#World_News
Published 01 October 2026
■ အကြမ်းဖက်တိုက်ခိုက်မှုလို့ သံသယရှိခံထားရတဲ့ flydubai လေယာဉ်ပေါ်က ခရီးသည်တွေဟာ ဗုဒ္ဓဟူးနေ့တုန်းက မတော်တဆဘေးအန္တရာယ်ကြီးကို ဟန့်တားကာကွယ်ပေးခဲ့ကြတဲ့ ရဲရင့်တဲ့ သူရဲကောင်းတွေကို ကျေးဇူးတင်ရင်း၊ လေယာဉ်ပေါ်က ရုတ်ရုတ်သဲသဲဖြစ်ရပ်နဲ့ သွေးပျက်စရာ သွေးထွက်သံယို မြင်ကွင်းတွေကို ပြန်ပြောပြခဲ့ကြပါတယ်။
■ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ မောင်ဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ မီရီယမ် အိုဟာယွန် ကတော့ ခရီးစဉ်အမှတ် ၁၀၇၃ ဟာ တဲလ်အဗစ် ကို ဦးတည်ပျံသန်းနေတုန်း အထက်အောက် ထိန်းမရဘဲ ထိုးစိုက်ဆင်းသွားချိန်မှာ လေယာဉ်ပေါ်မှာ ငရဲပွက်သလို ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။
■ လေယာဉ်မှူးကြီး Smit Machchhar ကလေယာဉ်မောင်းခန်း တံခါးကို ဖွင့်ပေးလိုက်တဲ့အချိန်မှာ သွေးရွှဲနေတဲ့ လေယာဉ်မှူးကြီးကို မြင်လိုက်ရတာကြောင့် ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်လို့ အိုဟာယွန်က ပြန်ပြောင်းပြောပြပါတယ်။
■ "လေယာဉ်ပေါ်မှာ အော်ဟစ်သံတွေကြားရပြီး လေယာဉ်မောင်းခန်းတံခါးကို ပွင့်လိုက်တဲ့အခါ သွေးတွေအများကြီး မြင်လိုက်ရတယ်" လို့ သူမက အစ္စရေးရဲ့ Channel 24 သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
■ အခြားခရီးသည်တစ်ဦးဖြစ်သူ Mika Bauman ကတော့ လေယာဉ်ဟာ ပေ ၁၈,၀၀၀ မက ရုတ်တရက် ထိုးစိုက်ကျသွားတဲ့ ခံစားချက်ဟာ ရိုလာကိုစတာစီးရင်း အောက်ကိုထိုးကျသွားတာထက် အဆပေါင်းများစွာပိုဆိုးရွားလွန်းတယ်လို့ပြောပါတယ်။
■ ဒီထိတ်လန့်စရာဖြစ်ရပ်အပြီးမှာ ခရီးသည်တွေဟာ လေယာဉ်မှူးကြီး မချာ ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒုတိယလေယာဉ်မှူးကို ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ကျေးဇူးတင်နိုင်ခဲ့ကြတယ်လို့ ဘိုးမန်းက ဖြည့်စွက်ပြောပါတယ်။
■ အဲဒီသူရဲကောင်းတွေရဲ့ အင်္ကျီတွေမှာ သွေးတွေ ပေကျံနေတာကြောင့် ခွဲခြားသိမြင်ဖို့ အလွန်လွယ်ကူခဲ့တယ်လို့လည်း ဆိုပါတယ်။
Source- New York Post
#World_Health
Published 01 October 2026
■ ၁၀ မိနစ်ခန့် အလွန်နှေးတဲ့နှုန်းဖြင့် ပြေးခြင်းဟာ ဦးနှောက်လုပ်ဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးပြီး စိတ်ခံစားချက်ကို တက်ကြွစေပါတယ်။
■ ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ ပုံရိပ်ဖော်နည်းပညာများအရ အချိန်တိုအတွင်း ပြေးပြီးနောက် ဦးနှောက်အရှေ့ပိုင်းခွံသို့ သွေးလှည့်ပတ်မှု တိုးလာကြောင်း တွေ့ရှိရပါတယ်။
■ ဦးနှောက်အရှေ့ပိုင်းခွံက စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက်များနဲ့ စိတ်ခံစားချက် ထိန်းချုပ်မှုအတွက် တာဝန်ရှိတဲ့ အဓိကဦးနှောက်အစိတ်အပိုင်း ဖြစ်ပါတယ်။
■ ပါဝင်စမ်းသပ်ခံသူများဟာ နောက်ဆက်တွဲစမ်းသပ်မှုများအတွင်း အသိဉာဏ်ဆိုင်ရာ မြန်ဆန်မှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းတို့မှာ သိသာထင်ရှားတဲ့ တိုးတက်မှုများကို ပြသခဲ့ကြပါတယ်။
