#World_Health
Published 31 August 2026
■ ဦးခေါင်းကို ရှေ့သို့ ၆၀ ဒီဂရီ ငုံ့လိုက်ပြီး ဖုန်းကြည့်တဲ့အခါ လည်ပင်းပေါ်ကို ၂၇ ကီလိုဂရမ် (၅၉ ပေါင်)အထိ ဝန်ပိစေပါတယ်။
■ ဒီလိုမျိုး ဝန်ပိခြင်းဟာ လည်ပင်းကျောရိုးဆစ်များ၊ ကြွက်သားများနဲ့ အဆစ်ပြားများကို အတော်လေး ထိခိုက်နာကျင်စေပါတယ်။
■ ခေါင်းငုံ့တဲ့ပုံစံကြောင့် လည်ပင်းပေါ်ကျရောက်တဲ့ အလေးချိန် သိသိသာသာ တိုးလာပြီး ပုံမှန် ၅ ကီလိုဂရမ်ကနေ ခေါင်းငုံ့လိုက်ရုံဖြင့် ၁၂ ကီလိုဂရမ်အထိ မြင့်တက်သွားပါတယ်။
■ အချိန်ကြာမြင့်စွာ ပုံစံမမှန်ဘဲထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းတို့ဟာ တင်းအားကြောင့် ခေါင်းကိုက်ခြင်း၊ ပခုံးတွဲကျခြင်း၊ အာရုံကြောဖိအားများခြင်း အပါအဝင် နာတာရှည် ကျန်းမာရေးပြဿနာများ ဆက်တိုက်ဖြစ်ပေါ်စေပါတယ်။
■ လည်ပင်းအာရုံကြော ဖိညပ်ခြင်းလက္ခဏာတွေထဲမှာ လက်မောင်းတစ်ခုလုံး ထိပ်ခွင်ခြင်း၊ ထုံကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ ခံစားချက်များ ပါဝင်ပါတယ်။
■ ကလေးများနဲ့ လူငယ်များဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးဆဲကာလ ဖြစ်တာကြောင့် ရေရှည်အရိုးအဆစ် ပုံသဏ္ဍာန်ပျက်ယွင်းတဲ့ အန္တရာယ်တွေ ရင်ဆိုင်နေရပါတယ်။
■ တံတောင်ဆစ်ကို လက်ရန်းများပေါ်တင်ခြင်း၊ စားပွဲပေါ် လက်ထောက်ခြင်းတို့လို အနေအထားပြုလုပ်ခြင်းဖြင့် ဖုန်းမျက်နှာပြင်ကို အမြင့်သို့ သဘာဝအတိုင်း ရောက်ရှိစေပါတယ်။
■ ခေါင်းကို ပုံမှန်အတိုင်းထားပြီး သူငယ်အိမ်ကိုသာ အောက်သို့စိုက်ကြည့်ခြင်း၊ စာလုံးအရွယ်အစား မြှင့်တင်ခြင်းတို့က လည်ပင်းကို ပုံမှန်မတ်မတ်အနေအထားမှာ ရှိနေစေရန် ကူညီပေးပါတယ်။
Source: The Jerusalem Post
#World_Health
Published 31 August 2026
■ အာဟာရပညာရှင်များရဲ့ အဆိုအရ နေ့စဉ် ငှက်ပျောသီးတစ်လုံး စားပေးခြင်းဟာ လူအများစုအတွက် စိတ်ချရပြီး အကျိုးကျေးဇူးများစွာ ရှိပါတယ်။
■ ငှက်ပျောသီးမှာ ပိုတက်စီယံပါဝင်မှု မြင့်မားပြီး ဆိုဒီယံပါဝင်မှု နည်းပါးခြင်းကြောင့် သွေးဖိအား ထိန်းညှိပေးပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။
■ အမျှင်ဓာတ်နဲ့ prebiotic အမျှင်ဓာတ်များ ပါဝင်တာကြောင့် အစာခြေစနစ် အားကောင်းစေပြီး အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများ တိုးပွားစေပါတယ်။
■ သဘာဝသကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ ပေါင်းစပ်ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မမြင့်တက်စေဘဲ ပုံမှန်စွမ်းအင် ရရှိစေပါတယ်။
■ ဦးနှောက်လုပ်ဆောင်ချက်အတွက် ဗိုက်တာမင်-ဘီ၆ နဲ့ ခုခံအားစနစ်အတွက် ဗိုက်တာမင်-စီ စတဲ့ လိုအပ်တဲ့ ဗိုက်တာမင်များ ဖြည့်ဆည်းပေးပါတယ်။
