#Local_News
Published 11 October 2025

■ ပြီးခဲ့သည့်အပတ်က စတင် ကျဆင်း သည့် စက်သုံးဆီ အမျိုးအစားအားလုံး ယခုအပတ်မှာလည်း တစ်လီတာလျှင် (၄၀)ကျပ်မှ (၁၀၀)ကျပ်အတွင်းဆက်လက် ကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယခုတစ်ပတ်အတွက်ထုတ်ပြန်ချက်အရ သိရသည်။

■ ထိုသို့ကျဆင်းရာတွင်ပြီးခဲ့သည့် အပတ်က 92 ဓာတ်ဆီ‌ ဈေးနှုန်းတစ်လီတာလျှင် (၉၀)ကျပ်နှင့်ယခုအပတ်တွင် (၁၀၀)ကျပ်အထိ ၊95 ဓာတ်ဆီ‌ ဈေးနှုန်းတစ်လီတာလျှင် (၈၅)ကျပ်မှ ယခုအပတ်တွင် (၉၅)ကျပ် အထိ ဆက်လက်ကျဆင်းလာကြောင်းသိရသည်။

■ ဒီဇယ်ဈေးနှုန်းတစ်လီတာလျှင် (၃၅)ကျပ် မှ ယခုအပတ်တွင် (၄၀) ကျပ် ၊နှင့်ပရီမီယမ်ဒီဇယ် ဈေးနှုန်းတစ်လီတာလျှင် (၆၀) ကျပ် မှ ယခုအပတ်တွင် (၆၅) ကျပ် အထိဈေးနှုန်း အသီးသီးကျဆင်းလာကြောင်း သိရသည်။

■ ယခုတစ်ပတ်အတွက်စက်သုံးဆီ ရည်ညွှန်းဈေးများမှာ 92 တစ်လီတာလျှင်၂ ,၇၃၀ ကျပ်၊95 တစ်လီတာလျှင် ၂,၈၀၀ကျပ် ၊ဒီဇယ်ဆီတစ်လီတာလျှင် ၂,၅၀၅ ကျပ် ၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၃,၀၅၀ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိ‌နေ‌ကြောင်းသိရသည်။

#YMG/NN #Yangon_Times