■ ပြေးသူတွေက ဝမ်းမြောက်ကြည်နူးမှုနဲ့ စိတ်ခံစားချက် သိသိသာသာ ကောင်းမွန်လာကြောင်း သတင်းပို့တဲ့အတွက် စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ချက်ချင်းရရှိခဲ့ပါတယ်။
■ အလွန်နှေးစွာပြေးခြင်းက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေရဲ့ ခန္ဓာကိုယ်အပေါ် ပင်ပန်းခြင်းမရှိဘဲ အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါတယ်။
■ စက်ဘီးစီးခြင်းနဲ့ မတူဘဲ ပြေးခြင်းက အပိုဆောင်း ဦးနှောက်အစိတ်အပိုင်းများကို ပိုမိုလှုံ့ဆော်ပေးနိုင်တဲ့ သီးသန့်ဟန်ချက်ညီ ပေါင်းစပ်ညှိနှိုင်းမှု လိုအပ်ပါတယ်။
■ အချိန်တိုအတွင်း သက်တောင့်သက်သာ ပြေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ စိတ်ခံစားချက်နှစ်ခုလုံးကို မြှင့်တင်ပေးနိုင်တဲ့ လက်လှမ်းမီလွယ်ပြီး အကျိုးထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Source: Toronto Sun
#World_Health
Published 01 October 2026
■ Science Advances ဂျာနယ်ပါ လေ့လာမှုတစ်ခုမှာ အယ်ဇိုင်းမားဝေဒနာရှင်တွေရဲ့ ဦးနှောက်နမူနာ ၉၀ ရာခိုင်နှုန်းကျော်မှာ P.gingivalis ဘက်တီးရီးယား အဆိပ်အတောက်ဖြစ်စေတဲ့ အင်ဇိုင်းများကို တွေ့ရှိခဲ့ပါတယ်။
■ အဆိုပါ ဘက်တီးရီးယားက ပြင်းထန်တဲ့ သွားဖုံးရောဂါတစ်မျိုးဖြစ်တဲ့ နာတာရှည်သွားဖုံးရောင်ရောဂါနဲ့ အခိုင်အမာ ဆက်စပ်မှုရှိပါတယ်။
■ ပျက်စီးနေတဲ့ သွားဖုံးတစ်ရှူးများဟာ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို သွေးကြောထဲသို့ ဝင်ရောက်စေပြီး ဦးနှောက်ဆီ ရောက်ရှိသွားစေနိုင်ပါတယ်။
■ ဦးနှောက်တစ်ရှူးများအတွင်းရှိ ထိုဘက်တီးရီးယား အင်ဇိုင်းများဟာ အာရုံကြောဆဲလ် ပျက်စီးခြင်း၊ ရောင်ရမ်းခြင်း၊ ပရိုတိန်းများ ပုံမှန်မဟုတ်ဘဲ စုပြုံလာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
■ ကြွက်တွေမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုများအရ ပါးစပ်မှတဆင့် ပိုးဝင်ရောက်မှုဟာ ဦးနှောက်ရောင်ရမ်းခြင်းနဲ့ အယ်ဇိုင်းမားဖြစ်စေတဲ့ အမိုင်လွိုက်ဘီတာပရိုတိန်း ထွက်ရှိမှုကို မြင့်တက်စေကြောင်း တွေ့ရှိရပါတယ်။
■ ကြွက်တွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ အင်ဇိုင်းတွေကို တားဆီးလိုက်တဲ့အခါ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခဲ့ပြီး ဦးနှောက်ရဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ အာရုံကြောဆဲလ်များကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
■ ဒါပေမဲ့ အဆိုပါအင်ဇိုင်းကို ပိတ်ပင်တားဆီးတဲ့ ဆေးဝါးဖြင့် လူတွေမှာ စမ်းသပ်ကုသမှုများ ပြုလုပ်ခဲ့ရာမှာ အယ်ဇိုင်းမားဝေဒနာရှင်များရဲ့ သိမြင်နားလည်နိုင်စွမ်းရည်ကို တိုးတက်လာခြင်း မရှိခဲ့ပါဘူး။
