#World_News
Published 17 September 2026
■ သြစတြေးလျနိုင်ငံဟာ နိုင်ငံခြားသား ကျောင်းသားများ ပညာသင်ကြားနေစဉ်အတွင်း ယင်းတို့ရဲ့ အိမ်ထောင်ဘက်၊ စုံတွဲနဲ့ ရင်သွေးငယ်များ ခေါ်ဆောင်ခွင့်ကို ပိတ်ပင်တားမြစ်တော့မှာ ဖြစ်ပါတယ်။
■ ဒီအပြောင်းအလဲဟာ ပြည်ပမှ ဝင်ရောက်လာသူ အရေအတွက်ကို သိသိသာသာ လျှော့ချဖို့ အစိုးရက ပိုမိုကျယ်ပြန့်စွာ ကြိုးပမ်းအားထုတ်လာခြင်း ဖြစ်ပါတယ်။
■ ပြည်ထဲရေးဝန်ကြီး တိုနီဘာ့ဂ်အနေဖြင့် ၂၀၂၈ ခုနှစ်မှာ အသားတင် လူဝင်မှုကြီးကြပ်ရေး ပန်းတိုင်ကို ၂၂၅,၀၀၀ အထိ လျှော့ချသွားမှာဖြစ်ကြောင်း အကြမ်းဖျင်း ဖော်ပြသွားမယ်လို့ မျှော်မှန်းထားပါတယ်။
■ ၂၀၂၅ ခုနှစ် အလယ်ပိုင်းမှာ ပြည်ပမှ အသားတင် ဝင်ရောက်လာသူ အရေအတွက်မှာ ၃၀၆,၀၀၀ အထိ ရှိခဲ့ပြီး ထက်ဝက်ကျော်မှာ နိုင်ငံခြားသား ကျောင်းသားသူများ ဖြစ်ကြပါတယ်။
■ လက်ရှိမှာ ကျောင်းသားဗီဇာ ကိုင်ဆောင်ထားသူများဟာ အလုပ်လုပ်ပိုင်ခွင့် အကန့်အသတ် ရရှိမယ့် စုံတွဲများနဲ့ အသက်မပြည့်သေးတြဲ ရင်သွေးငယ်များကို ခေါ်ဆောင်ခွင့် ရရှိထားပါတယ်။
■ ဗီဇာလျှောက်ထားသူများ အခွင့်ကောင်းယူ မသမာပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် အစိုးရက သြစတြေးလျနိုင်ငံအတွင်း ဗီဇာအမျိုးအစား ပြောင်းလဲခြင်း ဆိုင်ရာ စည်းမျဉ်းများကိုလည်း တင်းကြပ်လျက် ရှိပါတယ်။
■ အိမ်ရာရှားပါးမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ထုတ်ဝန်ပိုးဖြစ်မှုများအပေါ် လူထုရဲ့ စိုးရိမ်ပူပန်မှုများနဲ့ နိုင်ငံရေးအရ ဖိအားများ မြင့်တက်လာချိန်မှာ ယခုကဲ့သို့ မူဝါဒအပြောင်းအလဲ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
■ လက်ယာစွန်း နိုင်ငံရေးပါတီများက ယာယီဗီဇာ အရေအတွက်ကို အပြင်းအထန် လျှော့ချရန် တောင်းဆိုတွန်းအားပေးလာတာနဲ့အမျှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ငြင်းခုံဆွေးနွေးမှုများလည်း ပိုမိုပြင်းထန်လာပါတယ်။
Source: Reuters
#World_Health
Published 17 September 2026
■ ဂျေရုဆလမ်ဟီဘရူးတက္ကသိုလ်မှ သုတေသီများက နွားနို့ပရိုတိန်းထုတ်လုပ်နိုင်မယ့် အပင်မျိုးစေ့များကို မျိုးဗီဇပြုပြင်ဖန်တီးခဲ့ကြပါတယ်။
■ ထိုပရိုတိန်းဟာ အပင်ဆဲလ်အတွင်း မမျှော်လင့်ထားတဲ့ နေရာတစ်ခုမှာ စုစည်းသွားခဲ့ပြီး အပင်တွေရဲ့ ဇီဝဆိုင်ရာ လမ်းကြောင်းသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
■ အပင်များမှတဆင့် မော်လီကျူးအဆင့် စိုက်ပျိုးထုတ်လုပ်ခြင်းဟာ ရိုးရာမွေးမြူရေး နို့ထွက်ပစ္စည်း ထုတ်လုပ်မှုအတွက် ရေရှည်တည်တံ့တဲ့ အစားထိုးနည်းလမ်းတစ်ခု ဖြစ်လာပါတယ်။
■ အပင်မျိုးစေ့များ အသုံးပြုခြင်းဟာ လက်ရှိ ဆန်းသစ်တိကျတဲ့ အချဉ်ဖောက်နည်းလမ်းများထက် ကုန်ကျစရိတ်အဆ ၁၀၀ ခန့် ပိုမိုသက်သာပါတယ်။
