၁၆ ဩဂုတ် ၂၀၂၄

မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့်ပြည်တွင်းစစ် ဖြစ်ပွား၍ မရကြောင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟို  ကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ထိုင်း၊လာအိုနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး     များနှင့် လေးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးရာတွင် တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်းနှင့် မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရတဲ့ စည်း   သုံးခုကို ခိုင်မာစွာထိန်းသိမ်းရမှာဖြစ်ပြီး ယင်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်  ဖြစ်ပွား   ၍မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်   စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင်ဖြစ်တယ်လို့ ဝမ်ယိကပြောကြားခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဩဂုတ်လ ၁၆ ရက် ယနေ့တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ လေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကျင်းပခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုလို ဆွေးနွေး တိုက်တွန်း     လိုက်တာ ဖြစ်ပါတယ်။

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး “တစ်လှေတည်းစီးကာ တစ်မြစ်တွင်းရေအတူသောက်သုံး” ကြကြောင်း၊ မိမိတို့အကြားတွင် ရှည်လျားလှသော နယ်စပ်မျဉ်းနှင့် သမိုင်းကြောင်းကြာရှည်သည့် ဆက်ဆံရေးသမိုင်း  ရှိသဖြင့် အခြားနိုင်ငံများထက် မြန်မာနိုင်ငံ၏ ထူးခြားသောနိုင်ငံအခြေအနေကို ပိုမိုနားလည်ကာ မြန်မာနိုင်ငံအား ကူညီပေးရန် စွမ်းရည် နှင့်ဆန္ဒပိုမိုရှိကြကြောင်းလည်း မစ္စတာဝမ်ယိကဆက်လက်ပြောကြားပါတယ်။

မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထက်ပိုလိုလားသောသူ မရှိပါကြောင်း၊ မိမိတို့  သည် စိတ်ရင်းအမှန်စေတနာဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရှိန်လျော့ ပြန်လည်တည်ငြိမ်လာရေးကို ကူညီဆောင်ရွက်   ပေး   ရန် မျှော်လင့်ပါတယ်လို့လည်း သူက ပြောပါတယ်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကိုမျက်နှာမူကြောင်း၊ မိမိတို့သည် ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ခြင်း အခြေခံမူကို အမြဲတစေလက်ကိုင်ထားပြီး မြန်မာနိုင်ငံက အချုပ်    အခြာအာဏာနှင့် နိုင်ငံတစ်သားတည်းဖြစ်မှုအား ကာကွယ်ထိန်းသိမ်းရေးကို ထောက်ခံအားပေးပါကြောင်း မစ္စတာ  ဝမ်ယိက    ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းအပြင် မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးမှုဖြင့် ပြည်တွင်းပြန်လည်သင့်မြတ်မှုဖော်ဆောင်ရန် ထောက်ခံအားပေးပါ ကြောင်း၊ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းရှာဖွေတွေ့ရှိမှုကို အားပေးပါ    ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပါတယ်။

0 02 03 3fae90b90ad21cb9769820fda4eab3e369c708d2ba48dfd7da933325f73982d6 276bfcede7d

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေးကိစ္စနှင့်ပတ်သက်၍ အဆိုပြုချက်အချို့ကို ဆွေးနွေးပွဲတွင် တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။ ယင်းတို့မှာ-

၁။ မြန်မာနိုင်ငံက ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တရားဥပဒေနှင့်အညီ စနစ်တကျ ပြန်လည်  ဖော်ဆောင်ရန် အတူတကွထောက်ခံအားပေးခြင်း

မြန်မာနိုင်ငံဘက်က အဆိုပြုသည့် “ရှေ့လုပ်ငန်းစဉ်ငါးရပ်” တတိယဗားရှင်းသည် အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်ရန် အထောက်အကူပြုသဖြင့် နားလည်လေးစားပေးသင့်သည်။ တစ်ချိန်တည်းတွင် “ရှေ့လုပ်ငန်းစဉ်ငါးရပ်”အသစ်နှင့် အာဆီယံ ၏ “ဘုံသဘောတူညီချက်ငါးရပ်” ၏ ကိုက်ညီသည့်အချက်ကို တက်တက်ကြွကြွဆွေးနွေးကာ အပြန်အလှန်မြှင့်တင်၍ စုပေါင်းအင်အားအဖြစ်ဖော်ဆောင်ရမည်။

