#World_Health
Published 19 September 2026
■ ၁၆:၈ အချိန်ကန့်သတ် အစားမစားတဲ့နည်းလမ်းဟာ ရေရှည်ဝိတ်ချရာမှာ ဘယ်လိုမျိုး ထိန်းသိမ်းပေးနိုင်လဲ ဆိုတာကို Clinical Nutrition ဂျာနယ်ပါ လေ့လာမှုတစ်ခုမှာ ဆန်းစစ်သုံးသပ်ထားပါတယ်။
■ ၁၂ ပတ်ကြာအောင် အစားစားချိန်ကို ၈ နာရီအတွင်း သတ်မှတ်စားသုံးသူတွေဟာ အချိန် ၁၂ နာရီထက်ပိုများပြီး စားသုံးသူများနဲ့ယှဉ်ရင် ၁ နှစ်အကြာမှာ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အဆီပါဝင်မှုကို ပိုမိုလျှော့ချထိန်းသိမ်းနိုင်ခဲ့ပါတယ်။
■ စမ်းသပ်မှုပြီးဆုံးပြီးနောက် ပါဝင်သူ ၃ ဦးမှာ ၁ ဦးနှုန်းက ဘယ်သူမှမတိုက်တွန်းဘဲ အချိန်ကန့်သတ်အစာဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြရာ ဒီနည်းလမ်းမှာ လိုက်နာရန် လွယ်ကူကြောင်း ပြသနေပါတယ်။
■ ၈ နာရီအတွင်း စားသုံးတဲ့နည်းလမ်းကို မက်ဒီတာရေးနီးယန်း စားသောက်နည်းလမ်းနဲ့ ပေါင်းစပ်ပါက ရေရှည်ဝိတ်ထိန်းရန်အတွက် ပိုမိုထိရောက်တဲ့ ရလဒ်များ ရရှိစေပါတယ်။
■ အချိန်ကန့်သတ် အစာမစားခြင်းက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေပြီး ဇီဝကမ္မဖြစ်စဉ် ညွှန်းကိန်းများ တိုးတက်စေတဲ့အပြင် ရောင်ရမ်းမှု အခြေအနေများကိုလည်း လျှော့ချပေးပါတယ်။
■ စနစ်တကျ သတ်မှတ်ထားတဲ့ စားသုံးချိန်အတိုင်းအတာဟာ ညဘက်မှာ အစားအလွန်အကျွံ စားသုံးခြင်းကို တားဆီးပေးနိုင်ေအာင် ဖန်တီးပေးပါတယ်။
■ အစားအသောက်ပုံစံတွေ ဆိုတာက လူတိုင်းနဲ့ ထပ်တူမကိုက်ညီနိုင်ဘဲ တစ်ဦးချင်းစီရဲ့ ဇီဝနာရီ၊ အချိန်ဇယားနဲ့ အလေ့အထများအပေါ် မူတည်ပြီး ရလဒ်ကွာခြားကြောင်း ကျွမ်းကျင်သူများက အလေးပေးပြောကြားထားပါတယ်။
■ ရေရှည်ဝိတ်ထိန်းနိုင်ခြင်းက နေ့စဉ်ရုန်းကန်နေရတဲ့ အခက်အခဲတစ်ခုအဖြစ် မခံစားရဘဲ လူနေမှုဘဝပုံစံနဲ့ ချောမွေ့စွာ ပေါင်းစပ်နိုင်မယ့် နည်းဗျူဟာကို ကျင့်သုံးခြင်းအပေါ် မူတည်နေပါတယ်။
Source: The Jerusalem Post
#World_Health
Published 19 September 2026
■ Moderna နဲ့ Merck ဆေးထုတ်လုပ်သူတွေဟာ ပြုပြင်ပြင်ဆင်ထားတဲ့ mRNA ကင်ဆာကာကွယ်ဆေးနဲ့ Keytruda (pembrolizumab) ဆေးတို့ကို ပူးတွဲအသုံးပြုတဲ့ အဆင့်မြင့် စမ်းသပ်မှုမှာ အပြုသဘောဆောင်ရလဒ်များ ရခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
■ ဒီစမ်းသပ်မှုကို ခွဲစိတ်ကုသမှု ခံယူပြီး အန္တရာယ်မြင့်မားတဲ့ အဆင့် IIB မှ IV အထိ ရှိတဲ့ မှဲ့ကင်ဆာလူနာ ၁,၁၃၇ ဦးမှာ လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်ပါတယ်။
■ ပူးတွဲကုသမှုက မှဲ့ကင်ဆာ ပြန်လည်ဖြစ်ပွားခြင်း ဒါမှမဟုတ် ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သဖြင့် စမ်းသပ်မှု အဓိကရည်မှန်းချက်ကို အောင်မြင်ခဲ့ပါတယ်။
■ ဒါ့အပြင် ကင်ဆာဆဲလ်များ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများသို့ ကူးစက်ပြန့်ပွားနိုင်ခြေကိုပါ လျှော့ချပေးနိုင်ခဲ့တာကြောင့် ဒုတိယရည်မှန်းချက်ကိုလည်း အောင်မြင်ခဲ့ပါတယ်။
■ ဒီကာကွယ်ဆေးက ခွဲစိတ်ပြီးနောက် လူနာတစ်ဦးချင်းစီရဲ့ ကင်ဆာအကျိတ်မှာရှိတဲ့ သီးသန့်မျိုးဗီဇပြောင်းလဲမှုများကို ပစ်မှတ်ထားတိုက်ခိုက်ရန် သီးသန့်ပြင်ဆင်ထားတဲ့ mRNA နည်းပညာကို အသုံးပြုထားပါတယ်။
■ ယခင် အစောပိုင်းစမ်းသပ်ချက်များအရ ဒီကာကွယ်ဆေးနဲ့ Keytruda ကို ပူးတွဲသုံးစွဲခြင်းဟာ Keytruda တစ်မျိုးတည်း သုံးစွဲခြင်းထက် ကင်ဆာပြန်ဖြစ်ခြင်း ဒါမှမဟုတ် သေဆုံးနိုင်ခြေကို ၄၉% ထိ လျှော့ချပေးခဲ့ကြောင်း ပြသခဲ့ပါတယ်။
