#World_News
Published 10 October 2026
■ ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေ လျှော့ချနိုင်ဖို့အတွက် ရုရှားနိုင်ငံက ကမ္ဘာ့ဈေးကွက်ထဲကို ဒီဇယ်ဆီတွေရောင်းချပေးဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
■ ဒါ့အပြင် ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်ရဲ့ လောင်စာဆီဆိုင်ရာ ပိတ်ဆို့မှုတွေကိုလည်း ခဏတာကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။
■ စိုက်ပျိုးရေး၊ အိမ်သုံးအပူပေးစနစ်နဲ့ ကုန်တင်ကားတွေမှာ သုံးတဲ့ ဒီဇယ်ဆီဈေးဟာ စံချိန်တင်အောင် မြင့်တက်နေတာကြောင့် လာမယ့် နိုဝင်ဘာ ၃ ရက် လွှတ်တော်ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေတာပါ။
■ ဒီသတင်းထွက်လာပြီးနောက် ဒီဇယ်ဈေး နည်းနည်းပြန်ကျသွားပေမယ့် ဒါဟာ ကျဆင်းမှုကို ရေရှည်ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
■ ထရမ့်ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြချက်အရ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆွေးနွေးမှုဟာ "အလွန်အောင်မြင်ခဲ့တယ်" လို့ ဆိုပါတယ်။ အဆိုပါ သဘောတူညီချက်အရ ရုရှားက အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်ဆီကို ဒီဇယ်တန်ချိန် ၃ သိန်းကျော် ချက်ချင်းတင်ပို့ပေးသွားမှာဖြစ်ပါတယ်။