#World_Health
Published 28 September 2024
▪️ ခရမ်းချဉ်သီးတုပ်ကွေးလို့ခေါ်တဲ့ ရောဂါဟာ အိန္ဒိယရှိ ကီရာလာနဲ့ အိုဒီရှာတို့မှာ ကူးစက်ဖြစ်ပွားနေပါတယ်။
▪️ မေလ ၆ ရက်နေ့က ကီရာလာမှာ ပထမဆုံးတွေ့ရှိပြီးနောက် အသက် ၅ နှစ်အောက် ကလေးငယ် ၈၂ ဦးအထိ ကူးစက်ထားပါတယ်။
▪️ ရောဂါဖြစ်တဲ့အခါ အနီရောင် အဖုအပိမ့်တွေ ထွက်တာကြောင့် ခရမ်းချဉ်သီးတုပ်ကွေးလို့ ခေါ်တာဖြစ်ပြီး ကုသဆေး မရှိသေးပါဘူး။
▪️ တွေ့ရှိထားတဲ့ ရောဂါလက္ခဏာများက ဆင်တုပ်ကွေးနဲ့ ဆင်တူကာ ခရမ်းချဉ်သီးလို အနီအဖုတွေ၊ အင်ပျဉ်၊ ကိုယ်အပူချိန်မြင့်မားခြင်း၊ အဆစ်များဖောရောင်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ ခံစားရနိုင်ပါတယ်။
▪️ အဆိုပါတုပ်ကွေး မဖြစ်စေရန် တစ်ကိုယ်ရည်သန့်ရှင်းအောင် နေထိုင်ဖို့က အရေးကြီးပါတယ်။
အနီးနားက အရာတွေကို သန့်ရှင်းအောင်ထားပြီး ပုံမှန်ပိုးသန့်စင်ပေးဖို့ လိုပါတယ်။
▪️ ကလေးတွေမှာ ရောဂါလက္ခဏာတစ်ခုခု တွေ့ပြီဆိုရင်တော့ ကျန်းမာရေးပညာရှင်ထံ ဆွေးနွေးသင့်ပါတယ်။
▪️ လက္ခဏာသက်သာဖို့ဆိုရင် အဖုအပိမ့်တွေကို ကုတ်ဖဲ့ခြင်းမှ ရှောင်ကြဉ်တာမျိုးဖြင့် ကုသနိုင်ပါတယ်။
▪️ ကိုဗစ်-၁၉ ရောဂါလက္ခဏာအချို့နဲ့ ဆင်တူတတ်ပေမယ့် ဘာမှတော့ မဆိုင်ပါဘူး။
▪️ ဒီလက္ခဏာတွေဟာ အခြားဗိုင်းရပ်စ် ကူးစက်မှုတွေမှာလည်း တွေ့ရတတ်ပါတယ်။
▪️ အူလမ်းကြောင်း ဗိုင်းရပ်စ်များကြောင့် ရောဂါဖြစ်ပွားတာဖြစ်ပြီး လူကြီးတွေမှာတော့ ကိုယ်ခံအားက ခုခံနိုင်တဲ့အတွက် သိပ်ပြီးဖြစ်ပွားလေ့ မရှိပါဘူး။
#Source: DoctorNDTV
လူ့အခွင့်အရေးဘန်းပြကာ နိုင်ငံရေးခုတုံးလုပ်နေသည်များကိုဆန့်ကျင်သည့်တရုတ်ရပ်တည်ချက်အား ကုလသမဂ္ဂတွင် နိုင်ငံပေါင်းတစ်ရာကျော်ထောက်ခံ
နိုင်ငံပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ မျှတရပ်တည်ချက်ကို ထောက်ခံကြောင်း၊ လူ့အခွင့်အရေးကို အကြောင်းပြပြီး နိုင်ငံရေးလုပ်နေတာကို ဆန့်ကျင်ကြောင်း ဆွစ်ဇာလန် ဂျီနီဗာမှာ အင်္ဂါနေ့က ကျင်းပတဲ့ ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) အစည်းအဝေးမှာ ဖော်ပြသွားပါတယ်။
#World_Politics
Published 27 September 2024
#နိုင်ငံရေးခုတုံးလုပ်နေ #တရုတ်ရပ်တည်ချက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 September 2024
၁။ မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ နိုဝင်ဘာလ၌ ကျင်းပမည်
၂။ စက်သုံးဆီ ဈေးနှုန်းများမြင့်တက်
၃။ မိုးတိမ်တောင်ကြောင့် ဒေသ(၇)ခု၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်
၄။ လူ့အခွင့်အရေးဘန်းပြကာ နိုင်ငံရေးခုတုံးလုပ်နေသည်များကို ဆန့်ကျင်သည့်တရုတ်ရပ်တည်ချက်အား ကုလသမဂ္ဂတွင် နိုင်ငံပေါင်းတစ်ရာကျော်ထောက်ခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၇ စက်တင်ဘာ ၂၀၂၄
ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂါရူအီရှီဘာသည် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ရွေးကောက်ပွဲတွင် ပဥ္စမအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် သောကြာနေ့ (စက်တင်ဘာ ၂၇) ရက်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလိုက်သည့်အတွက် ဂျပန်၏ ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့ မည်ဟု ရိုက်တာက သတင်းရေးသားပါတယ်။
ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့် ရှီဂါရူအီရှီမာက သူသည် တစ်ရက်ကို စာအုပ် (၃)အုပ်ဖတ်ရှုနေကြောင်းနှင့် အာဏာရပါတီက လုပ်ဖော်ကိုင်ဖက်တွေနှင့် ရောရောနှောနှောလုပ်နေရတာထက် စာဖတ်နေရတာက ပိုကောင်းကြောင်း ပြောကြားလိုက်ပါတယ်။
အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ ပါတီမှာ အကျပ်အတည်းတွေရှိနေချိန်မှာ ဦးဆောင်ရပါ လိမ့်မယ်။
ရှီဂါရူအီရှီဘာဆိုတာ ဘယ်သူလဲ
ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့သူဟာ ဘဏ်လုပ်ငန်းမှာ ကာလအနည်းငယ်သာ အလုပ်လုပ်ခဲ့ပြီး နောက် ၁၉၈၆ခုနှစ်မှာ ပါလီမန်ထဲရောက်လာခဲ့သူဖြစ်ပါတယ်။
သူဟာ နျူကလီးယားစွမ်းအင် အသုံးပြုမှုတိုးတက်လာတာအပါအဝင် ပါတီရဲ့မူဝါဒတွေအပေါ် ဖီဆန်ခဲ့ ပါတယ်။ လက်ထပ်ပြီးစုံတွဲတွေ သီးခြား မိသားစုအမည်တွေသုံးခွင့်မပြုလို့ဆိုပြီး သူ့ပါတီကို ဝေဖန်ခဲ့သူ လည်း ဖြစ်ပါတယ်။
“ ပြည်သူတွေ အပြုံးနှင့် နေထိုင်ကြတဲ့ တောက်ပထင်ရှားတဲ့ ဂျပန်နိုင်ငံကို ကျွန်တော် ပြန်ဆောင်ယူ လာခဲ့ပါမယ်”လို့သူကပြောပါတယ်။ စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်ခဲ့ဖူးတဲ့သူက သေအံ့ဆဲဆဲဒေသတွေကို ပြန်ရှင်သန်လာဖို့အတွက် အချို့သောဝန်ကြီးဌာန တွေနှင့် အစိုးရဌာနတွေကို တိုကျိုမြို့ပြင်ရွှေ့ပစ်မယ်လို့ ကတိပေးထားပါတယ်။ ဘေးအန္တရာယ်ကျရောက်လွယ်တဲ့ ဂျပန်နိုင်ငံမှာ အရေးပေါ် အမိုးအကာတွေ တည်ဆောက်တာကို ကြီးကြပ်မယ့် အေဂျင်စီတစ်ခုကိုတည်ထောင်ဖို့လည်း သူကအဆိုပြုထားပါတယ်။
လက်ရှိဝန်ကြီးချုပ်ဖူမီယိုအပါအဝင် အခြားသော ဝန်ကြီးချုပ်တွေကို ရာထူးကဆင်းပေးဖို့ သူက ပြောင်ကျကျပြောခဲ့တဲ့အတွက် ပါတီတွင်းမှာ သူဟာ ရန်သူတွေများနေပါတယ်။
သူဟာ အစိုးရထဲမှာ မရှိတော့တဲ့အချိန်တွေအတွင်းမှာ အများပြည်သူရဲ့ မျက်စေ့အောက်မှာ ဆက်ရှိ နေပါတယ်။ သူဟာ ဂျပန်နိုင်ငံရဲ့ မွေးနှုန်းကျဆင်းနေတာကအစ ရာမန်ခေါက်ဆွဲအဆုံး ခေါင်းစဉ်အမျိုးမျိုး နှင့် ဆိုရှယ်မီဒီယာတွေနှင့် ယူကျုတွေမှာ ပြောဆိုဝေဖန်တာတွေလုပ်နေခဲ့တာပါ။
