#World_News
Published 19 October 2026
■ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ လျော့ကျလာတာကို ဆန္ဒထုတ်ဖော်ရာကနေ ဆိုင်တွေ လုယက်ခံရ၊ ပျက်စီးသွားပြီး လူထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရတာကြောင့် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးဆူပူမှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့မှာ ပြင်သစ်သမ္မတ အီမန်နူအယ်လ် မက်ခရွန်က ပြည်သူတွေကိုတည်ငြိမ်ကြဖို့မေတ္တာရပ်ခံလိုက်ပါတယ်။
■ ပါရီနဲ့ မာဆေးမြို့တို့မှာ စီးပွားရေးလုပ်ငန်းတွေကို ဝင်ရောက်လုယက်ဖို့ ကြိုးပမ်းတာတွေကို ရုန်းရင်းဆန်ခတ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ကဝင်ရောက်တားဆီးခဲ့ရပြီး ပဋိပက္ခအသစ်တွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
■ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ စနေနေ့မှာ ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး မြို့ကြီးအသီးသီးမှာ သောင်းကျန်းသူအုပ်စုတွေက ရဲတပ်ဖွဲ့နဲ့ ထိတွေ့ကာ မြို့တော်ခန်းမကို မီးရှို့တာ၊ ဆိုင်တွေကို လုယက်ဖျက်ဆီးတာနဲ့ အဆောက်အအုံတွေကို ဆေးသုတ်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
■ စနေနေ့ကဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေဟာ သမ္မတ မက်ခရွန်အပေါ်ထားရှိတဲ့ နက်ရှိုင်းတဲ့ ဒေါသတွေကို အထင်းသား ပေါ်လွင်စေခဲ့ပါတယ်။
■ မက်ခရွန်ဟာ လူမှုရေးအရ မကျေနပ်မှုတွေ၊ စီးပွားရေး အားနည်းချက်တွေနဲ့ ကြွေးမြီတွေ တိုးပွားလာတဲ့ ဆယ်စုနှစ်တစ်ခုစာ အာဏာရယူအပြီး ၂၀၂၇ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။
■ အေးချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေမှာ တရားဝင် တောင်းဆိုပိုင်ခွင့်ရှိကြောင်းနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မငြိမ်မသက်မှု ဖန်တီးချင်သူတွေနဲ့ ရောထွေးမပစ်သင့်ကြောင်း မက်ခရွန်က ဆိုပါတယ်။
■ လက်ယာယိမ်း နိုင်ငံရေးသမားအချို့ တောင်းဆိုသလို အရေးပေါ်အခြေအနေ ထုတ်ပြန်တာမျိုးတော့ မလုပ်ခဲ့ပေမယ့် အများပိုင်အဆောက်အအုံတွေနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ လိုအပ်ရင် ဆန္ဒထုတ်ဖော်မှုတွေကို ပိတ်ပင်တားဆီးနိုင်ရေး ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို လုပ်ပိုင်ခွင့်ပေးသွားမယ်လို့ ပြောပါတယ်။
Source- Reuters