၂၈ ဇွန် ၂၀၂၅
ကမ္ဘာ့ ဒုတိယမြောက် အချမ်းသာဆုံးနှင့် အမေဇုန်တည်ထောင်သူ ဂျက်ဘီဇိုဟာ လောရင်း ဆန်ရှက် ဘီဇိုနှင့် စနေနေ့က လက်ထပ်လိုက်ပါတယ်။ လက်ထပ်ပွဲအခမ်းအနားကို အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ၃ ရက်တိတိကျင်းပခဲ့ပြီး ကမ္ဘာ့အကျော်အမော်များစွာတက်ရောက်ခဲ့ပါတယ်။
လောရင်းဆန်ရှက်ဟာ သတင်းစာဆရာမတစ်ဦးဖြစ်ခဲ့ပြီး လိုင်စင်ရ လေယာဉ်မှူး၊ စာရေးဆရာနှင့် ပရိဟိတသမားတစ်ဦးလည်းဖြစ်ပါတယ်။
သူတို့ဟာ အီတလီနိုင်ငံ ဗင်းနစ်မြို့ကြီးက ဆန်ဂျော်ဂျီယို မက်ဂီယိုကျွန်းပေါ်မှာ ဇွန်၂၇ ရက်က တစ်သီးတစ်သန့် လက်ထပ်ပွဲပြုလုပ်ခဲ့ပြီး အဲဒီပွဲကို အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ၂၀၀ခန့် တက်ရောက်ခဲ့ကြ ပါတယ်။
လက်ထပ်ပါတီပွဲ နောက်ဆုံးနေ့ကိုတော့ ဇွန် ၂၈ရက်က သမိုင်းဝင် မီဒီဗယ်သင်္ဘောကျင်းမှာကျင်းပ ခဲ့ပါတယ်။အဲဒီသင်္ဘောကျင်းဟာ ၁၃ရာစုခေတ် တော်ဝင်သင်္ဘောကျင်းကြီးတစ်ခုဖြစ်ပါတယ်။
သုံးရက်တာ လက်ထပ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း၅၀ နှင့် ၅၆ သန်းအကြားရှိပါတယ်။ လက်ထပ်ပွဲတက်လာသူတွေကို ဇိမ်ခံဟိုတယ်ကြီးတွေမှာ တည်းခိုစေပြီး Usher လို အနုပညာ ရှင်တွေကလည်း ဖျော်ဖြေခဲ့ကြပါတယ်။
သတို့သမီး ဆန်ရှက်ဟာ Houseboat ဇာတ်ကားထဲက မင်းသမီးကြီး ဆိုဖီယာလောရင်းရဲ့ ဝတ်စုံကို အတူယူထားတဲ့ Dolce & Gabbana သတို့သမီးဝတ်စုံကို ဆင်မြန်းထားပါတယ်။အဲဒီဝတ်စုံအတွက် ဖန်တီးတာ နာရီပေါင်း ၉၀၀ ကြာခဲ့တယ်လို့ဆိုပါတယ်။ ဘီဇိုကတော့ ဂန္တဝင်စတိုင် tuxedo အနက်ရောင်ဝတ်စုံဝတ်ဆင်ခဲ့ပါတယ်။
တက်ရောက်လာကြတဲ့ အကျော်အမော်တွေဟာ နယ်ပယ်အသီးသီးဖြစ်တဲ့ ဖျော်ဖြေရေး၊ အားကစား နှင့် စီးပွားရေးနယ်ပယ်တွေက ထိပ်တန်း အထင်ကရတွေဖြစ်ကြပါတယ်။ဟောလီဝုဒ်ကဆိုရင် မင်းသား လီယို နာဒိုဒီကာပရီယို၊အိုလန်ဒိုဘလွမ်း၊အိုပရောဝင်းဖရေး၊ဂေလီကင်းတို့လို နာမည်ကြီးတွေ တက်ရောက်ခဲ့ကြ ပါတယ်။
ရုပ်သံ Royalty အစီအစဉ်တွေက ကရစ်ဂျင်နာ၊ကမင်ကာဒက်ရှန်၊ကလို ကာဒက်ရှန်။ ကင်ဒဲလ် နှင့် ကီလီ ဂျင်နာတို့ပါဝင်ကြပါတယ်။
အားကစားနှင့် ဂီတနယ်ပယ်ကဆိုရင် တွမ် ဘရန်ဒီ၊ Usher တို့ပါဝင်ကြပါတယ်။
စီးပွားရေးနှင့်နိုင်ငံရေးနယ်ပယ်တွေထဲက ဘီလ်ဂိတ်၊ အင်ဗန်ကာထရမ့်၊ ဂျားကူရှ်နာ၊ ဂျော်ဒန်ဘရင်မ ရာနီယာတို့တက်ရောက်လာကြပါတယ်။
ဘီဇိုလက်ထပ်ပွဲကို “ဘီဇိုအတွက်နေရာမရှိ” ဆိုတဲ့ခေါင်းစဉ်နှင့် လူအချို့က ဗင်းနစ်မှာ ကန့်ကွက်ခဲ့ကြပါ သေးတယ်။
လက်ထပ်ပွဲဟာ ချမ်းသာခြင်းမညီမျှမှု၊ ရာသီဥတုကွာခြားမှုနှင့် အလွန်အကျွံခရီးသွားလုပ်ငန်းတို့ရဲ့ အမှတ်သင်္ကောတေဖြစ်တယ်ဆိုပြီး သူတို့ကဝေဖန်ကြပါတယ်။
Source: News Wires