#World_News
Published 16 October 2026

■ သိပ္ပံပညာရှင်တွေဟာ အလင်းနှစ် ၆၃.၄ နှစ် အကွာအဝေးမှာရှိတဲ့ နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်တုကြီးတစ်လုံးဆီကနေ အားပြင်းတဲ့ ရေဒီယိုလှိုင်း Signals တွေကို တိုက်ရိုက်ဖမ်းယူရရှိခဲ့ကြပါတယ်။

■ ဒီဂြိုဟ်ကြီးဟာ ဂျူပီတာ ထက် ဒြပ်ထု ၁၀ ဆခန့် ပိုမိုကြီးမားပြီး ၈ နာရီမှ ၉ နာရီအတွင်း မိမိဝင်ရိုးပေါ်မှာ တစ်ပတ်ပြည့်အောင် အရှိန်အဟုန်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

■ အရင်က ဖမ်းယူရရှိခဲ့တဲ့ ရေဒီယိုလှိုင်း Signals တွေဟာ ဂြိုဟ်ဆီက လာတာလား၊ ဒါမှမဟုတ် အဲဒီဂြိုဟ် ရောက်ရှိနေတဲ့ ကြယ်စင်ကြီးဆီက လာတာလားဆိုတာတိတိကျကျမခွဲခြားနိုင်ခဲ့ပါဘူး။

■ ဒါပေမဲ့ ခုတစ်ကြိမ်မှာတော့ လှိုင်း Signals တွေဟာ နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်ဆီကနေ တိုက်ရိုက် လာရောက်တာဖြစ်ကြောင်း သေချာပေါက်အတည်ပြုနိုင်ခဲ့တာပါ။

■ ဒီ Signals တွေဟာ အမှန်တကယ်တော့ အဲဒီဂြိုဟ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ Aurora လို့ခေါ်တဲ့ "မြောက်ဘက်အလင်းတန်းများ" ကနေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အလင်းနှစ် ၆၃.၄ နှစ် အကွာအဝေးမှာရှိတဲ့ ကြယ်စင်ကြီးတစ်လုံးကို လေ့လာစောင့်ကြည့်နေစဉ်မှာပဲ ဒီ Radio signal ကို မထင်မှတ်ဘဲတွေ့ရှိခဲ့ကြတာပါ။

■ သုတေသနပြုသူတွေရဲ့ စာတမ်းမှာတော့ အရင်က အလားတူ ရေဒီယိုလှိုင်းတွေကို  မိမိတို့ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်တွေနဲ့  အလွန်အေးစက်တဲ့ Ultracool dwarfs တွေမှသာ တွေ့ရှိခဲ့ဖူးပေမယ့် အခုလို  နေအဖွဲ့အစည်းပြင်ပဂြိုဟ် (Exoplanet) သီးသန့်ဆီမှ လာကြောင်း တိကျစွာ ခွဲခြားဖမ်းယူနိုင်ခဲ့ခြင်းမှာ ပထမဦးဆုံးဖြစ်ကြောင်းဖော်ပြထားပါတယ်။

■ အနုမြူဓာတ်ပြည့်ဝနေတဲ့ အမှုန်တွေ (Charged particles) ဟာ ဂြိုဟ်ရဲ့ လေထုနဲ့ သံလိုက်စက်ကွင်းတို့နဲ့ ထိတွေ့ဓာတ်ပြုတဲ့အခါ စွမ်းအင်တွေထွက်ပေါ်လာပြီး အဲဒီစွမ်းအင်တွေဟာ ကမ္ဘာဂြိုဟ်ဆီကို ရေဒီယိုလှိုင်းအဖြစ် ရောက်ရှိလာတာပါ။

■ မက္ကဆီကိုနဲ့ တောင်အာဖရိကရှိ MeerKAT ရေဒီယို တယ်လီစကုတ် ကွန်ရက်ကြီးမှ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်အတွင်း ၄ ကြိမ်တိုင်တိုင် ၀.၈၅ ကနေ  ၃.၅ GHz အထိရှိတဲ့  အားပြင်းတဲ့  ရေဒီယိုလှိုင်းတွေကို ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

■ ဒီရေဒီယိုလှိုင်းဟာ Beta Pictoris ကြယ်စင်ဆီကလာတာလား?

■ Beta Pictoris ဆိုတဲ့ ကြယ်စင်ကြီးမှာ Beta Pictoris b, Beta Pictoris c နဲ့ Beta Pictoris d ဆိုပြီး ဂြိုဟ် ၃ လုံး ရှိပါတယ်။ သုတေသီတွေဟာ မြောက်ဘက်အလင်းတန်း (Aurora) မှ ထွက်ပေါ်လေ့ရှိတဲ့ စက်ဝိုင်းပုံစံ သံလိုက်လှိုင်း တိုတိုလေးတွေကို အကြိမ်ကြိမ် ဖမ်းယူရရှိခဲ့ကြတာပါ။

■ Beta Pictoris ဟာ ရေဒီယိုလှိုင်း ထုတ်လွှတ်လေ့မရှိတဲ့ Early-type ကြယ်စင်အမျိုးအစား ဖြစ်ပြီး မိမိတို့ရဲ့ နေမင်းကြီးထက် ပိုမိုပူပြင်းကာ ကြီးမားတဲ့ သဘာဝရှိပါတယ်။

■ သုတေသီတွေ ဟာ Quasars လို့ခေါ်တဲ့ စာရင်းဝင်အလင်းပိုင်ရှင်တွေကို  ကိုးကားပြီး ဒီ ရေဒီယိုလှိုင်း Signals တွေဟာ Beta Pictoris b ဆိုတဲ့ ဂြိုဟ်မင်းကြီးဆီကနေ တိုက်ရိုက်လာတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

■ ဒါဟာ နေအဖွဲ့အစည်းပြင်ပဂြိုဟ်တစ်ခုရဲ့ သံလိုက်စက်ကွင်း အားပမာဏကို ပထမဆုံးအကြိမ် တိုက်ရိုက်တိုင်းတာနိုင်ခဲ့တာဖြစ်ပြီး၊ ငယ်ရွယ်ပြီး ဒြပ်ထုကြီးမားတဲ့ ဂြိုဟ်ကြီးတွေရဲ့ Dynamo-scaling ခန့်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။

Source- Wion