#World_Health
Published 10 October 2026
■ "ဦးနှောက်အတွက် ကောင်းမွန်ဖို့ဆိုရင် ပြေးတဲ့အခါ ပင်ပင်ပန်းပန်းပြေးစရာမလိုပါဘူး" လို့ သုတေသနအသစ်အရ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
■ ဒီသုတေသနမှာ လမ်းလျှောက်တာထက် မသိမသာလေးပဲ မြန်တဲ့အလွန်နှေးကွေးတဲ့ ဖြည်းဖြည်းမှန်မှန် ပြေးနည်း ကို ၁၀ မိနစ်စာ ပြုလုပ်ပေးရုံနဲ့တင် လူတွေရဲ့ ဦးနှောက်လှုပ်ရှားမှုကို ချက်ချင်းလိုလို ပြောင်းလဲစေပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးသလို စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
■ ဒီသုတေသနဟာ တွေးခေါ်ပုံနဲ့ ခံစားချက်ကို ပြောင်းလဲဖို့အတွက် ပြေးတာဟာ ပင်ပင်ပန်းပန်း ဒါမှမဟုတ် ကြာကြာပြေးစရာ မလိုဘူးဆိုတာကို ပထမဆုံး ပြသလိုက်တာ ဖြစ်ပါတယ်။ အားမစိုက်ရဘဲ သက်သောင့်သက်သာနဲ့ အချိန်တိုတိုလေးအတွင်း အကျိုးကျေးဇူး ရရှိနိုင်တာပါ။
■ ဒါပေမဲ့ ဒီအကျိုးကျေးဇူးကို ရဖို့အတွက်တော့ "ပြေးတာ" ပဲ ဖြစ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရာမှာ ပြေးတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုပုံစံ (Biomechanics) ဟာ တခြားလေ့ကျင့်ခန်းတွေနဲ့ မတူဘဲ ခန္ဓာကိုယ်အထူးသဖြင့် ဦးနှောက်ပေါ်မှာ သီးသန့် အကျိုးသက်ရောက်မှု ရှိနေတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။
■ "ကျွန်တော်ကတော့ ပြေးတဲ့အခါ ဖြစ်ပေါ်လာတဲ့ သီးသန့် အနုပညာဆန်တဲ့ သဘာဝကို အမြဲတမ်း စိတ်ဝင်စားခဲ့တာပါ" လို့ ဒီသုတေသနကို ဦးဆောင်ခဲ့သူ ဂျပန်နိုင်ငံ Tsukuba တက္ကသိုလ်က အငြိမ်းစား ပါမောက္ခ Hideaki Soya က ပြောပါတယ်။ သူဟာ ပြေးခုန်ပစ် အားကစားသမား တစ်ယောက်အဖြစ်လည်း နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ဖူးသူပါ။
■ သူက ဆက်ပြီး "ကျွန်တော်တို့ရဲ့ သုတေသနအသစ်အရ သိလိုက်ရတာကတော့ ဦးနှောက်အတွက် ကောင်းမွန်ဖို့ဆိုရင် ပင်ပင်ပန်းပန်း ပြေးစရာ မလိုဘူးဆိုတာပါပဲ" လို့ ဆိုပါတယ်။
■ အသက်ကြီးသူ ၂၆ ဦးကို ၁၀ မိနစ်စာ မောဟိုက်ပြီး စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့ အရှိန်နဲ့ မပြင်းမပျော့ ပြေးခိုင်းခဲ့ရာမှာ ပြေးပြီးနောက် ပိုမိုတက်ကြွလာပြီး စဉ်းစားတွေးခေါ်မှု ပိုထက်မြက်လာတာကို တွေ့ခဲ့ရပါတယ်။
■ သုတေသီတွေက ဒီထက်ပိုပြီး သက်သောင့်သက်သာ ရှိတဲ့ အရှိန်နဲ့ ပြေးရင်ရော တူညီတဲ့ အကျိုးကျေးဇူး ရနိုင်မလားဆိုတာ သိချင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းမွန်သူ ၂၄ ဦးကို ၁၀ မိနစ်စာ အလွန်နှေးကွေးတဲ့ အရှိန်နဲ့ ပြေးခိုင်းခဲ့ပါတယ်။
■ "ဒါဟာ သတင်းကောင်းပါပဲ။ အနှေးဆုံးအရှိန်နဲ့ ၁၀ မိနစ်လောက်လေးပဲ ပြေးလိုက်ရုံနဲ့တင် စိတ်ခံစားချက်ကို ရွှင်လန်းစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို ထက်မြက်စေဖို့ လုံလောက်ပါတယ်" လို့ ပါမောက္ခ Soya က ပြောပါတယ်။
Source - TORONTO SUN