သူဟာ သူကိုယ်သူလည်း ပျော်ရွှင်အောင် ဟိုလုပ်သည်လုပ်တွေရှိခဲ့ပါတယ်။ အဲဒီအထဲမှာ တစ်ခါတစ်ခါ ကိုးရိုးကားရားနိုင်လှတဲ့ သူ့အမူအကျင့်တွေနှင့် ဝါသနာတွေလည်းပါဝင်ခဲ့ပါတယ်။ ပလပ်စတစ်နှင့် လုပ်ထားတဲ့ သင်္ဘောနှင့် စစ်လေယာဉ်ပုံစံငယ်ကလေးတွေလည်းလုပ်တာလည်းပါပါတယ်။ အဲဒါတွေကို သူက တိုကျိုမှာရှိတဲ့ သူ့ရဲ့ပါလီမန်ရုံးခန်းထဲက စာအုပ်စင်ပေါ်မှာ တင်ပြီးပြသထားပါတယ်။
သူ့ကို ပါတီရဲ့ အမျိုးသားလုံခြုံရေးမှာ အထူးကျွမ်းကျင်သူပညာရှင်တစ်ဦးအဖြစ်နှင့် မြင်ကြပြီး ဂျပန် နိုင်ငံအနေနှင့် ကာကွယ်ရေးမှာ ကိုယ့်ကိုကိုယ်ရပ်တည်ဖို့နှင့် ကာလရှည်မဟာမိတ်ဖြစ်တဲ့ အမေရိကန် အပေါ် မှီခိုလွန်း တာတေလျှော့ချဖို့ စည်းရုံးအကြံပေးခဲ့ပါတယ်။
သူ့ရဲ့အဲဒီရပ်တည်ချက်ကြောင့် အမေရိကန်နှင့်ဆက်ဆံရေးရှုပ်ထွေးလာစေနိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
ပါတီခေါင်းဆောင်ရွေးပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ်အတွင်း သူက အာရှနေတိုးအဖွဲ့တစ်ခုကို ဂျပန်က ဦးဆောင်ဖန်တီးဖို့ တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။ အဲဒီစိတ်ကူးကို အမေရိကန်က အလျင်စလို နိုင်လွန်းလှတယ်ဆိုပြီး ချက်ခြင်းကြီးကို ပယ်ချခဲ့ပါတယ်။
အမေရိကန်တပ်တွေအများစုအသုံးပြုနေကြတဲ့ ဂျပန်က အိုကီနာဝါက စခန်းတွေကို သူက ပိုပြီး ကြီးကြပ် သွားလိုတယ်လို့ပြောခဲ့ဖူးပါတယ်။
“ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ မူဝါဒတွေနှင့် နိုင်ငံရေးရပ်တည်ချက်တွေ ကိုက်ညီနေသမျှ ကာလပတ် လုံး အကောင်းဆုံးမိတ်ဆွေတွေရှိဖို့မလိုဘူး” လို့ အီရှီဘာက ဒီတစ်ပတ်ထဲ ယူကျုဗွီဒီယိုတစ်ခုမှာ ပြောဆို ထားပါတယ်။
Source Reuters
#World_News
Published 27 September 2024
▪️ လက်ဘနွန်မှ ဟက်ဇ်ဘိုလာအဖွဲ့နဲ့ ပစ်ခတ်မှုများ ရပ်စဲရန် တစ်ကမ္ဘာလုံးမှ တောင်းဆိုချက်တွေကို အစ္စရေးလ်က ကြာသပတေးနေ့မှာ ငြင်းပယ်လိုက်ကာ အနီးစပ်ဆုံးမဟာမိတ် အမေရိကန်ကို အာခံတဲ့သဘောဖြစ်ပြီး လက်ဘနွန်ကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ ဒေသတွင်း စစ်ပွဲဖြစ်လာမှာ စိုးရိမ်နေရပါတယ်။
▪️ အစ္စရေးလ်က ဒီလိုငြင်းပယ်လိုက်ပေမယ့် အမေရိကန်နဲ့ ပြင်သစ်တို့ကတော့ ယင်းတို့ကမ်းလှမ်းထားတဲ့ ၂၁ ရက်တာ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် ကြိုးပမ်းနေပြီး ကုလသမဂ္ဂ အစည်းအဝေးပြီးနောက် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
▪️ လက်ဘနွန်မြို့တော် ဘိုင်ရုအစွန်အဖျားကို အစ္စရေးလ်စစ်လေယာဉ်တစ်စင်း ပစ်ခတ်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရကာ အမျိုးသမီးတစ်ဦး အရေးပေါ်ဖြစ်နေပါတယ်။
▪️ ပစ်ခတ်မှုကြောင့် ဟက်ဇ်ဘိုလာ လေတပ်အဖွဲ့တစ်ဖွဲ့မှ အကြီးအကဲဖြစ်သူ မိုဟာမက်ဆူရာ သေဆုံးခဲ့ကြောင်း ဟက်ဇ်ဘိုလာဘက်က ပြောပါတယ်။
