တရုတ်ပြည် ရှန်တုံပြည်နယ် ဟိုင်ယန်မြိုမှ ဟိုင်ယန်နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ အမှတ် ၃ အတွက် အစိတ်အပိုင်းကြီးများအားလုံးကို အောင်မြင်စွာ တပ်ဆင်ပြီးမြောက်ခဲ့ပြီဖြစ်ပြီး စီမံကိန်းကြီး ဆောက်လုပ်ရေးရဲ့ အဓိကမှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
#Asia_Industry
Published 06 August 2025
#တရုတ်ပြည်ရှန်တုံပြည်နယ် #ဟိုင်ယန်နျူကလီးယာ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 06 August 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ဒုသမ္မတ ဂျေဒီဗန့်စ်ဟာ ၂၀၂၈
ရီပတ်ဘလစ်ကန် ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် အရိုက်အရာဆက်ဆံနိုင်ခြေအများဆုံးသူ ဖြစ်တယ်လို့ အင်္ဂါနေ့က အကြံပြုလိုက်ကာ အနာဂတ် သမ္မတရွေးကောက်ခံကိုယ်စားလှယ်အဖြစ်လည်း ဗန့်စ်ကို အဆုံးစွန်အထိ ထောက်ခံထားတယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဗန့်စ်က အရိုက်အရာဆက်ဆံသူ ဖြစ်လာနိုင်မလားဆိုတာကို သတင်းထောက်တွေက ထရမ့်ကို မေးမြန်းရာမှာ ဖြစ်နိုင်ခြေအများဆုံးထင်တယ်လို့ ပြန်ဖြေသွားပါတယ်။
▪️ ဒါ့အပြင် ဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ အနာဂတ်မှာ ရီပတ်ဘလစ်ကန်အောင်မြင်မှုရဖို့ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ကိုလည်း ပြောသွားပါတယ်။
▪️ ၂၀၂၈ ရွေးကောက်ပွဲက နှစ်တွေလိုသေးတဲ့အချိန်မှာ ထရမ့်ဟာ ရီပတ်ဘလစ်ကန်အဖွဲ့ကြီးမှာ ဩဇာချုပ်ကိုင်ထားသလို ထရမ့်ထောက်ခံမှုပြတဲ့ ကိုယ်စားလှယ်လောင်းအပေါ်မှာ သက်ရောက်မှု ကြီးမားနေမှာပါ။
▪️ ထရမ့်က ၂၀၂၈ ရာထူးဆက်ခံသူနေရာအတွက် ထောက်ခံချက်ပေးဖို့အကြောင်းကို အရင်က မဖြေကြားခဲ့ပါဘူး။
▪️ ဖေဖော်ဝါရီလတုန်းက ဗန့်စ်ကတော့ လုပ်ကိုင်နိုင်စွမ်းရှိပေမယ့် ဦးဆောင်သူကိုယ်စားလှယ်အဖြစ် သတ်မှတ်ဖို့က စောလွန်းသေးတယ်လို့ ထရမ့်ပြောခဲ့ပါတယ်။
▪️ အသက် ၄၀ အရွယ် မရင်းတပ်သားဟောင်းဗန့်စ်က ထရမ့်အစိုးရအဖွဲ့မှာ အရေးပါကဏ္ဍကနေ ပုံဖော်ထားသလို ပြည်တွင်းနဲ့ နိုင်ငံခြားရေးပေါ်လစီတွေမှာ ထရမ့်ရဲ့ပေါ်လစီကို ဖော်ဆောင်တဲ့ ထိပ်သီးကိုယ်စားလှယ်၊ အဓိကသံတမန်အဖြစ် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
▪️ ဖလော်ရီဒါ အထက်လွှတ်တော်အမတ်ဟောင်း ရူဘီယိုကလည်း အစိုးရအဖွဲ့မှာ အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်လာသလို ဒွိဟဖြစ်စေတဲ့ နိုင်ငံခြားရေးရာ အနှောင့်အယှက်ပေါ်လစီတွေကို ဖြေရှင်းနေသူဖြစ်ပါတယ်။
Source: Reuters.
