#World_Health
Published 16 September 2026
■ ကျောက်ကပ်တွေက ဗိုက်တာမင်များနဲ့ အာဟာရဖြည့်စွက်စာများ အပါအဝင် စားသောက်သမျှ အရာအားလုံးကနေ ဘေးထွက်စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ပေးပါတယ်။
■ အာဟာရဖြည့်စွက်စာအချို့ကို ပမာဏအလွန်အကျွံ သောက်သုံးခြင်းက ကျောက်ကပ်လုပ်ဆောင်ချက်ကို ဝန်ပိစေနိုင်ပြီး ကျောက်ကပ်အဆိပ်သင့်မှု ဖြစ်စေနိုင်ပါတယ်။
■ ဗိုက်တာမင်-စီလိုမျိုး ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင်များကို ပမာဏအမြောက်အများ သောက်သုံးပါက ကျောက်ကပ်ကျောက်တည်စေနိုင်ပြီး ဗိုက်တာမင်-ဒီ ပမာဏလွန်ကဲပါက ကယ်စီယံဓာတ် လွန်ကဲမှုဖြစ်စေနိုင်ပါတယ်။
■ ကျောက်ကပ်လုပ်ဆောင် အားနည်းပါက ပိုတက်စီယံ၊ ဖော့စ်ဖရပ်စ်၊ ဆိုဒီယံတို့လို သတ္တုဓာတ်များကို ပမာဏအများအပြား သောက်သုံးခြင်းဖြင့် သွေးတွင်းလျင်မြန်စွာ စုပြုံလာနိုင်ပါတယ်။
■ အချို့သော သဘာဝသစ်ဥသစ်ဖုဆေးများနဲ့ စံချိန်စံညွှန်းမမီတဲ့ ဖြည့်စွက်စာတွေမှာ ကျောက်ကပ်တစ်ရှူးများကို တိုက်ရိုက်ပျက်စီးစေနိုင်တဲ့ ပုန်းကွယ်နေတဲ့ အဆိပ်အတောက် ဒါမှမဟုတ် သတ္တဓာတ်ကြီးများ ပါဝင်နေနိုင်ပါတယ်။
■ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးများနဲ့အတူ ဖြည့်စွက်ဆေးအမျိုးမျိုးကို တွဲဖက်သောက်သုံးခြင်းက ကျောက်ကပ်အလုပ်ပိုလုပ်ရစေပြီး ဆေးဝါးချင်းတုံ့ပြန်မှုများ ဖြစ်စေနိုင်ပါတယ်။
■ အာဟာရပညာရှင်များက လိုအပ်တဲ့ အာဟာရများကို ပြင်းအားမြင့်ဆေးပြားများထက် အဓိကအားဖြင့် မျှတတဲ့ အစားအစာများမှ ရယူရန် အကြံပြုထားပါတယ်။
■ ဖြည့်စွက်စာအသစ်များ မသောက်သုံးမီ ကျောက်ကပ်အခြေအနေကို ဆရာဝန်များနဲ့ အမြဲတမ်းတိုင်ပင်သင့်ပါတယ်။
Source: Eating Well
#World_Science
Published 16 September 2026
■ ပန်းဂေါ်ဖီ ၁၀၀ ဂရမ်မှာ ၂၅ ကယ်လိုရီပဲ ပါဝင်တာကြောင့် ကယ်လိုရီအရမ်းမတိုးစေဘဲ ဗိုက်ပြည့်လွယ်စေပါတယ်။
■ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ထောက်ကူပေးရုံတင်မက ဗိုက်ပြည့်စေပြီး သွေးတွင်းသကြားဓာတ် စုပ်ယူမှုကိုလည်း ဖြည်းဖြည်းချင်း ထိန်းညှိပေးပါတယ်။
■ ဗိုက်တာမင်-စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်၊ ကော်လာဂျင်ထုတ်လုပ်မှုနဲ့ အပင်မှရတဲ့ သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။
■ သွေးခဲမှုနဲ့ အရိုးကျန်းမာရေးအတွက် ဗိုက်တာမင်-ကေ ပါဝင်သလို ဆဲလ်ကွဲပွားမှု ဖြစ်စဉ်များအတွက် လိုအပ်တဲ့ ဖောလစ်အက်ဆစ်လည်း ပါဝင်ပါတယ်။
■ မုန်လာမျိုးနွယ်ဝင် ဟင်းရွက်ဖြစ်တာနဲ့အမျှ ဆဲလ်များကို ကာကွယ်ပေးပြီး အသည်းအဆိပ်အတောက် ပြယ်စေတဲ့ဖြစ်စဉ်ကို ထောက်ပံ့ပေးတဲ့ Glucosinolates ၊ Isothiocyanates ၊ Indoles ဒြပ်ပေါင်းများ ပါဝင်ပါတယ်။