▪️ လက်ဘနွန်နဲ့ ထိစပ်နေတဲ့ အစ္စရေးလ်ဘက်ခြမ်းနယ်စပ်တစ်ခုမှာ မြေပြင်ကျူးကျော်မှုပုံစံမျိုး ဖန်တီးကာ လေ့ကျင့်နေကြပါတယ်။
▪️ အစ္စရေးလ်လေတပ်က မြေပြင်စစ်ဆင်ရေးဖြစ်တဲ့အခါ တပ်သားတွေကို ကူညီရန် စီစဉ်နေပြီး အီရန်ဘက်မှ ဝင်လာမယ့်တပ်တွေကို တားဆီးသွားမှာ ဖြစ်ကြောင်း လေတပ်ဗိုလ်ချုပ် တိုမာဘားက ကြာသပတေးနေ့မှာ ပြောသွားပါတယ်။
▪️ အစ္စရေးလ်က မြောက်ပိုင်းကို လုံခြုံအောင်ထားပြီး ဟက်ဇ်ဘိုလာတို့ စတင်တိုက်ခိုက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားထောင်ချီ ပြန်လာနိုင်စေရန် ကတိပြုထားပါတယ်။
▪️ လက်ဘနွန်ဟာ အခုဆိုရင် နိုင်ငံရပ်တည်မှု ခြိမ်းခြောက်ခံနေရလောက်တဲ့ ပြဿနာ ကြုံတွေ့နေရတယ်လို့ လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး အက်ဗ်ဒဲလာဘိုဟာဘစ်က ကုလအထွေထွေညီလာခံမှာ ပြောသွားပါတယ်။
▪️ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အစ္စရေးလ်ကို အပစ်အခတ်ရပ်စဲရေး တင်ပြချက်နဲ့ ပတ်သက်ပြီး အပြည့်အစုံ အသိပေးထားကြောင်း၊ အစ္စရေးလ်အနေနဲ့ ဒါကို လေးလေးနက်နက် စဉ်းစားမယ်လို့ မဟာမိတ်တွေ မျှော်လင့်ကြောင်း ပြောသွားပါတယ်။
▪️ ပြင်သစ်သမ္မတ မက်ခရွန်က အဆိုပါ တင်ပြချက် လက်ခံသွားဖို့ကို တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
#Source: Reuters
#World_Health
Published 27 September 2024
▪️ အိုမီဂါ-၃ ဖြည့်စွက်ဆေးတွေဟာ သွေးတွင်းအဆီဓာတ် များတဲ့သူတွေမှာ နှလုံးခုန်မမှန်ခြင်း ဖြစ်နိုင်ခြေ များစေတယ်လို့ ဥရောပနှလုံးအဖွဲ့အစည်းက ဆန်းစစ်တွေ့ရှိထားပါတယ်။
▪️ လက်ရှိမှာတော့ သွေးရည်ကြည် ထရိုင်ဂလစ်ဆရိုက်များနေတဲ့ လူနာတွေမှာ နှလုံးသွေးကြော အန္တရာယ်လျော့နည်းအောင် ငါးကြီးဆီဖြည့်စွက်ဆေးတွေ ညွှန်းပေးနေကြကြောင်း အမေရိကန် ဗာဂျီးနီးယားကွန်မန်းဝဲ့လ်တက္ကသိုလ်မှ ဒေါက်တာ ဆယ်ဗေတိုကာဘိုနေးက ပြောပါတယ်။
▪️ လက်တွေ့စမ်းသပ်ချက်အချို့အရ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေဟာ ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်း အန္တရာယ်များစေတာနဲ့ ဆက်စပ်နေပါတယ်။
▪️ ဒီလိုအခြေအနေ ရှိသူတွေဟာ လေဖြတ်နိုင်ခြေ ၅ ဆပိုများပါတယ်။
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ဖော်စပ်မှုအမျိုးမျိုးကို ပမာဏအမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
လူနာပေါင်း ၅၀၂၇၇ ဦးကို ငါးကြီးဆီပေးတဲ့ အဖွဲ့နဲ့ အာနိသင်မရှိတဲ့ဆေး ပေးတဲ့အဖွဲ့ဆိုပြီး ခွဲခြားကာ ၂ နှစ်မှ ၇.၄ နှစ်ကြား စောင့်ကြည့်ခဲ့ကာ ငါးကြီးဆီကို တစ်နေ့ ၀.၈၄ ဂရမ်မှ ၄ ဂရမ်ကြား ပေးခဲ့ပါတယ်။
