Politics

အိန္ဒိယနှင့် မြန်မာ အမျိုးသားလုံခြုံရေးအကြံပေးများ မြန်မာသမ္မတ၏ သမိုင်းဝင် နယူးဒေလီခရီးစဉ်အတွက် ပြင်ဆင်နေချိန်တွင် မော်စကို၌ တွေ့ဆုံ

မေ ၂၉၊နယူးဒေလီ(WION) - အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) သည် သောကြာနေ့က မော်စကိုမြို့၌ ကျင်းပသည့် ပထမဆုံးအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ်၏ ပြင်ပ  သီးသန့်တွေ့ဆုံမှုအဖြစ်တွင် မြန်မာအစိုးရ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဦးတင်အောင်စန်းနှင့် ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့သည်။

လုံခြုံရေးဆိုင်ရာ အကြီးအကဲနှစ်ဦးသည် လုံခြုံရေး၊ ကာကွယ်ရေး၊ ဆက်သွယ်မှုနှင့် အခြား နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတစ်လျှောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး မကြာ  သေးမီက ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအခြေအနေဆိုင်ရာ စိန်ခေါ်မှုများနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း ပိုမို ကျယ်ပြန့်သော ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများ ရှိနေသော်လည်း အိမ်နီးချင်းနှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ယခုတွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ကို နှစ်နိုင်ငံစလုံးက အလေးထားကြောင်း မီးမောင်းထိုးပြလျက် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေး ဦးတင်အောင်စန်းသည် (၅) ကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးအကြံပေးများ အစည်းအဝေး    အတွက် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ရန် အစီအစဉ်ရှိသည်။

ယခု မော်စကိုတွေ့ဆုံမှုသည် မေလ (၃၀) ရက်မှ ဇွန်လ (၃) ရက်နေ့အထိ ပြုလုပ်မည့် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ အဆင့်မြင့် အိန္ဒိယနိုင်ငံခရီးစဉ်အတွက် လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း ပိုမိုကောင်းမွန်သော နယ်စပ်စီမံခန့်ခွဲရေးကိစ္စအပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးကိစ္စများ‌ ဆွေးနွေးဖွယ်ရှိ

မေ ၂၉၊၂၀၂၆- နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မကြာမီစတင်မည့် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း စီးပွားရေးစီမံကိန်းများပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်စပ်စီမံခန့်ခွဲရေးကိစ္စများ ပါဝင်ဖွယ်ရှိနေ  ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအခြေစိုက် Wion သတင်းဌာန၏ ယနေ့ မေ၂၉ရက် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အပါအဝင် ဆက်သွယ်ရေး စီမံကိန်းများ၊ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ပိုမိုကောင်းမွန်သော နယ်စပ်စီမံခန့်ခွဲရေးကိစ္စရပ်များမှာ ခရီးစဉ်အတွင်း ထင်ရှားစွာ ပါဝင်လာမည်ဟု မျှော်လင့်ရကြောင်းဖော်ပြထားခြင်းဖြစ်သည်။

ကုန်သွယ်ရေး၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော နယ်စပ်  တစ်လျှောက် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ် ပြည်နယ်များကို အရှေ့တောင်အာရှနှင့် ချိတ်ဆက်ပေးနိုင်မည့် ဆက်သွယ်ရေးစင်္ကြံများကိစ္စသည်လည်း ဆွေးနွေးပွဲ အစီအစဉ်တွင် လွှမ်းမိုးထားဖွယ်ရှိနေကြောင်းလည်း သတင်းကဆိုသည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် စီးပွားရေး  လုပ်ငန်းရှင် ခေါင်းဆောင်များ ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇွန်လ (၁) ရက်နေ့တွင် နယူးဒေလီမြို့၌ ဝန်ကြီးချုပ် မိုဒီနှင့် တရားဝင် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံအကြား “သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများ” ကို ပိုမို  ခိုင်မာအားကောင်းစေရေး အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်  ချက်တွင်ဖော်ပြထားသည်။ ခရီးစဉ်အတွင်း သီးသန့် စီးပွားရေးဖိုရမ်တစ်ခုကိုလည်း ကျင်းပသွားမည်   ဖြစ်သည်။

ဇွန်လ (၂) ရက်နေ့တွင် အိန္ဒိယ စက်မှုလုပ်ငန်းရှင် ခေါင်းဆောင်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံမှုများနှင့် လုပ်ငန်းခွင်လေ့လာရေးများအတွက် မွမ်ဘိုင်းမြို့သို့ ခရီးမထွက်ခွာခင် သမ္မတ ဦးမင်းအောင်လှိုင်သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသော ဘာသာရေး အထွတ်အမြတ်ထားရာ နေရာဖြစ်သည့် ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာသို့ မေ၃၀ရက်တွင် သွားရောက်မည်ဖြစ်သည်။

"မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းပထမ (Neighbourhood First)၊ အရှေ့မျှော်(Act East)မူဝါဒ နှင့် မဟာဆာဂါ (MAHASAGAR- လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်နှင့် ဘက်စုံတိုးတက်ရေး)) မူဝါဒများ ဆုံစည်းရာတွင် တည်ရှိနေသည်" ဟု အိန္ဒိယအစိုးရ၏ ထုတ်ပြန်   ချက်တွင် မှတ်ချက်ပြုထားပြီး၊ နယူးဒေလီအစိုးရအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် မည်မျှ မဟာ  ဗျူဟာမြောက် အလေးထားကြောင်းကို မီးမောင်းထိုးပြထားကြောင်း အဆိုပါသတင်းကရေးသားသည်။

ယခုခရီးစဉ်သည် သမ္မတ ဦးမင်းအောင်လှိုင်၏ လက်ရှိရာထူးတာဝန်ဖြင့် ပထမဆုံးအကြိမ် ပြည်ပသို့  သွားရောက်သော ခရီးစဉ်လည်းဖြစ်သည်။

Myanmar President to Embark on Official Visit to India to Bolster Bilateral Ties

NAY PYI TAW, May 28- At the invitation of Indian Prime Minister Shri Narendra Modi, Myanmar President U Min Aung Hlaing will soon make an official visit to the Republic of India to strengthen diplomatic, economic, and cultural relations between the two nations, the Ministry of Foreign Affairs announced today.

