#World_Health
Published 1 Nov 2025
■ လူအများစုဟာ နံနက်ခင်းမှာ ဝမ်းချုပ်တဲ့ပြဿနာ ဖြစ်တတ်ကြပါတယ်။
အစာခြေခြင်းက ခန္ဓာကိုယ်ရဲ့ သဘာဝစည်းချက်လမ်းစဉ်နဲ့ အတော်လေးပတ်သက်နေတာကို မသိရှိကြပါဘူး။
■ စားပုံ၊ နေထိုင်ပုံ၊ အိပ်စက်ပုံတို့မှာ အနည်းငယ်ပြောင်းလဲရုံဖြင့် အစာခြေစနစ်ကို များစွာသက်ရောက်စေပြီး အူလမ်းကြောင်းလှုပ်ရှားမှု ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
■ (၁) နေ့စဉ် အိပ်ရာဝင်ချိန် အိပ်ရာထချိန်ကို အမြဲတမ်းအချိန်မှန်အောင် နေထိုင်ခြင်းဖြင့် ဝမ်းတွင်းလှုပ်ရှားမှု ပုံမှန်ဖြစ်စေပါတယ်။
■ (၂) ညနောက်ကျမှ အများအပြားစားခြင်းက အစာခြေခြင်းနဲ့ အိပ်စက်မှုကို နှောင့်ယှက်နိုင်တာကြောင့် အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီလောက်ခွာပြီး ပေါ့ပေါ့ပါးပါးသာ စားသောက်သင့်ပါတယ်။
■ (၃) အမျှင်ဓာတ်က အူလမ်းကြောင်းအတွက် အထူးကောင်းမွန်စေတာကြောင့် ညနေစာစားတဲ့အခါ ဂျုံအုတ်၊ ပဲ၊ ဟင်းရွက်တို့ကို ထည့်သွင်းစားသုံးခြင်းဖြင့် အမျှင်ဓာတ်ရစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
■ (၄) ဆီကြော်တွေ၊ အဆင့်ဆင့်ထုတ်လုပ် စားစရာတွေက အစာခြေခြင်းကို နှောင့်နှေးစေပြီး ဝမ်းကျစ်စေတာကြောင့် ဝမ်းချုပ်စေတဲ့ အစားအစာတွေ ရှောင်ရှားသင့်ပါတယ်။
■ (၅) ရေဓာတ်က အစာခြေခြင်းမှာ အရေးပါပြီး ဝမ်းပျော့စေတာကြောင့် တစ်နေ့ကို ရေ ၁၁ - ၁၅ ခွက်ခန့် သောက်သုံးသင့်ပါတယ်။
■ (၆) ရေနွေးလိုအရာက အစာအိမ်ကို ငြိမ်သက်စေပြီး အူလမ်းကြောင်းကြွက်သားတွေ ပြေလျော့စေတာကြောင့် အိပ်ရာမဝင်ခင် ရေနွေးသောက်သင့်ပါတယ်။
■ (၇) ညစာစားပြီးနောက် ညင်သာစွာလမ်းလျှောက်ခြင်းက အူလမ်းကြောင်းလှုပ်ရှားစေရန် လှုံ့ဆော်ပေးပြီး လေပွခြင်းကို ကာကွယ်ပေးပါတယ်။
■ (၈) ဝမ်းဗိုက်ကို ညင်သာစွာ နှိပ်နယ်ခြင်းက အူလမ်းကြောင်းလှုပ်ရှားမှု ကောင်းမွန်စေကာ မအီမသာဖြစ်ခြင်းကို သက်သာစေတာကြောင့် ပုံမှန်လုပ်ပေးခြင်းဖြင့် အူလမ်းကြောင်းပုံမှန်ထောက်ပံ့ပေးပါတယ်။
■ (၉) ကော်တီဆောဟော်မုန်းများပြီး စိတ်ဖိစီးမှုမြင့်တက်နေရင် အစာခြေစနစ်ကို ပြဿနာဖြစ်စေတာကြောင့် ညနေပိုင်းမှာ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ ယောဂကျင့်ခြင်းတို့ဖြင့် ဖိစီးမှုဖြေလျှော့သင့်ပါတယ်။
■ (၁၀) ဆီးသီးဖျော်ရည်က ဝမ်းချုပ်ခြင်းအတွက် သဘာဝကျကျ ထိရောက်တဲ့နည်းလမ်းဖြစ်ပြီး ညနေခင်းမှာ တစ်ခွက်သောက်သုံးခြင်းဖြင့် နံနက်ပိုင်းမှာ ဝမ်းသွားရန် ထောက်ကူပေးနိုင်ပါတယ်။
Source: India Today