■ ဆူးပန်းမှာ ပရိုတိန်းနဲ့ အဆီဓာတ်ပါဝင်မှု မြင့်မားကာ ရေလိုအပ်ချက်နည်းပါးတာကြောင့် စီးပွားဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်ဖို့ ပစ်မှတ်ထားပါတယ်။
■ ဒီလိုမျိုး ပေါင်းစပ်ရရှိလာတဲ့ အပင်ပရိုတိန်းနဲ့ အဆီကို အစားအစာသစ်များ ထုတ်လုပ်ရာမှာ ဖြစ်စေ၊ နို့ထွက်ပစ္စည်းများနဲ့ ပေါင်းစပ်ရာမှာဖြစ်စေ အသုံးပြုနိုင်ပါတယ်။
■ သုတေသီများက ၁၈ လမှ ၂၄ လအတွင်း စီးပွားဖြစ် ထုတ်လုပ်တဲ့အဆင့်သို့ ရောက်ရှိရန် မျှော်မှန်းထားပြီး အမေရိကန် FDA နဲ့လည်း စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
■ အဆိုပါ အခြေခံနည်းပညာကို လူသားကိုယ်ခံအားဆိုင်ရာ ပဋိပစ္စည်းများလိုမျိုး ဇီဝဆေးဝါးများ ထုတ်လုပ်ရာမှာလည်း ယူသုံးနိုင်ပါတယ်။
Source: The Jerusalem Post
#World_Health
Published 17 September 2026
■ ကြက်ဥ၊ ဘဲဥတွေက အသည်းအတွက် လုံးဝကောင်းမွန်ခြင်း၊ အန္တရာယ်ရှိခြင်း ဖြစ်စေတယ်လို့ မဆိုနိုင်ဘဲ အလယ်အလတ်အဆင့်သာ ရှိပါတယ်။
■ သူတို့မှာ ပရိုတိန်းဓာတ် မြင့်မားစွာပါဝင်တာကြောင့် စွမ်းအင်ထောက်ပံ့ပေးပြီး တစ်နေ့တာလုံး အစားအလွန်အကျွံ စားသုံးခြင်းမှ ကာကွယ်ပေးပါတယ်။
■ ကြက်ဥ၊ ဘဲဥတွေမှာ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတဲ့ Choline အာဟာရဓာတ် ပါဝင်ပါတယ်။
■ ယင်းတို့ထဲမှာ ကိုလက်စထရော ပါဝင်မှုမြင့်မားတာကြောင့် အဆီစုပြုံစေပြီး အသည်းပိုမိုအလုပ်လုပ်ရစေနိုင်ပါတယ်။
■ တစ်ပတ်ကို ကြက်ဥ ၂-၃ လုံးအထိ စားသုံးခြင်းက အသည်းအဆီဖုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမြင့်မားကြောင်း ဖော်ပြထားပေမယ့် နောက်ထပ်လေ့လာမှုမှာတော့ Choline ရဲ့ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ကြောင့် သက်ရောက်မှုမရှိကြောင်း တွေ့ရပါတယ်။
■ ခန္ဓာကိုယ် ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းမွန်သူများအနေဖြင့် ကြက်ဥနေ့စဉ်စားသုံးနိုင်ပေမယ့် ကိုလက်စထရော မြင့်မားသူတွေကတော့ လျှော့ချစားသုံးသင့်ပါတယ်။
■ အစားအစာတစ်မျိုးတည်းက အသည်းကျန်းမာရေးကို အဆုံးအဖြတ် မပေးနိုင်ဘဲ ယေဘုယျစားသောက်မှု အလေ့အထိကသာ အဓိကအရေးပါပါတယ်။
■ ကြက်ဥများကို ပေါင်မုန့်၊ ထောပတ်သီးတို့နဲ့ တွဲဖက်စားသုံးသင့်ပြီး သကြား၊ ဝက်ပေါင်ခြောက်၊ ပြုပြင်ထုတ်လုပ်ထားတဲ့ အသားများကိုတော့ ရှောင်ကြဉ်ရပါမယ်။
Source: AOL
Nay Pyi Taw, September 16, 2026
The Government of the Republic of the Union of Myanmar deported U.S. citizen Adam Michael Castillo, holder of Passport No. 565448449, from Nay Pyi Taw International Airport on the evening of September 16, 2026.
According to the official statement, the action was taken in the context of Myanmar’s policy of maintaining diplomatic relations and friendly cooperation with countries around the world.
