#World_Health
Published 02 November 2026
■ ပွဲတော်ရက်တွေ၊ အားလပ်ရက်တွေဆိုရင် မိသားစု၊ သူငယ်ချင်းတွေနဲ့ အသားကင်စားကြတာဟာ ပျော်စရာကောင်းတဲ့ အလေ့အထတစ်ခုပါ။
■ အသားကင်အပြင် ပေါင်မုန့်၊ ပီတာပေါင်မုန့်၊ ဟမ်မတ်စ်၊ အာလူးကြော်၊ အချိုရည်နဲ့ ဘီယာတွေပါ တွဲစားကြတာများပါတယ်။ တစ်ခါတလေ စားလိုက်နားလိုက်နဲ့ တစ်နေ့လုံး စားနေမိတတ်ပါတယ်။
■ ဒါပေမဲ့ သိထားသင့်တဲ့အချက်တစ်ခုကတော့ အသားကင်တဲ့နည်းလမ်းဟာ ချက်ပြုတ်နည်းအားလုံးထဲမှာ ကျန်းမာရေးအတွက် သိပ်မသင့်တော်တဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်တယ်ဆိုတာပါပဲ။
■ ■ ၁။ အသားကင်စားတာ ဘာကြောင့် ကျန်းမာရေးအတွက် မကောင်းနိုင်တာလဲ။
■ အဓိကပြဿနာကတော့ အပူချိန်မြင့်မြင့်နဲ့ ကင်တာကြောင့်ပါ။
■ အသားကို မီးအပူပြင်းပြင်းနဲ့ အချိန်တိုအတွင်း ကင်တဲ့အခါ ဖြည်းဖြည်းချင်း ချက်ပြုတ်တာ၊ မီးဖိုနဲ့ဖုတ်တာတွေထက် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။
■ အထူးသဖြင့် မီးသွေးရဲရဲတောက်နေတဲ့ အပေါ်မှာ အသားကင်တဲ့အခါ HCA နဲ့ PAH လို့ခေါ်တဲ့ ဓာတုပစ္စည်းနှစ်မျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။
■ HCA (Heterocyclic Amines) – အသားထဲမှာပါတဲ့ ပရိုတင်းဓာတ်နဲ့ Creatine တို့ဟာ အပူချိန်မြင့်မြင့်နဲ့ ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ဓာတုပစ္စည်းပါ။
■ PAH (Polycyclic Aromatic Hydrocarbons) – အသားထဲက အဆီတွေ မီးသွေးပေါ်ကို ကျပြီး လောင်ကျွမ်းတဲ့အခါ ထွက်လာတဲ့ မီးခိုးထဲမှာ ပါဝင်နိုင်တဲ့ ဓာတုပစ္စည်းပါ။
■ အဲဒီမီးခိုးတွေဟာ အပေါ်ကိုပြန်တက်လာပြီး အသားထဲစိမ့်ဝင်သွားနိုင်ပါတယ်။
■ ဆိုလိုတာက အသားကို မီးအပူပြင်းပြင်းနဲ့ ကင်တာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အဆီလောင်ကျွမ်းရာက ထွက်လာတဲ့ မီးခိုးတွေကြောင့်လည်း အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နိုင်တာပါ။
■ အသားမှာ မည်းတူးပြီး မီးကျွမ်းနေတဲ့ အပိုင်းတွေဟာလည်း အပူချိန်လွန်ကဲမှုကြောင့် ဓာတုဖွဲ့စည်းပုံ ပြောင်းလဲပျက်စီးသွားတဲ့ နေရာတွေ ဖြစ်ပါတယ်။
■ အသားကင်မှာ မည်းတူးနေတဲ့ အပိုင်းတွေများလေလေ မလိုလားအပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ခြေ ပိုများလေလေ ဖြစ်ပါတယ်။
■ ဒီနေရာမှာအရေးကြီးတာက အသားစားတာကိုယ်တိုင်ထက် အသားကို ဘယ်လိုချက်ပြုတ်သလဲဆိုတဲ့ နည်းလမ်းက ပိုပြီးအရေးပါပါတယ်။
■ ■ ၂။ အသားအမျိုးအစားအလိုက် အာဟာရတန်ဖိုး ဘယ်လောက်ရှိသလဲ။
အသား၊ ကြက်သားနဲ့ ငါးတွေဟာ ပရိုတင်း၊ သံဓာတ်၊ ဇင့်နဲ့ ဗီတာမင် B12 တို့ကို ရရှိစေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
■ ဒါပေမဲ့ အသားအမျိုးအစားနဲ့ အသားရဲ့ အဆီပါဝင်မှုအပေါ်မူတည်ပြီး ကယ်လိုရီနဲ့ အာဟာရတန်ဖိုးတွေ ကွာခြားပါတယ်။
■ အသားကင်စားတာကို လုံးဝရပ်ပစ်ဖို့ မလိုပါဘူး။ အရေးကြီးတာက ဘယ်အသားကို ရွေးစားသလဲ၊ ဘယ်လိုကင်သလဲ၊ ဘယ်လောက်စားသလဲ ဆိုတာပါပဲ။
■ အထူးသဖြင့် အဆီနည်းတဲ့ ကြက်ရင်အုံသား၊ အမဲသားနုနဲ့ လတ်ဆတ်တဲ့ အသားတွေကို ရွေးချယ်ပါ။ အသားကို မီးကျွမ်းအောင် မကင်ပါနဲ့။ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲစားပြီး ပြုပြင်ထုတ်လုပ်ထားတဲ့ အသားတွေကိုလည်း တတ်နိုင်သမျှ လျှော့စားပါ။
■ မှတ်ထားရမှာက အသားကင်ရဲ့ အရသာကို ခံစားရင်း ကျန်းမာရေးကိုလည်း မထိခိုက်စေဖို့ စားသောက်ပုံကို မှန်ကန်အောင် ရွေးချယ်တတ်ဖို့ပါပဲ။
■ ငရုတ်ပွ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ သခွားသီးနဲ့ အရွက်စိမ်းတွေကို အသားကင်နဲ့ တွဲစားပါ။
■ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ Vitamin C နဲ့ Polyphenols လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်ရဲ့ ဓာတ်တိုးပျက်စီးမှုကို တချို့အတိုင်းအတာအထိ လျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။
Source- The Jerusalem Post