#Local_News
Published 11 October 2025

■ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါဖြစ်သော အတွင်းတိမ်ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် အတွင်းတိမ်ခွဲစိတ်ခြင်းကို ဆေးရုံများ၌သာမက ကွင်းဆင်ကုသမှုအနေဖြင့် ကွင်းဆင်းအတွင်းတိမ်ခွဲစိတ်ခြင်း (Outreach Cataract Surgery)ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောသည်။

■ နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန (ရုံးအမှတ်-၄) အစ ည်းအဝေးခန်းမ၌ "ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့" အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ(၁၀)ရက်က ကျင်းပစဉ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

■ ထို့အပြင် နိုင်ငံအတွင်း မျက်ခမ်းစပ်ကဲ့သို့ ကူးစက်နိုင်သော မျက်စိရောဂါများ လျော့နည်းသွားသော်လည်း  ဆီးချို၊ သွေးတိုးရောဂါများ၏ နောက်ဆက်တွဲ မျက်စိရောဂါပြဿနာများ ဦးမော့မလာစေရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

■ ထို့ပြင် က‌လေးငယ်များ မျက်စိကျန်းမာရေးအတွက် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များတွင် မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက် နေကြောင်း သိရသည်။

#YMG/NN #Yangon_Times