#World_Health
Published 12 September 2026
■ ဆီးချိုမဖြစ်ခင်အဆင့်ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အဆင့်သို့ ပြန်ရောက်ရန် ကူညီပေးနိုင်ပါတယ်။
■ သုတေသနပြုချက်များအရ ပန်ကရိယရှိ ဘီတာဆဲလ်များကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကို လျှော့ချပေးကာ အင်ဆူလင်ဟော်မုန်း ထွက်ရှိမှုကို ကောင်းမွန်စေကြောင်း သိရပါတယ်။
■ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေမှာ သွေးတွင်းသကြားဓာတ် အကျိုးကျေးဇူးများ မြင်တွေ့ရဖို့ကတော့ တစ်နေ့ကို ပျမ်းမျှ ၄,၃၀၀ IU အထိ မြင့်မားတဲ့ပမာဏ အသုံးပြုခဲ့ကြပါတယ်။
■ ဟော်မုန်းနဲ့ ဂလင်းဆိုင်ရာ အဖွဲ့အစည်းက ဆီးချိုဖြစ်နိုင်ခြေ မြင့်မားတဲ့ ဆီးချိုမဖြစ်မီအဆင့် အရွယ်ရောက်ပြီးသူများအနေဖြင့် ပုံမှန်သတ်မှတ်ထားတဲ့ နေ့စဉ်သောက်သုံးရမယ့် ပမာဏထက် ပိုမိုသောက်သုံးရန် အကြံပြုထားပါတယ်။
■ ဒါပေမဲ့ ရေရှည်ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် နေ့စဉ်သောက်သုံးမှုပမာဏ ၅ ထောင် IU အောက်သာ ထားရှိဖို့ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။
■ ဗိုက်တာမင်-ဒီပမာဏ လွန်ကဲပါက သွေးတွင်းကယ်စီယံဓာတ် လွန်ကဲခြင်း ဖြစ်စေနိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်း၊ အရိုးနဲ့ နှလုံးအားနည်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။
■ အဆီများတဲ့ငါးများ၊ နွားနို့၊ ကွေကာတို့လို သဘာဝအစားအစာတွေကနေ ဗိုက်တာမင်-ဒီ ရရှိနိုင်ပါတယ်။
■ လူနေမှုပုံစံ ပြောင်းလဲနေထိုင်ခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်တာကြောင့် ဖြည့်စွက်စာများ မသောက်သုံးမီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Source: Very Well Health
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)အောက်ရှိ ထင်ရှားကျော်ကြားတဲ့ သန့်စင်စွမ်းအင်စီမံကိန်းတစ်ခုဖြစ်တဲ့ ဆူကီကီနာရီ ရေအားလျှပ်စစ်စီမံကိန်းဟာ သန့်စင်သော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတိုဖြင့် နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားစေပါတယ်။
#World_News
Published 11 September 2026
#ပါကစ္စတန် #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 11 September 2026
■ Dyson ကုမ္ပဏီက သွားတိုက်ရင်း တပြိုင်နက်တည်း သွားကြားထိုးပေးနိုင်မယ့် AI ကင်မရာပါဝင်တဲ့ CameraJet သွားပွတ်တံကို အသစ်ထုတ်လုပ်လိုက်ပါတယ်။
■ ဒီကင်မရာမှာ ၁ သိန်း pixel macro မှန်ဘီလူးနဲ့ Gap Optical Targeting လို့ခေါ်တဲ့ AI စက်သင်ယူမှုဆိုင်ရာ အယ်ဂိုရစ်သစ်ကို အသုံးပြုထားပါတယ်။