#World_Science
Published 06 August 2025
▪️ ရှေးခေတ်ကလူသားတွေဟာ ကျောက်တုံး၊ ကြေးနီ၊ သံ၊ သံမဏိ စသဖြင့် ကိရိယာပစ္စည်းများ အသုံးပြုခဲ့ကြပေမယ့် သစ်သားခေတ်ဆိုတာ ရှိခဲ့လား။
သစ်သားဆိုတာက ဆွေးမြည့်လွယ်ပြီး အကြွင်းအကျန် အထောက်အထား တွေ့ဖို့မလွယ်ပါဘူး။
▪️ Science ဂျာနယ်ဖော်ပြချက်အရ တရုတ်အနောက်တောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သိန်းက သစ်သားကိရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတယ်ဆို့ ယူဆဖော်ပြထားပါတယ်။
▪️ ၂၀၁၅ မှ ၂၀၁၈ အတွင်း မြေတူးဖော်ခဲ့တုန်းက ထွက်လာတဲ့ အဆိုပါ သစ်သားကိရိယာပစ္စည်းတွေဟာ အရှေ့အာရှမှာ ပထမဆုံးတွေ့ရတဲ့ ကျောက်ခေတ်ကပစ္စည်း ဖြစ်နိုင်ပါတယ်။
▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ သန်းခွဲမှ တစ်သောင်းအတွင်းကို ကျောက်ခေတ်လို့ သတ်မှတ်ပါတယ်။
▪️ ယူနန်ပြည်နယ် ကန်ထန်ကျင်မှာ တူးဖော်တွေ့ရှိတဲ့ သစ်သားပစ္စည်းဒါဇင်ခန့်က ကမ္ဘာ့အဆင့်ရှေးဟောင်းသုတေသန တွေ့ရှိမှုဆိုတာကို ကိုယ်စားပြုကြောင်း တရုတ်သိပ္ပံအကယ်ဒမီမှ သုတေသနပြုစုသူကောရှင်းက ပြောပါတယ်။
▪️ ထိုနေရာကို တူးဖော်ရင်း အထွတ်အမြတ်ပစ္စည်းများ တွေ့ရှိထားပြီး ၂၀၁၅ ခုနှစ်က တရုတ်ရှေးဟောင်းသုတေသနတွေ့ရှိရာနေရာတွေထဲမှာ ထိပ်ဆုံး ၁၀ နေရာထဲ ပါဝင်ပါတယ်။
▪️ ယခုတွေ့ရှိမှုက တရုတ်ကျောက်ခေတ်ဦး သစ်သားကိရိယာများ လေ့လာမှုတွေမှာ လိုအပ်ချက်ဖြည့်ပေးနိုင်မှာဖြစ်ကြောင်း ယူနန်ယဉ်ကျေးမှုအထွတ်အမြတ်ပစ္စည်းနှင့် ရှေးဟောင်းသုတေသနအဖွဲ့အစည်းမှ လျူကျန်းဟွေက ဖော်ပြခဲ့ပါတယ်။
Source: SCMP
#World_Health
Published 06 August 2025
▪️ အချိန်အပိုင်းအခြားအလိုက် အစားမစားဘဲနေခြင်းက ဝိတ်ချခြင်းနဲ့ ကျန်းမာရေးတိုးတက်မှုအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုအဖြစ် ဗြိတိသျှဆေးဂျာနယ် (BMJ)မှာ ဖော်ပြထားပါတယ်။
▪️ နိုင်ငံ ၂၄ နိုင်ငံမှာပြုလုပ်ခဲ့တဲ့ လေ့လာချက် ၁၀၀ ကို ဆန်းစစ်ခဲ့ရာမှာ အချိန်တစ်ခုအထိ အစားမစားခြင်းက နည်းနည်းစီစားခြင်းလိုမျိုး သမားရိုးကျစားသောက်ပုံတွေနဲ့ အကျိုးကျေးဇူး တူညီစွာပေးနိုင်တယ်လို့ တွေ့ရှိပါတယ်။
▪️ ဒီနည်းလမ်းက ဝိတ်ချဖို့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိတယ်လို့လည်း အသိအမှတ်ပြုကြကာ လူအတော်များများ ကျင့်သုံးလာကြပါတယ်။
ဘယ်လိုအစားအစာမျိုး စားတယ်ဆိုတာထက် ဘယ်အချိန်စားလဲဆိုတာကို အဓိကထားတာ ဖြစ်ပါတယ်။
▪️ အချိန်အပိုင်းအခြားအလိုက် အစားမစားတဲ့နည်းလမ်းတွေ အမျိုးမျိုးရှိကာ ၁၆း၈ နည်းလမ်းဆိုရင် ၁၆ နာရီအစားမစားဘဲ ကျန်တဲ့ ၈ နာရီအတွင်းသာ စားသောက်ရပါတယ်။
▪️ ၅း၂ နည်းလမ်းကတော့ တစ်ပတ်ကို ၅ ရက် ပုံမှန်အတိုင်းစားကာ ဆက်တိုက်မဟုတ်တဲ့ ၂ ရက်ကိုကယ်လိုရီ သိသိသာသာ လျှော့ချစားသုံးရတာ ဖြစ်ပါတယ်။
▪️ တစ်ရက်ခြားတစ်ခါ အစာဖြတ်ခြင်းနည်းလမ်းကတော့ ကျန်တဲ့နည်းလမ်းတွေထက် ပိုပြီးရလဒ်ကောင်းမွန်တဲ့သဘော တွေ့ရပါတယ်။