အမေရိကန် e-commerce ကုမ္ပဏီကြီး Amazon က အင်္ဂါနေ့မှစတင်ကာ ဝန်ထမ်း (၃)သောင်းခန့် လျှော့ချသွားဖို့စီစဉ်ထားကြောင်းဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
#World_Business
Published 31 October 2025
#အမေရိကန် #Amazon
#YMG #Yangon_Times #Yangon_Media_Group
၃၁ အောက်တိုဘာ ၂၀၂၅-
၁။ ထရမ့်တက်ရောက်ခဲ့သည်များနှင့် မတက်လိုက်သည်များ။
◾️APEC ထိပ်သီးအစည်းအဝေးသည် နေ့ရက်ပေါင်းများစွာ ကြာမြင့်ပြီး အစည်းအဝေးအမျိုးမျိုး ပါဝင် သည့် အစီအစဉ်တစ်ခုဖြစ်သည်။
◾️တက်ရောက်ခဲ့သည်များ သမ္မတထရန့်ပ်သည် APEC အစည်းအဝေးအတွက် တောင်ကိုရီးယားနိုင်ငံ၊ ဂျီယွန်ဂျူ (Gyeongju) သို့ သွားရောက်ခဲ့သည်။ သူသည် အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျင်းပသော APEC စီအီးအိုများ ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ခဲ့ပြီး၊ အလွန်အရေးပါ၍ အားလုံးက မျှော်လင့် နေကြသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကို ကျင်းပခဲ့သည်။
◾️မတက်ရောက်ခဲ့သည်များ သူသည် အောက်တိုဘာ ၃၁ ရက်နေ့တွင် စတင်သည့် အဓိကအခမ်းအနား ဖြစ်သည့် APEC စီးပွားရေးခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးအတွက် ဆက်လက်မနေခဲ့ပါ။ သူ သည် ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့တွင် တောင်ကိုရီးယားမှ ထွက်ခွာခဲ့သည်။
◾️အဖွဲ့ဝင်စီးပွားရေးခေါင်းဆောင် ၂၁ ဦး တရားဝင်တွေ့ဆုံသည့် ဤအဓိက ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးသို့ "မတက်ရောက်ခြင်း" ကို လူအများက "အရေးမလုပ်ဘဲ လစ်လျူရှုခြင်း" သို့မဟုတ် "ကျော်လွှားပစ်ခြင်း" အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်လျက်ရှိနေသည်။
၂။ အဓိက ထိပ်သီးအစည်းအဝေးကို အဘယ်ကြောင့် ထရမ့်ဘာကြောင့် မတက်သလဲ။
◾️အဆိုပါဆုံးဖြတ်ချက်သည် သူ၏နိုင်ငံခြားရေးမူဝါဒဖြစ်သည့် "အမေရိကန်ပထမ" ချဉ်းကပ်မှုအပေါ် အခြေခံသည်ဟု သတင်းများက ဖော်ပြသည်။
▪️အဓိကရည်မှန်းချက်ပြီးမြောက်- သူ့ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ တိုးမြင့်လာနေသည့် ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းရန်အတွက် သမ္မတ ရှီကျင့်ဖျင်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်ဖြစ်သည်။ အခွန်များ၊ မြေရှားဓာတ်သတ္တုများနှင့် ဖန်တန်နိုင်းလ် (fentanyl) ဆိုင်ရာ ကိစ္စများတွင် "ကုန်သွယ်ရေး အပစ်အခတ်ရပ်စဲရေး" ရရှိခဲ့သည့် "အောင်မြင်မှုကြီး" ဟု ထရမ့်က ဖော်ပြခဲ့သောအဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သူ၏ အဓိကရည်မှန်းချက် ပြီမြောက်ခဲ့ပြီး ထွက်ခွာသွားခဲ့သည်။