The upcoming diplomatic trip will feature high-level engagements, anchored by bilateral talks with Prime Minister Modi and a formal meeting with the President of India. Beyond discussions with top national leadership, President U Min Aung Hlaing’s itinerary includes meetings with Indian cabinet ministers, state governors, and prominent representatives from various business organizations to explore shared interests.

This official visit underscores an ongoing effort to foster multifaceted cooperation across the economic, religious, cultural, and social sectors. By prioritizing a cordial and open exchange of views, both nations aim to deepen the strategic ties bridging their governments and peoples. Highlighting a focus on regional development and economic partnership, the Myanmar delegation will also conduct tours of prominent Indian infrastructure facilities.

President U Min Aung Hlaing will be accompanied throughout the visit by a delegation of Union Ministers and senior government officials.

-End-

Health

စပါးကြီးမြွေသွေးထဲက မော်လီကျူးကနေ အဝလွန်သူတွေအတွက် ဝိတ်ကျဆေးအသစ် ပေါ်ထွက်လာနိုင်

၁၄ ဧပြီ၊၂၀၂၆

စပါးကြီးမြွေတွေဟာ သမင်လို အကောင်ကြီးမျိုးကို တစ်ထိုင်တည်း မျိုချပြီးရင် လနဲ့ချီပြီး ဘာမှထပ်မစားဘဲ နေနိုင်ကြတဲ့ ထူးခြားတဲ့ အလေ့အထရှိပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက မြွေတွေရဲ့ ဒီလိုထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိကကျတဲ့ မော်လီကျူးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒါဟာ အဝလွန်သူတွေအတွက် ဆေးဝါးအသစ်တွေ ထုတ်လုပ်ရာမှာ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြွေတွေ အစာစားပြီးချိန်မှာ သူတို့ရဲ့ သွေးထဲမှာ အဆပေါင်း ၁၀၀၀ လောက်အထိ မြင့်တက်လာတတ်တဲ့ pTOS လို့ခေါ်တဲ့ မော်လီကျူးတစ်ခုကို အဝလွန်နေတဲ့ ကြွက်တွေကို စမ်းသပ်တိုက်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကြွက်တွေဟာ အစားအသောက်ကို သိပ်မစားတော့ဘဲ ကိုယ်အလေးချိန် အမြန်ကျသွားတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီမော်လီကျူးဟာ Wegovy လို နာမည်ကြီး ဝိတ်ကျဆေးတွေနဲ့ ဆင်တူတဲ့ အာနိသင်မျိုး ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

လက်ရှိသုံးနေတဲ့ Wegovy လို ဆေးတွေက အစာအိမ်ထဲကနေ အစာဆင်းတာကို နှေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေသလို ခံစားရစေပေမယ့် ပျို့အန်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိတဲ့ pTOS မော်လီကျူးကတော့ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ၊ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Hypothalamus) ကို တိုက်ရိုက် သွားရောက်သက်ရောက်စေတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က မြွေတွေမှ မဟုတ်တာ" လို့ တွေးစရာရှိပေမယ့်၊ ဒီမော်လီကျူးက လူတွေရဲ့ ဆီးထဲမှာလည်း နည်းနည်းပါးပါး ပါဝင်နေတတ်တဲ့ သဘာဝဓာတ်တစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေပြီးသားဖြစ်တဲ့အတွက် အနာဂတ်မှာ ဆေးအဖြစ်ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုဘေးကင်းလုံခြုံမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒီရှာဖွေတွေ့ရှိမှုကို လူတွေမှာ လက်တွေ့ဆေးအဖြစ် အသုံးပြုနိုင်ဖို့အတွက်တော့ ထပ်ပြီး သုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကြီးထဲမှာ ဒီလို အလွန်အမင်း ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတဲ့ တိရစ္ဆာန်တွေဆီကနေ လူသားတွေ ကျန်းမာရေးအတွက် အကျိုးရှိမယ့်အရာတွေ အများကြီး သင်ယူနိုင်တယ်ဆိုတာကို ဒီလေ့လာမှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။  Source: The Guardian

ဗိုက်တာမင်အားဆေးတွေနှင့်တွဲမသုံးသင့်သည့်ဆေးမျာ

၁၄ ဧပြီ၊၂၀၂၆

လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။

လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။

ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။

အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။

မြန်မာနိုင်ငံတွင် ကြိုတင်ကာကွယ်ရေး အာရုံစိုက်ဆောင်ရွက်သင့်သည့် နီပါဗိုင်းရပ်စ်

-အယ်ဒီတာတစ်ဦး

အိန္ဒိယနိုင်ငံအခြေအနေ

လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။

    နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။

ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့်  စစ်ဆေးနေ    တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။

ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။

ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ အခြေအနေ

မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ  နိုင်ခြေရှိသော နိုင်ငံ" (High-risk  area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။

အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။

နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ

ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။

◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။

◾️ထန်းရည်/ဓနိရည်-    လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)

◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။

◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

Source: Wire News

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.