■ သွားကြားလွတ်များကို ၁၀၀ မီလီစက္ကန့်အတွင်း ရှာဖွေဖော်ထုတ်နိုင်ရန် ၁ စက္ကန့်ကို ရုပ်ထွက်ပုံရိပ် ၂၈ ပုံနှုန်းဖြင့် ဖမ်းယူဆန်းစစ်ပေးပါတယ်။
■ သွားကြားလွတ်တစ်ခုကို ရှာဖွေ့တွေ့ရှိတာနဲ့ တပြိုင်နက်ဖိအားနည်း ပလုတ်ကျင်းရည်ကို အရှိန်ဖြင့်ပန်းထုတ်ပြီး သွားကြားကို ချက်ချင်းသန့်စင်ပေးပါတယ်။
■ ယင်းသွားပွတ်တံဟာ Wi-Fi နဲ့ Bluetooth တို့ဖြင့် ချိတ်ဆက်နိုင်တာကြောင့် အသုံးပြုသူတွေဟာ သွားသန့်စင်နေမှုကို App မှတဆင့် အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါတယ်။
■ သွားပွတ်တံခေါင်းမှာ ပါဝင်တဲ့ RFID များက အသုံးပြုမှုကို မှတ်သားထားပြီး လဲလှယ်ရမယ့်အချိန်ရောက်ပါက အလိုအလျောက် အသိပေးထုတ်ပြန်ပေးပါတယ်။
■ အသံဆူညံမှုကို လျှော့ချပေးတဲ့ Sonic dampener စနစ်နဲ့ သွားရခက်ခဲတဲ့ နေရာများကို ငြိမ်သက်စွာ ရောက်ရှိနိုင်ရန် လှိုင်းနှုန်းပြောင်းလဲတုန်ခါမှုစနစ်တို့ ပါဝင်ပါတယ်။
■ အဆိုပါ CameraJet ကို Dyson ဝက်ဆိုက်မှာ ၄၉၉ ဒေါ်လာဖြင့် ဝယ်ယူနိုင်ပြီး သွားပွတ်တံခေါင်းနှစ်ခု၊ အားသွင်းခုံတစ်ခု၊ ခရီးဆောင်ဗူးတစ်ခုတို့ ပါဝင်ပါတယ်။
Source: Toronto Sun
#World_Health
Published 11 September 2026
■ ကော်ဖီသောက်ခြင်းဟာ ထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ လက္ခဏာများနဲ့ ဆက်စပ်မှုရှိပေမယ့် ကျန်းမာရေးပြောင်းလဲမှုများကို တိတိကျကျ ဖြစ်ပေါ်စေတယ်ဆိုတဲ့ သက်သေမပြနိုင်ပါဘူး။
■ ကော်ဖီပိုသောက်တဲ့ အမျိုးသားတွေမှာ တက်စတိုစတီရုန်း ကျားဟော်မုန်းပမာဏ ပိုမိုမြင့်မားကြောင်း တွေ့ရပြီး နေ့စဉ်ကော်ဖီတစ်ခွက် ပိုသောက်တိုင်း ၀.၂၉ နာနိုမိုး/လီတာနှုန်းဖြင့် တိုးပွားလာခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ လိင်ဟော်မုန်းနဲ့ ပေါင်းစပ်ပေးတဲ့ ပရိုတိန်း(SHBG)ပမာဏပါ တပြိုင်နက် မြင့်တက်လာခြင်းကြောင့် အမျိုးသားတွေမှာ အလုပ်မရှိတဲ့ တက်စတိုစတီရုန်းပမာဏ အမှန်တကယ် ကျဆင်းသွားပါတယ်။
■ အမျိုးသမီးတွေမှာ လိင်အလိုက် ကွဲပြားတဲ့ ဟော်မုန်းပုံစံများ တွေ့ရပြီး SHBG ပမာဏမြင့်မားကာ အလုပ်မရှိတဲ့ တက်စတိုစတီရုန်းပမာဏ ကျဆင်းသွားပေမယ့် စုစုပေါင်း တက်စတိုစတီရုန်းပမာဏကတော့ ပြောင်းလဲမှုမရှိပါဘူး။
■ ကော်ဖီပိုမိုသောက်သုံးခြင်းက ခန္ဓာကိုယ်အဆီနဲ့ ဝမ်းတွင်းအဆီ လျော့နည်းခြင်းနဲ့ ဆက်စပ်နေပြီး ကြွက်သားထုထည်ကို တိုးများစေပါတယ်။
■ ကော်ဖီသောက်သုံးမှုပမာဏ မတူညီကြတဲ့ လေ့လာစမ်းသပ်ခံသူအားလုံးမှာ ခန္ဓာကိုယ်အချိုးအစားညွှန်းကိန်း BMI တူညီသလောက် ရှိနေပါတယ်။
■ ကော်ဖီအများအပြား သောက်သုံးသူတွေမှာ အင်ဆူလင်တုံ့ပြန်နိုင်စွမ်း ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်။