▪️နှစ်နိုင်ငံအဆင့် သဘောတူညီချက်များကို ဦးစားပေး- သမ္မတထရမ့်နှင့်ပတ်သက်၍ သူသည် ကြီးမားသော ဘက်ပေါင်းစုံပါဝင်သည့် ဖိုရမ်များထက် တိုက်ရိုက် တစ်ဦးချင်း ဆွေးနွေးမှုများ ကို ပို၍ နှစ်သက်သည့်သူအဖြစ် လူသိများသည်။ ဤကြီးမားသော ထိပ်သီးအစည်းအဝေးများသည် တိုက်ရိုက် သဘောတူညီချက်များထက် ထိရောက်မှု နည်းသည် ဟုသူ၏အစိုးရအဖွဲ့က မကြာခဏ ရှုမြင်လေ့ရှိ သည်။
၃။ ဘယ်လိုအဓိပ္ပာယ် (သက်ရောက်မှုများ)ရှိသလဲ။
သုံးသပ်သူများက ဤလုပ်ရပ်ကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
▪️ ခေါင်းဆောင်မှု ကွက်လပ်ကိုဖန်တီး- အဓိက ထိပ်သီးအစည်းအဝေးကို ကျော်လွှားခြင်းဖြင့် အမေရိကန်သည် အခြားနိုင်ငံများအတွက် "ကြီးမားသော အခွင့်အရေး" ကို ချန်ထားခဲ့သည်။ ထရမ့် မရှိချိန်တွင် သမ္မတ ရှီကျင့်ဖျင်သည် ကျန်ရှိနေခဲ့ပြီး တရုတ်နိုင်ငံကို လွတ်လပ်သော ကုန်သွယ်ရေးနှင့် ဘက်ပေါင်းစုံပါဝင်ရေးကို ကာကွယ်သူ အဖြစ် နေရာယူသည့် မိန့်ခွန်းကို ရှီကပြောကြားခဲ့သည်။
▪️ "အမေရိကန် ပထမ" မူဝါဒကို ပိုမိုခိုင်မာစေ- ဤဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံသည် APEC ၏ ရည်ရွယ်ထားသည့် ဒီဇိုင်းပုံစံဖြစ်သည့် ကျယ်ပြန့်သော၊ တူညီဆန္ဒအခြေခံ ပူးပေါင်းဆောင်ရွက်မှုထက် အမေရိကန်က ယင်း၏ ကိုယ်ပိုင် အရောင်းအဝယ်ဆန်သော အကျိုးစီးပွားများကို ဦးစားပေးနေကြောင်း အချက်ပြနေသည်။
▪️အမေရိကန်၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်- ဤလုပ်ရပ်ကို အိမ်ရှင်နိုင်ငံ တောင်ကိုရီးယားနှင့် အခြား APEC ခေါင်းဆောင် ၁၉ ဦးအပေါ် "အရေးမလုပ်ဘဲ လစ်လျူရှုခြင်း" အဖြစ် များစွာသောသူတို့က ရှုမြင်ကြသည်။ ကမ္ဘာ့လူဦးရေ၏ ၄၀% နီးပါးနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ တစ်ဝက်ကျော်ကို ကိုယ်စား ပြုသော အာရှ-ပစိဖိတ်ဒေသတွင် ဤအပြုအမူသည် အမေရိကန်၏ ဂုဏ်သတင်းနှင့် သြဇာလွှမ်းမိုးမှုကို ထိခိုက်ပျက်စီးစေနိုင်သည် ဟု သုံးသပ်သူအတော်များများက ဆိုသည်။
Ref: Reuters နှင့်အခြားသတင်းများကို အခြေခံ၍ သုံးသပ်သည်။
#World_News
Published 31 October 2025
■ အမေရိကန်အစိုးရရဲ့ ပိတ်သိမ်းမှုတွေ၊ အစိုးရထောက်ပံ့ပေးနေတဲ့ သတင်းဌာနတွေကို ထရမ့်အစိုးရမှ ပိတ်ပင်မှုတွေကြောင့် ဘဏ္ဍာရေးအခက်အခဲေတွ ဖြစ်လာကာ လွတ်လပ်တဲ့အာရှရေဒီယို (RFA)က သတင်းထုတ်လွှင့်တင်ဆက်မှုတွေ ရပ်ဆိုင်းနေပြီလို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။
■ RFA ဟာ ၁၉၉၆ ခုနှစ်တည်းက ရုပ်သံနဲ့ အွန်လိုင်းတို့ကနေ လွတ်လပ်စွာတင်ဆက်နေတဲ့ သတင်းဌာနဖြစ်ပါတယ်။
