အင်္ဂါနေ့မှာ ပေကျင်းသို့လာရောက်လည်ပတ်တဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြိုဆိုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။
#World_Politics
Published 05 December 2025
#တရုတ်ပြည်ပေကျင်း #တရုတ်သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
၅ ဒီဇင်ဘာ၊၂၀၂၅
◾️ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထူး ဆောင်ရွက်သူများကို ဂုဏ်ပြုမည့် ယင်းတို့၏ ပထမဆုံး 'ငြိမ်းချမ်းရေးဆု' ကို စတင်ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရရှိရန် မျှော်လင့်ရကြောင်း သတင်းများ က ဖော်ပြနေပြီး ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို နှင့် သမ္မတထရမ့်တို့ တွေ့ဆုံမည့် အစီအစဉ်လည်း ရှိနေ သည်ဟု ဂါဒီယန်သတင်းစာကရေးသားသည်။
◾️အဆိုပါဖီဖာ၏ ငြိမ်းချမ်းရေးဆုအတွက် လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲမည့် သူမှာ ဖီဖာဘောလုံး ဆိုင်ရာလူမှုတာဝန်ယူမှုကော်မတီ (FIFA Football Social Responsibility Committee) ၏ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံထားရသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။
◾️နှစ်ပေါင်းများစွာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်နေသည့် လုပ်ငန်းရှင်ကြီးဦးဇော်ဇော်သည် ယခု အခါတွင် ကမ္ဘာလုံးဆိုင်ရာ လူမှုတာဝန်ယူမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အရေး ပါသော ဆုံးဖြတ်ချက်များကို ကိုင်တွယ်ရမည့် ကော်မတီကို ဦးဆောင်နေခြင်းဖြစ်သည်။
◾️ယင်း၏ ဦးဆောင်မှုအောက်တွင် ကော်မတီသည် ဖီဖာ၏ လူမှုရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ငြိမ်း ချမ်းရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ရှိနေသည်။
#ymg/knl
#World_Health
Published 05 December 2025
■ အစားအစာ၊ ရေ၊ ပတ်ဝန်းကျင်တို့မှာ လူတွေကို အန္တရာယ်ပေးနိုင်မယ့် ပိုးမွှားများကို ရှာဖွေတွေ့ရှိနိုင်မယ့် သယ်ဆောင်တဲ့ အော်တိုလုပ်ဆောင်စက်ပစ္စည်းတစ်ခုကို မာဒရာစ်အိန္ဒိယနည်းပညာတက္ကသိုလ်နဲ့ ပန်ဂျပ်တက္ကသိုလ်တို့မှ သုတေသီအဖွဲ့က ထုတ်လုပ်လိုက်ပါတယ်။
■ ဒီလိုပိုးမွှားအစအနတွေကို ဓာတ်ခွဲခန်းထဲမှာ ရှာဖွေတဲ့နည်းလမ်းတွေက အချိန်ကုန်သလို ဈေးကြီးပြီး လုပ်တတ်တဲ့သူတွေ လိုအပ်ပါတယ်။
■ ယခုသုတေသနက တကယ့်လက်တွေ့မှာ ပိုးမွှားအနည်းငယ်ကိုပင် တွေ့ရှိနိုင်မယ့် အသုံးပြုလွယ်တဲ့ ပစ္စည်းဖြစ်ပါတယ်။
