#World_News
Published 03 November 2026

■ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၊ West Palm Beach အနီးမှာ နိုဝင်ဘာလ ၁ ရက်နေ့က ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးပျက်ကျခဲ့ရာ တက္ကဆက်ပြည်နယ်က နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ သူ့ဇနီးနဲ့ ကလေးငယ်နှစ်ဦးအပါအဝင် လူ ၇ ဦးသေဆုံးခဲ့ပါတယ်။

■ သေဆုံးသူတွေထဲမှာ အသက် ၄၅ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် Adam Robinson၊ အသက် ၄၀ အရွယ် ဇနီးဖြစ်သူ Helen Sharp နဲ့ သူတို့ရဲ့ ကလေးငယ်နှစ်ဦးပါဝင်ပါတယ်။

■ မိသားစုနဲ့အတူ ကလေးထိန်းတစ်ဦးနဲ့ သူတို့ရဲ့ မိတ်ဆွေနှစ်ဦးလည်း လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

■ Robinson ဟာ နည်းပညာကုမ္ပဏီ Retention ကို တည်ထောင်ခဲ့သူဖြစ်ပြီး အရင်က Wall Street မှာ ၁၀ နှစ်ကြာ အလုပ်လုပ်ခဲ့ဖူးသူပါ။ နောက်ပိုင်းမှာ GetEmail ဆိုတဲ့ AI နည်းပညာအခြေပြု Startup ကုမ္ပဏီကိုလည်းတည်ထောင်ခဲ့ပါတယ်။

■ သူ့ဇနီး Helen Sharp ကတော့ ဆက်သွယ်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း Influential PR ကို လုပ်ကိုင်ခဲ့သလို Aspen မြို့မှာ Helen Sharp Ceramics ဆိုတဲ့ မြေအိုးနဲ့ ကြွေထည်အနုပညာစတူဒီယိုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူတို့မိသားစုဟာ တက္ကဆက်ပြည်နယ် Austin မြို့မှာနေထိုင်ခဲ့ကြတာပါ။

■ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လေယာဉ်မှူးက အသက် ၅၅ နှစ်အရွယ် Jeff Gregory ဖြစ်ပြီး တွဲဖက်လေယာဉ်မှူးကတော့ အသက် ၂၀ အရွယ် Nathalia Filgueiras ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source-Wion