၁၁ အောက်တိုဘာ ၂၀၂၅

မြန်မာနိုင်ငံ ကမ်းလွန်လုပ်ကွက်အသစ် အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ  ထိုင်းနိုင်ငံ၊ PTTEP International Limited တို့ အကျိူးတူပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါ တယ်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာ ၁၀ ရက်က ထိုင်းနိုင်ငံ PTTEP International Limited ၏ အမှုဆောင်အရာချုပ်ဖြစ်သူ Mr. Montri Rawanchaikul နှင့်အဖွဲ့ကို နေပြည်တော်ရှိ ဝန်ကြီးဌာနတွင်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  အဆိုပါကိစ္စ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

၂၀၂၈ ခုနှစ်တွင် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး စာချုပ်များ အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက် လည်း ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဆက်လက် ပြောကြားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါကမ်းလွန် အောင်သိင်္ခစီမံကိန်းသည်  ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ်   ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်တယ်လို့သိရပါတယ်။

PTTEP အမှုဆောင်အရာရှိချုပ်က အထွက် နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့် ဇောတိကစီမံကိန်းများမှ သဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ  တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေကို တင်ပြခဲ့ရာ ဇောတိက စီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်း ပိုင်းတွင်  စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက  တိုက်တွန်းခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီးက အာမခံ ချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှပ်နှံနိုင်ရန် အခွင့်အလမ်းများ ရှိကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကံပေါက်ဒေသမှ  တစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင်   လာ  ရောက်ရင်းနှီးမြှုပ်နှံရန်လည်း PTTEP ကို ဖိတ်ခေါ်ခဲ့ပါတယ်။

#ymg/knl