■ အစိုးရအဖွဲ့က ငွေကြေးဆိုင်ရာကိစ္စတွေ ချုပ်ထိန်းလာတာကြောင့် ပြီးခဲ့တဲ့ လများအတွင်း ဝန်ထမ်းအနည်းငယ်ဖြင့်သာ လည်ပတ်ခဲ့ပြီး အွန်လိုင်းကနေ သတင်းအနည်းအကျဉ်းသာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။
■ RFA ၊ Radio Free Europe / Radio Liberty ၊ VOA တို့လို သတင်းဌာနတွေဟာ ကောင်းစွာမလည်ပတ်နိုင်ဘဲ အစိုးရရင်းမြစ်တွေ ဆုံးရှုံးစေတယ်လို့ ထရမ့်အစိုးရက ပြောထားပါတယ်။
■ ကန့်သတ်ရရှိတဲ့ အထောက်အပံ့တွေနဲ့ ဆက်လက်လည်ပတ်ဖို့ ခက်တာကြောင့် အတတ်နိုင်ဆုံးချုံ့ေနရတယ်လို့ RFA ဥက္ကဌ ဘေဖန်ကပြောပါတယ်။
■ RFA အနေနဲ့ နိုင်ငံရပ်ခြားဌာနတွေမှာ စတင်ပိတ်သိမ်းသွားမှာဖြစ်ကာ ဝန်ထမ်းတွေကို လျော်ကြေးပေးသွားမယ်လို့ ဆိုပါတယ်။
■ RFA ဟာ ၂၀၂၃ မှ ၂၀၂၄ အတွင်း ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသူ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
Source: AP News
#World_Health
Published 31 October 2025
■ အသက်ကြီးရင့်လာခြင်းက သဘာဝဖြစ်စဉ်ဖြစ်ပြီး ပြင်ပရုပ်ပိုင်းဆိုင်ရာသာမက နှလုံးကပါ အိုမင်းလာပါတယ်။
■ အသက်ကြီးလာတဲ့အခါ နှလုံးဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာပြီး နှလုံးသွေးကြောရောဂါများ ဖြစ်လာစေနိုင်ပါတယ်။
■ ဒါကြောင့် Max ဆေးရုံ နှလုံးသိပ္ပံဌာနမှ ဒေါက်တာ ဘယ်ဘီယာဆင်းက နှလုံးကို နုပျိုကျန်းမာနေစေမယ့် နည်းလမ်းတွေကို မျှဝေသွားပါတယ်။
■ (၁) သွေးပေါင်ချိန် ပုံမှန်စစ်ဆေးခြင်းဖြင့် သွေးပေါင်အခြေအနေကို သိရှိစေပြီး သွေးတိုးတဲ့အခါ နှလုံးနဲ့ ကျောက်ကပ်တို့ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
■ (၂) သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီဓာတ်တို့ကို ပုံမှန်စစ်ဆေးထိန်းချုပ်သင့်ပြီး နေထိုင်စားသောက်မှုပုံစံတွေ ဆေးဘက်ဆိုင်ရာ ထိန်းချုပ်မှုတွေ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။
■ (၃) ဂျုံ၊ အသီးအနှံ၊ ဟင်းရွက်၊ ပရိုတိန်း၊ ကျန်းမာသောအဆီတို့ စားသုံးပေးကာ ဆား၊ အချို၊ အဆင့်ဆင့်ထုတ်လုပ်စားစရာများ လျှော့ချခြင်းဖြင့် သွေးတိုးနဲ့ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေနည်းစေပါတယ်။
■ (၄) တစ်နေ့ကိုအနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့က နှလုံးသန်မာစေပြီး သွေးလည်ပတ်မှုကောင်းစေကာ ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်။
■ (၅) ဆေးလိပ်နဲ့အရက်တို့က နှလုံးအပေါ် ဆိုးကျိုးသက်ရောက်စေတာကြောင့် ရှောင်ရှားခြင်းဖြင့် နှလုံးအိုမင်းခြင်းကို နှောင့်နှေးစေပါတယ်။
■ (၆) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းဖြင့် နှလုံးအပေါ် ဝန်ထုပ်ဝန်ပိုးလျော့နည်းစေပြီး သွေးတိုးဆီချိုဖြစ်နိုင်ခြေတို့ကို လျှော့ချပေးနိုင်ပါတယ်။