▪️ ထိုအခါမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ဖြည့်စွက်ဆေးသုံးသူတွေက အာနိသင်မရှိတဲ့ဆေးပေးသူတွေနဲ့ ယှဉ်ရင် ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်း သိသိသာသာ ပိုများနေခဲ့ပါတယ်။
▪️ ဒါကြောင့် ငါးကြီးဆီက နှလုံးသွေးကြောရောဂါ အန္တရာယ်များသူတွေမှာ ပုံမှန်မဟုတ် နှလုံးခုန်မြန်ခြင်းအန္တရာယ် သိသိသာသာ များတယ်လို့ ယူဆရကြောင်း ဒေါက်တာ ကာဘိုနေးက ပြောသွားပါတယ်။
#Source: DoctorNDTV
#World_Health
Published 27 September 2024
▪️ အကြားအာရုံ ပြတ်သားစွာ ကြားဖို့က ဘဝမှာ အရေးကြီးပြီး အကြားအာရုံ ဆုံးရှုံးတာကို မကုသဘဲထားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ယုံကြည်မှု ဆုံးရှုံးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
နားတွေကို မထိခိုက်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို ပညာရှင်တစ်ဦးက အကြံပြုသွားပါတယ်။
(၁) နားဆို့အမြဲဆောင်ထားပါ
▪️ အလွန်ဆူညံတဲ့ နေရာရောက်သွားတယ်ဆိုရင် နားကို အဆင်သင့်ဆို့နိုင်အောင် နားဆို့လေးတွေ ဆောင်ထားသင့်တယ်လို့ နားနှာခေါင်းလည်ချောင်း တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ ဒန်နီယဲလ်ဂျေသန်နာမက်စ်က ပြောပါတယ်။
▪️ အဆင်သင့် ဆောင်ထားပါမှ မမျှော်လင့်တဲ့ အခြေအနေမျိုးမှာ နားကို ကာကွယ်နိုင်မယ်လို့ အကြံပြုထားပါတယ်။
(၂) လေယာဉ်စီးချိန် အသက်ရှူလမ်းကြောင်း ပိတ်မနေပါစေနှင့်
▪️ ဒေါက်တာ ဘရက်ဒ်လေဘလော့က အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတဲ့အချိန်မှာ ဘယ်တော့မှ လေယာဉ်မစီးပါဘူး။
▪️ စီးရမယ်ဆိုရင်လည်း နားနှာခေါင်းလမ်းကြောင်း ရှင်းလင်းစေမယ့် ဆေးအသုံးပြုတယ်လို့ ဆိုပါတယ်။
(၃) အကြားအာရုံ ပြဿနာရှိသည်ကို ချက်ချင်းသိပါ
▪️ အကြားအာရုံ ဆုံးရှုံးပြောင်းလဲလာတာကို သိတာနဲ့ ဆေးကုသမှုခံယူသင့်ပါတယ်။
▪️ အကြားအာရုံပြဿနာကို မကုသဘဲထားပါက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အထီးကျန်ခြင်း၊ ထိခိုက်လွယ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
(၄) နားကြပ်ဖြင့်သီချင်းအကျယ်ကြီး နားမထောင်ပါနှင့်
▪️ နားကြပ်ပစ္စည်း နောက်ဆုံးထွက်အချို့က အသံကန့်သတ်ချက် ပါဝင်တာကြောင့် နားမထိခိုက်စေပေမယ့် နားကြပ်ဖြင့် သီချင်းအကျယ်ကြီး နားထောင်ပါက နားကိုအန္တရာယ်ရှိစေပါတယ်။
(၅) နားကိုသန့်ရှင်းရေး မလုပ်ပါနှင့်
▪️ နားရွက်က သူ့ဘာသာ သန့်ရှင်းနိုင်ပြီး နားထဲက နားဖာချေးဆိုတာက နားထဲရေမဝင်အောင် ကာကွယ်ပေးတဲ့ အရာဖြစ်ကာ ဒါကိုဖယ်ရှားလိုက်ရင် ရေဒဏ်ထိခိုက်နိုင်ပါတယ်။
▪️ နားကြပ်တံတွေက နားအတွင်းသားကို ကုတ်ဖဲ့သလိုဖြစ်ပြီး နားစည်ထိခိုက်နိုင်တယ်လို့ ဒေါက်တာ တိုနီယာဖားမားက ပြောပါတယ်။
#Source: New York Post
Page 9 of 791