလဲလာစေပြီး၊ နည်းပညာကြီးမားတဲ့ နိုင်ငံတွေကြားမှာ အကုန်အကျသက်သာတဲ့ လက်နက်ဆန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
Source: Tom's Hardware
စက်သုံးဆီမပြတ်လပ်စေရန်နှင့် အမှန်တကယ်လိုအပ်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များတွင် မတ်လ ၁၂ရက်နေ့မှစ၍ Barcode နှင့် QR Code များကို Application ဖြင့် အလို အလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံကို အောက်ပါအတိုင်းဖော်ပြပါတယ်။
စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်
စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် တန်းစီ ဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် အရောင်းဆိုင်များအနေဖြင့် တယ်လီဖုန်း Application ကို အသုံးပြုပြီး စိစစ်ရောင်းချမှုများဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အများပြည်သူဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ပိုမိုရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များမှ Application အသုံးပြုရန်နှင့် Registration ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ အရောင်းဆိုင်အခြေပြုစိစစ်သည့်နည်းလမ်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မော်တော် ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြုပြီး QR Code ထုတ်ပေး၍လည်းကောင်း Application ဖြင့် အလို အလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ပါသည်။
မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသော Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီများဆက်လက်ရောင်းချပေးမည်ဖြစ်ပါသည်။ အကယ်၍ တစ်ရက်အတွင်း နောက်တစ်ကြိမ် ထပ်မံ ဝယ်ယူရန် မည်သည့်ဆိုင်တွင်မဆို Scan ဖတ်ပါက ၎င်းရက်အတွင်း ပထမအကြိမ်ဝယ်ယူခဲ့မှုကို ဖော်ပြပေး မည်ဖြစ်ကာ ဆီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ နောက်တစ်ရက်တွင်မှသာ ထပ်မံဝယ် ယူခွင့် ရရှိမည်ဖြစ်ပါသည်။ တစ်ရက်အတွင်း တစ်ကြိမ်ဝယ်ယူပြီးနောက် ထပ်မံတန်းစီဝယ်ယူမှုများမရှိစေရေး စိစစ်တားမြစ် သွားမည်ဖြစ်ပါသည်။
မော်တော်ဆိုင်ကယ်များ၏ Wheel Tax တွင် Barcode မပါရှိသည့်အတွက် အရောင်းဆိုင်တွင် QR Code များထုတ်ယူရမည်ဖြစ်ပါသည်။ ယင်းသို့ ထုတ်ယူနိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် ဆိုင်ကယ်၏ Wheel Tax အား အရောင်းဆိုင်ဝန်ထမ်းသို့ပေးအပ်ပြီး ဝန်ထမ်းမှ Application တွင် ယာဉ် နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက်များဖြည့်သွင်းကာ QR Code ထုတ်ပေးမည်ဖြစ်ပါသည်။ ယင်း QR Code ကို ပိုင်ရှင်အနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခြင်း သို့မဟုတ် အရောင်းဆိုင်မှ Print ထုတ်ပေးခြင်းဖြင့် ရယူသိမ်းဆည်းထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ စက်သုံးဆီဝယ်ယူသည့်အခါတိုင်း ၎င်း QR Code အား အရောင်းဆိုင်ဝန်ထမ်းသို့ပြသဝယ်ယူနိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်များတွင် စိစစ်သကဲ့သို့ တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ်ဝယ်ယူမှုမရှိစေရေး စနစ်မှအလိုအလျောက်စစ်ဆေးရောင်းချပေးသွားမည်ဖြစ်ပါသည်။
အရောင်းဆိုင်များမှ စက်သုံးဆီများစိစစ်ရောင်းချရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသည့် မူဝါဒ များနှင့်အညီ ယာဉ်အသုံးပြုခွင့် ခွင့်ပြုထားမှုအလိုက် စက်သုံးဆီရောင်းချနိုင်ရေးကိုလည်း တစ်ပါတည်း စစ်ဆေးမည်ဖြစ်ပါသဖြင့် မိမိယာဉ်အသုံးပြုခွင့်ရှိသည့်ရက်များအတွက်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
နေပြည်တော်ကောင်စီနယ်မြေ ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ၁၂-၃-၂၀၂၆ ရက်နေ့မှစတင်၍ စက်သုံးဆီအရောင်းဆိုင်များ၌ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့် နည်းလမ်းကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အား လိုအပ်သောစစ်ဆေးပြုပြင်မှုများဆောင်ရွက် ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်၍ Application ကို အသုံးပြုသွားမည်ဖြစ်ပါသည်။
ပြည်သူများ၏ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးမှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုများလျော့ကျသွားပြီး ပုံမှန်ဖြန့်ဖြူးရောင်းချနိုင်သည့်အခြေအနေသို့ပြန်လည်ရောက်ရှိခဲ့ပါသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း နေပြည်တော်ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Online Monitoring Center တွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ် (Supply Chain) တစ်လျှောက်ကို အချိန်နှင့်တပြေးညီစောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်း၊ စက်သုံးဆီရောင်းချမှု များနှင့်ပတ်သက်၍ မြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးသည့် ယာဉ်အမျိုးအစား နှင့်ယာဉ်နံပါတ်၊ ဆီအမျိုးအစားနှင့်ပမာဏ၊ ရောင်းချပေးသည့်ဈေးနှုန်း စသည်တို့ကိုလည်း အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်းတို့အပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးကိုလည်း အစီအမံအတိုင်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာန

