#World_News
Published 20 October 2026
■ အမေရိကန်နိုင်ငံတစ်ဝန်းမှာ နိုဝင်ဘာ ၃ ရက် ကျင်းပမယ့် ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုတွေ တဖြည်းဖြည်းအရှိန်မြင့်လာနေပါတယ်။
■ ဒီနှစ်မှာ မဲဆန္ဒရှင် သန်း ၁၀၀ ကျော် မဲပေးဖို့ မျှော်မှန်းထားကြပြီး အောက်တိုဘာ ၁၂ ရက်အထိ နိုင်ငံရေးကြော်ငြာတွေအတွက် အသုံးပြုထားတဲ့ ငွေပမာဏဟာ ဒေါ်လာ ၃.၈ ဘီလီယံအထိ ရှိလာပါတယ်။
■ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။
■ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အမတ်တွေကို ရွေးချယ်ကြမှာဖြစ်သလို ပြည်နယ်အချို့မှာလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်တင်မြှောက်ကြမှာ ဖြစ်ပါတယ်။
■ ကြားဖြတ်ရွေးကောက်ပွဲဆိုတာ သမ္မတတစ်ဦးရဲ့ လေးနှစ်သက်တမ်းအလယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲရလဒ်တွေက အမေရိကန်ကွန်ဂရက်မှာ ဘယ်ပါတီက အင်အားပိုများမလဲဆိုတာကို သိသိသာသာ သက်ရောက်စေနိုင်ပါတယ်။
■ ၂၀၂၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ အရေအတွက်ကို အခြေခံပြီး ခန့်မှန်းထားရာမှာ ဒီနှစ် မဲဆန္ဒရှင် သန်း ၁၀၀ ကျော် မဲပေးနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။
■ ဒီနှစ်ရွေးကောက်ပွဲမှာ နိုင်ငံရေးမဲဆွယ်စည်းရုံးရေး အသုံးစရိတ်တွေလည်း စံချိန်တင် မြင့်တက်လာပါတယ်။ နိုင်ငံရေးကြော်ငြာအသုံးစရိတ်တွေကို စောင့်ကြည့်လေ့လာတဲ့ AdImpact ရဲ့ အချက်အလက်တွေအရ အောက်တိုဘာ ၁၂ ရက်အထိ ကြော်ငြာအသုံးစရိတ်ဟာ ဒေါ်လာ ၃.၈ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။
■ အထူးသဖြင့် အနိုင်အရှုံး မသေချာသေးတဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲတွေရှိတဲ့ တက္ကဆက်၊ အိုဟိုင်းယိုးနဲ့ မစ်ရှီဂန်ပြည်နယ်တွေမှာ ကြော်ငြာအသုံးစရိတ် အများအပြား သုံးစွဲထားကြပါတယ်။
Source-Wion