■ Smart MDD ပစ္စည်းက ရွှေရောင်နာနိုအမှုန်များ ပါဝင်ပြီး အရောင်တိုင်းတာရှာဖွေတဲ့ စနစ်ဖြစ်ပါတယ်။
■ ဓာတ်ပြုလို့ ပိုးမွှားရှိတဲ့အခါ အနီမှ အပြာရောင်သို့ ပြောင်းတာကို မြင်ရပါတယ်။
■ အလိုအလျောက် ပြုလုပ်သွားတာကြောင့် လူထိန်းချုပ်စရာမလိုဘဲ လျင်မြန်စိတ်ချရတဲ့ရလဒ် ရရှိနိုင်မှာဖြစ်တယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။
■ ဒီနည်းပညာက လယ်သမားတွေ၊ စားသောက်ကုန်ဘေးကင်းရေးအေဂျင်စီတွေ၊ ပတ်ဝန်းကျင် စီမံကွပ်ကဲသူတွေအနေနဲ့ စံချိန်စံနှုန်းနဲ့အညီ ပိုးမွှားပါဝင်မှုကို ချက်ချင်းစစ်ဆေးနိုင်ပြီး အများပြည်သူကျန်းမာရေးအန္တရာယ် လျှော့ချနိုင်မှာဖြစ်ကြောင်း ပရော်ဖက်ဆာ ဆူဂျာထာနာရာယာနန်အန်နီက ပြောပါတယ်။
■ ရေဖြန့်ဖြူးရေးနေရာတွေမှာ ပိုးမွှားတွေကို စစ်ဆေးနိုင်မယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဓာတ်ခွဲခန်းစမ်းသပ်မှုများ ပြုလုပ်နေပြီး နောင်အချိန်မှာ လက်တွေ့နမူနာများဖြင့် အတည်ပြုစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
■ စိုက်ပျိုးရေးနဲ့ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးမှာ ပိုမိုပါဝင်နိုင်အောင် ပိုးမွှားအမျိုးအစားများစွာကို ရှာတွေ့နိုင်အောင် ချဲ့ထွင်သွားဖို့ စီစဉ်နေကြောင်း ဒေါက်တာ ရိုဟစ်ကူမာရှာမာက ပြောသွားပါတယ်။
Source: NDTV
#World_News
Published 05 December 2025
■ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က လူဝင်မှုများပြားပြီး လုံခြုံရေးပြဿနာများကို အကြောင်းပြကာ ခိုလှုံခွင့်တောင်းသူများအတွက် အလုပ်ပါမစ်သက်တမ်းကို ကြာသပတေးနေ့က လျှော့ချလိုက်ပါတယ်။
■ အမေရိကန် နိုင်ငံသားခွင့်ပြုရေးနဲ့ လူဝင်မှုကြီးကြပ်ရေး(USCIS)က အလုပ်ခန့်အပ်ခြင်း ခွင့်ပြုချက်စာရွက်စာတမ်းများအတွက် အကျုံးဝင်သက်တမ်းကာလကို ၅ နှစ်ကနေ ၁၈ လသို့ လျှော့ချလိုက်ကြောင်း ပေါ်လစီလမ်းညွှန်မှာ ပြင်ဆင်လိုက်ပါတယ်။
■ ဒီပြောင်းလဲမှုက ခိုလှုံခွင့်ရပြီးသူများ၊ ဒုက္ခသည်ခံယူထားသူများ၊ နိုင်ငံသားခံယူခွင့်လျှောက်ထားသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများအပေါ် သက်ရောက်စေပါတယ်။
■ ဒီလိုမျိုး အကျုံးဝင်ကာလလျှော့ချခြင်းဟာ အမေရိကန်မှာ အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ အများပြည်သူလုံခြုံရေးကို မခြိမ်းခြောက်နိုင်ဘဲ အမေရိကန်ဆန့်ကျင်ရေးလုပ်ရပ်တွေလည်း လုပ်နိုင်မှာမဟုတ်ဘူးလို့ USCIS ညွှန်ကြားရေးမှူး ဂျိုဆပ်အက်ဒ်လိုး ဖော်ပြထားပါတယ်။