■ မုန်လာမျိုးနွယ်များကို အစိမ်းစားပါက အိုင်အိုဒင်းစုပ်ယူမှုကို အနည်းငယ် နှောင့်ယှက်နိုင်တယ်ဆိုပေမယ့် ပုံမှန်စားသုံးခြင်းက ကျန်းမာရေးကောင်းသူတွေအတွက်တော့ ဘာပြဿနာမှ မရှိပါဘူး။
■ ချက်ပြုတ်စားသုံးခြင်းဖြင့် အိုင်အိုဒင်းစုပ်ယူမှုနှောင့်ယှက်တဲ့ ဓာတ်များကို လျှော့ချပေးနိုင်ပြီး အပူကြောင့်ပျက်စီးလွယ်တဲ့ အာဟာရများကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။
■ ပန်းဂေါ်ဖီကို ထမင်း၊ အာလူးထောင်းစသဖြင့် အစားအစာတွေများနဲ့တွဲကာ အာဟာရပြည့်ပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစားထိုးစားစရာအဖြစ် စားသုံးနိုင်ပါတယ်။
Source: The Jerusalem Post
နီပေါနိုင်ငံမှာဖြစ်ပွားတဲ့ မြေပြိုမှုကြီးကြောင့် မြစ်ကြောင်းတလျှောက် အရှိန်အဟုန်ဖြင့် စီးဆင်းစေပြီး အချို့ဒေသတွေမှာ ရေလွှမ်းမိုးမှုအဆင့် စံချိန်တင်မြင့်မားခဲ့ကြောင်း ခတ်မန်ဒူအခြေစိုက်တောင်တန်းဒေသဖွံ့ဖြိုးရေး နိုင်ငံတကာဗဟိုဌာန(ICIMOD)မှ ဘူမိပညာရှင်များ အင်္ဂါနေ့ကထုတ်ပြန်ခဲ့ပါတယ်။
#World_Crisis
Published 15 September 2026
#နီပေါ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 September 2026
■ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များဟာ ခါမစ်မူရှိတ်လေတပ်စခန်း အပါအဝင် ဆော်ဒီစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပါတယ်။
■ ဆော်ဒီအရှေ့-အနောက် ရေနံပိုက်လိုင်း တိုက်ခိုက်ခံရမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းပို့ဆောင်နိုင်တဲ့ အဓိကလမ်းကြောင်းတစ်ခု ပျက်စီးသွားခဲ့ပါတယ်။
■ ဆော်ဒီမှာ ပင်လယ်နီရေနံသိုလှောင်မှု ၅ ရက်မှ ၇ ရက်စာသာ ကျန်ရှိတော့သဖြင့် ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၄ ရာခိုင်နှုန်းခန့် ထိခိုက်မယ့်အန္တရာယ်ရှိနေပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် အိုမန်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အီရန်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံများကြား အရေးပါတဲ့ သံတမန်ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့ပါတယ်။
■ ဟူသီတပ်ဖွဲ့များဟာ ဘပ်အယ်မန်ဒက်ရေလက်ကြားအနီး ဗျူဟာမြောက်ကျွန်းများကို သိမ်းပိုက်ခဲ့ပြီး သင်္ဘောလိုင်းပို့ဆောင်ရေး လမ်းကြောင်းများအပေါ် စိုးမိုးမှုအားကောင်းစေခဲ့ပါတယ်။
■ တစ်ကျော့ပြန်ပြင်းထန်လာတဲ့ တိုက်ပွဲများကြောင်း ယီမင်ပြည်သူ ၈ သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
■ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို တုံ့ပြန်တဲ့အနေဖြင့် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဟူသီစခန်းများကို လေကြောင်းမှ အကြိမ် ၃၀၀ ကျော် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
