#World_Science
Published 14 November 2025
▪️ စတန်းဖို့ဒ်တက္ကသိုလ်မှ မျက်စိကျန်းမာရေးပရော်ဖက်ဆာ ဒန်နီယယ်ပယ်လန်ကာက မျက်စိကွယ်ခြင်းကို ပြန်ပြောင်းလဲစေနိုင်မယ့် နည်းလမ်းရရှိဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်တည်းက စိတ်ကူးယဉ်ခဲ့ကာ နောက်ဆုံးမှာတော့ အောင်မြင်စွာတီထွင်နိုင်ခဲ့ပါပြီ။
▪️ မျက်လုံးနောက်မှာ ကြိုးမဲ့ဆားကစ်ပြားလေးတွေနဲ့ နည်းပညာမြင့်မှန်လေးတွေ ထည့်သွင်းလိုက်တာဖြစ်ပြီး အဖြစ်များကြတဲ့ မျက်လုံးကြွက်သားချို့ယွင်းရောဂါ ခံစားရတဲ့ လူ ၃၀ ခန့်ဟာ ပြန်ပြီးတော့ စာဖတ်နိုင်ခဲ့ပါတယ်။
▪️ ဒီပစ္စည်းဟာ အမြင်အာရုံ ပြန်လည်ရရှိစေတဲ့ ပထမဆုံးအရာဖြစ်ပေမယ့် ကုသမရနိုင်တော့တဲ့ အမြင်အာရုံဆုံးရှုံးလူနာတွေမှာ အဖြူအမည်းကိုမှ မှုန်ဝါးဝါး မြင်ရစေပါတယ်။
▪️ လူနာတွေ ပြန်လည်မြင်ခွင့်ရတာ အံ့အားသင့်ကြရတယ်လို့ ပယ်လန်ကာက SFGATE ကို ပြောပါတယ်။
▪️ မျက်လုံးကြွက်သားချို့ယွင်းခြင်း ပိုဆိုးလာတဲ့အခါ အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံဆုံးရှုံးလာစေပြီး ပြန်လည်ကုသလို့မရတော့ပါဘူး။
▪️ ဒီကိရိယာရဲ့ အစိတ်အပိုင်းနှစ်ခုက ဆားကစ်ပြားလေးနဲ့ အထူးမှန်တွေ ဖြစ်ပါတယ်။
▪️ မှန်မှာဆိုရင် ပုံရိပ်တွေကို ဖမ်းယူနိုင်တဲ့ ကင်မရာချိတ်ဆက်ထားကာ ဆားကစ်တွေဆီ အနီအောက်အလင်းမှတဆင့် ပို့လွှတ်ပေးပါတယ်။
▪️ ဒီနောက် ဆားကစ်ပြားလေးတွေက ပုံရိပ်တွေကို လျှပ်စီးလှုံ့ဆော်မှုအဖြစ် ပြောင်းလဲပေးကာ အမြင်အာရုံပြန်ရစေတာ ဖြစ်ပါတယ်။
▪️ အချို့လူနာတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပြီး ၂ လအတွင်း သက်သာသွားကြကာ ၃ ပုံ ၂ ပုံလောက်က အတော်လေး ကျေနပ်ကြပါတယ်။
▪️ ဒီကိရိယာရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေကြပြီး မီးခိုရောင်နဲ့ ပိုမိုပြတ်သားတဲ့ပုံရိပ် ထည့်သွင်းနေကြကာ ဥရောပနဲ့ အမေရိကန်တို့မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Source: SFGATE