■ သုတေသီတွေက သွားဖုံးရောဂါနဲ့ အယ်ဇိုင်းမားဟာ ဆက်စပ်မှုရှိပေမယ့် သွားဖုံးရောဂါဟာ အယ်ဇိုင်းမားရောဂါကို တိုက်ရိုက်ဖြစ်ပွားစေကြောင်း အတည်ပြုသက်သေပြနိုင်ခြင်း မရှိသေးဘူးလို့ ထောက်ပြထားပါတယ်။
Source: India Today
#World_News
စက်တင်ဘာ ၃၀၊ ၂၀၂၆
■ ရွှေ့ပြောင်းနေထိုင်သူများကို ၎င်းတို့၏မူရင်းနိုင်ငံမဟုတ်သော တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးမှု ပြန်လည်ဆောင်ရွက်ရန် ထရမ့်အစိုးရကို အမေရိကန်တရားရုံးချုပ်က ယာယီခွင့်ပြုလိုက်သည်။
■ အောက်တရားရုံးက ပြည်နှင်ဒဏ်ပေးခံရသူများကို မပို့ဆောင်မီ ကန့်ကွက်ခွင့်ပေးရန် အမိန့်ချထားခြင်းဖြစ်သည်။
■ ထိုအမိန့်ကြောင့် လူ ၇၀ ခန့်ကို နိုင်ငံသုံးနိုင်ငံသို့ ပို့ဆောင်မည့် လေယာဉ်ခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း အစိုးရကတရားရုံးချုပ်သို့တင်ပြခဲ့သည်။
■ မူရင်းနိုင်ငံသို့ ပြန်ပို့မရသူများ သို့မဟုတ် သက်ဆိုင်ရာအစိုးရများက လက်မခံသူများကို တတိယနိုင်ငံသို့ ပို့ဆောင်ရန် လိုအပ်ကြောင်း အစိုးရကဆိုပြီး လက်ခံမည့်နိုင်ငံများထံမှ ညှဉ်းပန်းနှိပ်စက်မှု မပြုရန် အာမခံချက်များရရှိထားကြောင်း အစိုးရရှေ့နေများကပြောသည်။
■ ရှေ့နေချုပ် တော့ဒ်ဘလန့်ချ်က ယင်းမူဝါဒကို “လုံးဝတရားဝင်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ အကောင်အထည်ဖော်ရာတွင်အရေးပါသည့် နည်းလမ်း” ဟု ကာကွယ်ပြောဆိုခဲ့သည်။
■ ရွှေ့ပြောင်းနေထိုင်သူများ၏ ရှေ့နေများကမူ ၎င်းတို့နှင့် အဆက်အသွယ်မရှိသော နိုင်ငံများသို့ ပို့ဆောင်ခြင်းကြောင့် ဖိနှိပ်ညှဉ်းပန်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အကျဉ်းချခံရမှုနှင့် အခြားကြီးမားသော အန္တရာယ်များကြုံနိုင်ကြောင်းကန့်ကွက်ထားသည်။
■ ယခုအမိန့်သည် မူဝါဒတရားဝင်ကြောင်း ဆုံးဖြတ်ခြင်းမဟုတ်ဘဲ အမှုတွင် အငြင်းပွားနေသည့် အခြေအနေများအရ တတိယနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးနိုင်ခြင်း ရှိ၊ မရှိကို တရားရုံးချုပ်က ဒီဇင်ဘာလတွင် ကြားနာမည်ဖြစ်သည်။
မူရင်းသတင်းရင်းမြစ် — WION၊ Navashree Nandini
#World_Health
Published 30 September 2026
■ တစ်နေ့တာရ့ ပထမဆုံးအစားအစာဖြစ်တဲ့ နံနက်စာကို မွန်းလွဲ ၁၂ နာရီကျော်မှ စားသုံးခြင်းဟာ သေဆုံးနိုင်ခြေကို ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ပါတယ်။
■ အမေရိကန်လူမျိုး ၃၁,၀၀၀ ကျော်ရဲ့ စားသောက်မှုပုံစံနဲ့ ကျန်းမာရေးရလဒ်များကို ရေရှည်လေ့လာဆန်းစစ်ကာ ဒီတွေ့ရှိချက်ကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
■ မနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီကြား နံနက်စာ စားသူတွေဟာ စောစီးစွာစားသူတွေထက် သေဆုံးနိုင်ခြေ ၁၉ ရာခိုင်နှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။
■ မွန်းလွဲ ၁၂ နာရီကျော်မှ နံနက်စာ စားသုံးခြင်းက နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးနိုင်ခြေကို ၄၆ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်စေပါတယ်။