■ ဆီးချိုရောဂါရှိသူများအနေဖြင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မတက်စေရန် ငှက်ပျောသီးကို ပရိုတိန်း ဒါမှမဟုတ် အကျိုးပြုအဆီများပါတဲ့ အစားအစာများနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။
■ နာတာရှည်ကျောက်ကပ်ရောဂါ ဒါမှမဟုတ် သွေးတွင်း ပိုတက်ဆီယံဓာတ်များတဲ့ ရောဂါရှိသူများအနေဖြင့် နေ့စဉ်မစားသုံးမီ ပိုတက်ဆီယံပမာဏကို စနစ်တကျ ထိန်းညှိရန် လိုအပ်ပါတယ်။
■ ငှက်ပျောသီးတစ်မျိုးတည်း အဓိကမထားဘဲ အခြားသစ်သီးဝလံများနဲ့ မျှတစွာ တွဲဖက်စားသုံးပေးသင့်ပါတယ်။
Source: Prevention
#World_Science
Published 30 August 2026
■ သုတေသနပညာရှင် ဂေဘရီယယ်ဟယ်ရီက နေလုံးကြီး သက်တမ်းကုန်ဆုံး ပျက်စီးသွားချိန်မှာ ကမ္ဘာဂြိုဟ်လွတ်မြောက်ကျန်ရစ်ပြီး ၉.၁ ကွာဒရီလီယံနှစ်အထိ သက်ရှိများ နေထိုင်နိုင်ရေးအတွက် အင်ဂျင်နီယာစီမံကိန်းတစ်ခု အဆိုပြုထားပါတယ်။
■ နေက နောက်ထပ်နှစ်သန်းပေါင်းများစွာအကြာမှာ ရေဒီယိုဓာတ်ကြွမှု မြင့်မားတဲ့ Giant Red ကြယ်ကြီးအဖြစ်သို့ ကျယ်ပြန့်လာမှာဖြစ်ပြီး ကမ္ဘာဂြိုဟ်ကို ဝါးမျိုကာ သက်ရှိများရှင်သန်နိုင်စွမ်းကို ဖျက်ဆီးပစ်နိုင်တဲ့အန္တရာယ် ရှိနေပါတယ်။
■ စီမံကိန်းပထမအဆင့်အဖြစ် နေရောင်ခြည် ပြင်းထန်စွာဖြာထွက်မှုကို တားဆီးရန် လပတ်လမ်းအပြင်ဘက်မှာ ကီလိုမီတာ ၇ သိန်းကျယ်ဝန်းတဲ့ အလူမီနီယံနေကာဒိုင်းတစ်ခု တပ်ဆင်ရန် အဆိုပြုထားပါတယ်။
■ ထိုနေကာဒိုင်းကို Lagrange Point 1 မှာ ထားရှိမယ့် အလေးချိန်ရှိ ထိန်းညှိပစ္စည်းနဲ့ ချိတ်ဆက်ထားတဲ့ ကီလိုမီတာ ၂ သန်းရှည် လျှပ်စစ်စီးကေဘယ်ဖြင့် ချည်နှောင်ထားမှာ ဖြစ်ပါတယ်။
■ နေကာဒိုင်းကြောင့် ကမ္ဘာဂြိုဟ် အေးခဲမသွားစေရန် ဂျူပီတာဂြိုဟ်ပတ်လမ်းမှာ တပ်ဆင်ထားတဲ့ နျူကလီးယား ပေါင်းစပ်ဓာတ်ပေါင်းဖိုသုံး ဖန်တီးထားတဲ့ နေများမှတဆင့် ကမ္ဘာမြေပြင်သို့ အပူဓာတ် ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။
■ နေရဲ့ဝါးမျိုခြင်းကနေ လွတ်မြောက်ဖို့ ဂျူပီတာမှ ရရှိတဲ့ အောက်ဆီဂျင်သုံး အမှုန်တန်းများကို အသုံးပြုကာ ကမ္ဘာပတ်လမ်းကို 1.0 AU မှ 1.2 AU အထိ ဖြည်းဖြည်းချင်း အပြင်ဘက်သို့ တွန်းထုတ်သွားမှာ ဖြစ်ပါတယ်။
■ လက်ရှိမှာ စိတ်ကူးတောင် မယဉ်နိုင်သေးတဲ့ နည်းပညာများ လိုအပ်နေပေမယ့် တိုးတက်လာမယ့် အဖွဲ့အစည်းတွေဟာ စကြဝဠာအန္တရာယ်တွေကနေ ကမ္ဘာမြေကို ကာကွယ်မယ့် နည်းလမ်းများ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆနေပါတယ်။
Source: WION
#World_Health
Published 30 August 2026
■ မွေးကင်းစကလေးတွေရဲ့ အရေပြားဟာ သဘာဝအကာအကွယ်အလွှာ မဖွံ့ဖြိုးသေးတာကြောင့် ပါးလွှာပြီး ထိခိုက်လွယ်တဲ့အပြင် အပူချိန်၊ စိုထိုင်းဆ၊ နေရောင်ခြည်ဒဏ်တို့ကို ခံနိုင်ရည် မရှိပါဘူး။