Mr. Castillo was found to have violated rules and restrictions stipulated in the organizational bylaws of The American Chamber of Commerce in Myanmar (AmCham Myanmar). As a result, legal proceedings were initiated against him on June 8, 2026, under Panbetan Myoma Police Station Case No. (Pa) 69/2026, pursuant to Section 409 of the Penal Code.
Following the legal proceedings, the authorities deported Mr. Castillo in accordance with established laws and procedures.
The statement added that the decision was carried out with consideration for the friendly bilateral relations between the Republic of the Union of Myanmar and the United States of America.
NAY Pyi TAw, Sept 16-
A U.S. delegation arrived in Naypyitaw on the evening of Sept. 15 and departed the Myanmar capital the following evening after a visit lasting about one day, according to information posted on a Facebook account under the name “Kyaw Min.”
The identities of the delegation members, the individuals or officials they met in Naypyitaw, and the subjects discussed during the visit could not be independently verified based on information currently available.
Flight records indicate that the delegation traveled aboard a United States Air Force (USAF) Beech C-12D Huron aircraft bearing registration number 83-0498. The aircraft operated under the flight callsign “SPAR14,” according to aviation tracking records.
On Sept. 16, the aircraft departed Naypyitaw International Airport (NYT) and flew to Don Mueang International Airport (DMK) in Bangkok, Thailand, flight-tracking data showed.
Details concerning the visit were also reported on the Facebook account “Kyaw Min.” However, no official statement or independently verifiable information regarding the composition of the U.S. delegation, the purpose of the visit, the officials or individuals involved in the meetings, or the substance of the discussions was available at the time of publication.
“SPAR” callsigns are associated with U.S. military flights and have been used for missions involving the transportation of senior officials and congressional delegations. However, the use of the “SPAR14” callsign alone does not establish the identities or positions of the passengers aboard the aircraft.


#World_News
Published 16 Setember 2026
■ စီအိုင်အေ(CIA) အရာရှိဟောင်း ဒေးဗစ်ရပ်ရှ်ဟာ အမေရိကန်ဒေါ်လာသန်း ၄၀ တန်ဖိုးရှိ ရွှေခိုးယူဖောက်ထွင်းမှုဖြင့် ပြီးခဲ့တဲ့ မေလက ဖမ်းဆီးခံခဲ့ရပါတယ်။
■ FBI ရှာဖွေရာမှာ သူ့ရဲ့နေအိမ်မှ ရွှေချောင်း ၃၀၃ ချောင်း၊ အမေရိကန်ဒေါ်လာ ၂ သန်းနဲ့ တန်ဖိုးကြီး လက်ပတ်နာရီ ၃၅ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
■ ရပ်ရှ်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လအတွင်း လျှို့ဝှက်လုပ်ငန်းသုံး စရိတ်များအဖြစ် ထိုရွှေနဲ့ ငွေကြေးများကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပါတယ်။
■ CIA အနေဖြင့် သူ့ရဲ့ အလွန်လျှို့ဝှက်တဲ့ စီမံကိန်းအတွက် ခွဲဝေပေးထားတဲ့ ငွေတွေအသုံးချမှုကို သေချာ မစောင့်ကြည့်နိုင်ခဲ့ပါဘူး။
■ ရပ်ရှ်က သူ့ရဲ့ ပညာအရည်အချင်းနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာ လိမ်လည်ခဲ့ကာ စစ်ဘက်ဆိုင်ရာ လေကြောင်းစစ်သည် ဖြစ်တယ်လို့လည်း မမှန်မကန် လိမ်လည်ပြောဆိုခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများ တွေ့ရှိခဲ့ကြပါတယ်။
■ ဖမ်းဆီးခံရပြီး ၄ လအကြာမှာ ရပ်ရှ်ဟာ အမေရိကန် ဖက်ဒရယ် တရားလိုရှေ့နေများနဲ့ ယာယီ အပြစ်ဝန်ခံချက် သဘောတူညီမှု ရရှိခဲ့ပါတယ်။
■ တရားလိုရှေ့နေများအနေဖြင့် လျှို့ဝှက်ထားတဲ့ အချက်အလက်များကို ပွင့်လင်းမြင်သာတဲ့ တရားခွင်မှာ အငြင်းပွားဖွင့်ဟရမှာကို ရှောင်ရှားရန်အတွက် ထိုသဘောတူညီမှုကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။
■ ဒီအမှုဟာ လျှို့ဝှက်ဆန်းကြယ်ပြီး တန်ဖိုးကြီးမားတဲ့ လှုပ်ရှားမှုများနဲ့ တရားဥပဒေစိုးမိုးရေး စနစ်တို့ ရင်ဆိုင်ရတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ ဘေးအန္တရာယ်များကို မီးမောင်းထိုးပြနေပါတယ်။
Source: WION
Page 14 of 1237