၂။ မြန်မာပြည်သူများ လက်ရှိအခက်အခဲကျော်ဖြတ်နိုင်ရန် အတူတကွထောက်ခံအားပေးခြင်း

ဘက်အသီးသီးက မြန်မာနိုင်ငံထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကြိုဆိုပြီး မည်သည့်ကူညီမှုမဆို မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ဆန္ဒကို လေးစားသင့်သည်။ ကူညီမှုများကို အတိုက်အခံပဋိပက္ခပြုလုပ်ရာတွင် အသုံး   မပြုဘဲ ပြည်သူလူနေမှုဘဝကို အာမခံရာတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် လက်တွေ့ကျ ပူးပေါင်း   ဆောင်ရွက်မှုကိုမြှင့်တင်ကာ မြန်မာနိုင်ငံက မိမိစွမ်းရည်မြှင့်တင်ရန် ကူညီပေး၍ ပဋိပက္ခများဖြစ်ပွားမှုကို တားဆီးရန်အတွက် အကျိုးရှိသော လူမှုရေးနှင့်စီးပွားရေး အခြေအနေဖန်တီးပေးရမည်။

၃။ အာဆီယံပုံစံဖြင့် မြန်မာနိုင်ငံ အရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းရန် အတူတကွထောက်ခံအားပေးခြင်း၊

အာဆီယံက စည်းလုံးညီညွတ်မှု ထိန်းသိမ်းထားမှုနှင့် အာဆီယံ၏ဗဟိုတည်နေရာကို ထောက်ခံအားပေးခြင်းနှင့် ဒေသတွင်း   ပြင်ပအင်အား  များက အခြေအနေပျက်အောင် နှောင့်ယှက်ခြင်းကြောင့် ပဋိပက္ခပိုမိုဆိုးရွားလာမှုကို သတိထားရမည်ဖြစ်သည် လို့  သတင်း  ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံကဆွေးနွေးရာတွင်-

လက်ရှိအခြေအနေနှင့် မြန်မာနိုင်ငံအစိုးရက ပြည်တွင်းတည်ငြိမ်မှု ကာကွယ်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းမှုများကို မြန်မာ   ဘက်ကမိတ်ဆက်ပေးခဲ့ပြီး သုံးနိုင်ငံက ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အခက်အခဲ   ကြုံတွေ့   ချိန်တွင် ကူညီသောလက်ကမ်းပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို ကောင်းမွန်စွာအသုံး    ပြု၍ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ နားလည်မှုတိုးမြှင့်ပြီး ပြည်တွင်းတည်ငြိမ်မှုနှင့် နိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ဆောလျင်စွာဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဆွေးနွေးရာတွင်-

မြန်မာနိုင်ငံသည် ငြိမ်းချမ်းမှု၊ တစ်သားတည်းဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် တွေ့မြင်လိုပါကြောင်း၊ မြန်မာနိုင်ငံက မိမိနည်းလမ်းဖြင့် ပြည်တွင်းရေးပြဿနာအား ဖြေရှင်းမှုကိုလေးစားပါကြောင်း၊ မြန်မာပြည်သူများကဦးဆောင်၍ မြန်မာ ပြည်သူများကပိုင်ဆိုင်မှုကို လိုက်နာပါကြောင်း၊ ဘက်အသီးသီးနှင့်ချိတ်ဆက်မှုကို ထိန်းသိမ်းကာ မြန်မာနိုင်ငံကို အတတ် နိုင်ဆုံးကူညီပေး၍ အာဆီယံလုပ်ငန်းစဉ်နှင့်အတူ အပြန်အလှန်ဖြည့်စွက်မှုဖြစ်လာပြီး ကောင်းမွန်စွာဖြေရှင်းသည့်    နည်းလမ်း  ကို ရှာဖွေတွေ့ရှိရန် ကြိုးပမ်းသွားလိုသည့် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

လာအိုနိုင်ငံကဆွေးနွေးရာတွင်-

လေးနိုင်ငံသည်ဘုံနယ်စပ်များရှိကြပြီး အေးအတူပူအမျှဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံ၏အိမ်နီးချင်းနှင့် မိတ်ဆွေအနေဖြင့် မြန်မာနိုင်ငံက တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားရန် မျှော်လင့်ပြီး မြန်မာနိုင်ငံကို ကူညီပေးရန် ဆန္ဒ   ရှိပါကြောင်း၊ လေးနိုင်ငံမှ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံအခြေအနေကို ပိုမိုနားလည်ပြီး ကောင်းမွန်    စွာဖြေရှင်းရန်နည်းလမ်း အတူတကွရှာဖွေရန် အထောက်အကူပြုပါကြောင်း၊ တရုတ်နိုင်ငံက ပြည်တွင်းရေးကို မစွက်ဖက်သည့် အခြေခံမူအား လိုက်နာသည့် သဘောထားကို လုံးဝသဘောတူပါကြောင်း၊ မြန်မာနိုင်ငံပြဿနာကို မြန်မာပြည်သူများကသာ ဖြေရှင်းနိုင်ကြောင်း၊ ပြင်ပအင်အားများက စွက်ဖက်မှုကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်  နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith ၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Eksiri Pintaruchi တို့တက်ရောက်ခဲ့ကြပါတယ်။

@ymg/knl