■ ဒီလေ့လာမှုထဲမှာ ပျမ်းမျှအသက် ၄၆ နှစ်ရှိတဲ့ ဖင်လန်နိုင်ငံသား ၂,၂၆၄ ဦးကို ကာလတိုအတွင်း လေ့လာခဲ့ခြင်းဖြစ်တာကြောင့် ကော်ဖီကြောင့် တိုက်ရိုက်အကျိုးအကြောင်း သက်ရောက်မှုလို့ အတည်မပြုနိုင်သေးပါဘူး။
Source: Fox17
#World_News
Published 10 September 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြီးတန်း အိမ်ဖြူတော် အကြံပေးများက အီရန်နဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ၂၀၂၉ ခုနှစ် ဇန်နဝါရီလအထိ ကြန့်ကြာသွားနိုင်ကြောင်း ထရမ့်ကို အထူးသတိပေးခဲ့ပါတယ်။
■ ယခုသုံးသပ်ချက်ဟာ ကြားဖြတ်ရွေးကောက်ပွဲအပြီး စစ်ပွဲချက်ချင်းပြီးဆုံးမယ်လို့ ထရမ့် လူသိရှင်ကြား ပြောဆိုထားချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
■ အီရန်အစိုးရက အမေရိကန်ရဲ့ ဖိအားပေးမှုများကို ထင်မှတ်ထားတာထက် ပိုမိုကြာရှည်စွာ တုံ့ပြန်နိုင်စွမ်းရှိကြောင်း အကြံပေးများက အစည်းအဝေးများအတွင်း ထရမ့်ကို ပြောကြားခဲ့ပါတယ်။
■ ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဂ်ဆက်သ်က ရေရှည် ပဋိပက္ခဖြစ်ပွားမှုအတွက် ပြင်ဆင်တဲ့အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ စစ်အင်အား တပ်ဖြန့်ထားမှုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီ ဖြစ်ပါတယ်။
■ အမေရိကန် အစိုးရက ကုန်းကြောင်းစစ်ပွဲ ဆင်နွှဲမယ့်အစား ရေကြောင်းပိတ်ဆို့မှုနဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကို အဓိကအားကိုး အသုံးပြုနေပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပတ်ဝန်းကျင်မှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လတ်တလော တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ပျက်စီးခြင်း၊ စစ်ဘက်ဆိုင်ရာ စခန်းများ ထိမှန်ခြင်းနဲ့ အဓိက ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများ အနှောင့်အယှက်ဖြစ်ရခြင်းတို့ ကြုံတွေ့နေရပါတယ်။
■ ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေနံစီးဆင်းမှုများ အလွန်အမင်း ထိခိုက်ကျဆင်းသွားခဲ့ပြီး ရေနံစိမ်းစျေးနှုန်းများမှာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်သို့ ထပ်မံမြင့်တက်သွားခဲ့ပါတယ်။
■ ယခုကဲ့သို့ ရေကြောင်းပိတ်ဆို့တဲ့ မဟာဗျူဟာက ပဋိပက္ခကို မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား ပြီးဆုံးသွားစေရန် မစွမ်းဆောင်နိုင်ကြောင်း ကျွမ်းကျင်သူများနဲ့ အစိုးရတာဝန်ရှိသူများက သတိပေးထားကြပါတယ်။
Source: Reuters
#World_Health
Published 10 September 2026
■ အမေရိကန် FDA က Bristol Myers Squibb ကုမ္ပဏီရဲ့ သွေးကင်ဆာဆေးဖြစ်တဲ့ Zenbexus (iberdomide)ကို အသိအမှတ်ပြုပေးလိုက်ပါတယ်။
