၁၉ ဩဂုတ် ၂၀၂၄

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရေယာဉ်နှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတို့ ယနေ့ ဩဂုတ် ၁၉ ရက် မနက် ၃ နာရီ ၂၃    မိနစ်က  တရုတ်ရေပိုင်နက်ထဲမှာ တိုက်မိတယ်လို့ တရုတ်အစိုးရ စီစီတီဗွီက သတင်းထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင်   ကမ်းခြေစောင့် ရေယာဉ်ဟာ တရုတ်နိုင်ငံပိုင် နန်ရှာကျွန်းစုတွေရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ရှန်ပင်းကျောင် ကျောက်တန်း     နှင့်ကပ်လျက် ရေပြင် ထဲ ကျူးကျော်ဝင်ရောက်ရင်း တိုက်မိကြတာဖြစ်တယ်လို့သတင်းကဆိုပါတယ်။

ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရေယာဉ် ၄၄၁၀ ဟာ ရုတ်တရက်လှည့်လိုက်ပြီး တရုတ်ကမ်းခြေစော့် ယာဉ် ၂၁၅၅၁ ကို တိုက်လိုက်တာတွေ့ရပါတယ်။

အဲဒီရေယာဉ်ဟာ တရုတ်ကမ်းခြေစောင့်တပ်က အကြိမ်ကြိမ်သတိပေးချက်ကို မလိုက်နာဘဲ တရုတ်ရေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ကာ တမင်ပင် တရုတ်သင်္ဘောကို ဝင်တိုက်တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source CCTV