■ နှလုံးအတွက် ဘေးဖြစ်စေမယ့်အရာတွေကို ထိန်းသိမ်းပြီး နှလုံးကျန်းမာရေးအတွက် နေထိုင်စားသောက်မှုပုံစံတွေ ကျန်းမာအောင် နေထိုင်သင့်ပါတယ်။
Source: NDTV
#World_Health
Published 31 October 2025
■ "သူများတွေမကြားရတဲ့ နားထဲက အဆက်မပြတ် မြည်သံတွေကို ကြားနေရပါတယ်။ မရှိတဲ့အသံကို ကြားနေရတာဖြစ်ပြီး စိတ်စူးစိုက်မှု၊ အိပ်စက်မှုတို့ကို နှောင့်ယှက်နေပါတယ်။ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ခေါင်းထဲမှာ ဆူညံသံလှိုက်ထွက်လာပါတယ်" လို့ အသက် ၆၆ နှစ်အရွယ် အာမစ်ချန်ဒရာက ပြောပါတယ်။
■ သူဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် နားထဲအသံမြည်တဲ့ပြဿနာ ခံစားနေရပြီး ဒါဟာ အပြင်ကနေမဟုတ်ဘဲ နားထဲမှာ အသံတွေထွက်နေတာ ဖြစ်ပါတယ်။
■ ဆူညံသံတွေကို အဆက်မပြတ် နားထောင်နေရသူတွေ၊ ရှိုးပွဲတွေ၊ ပေါက်ကွဲသံတွေ၊ ဆူညံပတ်ဝန်းကျင်မှာ အလုပ်လုပ်ရသူတွေမှာ ဒီလိုမျိုး ဖြစ်တတ်တယ်လို့ ဒေလီမှ ဒေါက်တာ ဆန်ဂျေဆက်ဒီဗာက ပြောပါတယ်။
■ နားထဲအသံမြည်ခြင်းက အသက်အရွယ်နဲ့ဆိုင်သလို ဆူညံသံကြောင့် အကြားအာရုံဆုံးရှုံးခြင်းနဲ့လည်း အတော်လေး သက်ဆိုင်ပါတယ်။
■ ပြင်ပကအသံ ကောင်းစွာမကြားရတော့တဲ့အတွက် ဦးနှောက်က အသံအစားထိုးမြည်ပေးတာ ဖြစ်ပါတယ်။
■ ကျယ်လောင်တဲ့ ဆူညံသံ၊ အတော်အသင့်ဆူညံသံကို ရေရှည်ကြားနေရခြင်းတို့က အကြားအာရုံထိခိုက်စေနိုင်ပါတယ်။
■ လူငယ်မျိုးဆက်တွေမှာ နားထဲအသံမြည်ခြင်းဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေက နားကြပ်တပ်နားထောင်ခြင်း၊ ကျယ်လောင်စွာ သီချင်းနားထောင်ခြင်းတို့ ဖြစ်ပါတယ်။
■ ဒီဝေဒနာအတွက် သိပ္ပံနည်းကျ ကုသနည်းမရှိသေးဘဲ အာရုံကြောလုပ်ဆောင်ချက် ချို့ယွင်းမှုတွေကို နှောင့်ယှက်နိုင်မယ့် အသံနည်းလမ်းတွေတော့ ရှိပါတယ်။
■ ဆူညံသံတွေနဲ့ ထိတွေ့ခြင်းက နားအတွင်းပိုင်းကို ပြန်ပြင်မရလောက်အောင် ထိခိုက်စေနိုင်ကာ အသံတွေကြားနေရတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
Source: Indian Express.
တောင်ကိုရီးယားနဲ့ နှစ် ၁,၀၀၀ သက်တမ်းကြာအောင် ဘာသာရေးနွယ်နေတဲ့ တရုတ်အန်ဟွေ့ပြည်နယ် ချီကျိုးမြို့ရှိ ဗုဒ္ဓတောင်ထိပ်ဖြစ်တဲ့ ကျူဟွာတောင်ဟာ အခုဆိုရင်ဧည့်ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှုဖလှယ်ရေးတို့ တိုးတက်မြင့်မားလာကာ နှစ်နိုင်ငံကြားဆက်ဆံရေးဖွံဖြိုးမှုမှာ အရေးပါနေပါတယ်။
#Asia_Culture
Published 30 October 2025
#တောင်ကိုရီးယား #ချီကျိုးမြို့
#YMG #Yangon_Times #Yangon_Media_Group
Page 19 of 1077