■ ဒီနိုင်ငံထဲ ဝင်ရောက်နေထိုင်ခွင့်ရခဲ့သူတစ်ဦးကနေ အမျိုးသားအစောင့်တပ်အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ ဒီလိုနိုင်ငံခြားသားတွေကို ကြီးကြပ်စစ်ဆေးဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။
■ ၂၀၂၁ ခုနှစ် ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန်သို့ ဝင်ရောက်လာခဲ့တဲ့ အာဖဂန်နိုင်ငံသားဟာ ဝါရှင်တန်ဒီစီ ဘူတာရုံအပြင်ဘက်မှာ စစ်သားနှစ်ဦးကို ပစ်ခတ်ပြီးနောက် USCIS နဲ့ ထရမ့်အစိုးရအဖွဲ့က လူဝင်မှုကန့်သတ်ထိန်းချုပ်မှုတွေ တင်းကြပ်လာတာ ဖြစ်ပါတယ်။
■ ပစ်ခတ်မှုအပြီးမှာ USCIS က အစိုးရကနေ ဘေးအန္တရာယ်ပေးနိုင်တယ်လို့ ယူဆထားတဲ့ ၁၉ နိုင်ငံမှ နိုင်ငံသားအားလုံးရဲ့ အကျိုးခံစားခွင့်များကို ရပ်ဆိုင်းခဲ့ပါတယ်။
■ ဒီနိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချက်၊ ကွန်ဂို၊ ဂီနီယာ၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆူဒန်၊ ယီမင်၊ လာအို၊ တိုဂို၊ ဗင်နီဇွဲလားတို့လို နိုင်ငံတွေ ပါဝင်ပါတယ်။
Source: AOL
#World_Health
Published 05 December 2025
■ ဆေးဝါးတွေမသုံးဘဲနဲ့ သွေးပေါင်ချိန်ကျစေနိုင်မယ့် အမြန်ဆုံးနည်းလမ်းတွေအကြောင်းကို အိန္ဒိယဂျူပီတာဆေးရုံမှ ဒေါက်တာ အာမစ်ဆာရက်ဖ်က ဆွေးနွေးပြောပြသွားပါတယ်။
■ အမြန်ဆုံးထိရောက်ဖို့အတွက်ဆိုရင် ဆားလျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ အိပ်စက်ခြင်းနဲ့ ဖိစီးမှုထိန်းချုပ်ခြင်းတို့ တိုးတက်အောင်ပြုလုပ်ခြင်းကို အတူတကွ အလေးပေးလုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
■ ဒီနည်းလမ်းတွေက သွေးကြောတွေ ဘယ်လိုတုံ့ပြန်လဲဆိုတာနဲ့ နှလုံးကနေ ဘယ်လောက်ဖိအားနဲ့ ညှစ်ထုတ်လဲဆိုတာကို တိုက်ရိုက်သက်ရောက်စေကာ ဒီအတိုင်းပြောင်းလဲကျင့်ကြံတဲ့သူတွေမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း အကျိုးကျေးဇူးများ တွေ့ရတယ်လို့ ပြောပါတယ်။
■ အစားအသောက်အပိုင်းမှာဆိုရင် ဆိုဒီယံဖြစ်တဲ့ အငန်ဓာတ်လျှော့ချခြင်းက အရေးကြီးပါတယ်။
■ ဟင်းသီးဟင်းရွက်အခြေပြု စားစရာများကို ပိုစားပေးခြင်းဖြင့် ဆိုဒီယံရဲ့ ဘေးအန္တရာယ်တွေကို ပြန်လည်တုံ့ပြန်နိုင်ပါတယ်။
■ ပြည့်ဝဆီတွေနဲ့ သကြားကို ကန့်သတ်သင့်ပြီး အဓိကက ဆားအများအပြား စားသုံးခြင်းကိုရှောင်ရှားသင့်ပါတယ်။
■ နေ့စဉ်မိနစ် ၃၀ ခန့် ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ အိပ်ရေးဝအောင်အိပ်ပြီး ဖိစီးမှုလျှော့ချခြင်း၊ ဆေးလိပ်နဲ့ အရက်ရှောင်ရှားခြင်းဖြင့် အမြန်ဆုံးထိရောက်မှု ရနိုင်ပါတယ်။