■ ချွေးထွက်လွန်ပြီး ချွေးပေါက်များ ပိတ်ဆို့တဲ့အခါ အသားခေါက်တဲ့နေရာများ၊ လည်ပင်း၊ ဂျိုင်း၊ ပေါင်ခြံတို့မှာ မိတ်ထွက်တတ်ပါတယ်။
■ ကလေးအရေပြားအထူးကု ဆရာဝန်ကြီးများက လိုအပ်တာထက် ပိုသုံးစွဲခြင်းထက် ရိုးရှင်းတဲ့ ပြုစုစောင့်ရှောက်မှု ပုံစံမျိုးကိုသာ ကျင့်သုံးရန် အကြံပြုထားကြပါတယ်။
■ ကလေး အပူမများစေဖို့ ပေါ့ပါးပြီး ချောင်ချိတဲ့ အဝတ်အစားများ ဝတ်ဆင်ပေးသင့်ပါတယ်။
■ ကလေးတွန်းလှည်းများကို အထည်များဖြင့် အုပ်ထားခြင်းမျိုးကို ရှောင်ကြဉ်ရပါမယ်။
■ တစ်နေ့တစ်ကြိမ် ရေချိုးပေးကာ အနံ့မပါတဲ့ ဆပ်ပြာအသုံးပြုပေးပြီး အသားခြောက်ခြင်းကလွဲလို့ ခရင်မ်များ မလိုအပ်ဘဲ မလိမ်းပေးသင့်ပါဘူး။
■ အသက် ၆ လအောက် ကလေးများကို အရိပ်ရအောင်ထားခြင်း၊ ဦးထုပ်ဆောင်းပေးခြင်း၊ နံနက်စောစော ညနေစောင်းအချိန်တွေမှသာ အပြင်ထွက်ပေးခြင်းတို့ဖြင့် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ရပါမယ်။
■ သေးခံအထည်ကို မကြာခဏ လဲလှယ်ပေးသင့်ပြီး ကလေးကို ညင်သာစွာ သန့်စင်ပေးကာ အရေပြားလုံးဝခြောက်သွေ့သွားမှ သေးခံပြန်လည်ဝတ်ဆင်ရပါမယ်။
■ သေးခံကြောင့်ဖြစ်တဲ့ အနီကွက်တွေ ပိုဆိုးလာရင် ပြည်တည်လာရင် ပိုးဝင်တဲ့လက္ခဏာပြရင် ကလေးမအီမသာဖြစ်ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Source: The Jerusalem Post
နီပေါဘက်ခြမ်းမှ စတင်ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဟာ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှာ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်-နီပေါနယ်စပ်ရှိ ဂျီရုန်းဆိပ်ကမ်းကို ထိခိုက်ခဲ့ပါတယ်။
#World_Crisis
Published 29 August 2026
#တရုတ်_နီပေါ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 August 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ကြား သမိုင်းဝင် ရေနံသဘောတူညီချက်တစ်ခု ကြေညာခဲ့ပါတယ်။
■ အမေရိကန်က ဗင်နီဇွဲလားရဲ့ ရေနံသိုလှောင်စည်ပေါင်း ၆၅ ဘီလီယံရဲ့ အများစုဖြစ်တဲ့ ၅၅ ရာခိုင်နှုန်းကို ထိန်းချုပ်ခွင့်ရရှိခဲ့ပါတယ်။
■ ဒီသဘောတူညီချက်က အမေရိကန်အခွန်ထမ်းများရဲ့ ကုန်ကျစရိတ် မရှိဘဲ နှစ် ၁၀၀ သက်တမ်းရှိ လုပ်ပိုင်ခွင့်များပါဝင်တဲ့ ပုဂ္ဂလိကစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် လည်ပတ်မှာ ဖြစ်ပါတယ်။
■ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဆက်နဲ့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
■ ဒီသဘောတူညီချက်က အမေရိကန် ရေနံသိုလှောင်ပမာဏကို နှစ်ဆတိုးစေပြီး ပြည်တွင်းဓာတ်ဆီဈေးနှုန်းများ လျှော့ချရန်နဲ့ ရေနံအရန်စတော့များ ပြန်လည်ဖြည့်တင်းရန် ရည်ရွယ်ပါတယ်။
