#World_News
Published 15 October 2026

■ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အသစ်ဖြစ်လာတဲ့ Katie Zacharia ဟာ နိုင်ငံရေးလောကထဲ မဝင်ခင်ကတည်းက ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ဖူးတယ်လို့ ပြောဆိုထားပေမယ့် ၊ သူ့ရဲ့ ရှေ့နေလုပ်သက်နဲ့ ပတ်သက်ပြီး ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

■ ဒေါ်နယ်ထရမ့်ကလည်း Katie ကို ရှေ့နေတစ်ဦးပါလို့ မိတ်ဆက်ခဲ့တာပါ။

■ ဒါပေမဲ့ Reuters သတင်းဌာနရဲ့ စုံစမ်းမှုအရ အမေရိကန်ပြည်ထောင်စုရဲ့ ဘယ်ပြည်နယ်မှာမှ ဒါမှမဟုတ် ဝါရှင်တန်ဒီစီမှာမှ  Katie ဟာ တရားဝင် ရှေ့နေလိုင်စင် ရရှိထားသူ (ဒါမှမဟုတ်) ရှေ့နေအသင်းဝင်အဖြစ် မှတ်ပုံတင်ထားတဲ့ မှတ်တမ်းမတွေ့ရပါဘူး။

■ ဒီလို သက်သေခံအထောက်အထား မေးခွန်းတွေ ပေါ်ထွက်လာတာဟာ လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၃ ပတ်အလို အရေးပါတဲ့ အချိန်အခါနဲ့လည်း တိုက်ဆိုင်နေပါတယ်။  Katieရဲ့ LinkedIn ပရိုဖိုင်အရတော့ ၂၀၁၁ ကနေ ၂၀၁၃ အထိ ပေကျင်းမြို့က Zhong Lun ဥပဒေရေးရာကုမ္ပဏီမှာ အကူအဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။

■ ၂၀၂၄ ကနေ ၂၀၂၅ အထိ ထရမ့်ရဲ့ မဟာမိတ်ဖြစ်သူ Ric Grenell တည်ထောင်ထားတဲ့ Fix California အဖွဲ့မှာ အထွေထွေ ဥပဒေအကြံပေးအဖြစ် တာဝန်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

■ ဒါပေမဲ့ Ric Grenell  ကတော့ Katie ဟာ အထက်တန်း အကြံပေးတစ်ဦးအနေနဲ့ အပြင်က ရှေ့နေတွေကို ဦးဆောင် ညွှန်ကြားပေးခဲ့တာပါလို့ စာပို့ ပြောကြားခဲ့ပါတယ်။

■ ဒီကိစ္စနဲ့ ပတ်သက်ပြီး Katie က "ကျွန်မဟာ လိုအပ်တဲ့ အရည်အချင်း စာရွက်စာတမ်း အပြည့်အစုံနဲ့ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ဥပဒေရေးရာတွေကို ဆောင်ရွက်ခဲ့တာပါ" လို့ အီးမေးလ်ကနေတစ်ဆင့် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Source_Reuters