■ အိမ်မှာ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပေးပြီး အထက်ပါနည်းလမ်းတွေအတိုင်း အမြဲကျင့်ကြံနေထိုင်ရပါမယ်။
■ အဓိကသုံးချက်ဖြစ်တဲ့ ဆား၊ လှုပ်ရှားခြင်းနဲ့ အိပ်စက်ခြင်းတို့က သွေးပေါင်ချိန်ကျပြီး ရေရှည်နှလုံးကျန်းမာရေး ကာကွယ်ဖို့အတွက် အခြေခံအကျဆုံး အမြန်ဆုံးနည်းလမ်းတွေ ဖြစ်ပါတယ်။
Source: Indian Express
မြို့ပြပြုပြင်ထိန်းသိမ်းရေးအတွက် ဖန်တီးထားတဲ့ တရုတ်ပြည်ထုတ် စက်ရုပ်တွေက ရှင်ကျန်မြို့မှ Community Service Robot ပြပွဲမှာ သူတို့ရဲ့ အဆင့်မြင့်စွမ်းရည်များကို ပြသခဲ့ပါတယ်။
#Asia_Technology
Published 04 December 2025
#တရုတ် #စက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 04 December 2025
■ အရေးအပါဆုံး ကိုယ်တွင်းအင်္ဂါတွေထဲမှာ ကျောက်ကပ်အပါအဝင် ဖြစ်ပါတယ်။
■ စွန့်ထုတ်ခြင်း၊ အရည်နဲ့ဆားများ ထိန်းညှိပေးခြင်း၊ ဟော်မုန်းထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ညီစေခြင်း စသဖြင့် အလုပ်များစွာ လုပ်ဆောင်ပါတယ်။
■ ဒါကြောင့် ကျောက်ကပ်ကို သေချာမထိန်းသိမ်းတဲ့အခါ ပျက်စီးလာနိုင်ပါတယ်။
■ ရောဂါလက္ခဏာတွေကို သတိမထားမိပါက ဆိုးဆိုးရွားရွား ပျက်စီးသွားနိုင်ပါတယ်။
■ အူတာကျန်းမာရေးတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကြွက်တွေမှာ ဆယ်ရာမိုက်မော်လီကျူးများကို ပိတ်ပင်ပြီး ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းကို လုံးဝပြန်လည်ကုစားနိုင်လိမ့်မယ်လို့ ဖော်ပြလာပါတယ်။
■ ဆယ်ရာမိုက်တွေက ကျောက်ကပ်ဆဲလ်တွေရဲ့ စွမ်းအားရင်းမြစ်ဖြစ်တဲ့ မိုက်တိုကွန်ဒရီယာကို ဖျက်ဆီးပစ်ပါတယ်။
■ ကျောက်ကပ်ထိခိုက်ခြင်းကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်လာနိုင်ကာ ကုသရအလွန်ခက်ခဲနိုင်ပါတယ်။
■ စတော့ဆမ်းမားဦးဆောင်တဲ့ သုတေသနအဖွဲ့က ကြွက်တွေမှာ ဆယ်ရာမိုက်ထုတ်လုပ်မှုကို ပြောင်းလဲလိုက်ရာ ကျောက်ကပ်ပျက်စီးစေတဲ့ အခြေအနေမှာတောင် ကျောက်ကပ်ထိခိုက်ခြင်း မဖြစ်ခဲ့ပါဘူး။
■ သုတေသီတွေစမ်းသပ်တဲ့ဆေးက ကြွက်တွေမှာ ကျောက်ကပ်လုပ်ဆောင် ကောင်းမွန်စေပြီး ကျန်းမာတဲ့ပုံစံ တွေ့ရပါတယ်။
■ ဒီနည်းလမ်းသာ အောင်မြင်ပါက မိုက်တိုကွန်ဒရီယာနဲ့ ဆက်စပ်တဲ့ အခြားရောဂါတွေပါ အကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။
■ ကြွက်တွေနဲ့ စမ်းသပ်ရာကနေ လူသားတွေနဲ့ စမ်းသပ်ဖို့လိုအပ်သေးသလို ဆေးရဲ့ဘေးကင်းစိတ်ချရမှု၊ ဇီဝဖြစ်စဉ်နဲ့ ဆေးပေးပုံပေးနည်းတို့လည်း စမ်းသပ်ရဦးမှာ ဖြစ်ပါတယ်။
Source: Times of India
Page 12 of 1088