#World_News
Published 29 October 2026
■ စပိန်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ က အမြန်ရထားတစ်စင်းဟာ ရပ်ထားတဲ့ ရထားတစ်စင်းကို ဝင်တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၆၈ ယောက် ေ-သဆုံးခဲ့ပါတယ်။
■ ကယ်ဆယ်ရေးအဖွဲ့တွေက ပျက်စီးနေတဲ့ ရထားတွဲတွေထဲမှာ ပိတ်မိနေသူတွေ၊ သေဆုံးသူတွေ ရှိမရှိ ဆက်လက်ရှာဖွေနေကြပါတယ်။
■ ဒီဖြစ်ရပ်ဟာ စပိန်နိုင်ငံမှာဒီနှစ်အတွင်း ဒုတိယအကြိမ်မြောက် အသေအပျောက်များတဲ့ ရထားမတော်တဆမှုဖြစ်ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံး ရထားမတော်တဆမှုလည်းဖြစ်ပါတယ်။
■ ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ဒီဖြစ်ရပ်ကြောင့် “စပိန်တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
■ ပို့ဆောင်ရေးဝန်ကြီးရဲ့ ပြောကြားချက်အရ Renfe ကုမ္ပဏီပိုင် ရထားတစ်စင်းဟာ ရှေ့မှာ ရထားတစ်စင်း ရပ်ထားပြီး မီးနီပြထားတဲ့ အခြေအနေမှာတောင် ဆက်လက်မောင်းနှင်ဖို့ ခွင့်ပြုချက်ရခဲ့တာကြောင့် တိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
■ ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပွင်တေးက မက်ဒရစ်မြို့မှာ သတင်းထောက်တွေကို ပြောကြားရာမှာ ကွန်ပျူတာဆက်သွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် မီးနီပြခဲ့ပြီး ရထားသွားလာမှုကို အလိုအလျောက် ရပ်တန့်စေခဲ့တယ်လို့ဆိုပါတယ်။
■ ဒါပေမဲ့ အဲဒီနောက်ရထားကို ပြန်လည်ထွက်ခွာခွင့်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့တယ်လို့ ပြောပါတယ်။
■ ဝန်ကြီးချုပ် ဆန်းချက်ဇ်က မတော်တဆမှုဖြစ်ပွားရာနေရာအနီးကနေ ရုပ်မြင်သံကြားမိန့်ခွန်း ပြောကြားရာမှာ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ချို့ယွင်းချက်တစ်စုံတစ်ရာ တွေ့ရှိရင်လည်း ဖြေရှင်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
■ ဒါ့အပြင် ဒီနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရထားမတော်တဆမှုနှစ်ခုရဲ့ အကြောင်းရင်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိနိုင်ဘူးလို့လည်း ပြောပါတယ်။
Source-Reuters