#World_Science
Published 14 November 2025

■ အသက် ၇၀ ကျော်အရွယ်မှာ သီချင်းနားထောင်ခြင်းက ဒီမန်ရှာရောဂါဖြစ်နိုင်ခြေ ၃၉ ရာခိုင်နှုန်းလျော့နည်းစေခြင်းနဲ့ ဆက်စပ်နေတယ်လို့ မိုနက်ရှ်တက္ကသိုလ်က သက်ကြီးရွယ်အို ၁၀,၈၀၀ ကျော်ကို လေ့လာတွေ့ရှိခဲ့ပါတယ်။

■ အသက် ၇၀ ကျော်တဲ့အခါ သီချင်းအမြဲနားထောင်သူတွေက နားမထောင်ဖြစ်တဲ့သူတွေထက်စာရင် ဒီမန်ရှာဖြစ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း လျော့နည်းစေကာ ဂီတတူရိယာ တီးခတ်ခြင်းကတော့ ၃၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ပရော်ဖက်ဆာ ဂျိုအန်ရိုင်ယန်နဲ့ ကျောင်းသူ အမ်မာဂျက်ဖာတို့က တွေ့ရှိခဲ့ပါတယ်။

■ ဒါ့အပြင် သီချင်းနားထောင်ခြင်းဖြင့် ဦးနှောက်ချို့ယွင်းခြင်းကိုလည်း ၁၇ ရာခိုင်နှုန်းလျှော့ချပေးကာ ဦးနှောက်အသိဉာဏ်စွမ်းရည်နဲ့ မှတ်ဉာဏ်ပြန်ခေါ်ခြင်းတို့မှာ ရလဒ်ကောင်းပါတယ်။

■ ကမ္ဘာကြီးမှာ သက်ကြီးရွယ်အိုဦးရေ များပြားလာပြီး အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါတွေလည်းအဖြစ်များလာပါတယ်။

■ ဒီမန်ရှာအတွက် ကုသနည်းမရှိတာကြောင့် ရောဂါကို ကြိုတင်ကာကွယ်ခြင်းက အရေးကြီးကြောင်း ရိုင်ယန်က ဆိုပါတယ်။

■ ဦးနှောက်အိုမင်းလာခြင်းက အသက်အရွယ်တစ်ခုတည်းသာ မှီခိုတာမဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံတို့ကလည်း သက်ရောက်နေပါတယ်။

■ သီချင်းနားထောင်ခြင်းက ဦးနှောက်အစိတ်အပိုင်းအမျိုးမျိုးကို လှုံ့ဆော်ပေးကာ မှတ်ဉာဏ်၊ စိတ်ခံစားမှု၊ အာရုံစူးစိုက်မှုတို့ကို ထောက်ကူပေးပြီး အသက်ကြီးတဲ့အချိန်မှာ ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက်ကို ထိန်းသိမ်းပေးပါတယ်။

■ နောက်ဆုံးကောက်ချက်ချရလျှင် သီချင်းနားထောင်ခြင်းဟာ အသက်ကြီးတဲ့အခါ ဦးနှောက်ချို့ယွင်းမှုကို လျှော့ချစေပြီး ဒီမန်ရှာဖြစ်ခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Source: Neuroscience.