■ တတိယအဆင့် စမ်းသပ်မှုကာလအတွင်း ဘေးထွက်ဆိုးကျိုး အန္တရာယ်သစ် တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပါဘူး။
■ ဆန်းသစ်တဲ့ ကုသမှုဆိုင်ရာ အသိအမှတ်ပြုမှု ရရှိထားတာကြောင့် ဒီကာကွယ်ဆေးဟာ ၂၀၂၇ ခုနှစ် အစောပိုင်းမှာပင် တရားဝင်ခွင့်ပြုချက်ရရှိပြီး ဈေးကွက်အတွင်း စတင်ဖြန့်ဖြူးနိုင်ဖွယ် ရှိပါတယ်။
Source: India Today
အီရန်ရဲ့ အသံထက်မြန်ဒုံးကျည်များနဲ့ လေယာဉ်တင်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်များ အန္တရာယ်ရှောင်ရှားဖို အမေရိကန်စစ်သင်္ဘောများဟာ ဟော်မုဇ်ရေလက်ကြားပြင်ပမှာ နေရာယူထားကြောင်း သိရပါတယ်။
#World_News
Published 18 September 2026
#အီရန် #ဒုံးကျည် #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
စက်တင်ဘာ ၁၈၊၂၀၂၆
အမေရိကန်အစိုးရတာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် Adam Castillo လွတ်မြောက်ရေးအတွက် မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားချက်ကိုကိုးကား၍ Reuters သတင်းဌာနက စက်တင်ဘာ ၁၇ ရက်တွင် သတင်းရေးသားသည်။
Reuters ၏ ဖော်ပြချက်အရ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံတွင် သံတမန်ရေးရာ ကိုယ်စားပြုမှုကို ဆက်လက်ထားရှိထားပြီး မြန်မာအစိုးရအပါအဝင် နိုင်ငံအတွင်းရှိ အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ယင်းထိတွေ့ဆက်ဆံမှုများတွင် နေပြည်တော်ရှိ အာဏာပိုင်များနှင့် အမေရိကန်အကျိုးစီးပွားများအပေါ် သက်ရောက်မှုရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
နေပြည်တော်ရှိ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်ပြုရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတို့ကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု Reuters က ဆိုသည်။
အဆိုပါကိစ္စရပ်များကို ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အခြေအနေများ ပေါ်ပေါက်လာစေရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆွေးနွေးနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
သို့သော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် မည်သူများ ပါဝင်သည်၊ မြန်မာဘက်မှ မည်သည့်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း Reuters၏ သတင်းက ရေးသားထားသည်။
#World_News
Published 18 September 2026
■ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံမှာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်များ ရှိကြောင်း အစီရင်ခံခဲ့ပါတယ်။
■ ထိုအစီရင်ခံစာမှာ အနည်းဆုံး အရပ်သား ၁၇၈ ဦး သေဆုံးခဲ့ရတဲ့ ဖေဖော်ဝါရီလအတွင်း အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ခုကို မီးမောင်းထိုးပြထားပါတယ်။
■ တိုက်ခိုက်မှုတစ်ခုမှာ မီနပ်ဘ်မြို့ရှိ Shajareh Tayyebeh ကျောင်းကို ထိမှန်ခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ကြကာ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။
■ လားမားဒ်မြို့ရှိ အားကစားရုံတစ်ခုကို ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦး သေဆုံးခဲ့ပေမယ့် အမေရိကန် ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။
