#World_News
Published 05 November 2026
■ အမေရိကန်မှာ ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီမိုကရက်ပါတီဘက်က အမတ်နေရာတွေ အများကြီးအနိုင်ရခဲ့ပြီးနောက် အိမ်ဖြူတော်က လူမှုကွန်ရက်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။
■ နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်ရဲ့ X လူမှုကွန်ရက်အကောင့်က သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဓာတ်ပုံနဲ့အတူ “အသိပေးချက် - ထရမ့်က မင်းတို့ရဲ့ သမ္မတအဖြစ် ရှိနေဆဲပဲ”ဆိုပြီး ရေးသားတင်ခဲ့တာပါ။
■ ပို့စ်ရဲ့အဆုံးမှာတော့ ထရမ့် မကြာခဏ အသုံးပြုလေ့ရှိတဲ့ စကားဖြစ်တဲ့ “Thank you for your attention to this matter” (ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်) ဆိုတဲ့ စာသားကိုလည်း ထည့်သွင်းထားပါတယ်။
■ ဒီပို့စ်တင်တဲ့အချိန်မှာ ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်နေဆဲဖြစ်ပြီး ဒီမိုကရက်ပါတီက အောက်လွှတ်တော်မှာ အမတ်နေရာ နှစ်ဒါဇင်ကျော်နဲ့ အထက်လွှတ်တော်မှာ အနည်းဆုံး ၇ နေရာ အနိုင်ရထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
■ ဒါ့အပြင် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်ပြီး ထရမ့်က အီရန်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
■ ဒါပေမဲ့ အီရန်ကို ကိုင်တွယ်ဖြေရှင်းတဲ့ သူ့ရဲ့မူဝါဒဟာ ရွေးကောက်ပွဲတစ်ညတာ ရလဒ်ထက် ပိုပြီး အရေးကြီးတယ်လို့လည်း သူကပြောပါတယ်။
■ ကမ္ဘာပေါ်မှာ အကြမ်းဖက်ဝါဒကို အဓိကထောက်ပံ့နေတဲ့ နိုင်ငံလို့ သူက သတ်မှတ်ထားတဲ့ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရအောင် တားဆီးတာဟာ ရွေးကောက်ပွဲရလဒ်ထက် ရေရှည်မှာ ပိုအရေးကြီးတယ်လို့ ထရမ့်က အခိုင်အမာပြောဆိုခဲ့ပါတယ်။
■ တစ်ဖက်မှာလည်း ရွေးကောက်ပွဲရလဒ်တွေကို သူကိုယ်တိုင် အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။
Source-Wion