▪️ ဒီနည်းလမ်းကျင့်သုံးတဲ့ စမ်းသပ်ခံသူတွေဟာ သာမန်အတိုင်းစားသောက်သူတွေထက် ပျမ်းမျှအားဖြင့် ၃.၄ ကီလိုဂရမ် ပိုပြီးကိုယ်အလေးချိန် လျော့ကျခဲ့ပါတယ်။
▪️ အချိန်တစ်ခုအထိ အစားမစားခြင်းနည်းလမ်းကို အာဟာရပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ ကျင့်သုံးသင့်ပြီး အွန်လိုင်းနာမည်ကျော်တွေ ပြောရုံနဲ့တော့ လိုက်မလုပ်သင့်ဘူးလို့ အာဟာရပညာရှင် လော်ရာဆန်းချက်ဇ်က ပြောပါတယ်။
Source: The Jerusalem Post
ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက် မှာသောကြာနေ့က ဆန္ဒပြသူများစုဝေးခဲ့ပြီး ဘရာဇီးလ်တင်ပို့ကုန်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်ခြင်းကို ရှုတ်ချခဲ့ကြကာ တိုင်းပြည်အချုပ်အခြာအာဏာအပေါ် အမေရိကန် ဝင်ရောက်စွက်ဖက်နေတာကို ဆန့်ကျင်ခဲ့ကြပါတယ်။
#World_Politics
Published 05 August 2025
#ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ #ဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 05 August 2025
▪️ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချီးကျူးပြောဆိုခဲ့ကြကာ ရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ်
နရန်ဒရာမိုဒီတို့ဟာ မိတ်ဆွေကောင်းတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။
▪️ ထရမ့်အခွန်စည်းကြပ်မှုတွေ၊ အိန္ဒိယက ရုရှားထံမှ ရေနံဝယ်တာတွေ၊ အမေရိကန်ကပါကစ္စတန်ဘက်သို့ ယိမ်းလာတာတွေက သူတို့ကြား မျက်နှာနာစရာ ဖြစ်လာပါတယ်။
▪️ ဒီအချိန်ဟာ ဆက်ဆံရေး စမ်းသပ်ခံရမယ့်အချိန်ကောင်းပဲလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှအကြံပေးဟောင်း အာရှော့မာလစ်ကဆိုပါတယ်။
▪️ အိန္ဒိယက ရုရှားဆီက ရေနံဝယ်တာတွေ၊ အိန္ဒိယအပေါ်အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်တာတွေက မကျေနပ်ချက် ဖြစ်လာစေပါတယ်။
▪️ ထရမ့်က ပါကစ္စတန်နဲ့ ဗျူဟာမြောက်သဘောတူညီချက်ရယူဖို့ လုပ်နေတာ မဟုတ်ပေမယ့် ညှိနှိုင်းဖို့လုပ်နေပါတယ်။
▪️ ရုရှားလက်နက်တွေကြောင့် ယူကရိန်းမှာ ဘယ်လောက်သေကြေနေကြလဲဆိုတာ အိန္ဒိယက ဂရုမစိုက်ဘူးလို့ ထရမ့်ကစွပ်စွဲလိုက်ပါတယ်။
▪️ ဒါတွေနဲ့ပတ်သက်ပြီး အိန္ဒိယစီးပွားကူးသန်းဝန်ကြီး ပီယုရှ်ဂိုယယ်က နှစ်နိုင်ငံစလုံးအတွက် ညီညွတ်မျှတပြီး အပြန်အလှန်အကျိုးရှိစေမယ့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ကြိုးပမ်းနေတယ်လို့ ပြောထားပါတယ်။
▪️ မေလကအိန္ဒိယနဲ့ပါကစ္စတန်တို့ အပစ်အခတ်များ ဖြစ်ပွားခဲ့ပါတယ်။
ထရမ့်က ကြားဝင်ဖြေရှင်းပေးခဲ့သလို အိန္ဒိယရဲ့ပြိုင်ဘက်ပါကစ္စတန်အပေါ် ထရမ့်ယိမ်းယိုင်လာတဲ့သဘော မြင်တွေ့ရပါတယ်။
▪️ ဒါဟာ အိန္ဒိယကအမေရိကန်အပေါ် ယုံကြည်မှုကျဆင်းလာတဲ့ပုံစံပေါက်နေပါတယ်။
▪️ ရုရှားရေနံကို အိန္ဒိယဝယ်ယူတဲ့အပေါ် ထရမ့်ကပြစ်ဒဏ်ခတ်ဖို့ကိုလည်း ခြိမ်းခြောက်ထားပါတယ်။
▪️ အမေရိကန်အစိုးရအဖွဲ့က အိန္ဒိယနဲ့ ရုရှားတို့ကြား ဆက်ဆံနေတဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောလာပါတယ်။
Source: AP News.