■ ထိုတိုက်ခိုက်မှုများဟာ ခွဲခြားမှုမရှိဘဲ အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ရိုးရိုးပေါ့ဆမှုထက် ပိုလွန်နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ကောက်ချက်ချခဲ့ကြပါတယ်။
■ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ပင်တဂွန်ရဲ့ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ်မှာပင် ကုလသမဂ္ဂအဖွဲ့အစည်းကို အမေရိကန်ဆန့်ကျင်ရေးအဖွဲ့လို့ ခေါ်ဆိုကာ အစီရင်ခံစာကို ပယ်ချခဲ့ပါတယ်။
■ အဆိုပါ အစီရင်ခံစာထဲမှာပင် အီရန်အာဏာပိုင်များဟာ ပြည်တွင်းဆန္ဒပြမှုများကို ဖြိုခွဲစဉ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။
■ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက အီရန်လုံခြုံရေးတပ်ဖွဲ့များရဲ့ တရားမဝင် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းမှုများနဲ့ အတင်းအဓမ္မ ပျောက်ကွယ်သွားစေမှုများကို ကိုးကားဖော်ပြခဲ့ကြပါတယ်။
Source: Reuters
#World_Science
Published 18 September 2026
■ IIT Madras မှ သိပ္ပံပညာရှင်များဟာ Harita ထိုင်ခုံထုတ်လုပ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းကာ ကားမောင်းသူများ မောပန်းခြင်း၊ အိပ်ငိုက်ခြင်းတို့ကို သိရှိနိုင်ပြီး ယာဉ်အန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့ IntelliSeat လို့ခေါ်တဲ့ စမတ်ယာဉ်မောင်းထိုင်ခုံကို တီထွင်ခဲ့ကြပါတယ်။
■ ဒီစနစ်ဟာ ကြိုးတွေလိုင်းတွေ ကင်မရာတွေ တပ်ဆင်ဖို့မလိုဘဲ ကားမောင်းသူ ထိုင်လိုက်တာနဲ့ ထိုင်ခုံကနေတဆင့် ခန္ဓာကိုယ်အချက်ပြမှုများကို တိုက်ရိုက်ဖတ်ရှုပေးတဲ့ နည်းပညာဖြစ်ပါတယ်။
■ ထိုင်ခုံအတွင်း မြှုပ်နှံတပ်ဆင်ထားတဲ့ အာရုံခံများက ထိုင်ဟန်အမူအရာ၊ လှုပ်ရှားမှု အပြောင်းအလဲများနဲ့ ကြွက်သားများရဲ့ လျှပ်စီးဓာတ်ပြောင်းလဲမှုများကို တိုင်းတာကာ ပင်ပန်းနွမ်းနယ်တဲ့ အစောပိုင်းလက္ခဏာများကို စစ်ဆေးသိရှိစေနိုင်ပါတယ်။
■ ခန္ဓာကိုယ်အချက်ပြမှုများကို ဖတ်ရှုခြင်း၊ ဒေတာများ ဆန်းစစ်ခြင်းနဲ့ သတိပေးချက်များ ထုတ်ပြန်ခြင်းတို့အတွက် IoT နည်းပညာအပေါ် အခြေခံကာ အလုပ်လုပ်ပါတယ်။
■ သတိပေးချက်ကို အန္တရာယ်အဆင့်ပေါ် မူတည်ပြီး အနည်းငယ်ပင်ပန်းပါက ဒက်ရှ်ဘုတ်မှာ မီးလင်းခြင်း၊ အသင့်အတင့် ပင်ပန်းပါက အသံပါထွက်လာခြင်း၊ အလွန်အမင်း ပင်ပန်းပါက ထိုင်ခုံတစ်ခုလုံး တုန်ခါခြင်းတို့ဖြင့် သတိပေးမှာ ဖြစ်ပါတယ်။
■ အလွန်အမင်း ပင်ပန်းတဲ့အဆင့်သို့ ရောက်ရှိပါက စနစ်က ယာဉ်လိုင်းမန်နေဂျာထံ သတိပေးချက် စေလွှတ်မှာဖြစ်ကာ ဘေးကင်းစွာ ကားရပ်နားရန် ညွှန်ကြားနိုင်မှာ ဖြစ်ပါတယ်။
■ လက်ရှိပြေးဆွဲနေတဲ့ ကုန်ကားတွေ ဘတ်စ်ကားတွေမှာ လွယ်ကူစွာ တပ်ဆင်နိုင်အောင် ဒီဇိုင်းထုတ်လုပ်ထားပါတယ်။
■ မိုဘိုင်းအက်ပလီကေးရှင်းမှတဆင့် ချိတ်ဆက်ထားတာကြောင့် အဆက်မပြတ်စောင့်ကြည့်နိုင်ခြင်း၊ ဘေးကင်းရေး စစ်ဆေးနိုင်ခြင်းတို့ကြောင့် လမ်းအန္တရာယ်များကို သိသိသာသာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Source: India Today
လူပေါင်း ၂၄၀ ခန့် လိုက်ပါလာတဲ့ ခရီးသည်တင်သင်္ဘောတစ်စီးဟာ မိုးလေဝသအခြေအနေဆိုးဝါးမှုကြောင့် ဂျာဗားပင်လယ်အတွင်း မှောက်ခုံနစ်မြုပ်ခဲ့ပါတယ်
#World_News
Published 17 September 2026
#ဂျာဗား
#YMG #Yangon_Times #Yangon_Media_Group
Page 13 of 1237