■ ဗင်နီဇွဲလားရဲ့ စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကို ပြန်လည်တည်ဆောက်ရန်အတွက် ဒေါ်လာဘီလီယံ ၁၀၀ နီးပါးရှိတဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို လမ်းကြောင်းပေးမယ်လို့ ရူဘီယိုက ပြောပါတယ်။
■ ယခုနှစ်အစောပိုင်း သမ္မတဟောင်း နီကိုလတ်စ်မဒူရိုကို အမေရိကန်က ရာထူးမှဖယ်ရှားပြီးနောက် အခုလို သဘောတူညီချက် ရလာတာ ဖြစ်ပါတယ်။
■ ဗင်နီဇွဲလား အတိုက်အခံ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ဒီသဘောတူညီချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ နယ်မြေသိမ်းပိုက်မှုအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
Source: Reuters
#World_Health
Published 29 August 2026
■ အာဟာရပြည့်ဝတဲ့ အစားအစာတွေကနေ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ လုံလောက်စွာ ရရှိနိုင်တာကြောင့် ဖြည့်စွက်အားဆေးတွေကို အများအားဖြင့် မလိုအပ်ပါဘူး။
■ ဖြည့်စွက်အာဟာရအားဆေးတွေကတော့ သူတို့ရဲ့ အကျိုးပြုပုံတွေကို လွန်ကဲစွာ ကြော်ငြာထားကြပါတယ်။
■ ခန္ဓာကိုယ်ရဲ့ ကြွက်သားစွမ်းအင်ကို သဘာဝအတိုင်း ထောက်ပံ့ပေးတဲ့ ခရီယေတင်ဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ရာမှာ စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးပါတယ်။
■ ကော်လာဂျင်ဆိုရင် အရေပြား ရေဓာတ်ပြည့်ဝမှု၊ တင်းရင်းမှု၊ အဆစ်အမြစ် ပြန်လည်ကောင်းမွန်မှုတို့မှာ သာမန်မျှ တိုးတက်စေနိုင်ပေမယ့် နေ့စဉ်လုံလောက်တဲ့ ပရိုတိန်းဓာတ် စားသုံးမှုက ပိုပြီးအဓိကကျပါတယ်။
■ နေရောင်ခြည်သိပ်မရတဲ့ ဒေသများမှ လူတွေကတော့ ဗိုက်တာမင်-ဒီ ကို နေ့စဉ် ၁၀ မိုက်ခရိုဂရမ် သုံးစွဲဖို့ အကြံပြုထားပြီး လွန်ကဲစွာ အသုံးပြုရင်တော့ ခန္ဓာကိုယ်ထဲ စုပြုံလာကာ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။
■ အဆီများတဲ့ ငါး၊ ရေညှိဖြည့်စွက်ဆေးများဟာ အရေးပါတဲ့ EPA/DHA ဓာတ်များ ပေးစွမ်းနိုင်ပြီး အီလက်ထရိုလိုက်များကိုတော့ ချွေးအလွန်ထွက်ခြင်း၊ အားကစားပြင်းထန်စွာ ပြုလုပ်ခြင်းတို့ကလွဲပြီး ပုံမှန်သောက်သုံးဖို့ မလိုအပ်ပါဘူး။
■ Ashwagandha က စိတ်ဖိစီးမှုနဲ့ ကော်တီစောဟော်မုန်းကို လျှော့ချပေးနိုင်ကာ အမျှင်ဓာတ်က အစာချေဖျက်မှုကို ကူညီပေးပါတယ်။
■ သံဓာတ်က ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် မရှိမဖြစ် လိုအပ်ပေမယ့် သံဓာတ်လွန်ကဲရင် အစာအိမ်ပြဿနာ ဖြစ်စေနိုင်သဖြင့် သွေးစစ်ဆေးပြီး လိုအပ်ချက်ရှိမှသာ သောက်သုံးသင့်ပါတယ်။
■ ပရိုတိန်း၊ ရောင်စုံသီးနှံများ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာရေးညီညွတ်တဲ့ အဆီဓာတ်များ ပါဝင်တဲ့ စားစရာများက ဗိုက်တာမင်ဆေးပြားများထက် ပိုမိုကောင်းမွန်တဲ့ အာဟာရဓာတ်များ ပေးစွမ်းနိုင်ပါတယ်။
Source: The Guardian
Page 22 of 1237