#World_Health
Published 19 September 2026

■ ၁၆:၈ အချိန်ကန့်သတ် အစားမစားတဲ့နည်းလမ်းဟာ ရေရှည်ဝိတ်ချရာမှာ ဘယ်လိုမျိုး ထိန်းသိမ်းပေးနိုင်လဲ ဆိုတာကို Clinical Nutrition ဂျာနယ်ပါ လေ့လာမှုတစ်ခုမှာ ဆန်းစစ်သုံးသပ်ထားပါတယ်။

■ ၁၂ ပတ်ကြာအောင် အစားစားချိန်ကို ၈ နာရီအတွင်း သတ်မှတ်စားသုံးသူတွေဟာ အချိန် ၁၂ နာရီထက်ပိုများပြီး စားသုံးသူများနဲ့ယှဉ်ရင် ၁ နှစ်အကြာမှာ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အဆီပါဝင်မှုကို ပိုမိုလျှော့ချထိန်းသိမ်းနိုင်ခဲ့ပါတယ်။

■ စမ်းသပ်မှုပြီးဆုံးပြီးနောက် ပါဝင်သူ ၃ ဦးမှာ ၁ ဦးနှုန်းက ဘယ်သူမှမတိုက်တွန်းဘဲ အချိန်ကန့်သတ်အစာဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြရာ ဒီနည်းလမ်းမှာ လိုက်နာရန် လွယ်ကူကြောင်း ပြသနေပါတယ်။

■ ၈ နာရီအတွင်း စားသုံးတဲ့နည်းလမ်းကို မက်ဒီတာရေးနီးယန်း စားသောက်နည်းလမ်းနဲ့ ပေါင်းစပ်ပါက ရေရှည်ဝိတ်ထိန်းရန်အတွက် ပိုမိုထိရောက်တဲ့ ရလဒ်များ ရရှိစေပါတယ်။

■ အချိန်ကန့်သတ် အစာမစားခြင်းက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေပြီး ဇီဝကမ္မဖြစ်စဉ် ညွှန်းကိန်းများ တိုးတက်စေတဲ့အပြင် ရောင်ရမ်းမှု အခြေအနေများကိုလည်း လျှော့ချပေးပါတယ်။

■ စနစ်တကျ သတ်မှတ်ထားတဲ့ စားသုံးချိန်အတိုင်းအတာဟာ ညဘက်မှာ အစားအလွန်အကျွံ စားသုံးခြင်းကို တားဆီးပေးနိုင်‌ေအာင် ဖန်တီးပေးပါတယ်။

■ အစားအသောက်ပုံစံတွေ ဆိုတာက လူတိုင်းနဲ့ ထပ်တူမကိုက်ညီနိုင်ဘဲ တစ်ဦးချင်းစီရဲ့ ဇီဝနာရီ၊ အချိန်ဇယားနဲ့ အလေ့အထများအပေါ် မူတည်ပြီး ရလဒ်ကွာခြားကြောင်း ကျွမ်းကျင်သူများက အလေးပေးပြောကြားထားပါတယ်။

■ ရေရှည်ဝိတ်ထိန်းနိုင်ခြင်းက နေ့စဉ်ရုန်းကန်နေရတဲ့ အခက်အခဲတစ်ခုအဖြစ် မခံစားရဘဲ လူနေမှုဘဝပုံစံနဲ့ ချောမွေ့စွာ ပေါင်းစပ်နိုင်မယ့် နည်းဗျူဟာကို ကျင့်သုံးခြင်းအပေါ် မူတည်နေပါတယ်။

Source: The Jerusalem Post