■ ယီမင်ရှိ ဟူသီတပ်ဖွဲ့များကို အမေရိကန်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပေးရန် ဆော်ဒီရဲ့တောင်းဆိုမှုကို အမေရိကန်က ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။
Source: Reuters
#World_Science
Published 15 September 2026
■ သွေးစစ်ဆေးမှုရလဒ်များဟာ ဓာတ်ခွဲခန်းတစ်ခုနဲ့တစ်ခု မတူညီဘဲ သဘာဝအတိုင်း ကွဲလွဲနိုင်ပြီး ဒါဟာ စစ်ဆေးမှုဖော်ပြချက်တွေ မှားယွင်းနေတာ မဟုတ်ပါဘူး။
■ နမူနာများ ကောက်ယူခြင်း၊ လူနာများရဲ့ ပြင်ဆင်မှုများဖြစ်တဲ့ အစာငတ်ခံခြင်း၊ စိတ်ဖိစီးမှု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စစ်ဆေးတဲ့အချိန် စတာတွေက ရလဒ်များအပေါ် များစွာသက်ရောက်မှု ရှိနေပါတယ်။
■ နမူနာသယ်ယူပို့ဆောင်ရေး ကြန့်ကြာမှု၊ မသင့်တော်တဲ့ သိုလှောင်မှု၊ သွေးဆဲလ်များပျက်စီးမှုတို့လို ကိုင်တွယ်ထိန်းသိမ်းမှုဆိုင်ရာ အချက်အလက်များကလည်း စစ်ဆေးမှုရလဒ်များကို ပြောင်းလဲစေနိုင်ပါတယ်။
■ ဓာတ်ခွဲခန်းတွေက စစ်ဆေးမှုများပြုလုပ်ရန် မတူညီတဲ့ စက်ပစ္စည်းများ၊ ကိရိယာများကို အသုံးပြုကြပါတယ်။
■ ဓာတ်ခွဲခန်းတစ်ခုစီဟာ သီးခြားရည်ညွှန်းစံနှုန်းများကို သတ်မှတ်ထားသဖြင့် ဓာတ်ခွဲခန်းရဲ့ သတ်မှတ်စံနှုန်းနဲ့ ယှဉ်တွဲသုံးသပ်ရန် လိုအပ်ပါတယ်။
■ ရက်အလိုက် ခန္ဓာကိုယ်ရဲ့ သဘာဝဇီဝရုပ်ပြောင်းလဲမှုတွေဟာ ဟော်မုန်း၊ သကြားဓာတ်နဲ့ အဆီဓာတ်ပမာဏများ ပုံမှန်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါတယ်။
■ ဆရာဝန်များက ရလဒ်တစ်ခုကွဲလွဲမှုကို ဆေးပညာအရ သတိပြုရမယ့် ပြောင်းလဲမှုအဖြစ် သတ်မှတ်ရန်အတွက် ဒီရလဒ်က ပုံမှန်အားဖြင့် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပြောင်းလဲမှုရှိရန် လိုအပ်ပါတယ်။
■ ရေရှည်ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများအတွက် အလားတူ အခြေအနေများအောက်မှာ တူညီတဲ့ အသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုတည်းကိုသာ ပုံမှန်အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
Source: NDTV
#World_Health
Published 15 September 2026
■ Moderna နဲ့ Merck တို့ဟာ ယင်းတို့ရဲ့ သီးသန့်ကင်ဆာကာကွယ်ဆေးအတွက် တတိယအဆင့်စမ်းသပ်မှု အောင်မြင်တဲ့ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။
■ ခွဲစိတ်ကုသထားတဲ့ ကင်ဆာပြန့်ပွားနိုင်ခြေများတဲ့ မှဲ့ကင်ဆာလူနာတွေမှာ အဆိုပါကာကွယ်ဆေးကို Keytrude ဆေးနဲ့ တွဲဖက်သုံးစွဲရာ ကင်ဆာပြန်လည်ဖြစ်ပွားမှုနဲ့ အခြားအင်္ဂါများသို့ ပြန့်ပွားမှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပါတယ်။
■ ဒါဟာ mRNA အခြေခံ ပုဂ္ဂလိကကင်ဆာကာကွယ်ဆေးများအတွက် ပထမဆုံးစမ်းသပ်မှု နောက်ဆုံးအဆင့် အောင်မြင်ခြင်း ဖြစ်ပါတယ်။