#World_Health
Published 05 August 2025
▪️ ဂျပန်တွေရဲ့ လမ်းလျှောက်နည်းဖြစ်တဲ့ အပိုင်းအခြားအလိုက် လမ်းလျှောက်ခြင်းနည်းလမ်းက TikTok မှာ နာမည်ကြီးနေပါတယ်။
▪️ ရိုးရှင်းသလို အားကစားပစ္စည်းတွေ၊ အက်ပလီကေးရှင်းတွေလည်း မလိုအပ်တဲ့အပြင် တစ်နေ့ကို မိနစ် ၃၀ ခန့်လျှောက်ခြင်းဖြင့် နှလုံးသွေးကြောကျန်းမာရေး၊ ကိုယ်အလေးချိန်ချခြင်း၊ ကြံ့ခိုင်နိုင်စွမ်းတို့ကို ထောက်ကူပေးပါတယ်။
▪️ ဂျပန်ကနေ အစပြုခဲ့တာဖြစ်ပြီး TikTok မှာ ပြန်လည်ခေတ်စားလာပါတယ်။
▪️ နာရီဝက်လောက် တသမတ်တည်း လမ်းလျှောက်မယ့်အစား ၃ မိနစ် ခပ်မြန်မြန်လျှောက် ၃ မိနစ်ဖြည်းဖြည်းလျှောက်ခြင်းကို မိနစ် ၃၀ ခန့် လျှောက်နေရမှာ ဖြစ်ပါတယ်။
▪️ ဒီပုံစံက နှလုံးသွေးကြော အားစိုက်မှု အပြောင်းအလဲဖြစ်စေကာ ပုံမှန်လမ်းလျှောက်တာထက် အကျိုးကျေးဇူး ပိုကောင်းစေနိုင်ပါတယ်။
▪️ လေ့လာချက်တွေအရလည်း သွေးဖိအား၊ နှလုံးသွေးကြော ခံနိုင်ရည်၊ ဦးနှောက်အသိဉာဏ်၊ အိပ်စက်ခြင်းတို့ကို တိုးတက်စေပါတယ်။
▪️ ကယ်လိုရီလောင်ကျွမ်းခြင်းကတော့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လမ်းလျှောက်နှုန်း၊ ကျန်းမာရေးအနေအထားတို့အပေါ် မူတည်ပါတယ်။
▪️ ဒီလိုလမ်းလျှောက်ခြင်းအပြင် တစ်ပတ်ကို အလေးမလေ့ကျင့်ခန်း ၂ ရက်လောက်လုပ်ရေးရင် နိုင်ငံတကာသတ်မှတ်ချက်နဲ့ ကိုက်ညီပါပြီ။
▪️ ကျန်းမာသူအများစုအတွက်တော့ ဂျပန်လမ်းလျှောက်နည်းက အဟန့်အတားမရှိဘဲ အလွယ်တကူလုပ်နိုင်ကာ ကျန်းမာကြံ့ခိုင်စေခြင်း၊ စိတ်အခြေအနေ တိုးတက်ခြင်းတို့ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
Source: The Jerusalem Post.
Page 20 of 1025