■ Zenbexus ဟာ ပထမဆုံးအတည်ပြုချက်ရရှိတဲ့ CELMoD ဆေးအမျိုးအစားဖြစ်ပြီး ဆေးဝါးလောကမှာ ပထမဆုံး ဆေးအမျိုးအစားသစ် ဖြစ်လာခဲ့ပါတယ်။
■ ယခင်က အနည်းဆုံး ကုသမှုတစ်မျိုး ခံယူဖူးပေမယ့် ပြန်လည်ဖြစ်ပွားလာတဲ့ လူနာများ၊ ကုသရန်ခက်ခဲတဲ့ ရိုးတွင်းခြင်ဆီကင်ဆာ လူနာများအတွက် အတည်ပြုပေးထားခြင်း ဖြစ်ပါတယ်။
■ ဒီသောက်ဆေးကို J&J ကုမ္ပဏီရဲ့ Darzalex ၊ Dexamethasone ဆေးတို့နဲ့ တွဲဖက်သောက်သုံးရမှာ ဖြစ်ပါတယ်။
■ တတိယအဆင့် EXCALIBER-RRMM စမ်းသပ်မှုမှာ တွဲဖက်ကုသမှုက ပုံမှန်ကုသမှုရဲ့ ၂၁ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ပါက MRD-negative ပျောက်ကင်းနှုန်း ၄၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။
■ ဒီဆေးမှာ သန္ဓေသားထိခိုက်စေနိုင်မှုနဲ့ ပြင်းထန်တဲ့ သွေးခဲမှုများ ဖြစ်ပွားနိုင်တဲ့ အထူးသတိပေးချက် ပါဝင်ပါတယ်။
■ ဘေးထွက်ဆိုးကျိုး အန္တရာယ်များကြောင့် ဆေးဝါးကို စည်းကမ်းချက်များဖြင့် ထိန်းချုပ်ထားတဲ့ ကန့်သတ်ဖြန့်ဖြူးရေး အစီအစဉ်အတိုင်းသာ ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။
■ Bristol Myers Squibb ဟာ Zenbexus ရဲ့ ဈေးနှုန်းကို ၂၈ ရက်စာ သောက်သုံးမှု ကုသမှုတစ်ကြိမ်ကို ဒေါ်လာ ၁၉,၅၀၀ သတ်မှတ်ထားပါတယ်။
Source: Reuters
#World_Health
Published 10 September 2026
■ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကို ထောပတ်ထဲ ထည့်ကြိတ်ထောင်းခြင်းက အာဟာရတန်ဖိုး အားလုံးနီးပါးကို ထိန်းသိမ်းနိုင်ပါတယ်။
■ ကြိတ်ချေလိုက်တဲ့အခါ အစေ့အဆန်အလိုက် ဖြိုခွဲလိုက်ပြီး အဆီတွေ ပရိုတိန်းတွေ သတ္တုဓာတ်တွေကို စုပ်ယူရလွယ်ကူစေပါတယ်။
■ အခွံမာသီးတွေ အစေ့အဆန်တွေဟာ နှလုံးကျန်းမာရေး ညီညွတ်စေတဲ့ မပြည့်ဝဆီများ၊ မရှိမဖြစ် အပင်ပရိုတိန်းများ၊ အမျှင်ဓာတ်များ ထောက်ပံ့ပေးပါတယ်။
■ သူတို့မှာ ဗိုက်တာမင်များ၊ မဂ္ဂနီဆီယံ၊ ကယ်စီယံ၊ သံဓာတ်၊ ဇင့်၊ ဗိုက်တာမင်-အီးတို့လို သတ္တုဓာတ်များ ပါဝင်ပါတယ်။
■ ကြိတ်ချေလိုက်တဲ့အခါ လေနဲ့ပိုမိုထိတွေ့စေပြီး အခွံမာသီးထောပတ်အနေနဲ့ အောက်ဆီဒေးရှင်း၊ ရန်ဆစ်ဒတီဖြစ်စဉ်များ ပိုမိုဖြစ်စေပါတယ်။
■ ဒါပေမဲ့ အဆိုပါထောပတ်မျိုးဟာ ကယ်လိုရီသိပ်သည်းဆများပြီး အလွန်အကျွံ စားမိနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက် ပိုင်းခြားစားသုံးဖို့ အရေးကြီးပါတယ်။
■ အိမ်မှာပြုလုပ်တဲ့ အခွံမာသီးထောပတ်ဆိုရင်တော့ ကျန်းမာရေးအန္တရာယ်များတဲ့ သကြား၊ ဟိုက်ဒရိုဂျင်နိတ်အဆီများ၊ မလိုလားအပ်တဲ့ တာရှည်ခံဆေးများ မထည့်မိပါဘူး။
■ ဘယ်လိုထောပတ်ပဲဖြစ်ဖြစ် အလုံပိတ်ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထိန်းသိမ်းထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
Source: The Jerusalem Post
Page 17 of 1237