■ အဆိုပါ သီးသန့်ကုထုံးဟာ လူနာရဲ့အကျိတ်မှ သီးခြားမျိုးဗီဇပြောင်းလဲမှု အမှတ်အသား ၃၄ ခုအထိ ပစ်မှတ်ထားရန် mRNA ကို အသုံးပြုထားပါတယ်။
■ ဆေးနှစ်မျိုးတွဲဖက်ကုသမှုက ပုံမှန်ကုသရေးစံနှုန်းဖြစ်တဲ့ Keytruda တစ်မျိုးတည်း သုံးစွဲခြင်းထက် ဆေးကုသမှုအားသာချက် ထင်ထင်ရှားရှားပြသနိုင်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးအန္တရာယ်သစ်များလည်း မတွေ့ရပါဘူး။
■ ဒီလိုမျိုး အောင်မြင်မှုရပြီးနောက် Moderna ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၄၀ ဘီလီယံနီးပါး မြင့်တက်သွားခဲ့ပါတယ်။
■ ကုမ္ပဏီများဟာ တရားဝင်ခွင့်ပြုချက်များ ရရှိရန် လျှောက်ထားလျက်ရှိပြီး နောက်နှစ်စောစောပိုင်း စတင်ရနိုင်ဖွယ် ရှိပါတယ်။
■ လက်ရှိမှာ အလားတူ mRNA စမ်းသပ်မှုများကို အဆုတ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ သရက်ရွက်ကင်ဆာများအတွက်ပါ ဆက်လက်လုပ်ဆောင်နေပါတယ်။
Source: Reuters
#World_Health
Published 14 September 2026
■ JAMA Internal Medicine ဂျာနယ်မှာ လေ့လာဖော်ပြချက်အရ လေယာဉ်မှူးများနဲ့ လေယာဉ်မောင်မယ်တွေမှာ ဓာတ်ရောင်ခြည်နဲ့ ဆက်စပ်တဲ့ ကင်ဆာရောဂါကြောင့် သေဆုံးမှုပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။
■ ဓာတ်ရောင်ခြည် ဆက်စပ်ကင်ဆာကြောင့် သေဆုံးမှုဟာ အထွေထွေအလုပ်သမားတွေမှာ ၅ ရာခိုင်နှုန်းခန့် ရှိပေမယ့် လေယာဉ်အမှူထမ်းတွေမှာ ၆.၉ ရာခိုင်နှုန်းနဲ့ လေယာဉ်မှူးတွေမှာ ၆.၇ ရာခိုင်နှုန်း ရှိပါတယ်။
■ ပေ ၃ သောင်းအထက်အမြင့်မှာ ပျံသန်းခြင်းက လေယာဉ်ဝန်ထမ်းများအနေဖြင့် အာကာသဆိုင်ရာ အိုင်းယွန်းဓာတ်ရောင်ခြည်ပမာဏ ပိုမိုထိတွေ့စေပါတယ်။
■ သုတေသနပြု လေ့လာခဲ့တဲ့ ရောဂါတွေမှာ သွေးကင်ဆာ၊ မှဲ့ကင်ဆာ၊ အရေပြားကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ ရင်သားကင်ဆာတို့ ပါဝင်ပါတယ်။
■ ဒီလေ့လာမှုက အာကာသဓာတ်ရောင်ခြည်ကြောင့် တိုက်ရိုက်ဖြစ်ပွားခြင်းလို့ အတည်မပြုနိုင်သေးပေမယ့် အလုပ်အကိုင်ဆိုင်ရာ ဘေးအန္တရာယ်နဲ့ ဆက်စပ်မှုရှိကြောင်း မီးမောင်းထိုးပြထားပါတယ်။
■ ဓာတ်ရောင်ခြည်မဟုတ်တဲ့ အခြားအချက်တွေဖြစ်တဲ့ ညဆိုင်းဆင်းရခြင်း၊ အချိန်ဇုန် မကြာခဏပြောင်းလဲခြင်း၊ အိပ်စက်မှုစနစ် ပျက်ယွင်းခြင်းတို့ကလည်း ကျန်းမာရေးအန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။
■ ပုံမှန်ခရီးသည်များအနေဖြင့် ရေရှည်ထိတွေ့မှုပမာဏ အလွန်နည်းပါးတဲ့အတွက် အသက်မွေးဝမ်းကျောင်း လေယာဉ်အမှုထမ်းများနဲ့ နှိုင်းယှဉ်ပါက အန္တရာယ်အလွန်နည်းပါးပါတယ်။
■ အန္တရာယ်များကို စီမံခန့်ခွဲနိုင်ရန် လေကြောင်းလိုင်းများအနေဖြင့် ဝန်ထမ်းတွေရဲ့ ဓာတ်ရောင်ခြည် ထိတွေ့မှုပမာဏကို စောင့်ကြည့်စစ်ဆေးရန်၊ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးရန် အကြံပြုထားကြပါတယ်။
Source: India Today
Page 15 of 1237