■ လူကြီးပိုင်းအရွယ်အထိ နံနက်စာကို စနစ်တကျ မစားဘဲ ပုံမှန်နောက်ကျမှ စားသုံးခြင်းဟာ ပျမ်းမျှသက်တမ်းကို ၂ နှစ်ခွဲနီးပါး တိုတောင်းစေနိုင်ကြောင်း ပြသနေပါတယ်။
■ ခန္ဓာကိုယ် သဘာဝလည်ပတ်စက်ဝန်းနဲ့ အစာချေဖျက်မှု အလုပ်လုပ်ပုံများ ဗြောင်းဆန်သွားခြင်းက သေဆုံးနိုင်ခြေ မြင့်မားရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နိုင်ပါတယ်။
■ နံနက်စာ နောက်ကျမှ စားခြင်းဟာ သေဆုံးနိုင်ခြေရှိကြောင်း ပြသတဲ့ သတိပေးလက္ခဏာတစ်ခုဖြစ်ပြီး တိုက်ရိုက်အသက်ဆုံးရှုံးစေနိုင်တဲ့ အကြောင်းအရင်းလို့ တိုက်ရိုက်မပြောနိုင်သေးကြောင်း ကျွမ်းကျင်သူတွေ ထောက်ပြကြပါတယ်။
■ ခန္ဓာကိုယ် အစာချေဖျက်မှုစနစ် အကောင်းဆုံးလည်ပတ်နိုင်စေရန် နံနက်စောစော အာဟာရပြည့်ဝတဲ့ အစာကို စားသုံးပေးရန် ကျန်းမာရေးပညာရှင်များ အကြံပြုထားပါတယ်။
Source: New York Post
#World_Health
Published 30 September 2026
■ အအေးမိပြီးနောက် ချောင်းဆိုးကျန်နေခြင်းမှာ အသက်ရှူလမ်းကြောင်း ယားယံလွယ်ပြီး ခန္ဓာကိုယ် ပုံမှန်ယားယံစေတဲ့ အရာများကို ဆက်လက်တုံ့ပြန်နေခြင်းကြောင့် ဖြစ်လေ့ရှိပါတယ်။
■ နှာခေါင်းနဲ့ လေအိတ်များမှ အကျိအချွဲများ လည်ချောင်းထဲသို့ စိမ့်ဝင်ခြင်းက အထူးသဖြင့် လဲလျောင်းနေချိန် ချောင်းဆိုးခြင်းကို မကြာခဏပိုဆိုးစေပါတယ်။
■ ခဏခဏချောင်းဆိုးခြင်းက ပန်းနာရင်ကျပ်ရောဂါ ပင်မလက္ခဏာဖြစ်နိုင်ပြီး လေအေး၊ လှုပ်ရှားအားစိုက်မှု သို့မဟုတ် ရယ်မောခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာနိုင်ပါတယ်။
■ အစာအိမ်အက်ဆစ်များ၊ လည်ချောင်းနဲ့ အစာပြွန်ဆီသို့ ဆန်တက်ခြင်း GERD ကြောင့်လည်း ချောင်းခြောက်ဆိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
■ စီးကရက်နဲ့ အီး-စီးကရက်သောက်သုံးခြင်းဟာ အသက်ရှူလမ်းကြောင်း ရေရှည်ရောင်ရမ်းစေပြီး သလိပ်ထွက်ခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို ဖြစ်စေပါတယ်။
■ အထူးသဖြင့် သွေးတိုးကျဆေး ACE inhibitors ကဲ့သို့ အချို့သော ဆေးဝါးများက ကြာရှည်မပျောက်ကင်းနိုင်တဲ့ ချောင်းခြောက်ဆိုးခြင်းကို သက်ရောက်စေနိုင်ပါတယ်။
■ ပျားရည်နှင့် ရေများများသောက်ခြင်းက လက္ခဏာများကို သက်သာစေနိုင်ပေမယ့် ဘက်တီးရီးယား ကူးစက်မှုမရှိပါက ပဋိဇီဝဆေးများမှာ ထိရောက်မှုမရှိပါဘူး။
■ ရင်ဘတ်အောင့်ခြင်း၊ အဖျားကြီးခြင်း၊ မောကျပ်ခြင်း၊ သလိပ်သွေးပါခြင်း စတဲ့သတိပေးလက္ခဏာများရှိပါက ဆရာဝန်နဲ့ ချက်ချင်းပြသ စစ်ဆေးသင့်ပါတယ်။
Source: The Jerusalem Post
China Media Group က ကြီးမှူးတဲ့ ပထမအကြိမ်မြောက် ဉာဏ်ရည်တုစက်ရုပ်အသုံးချခြင်း စွမ်းရည်ပြပွဲကို ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမှာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
#Asia_Technology
Published 29 September 2026
#တရုတ်ဟန်ကျိုး #စက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
Page 6 of 1237