#World_Health
Published 04 October 2025

အမျိုးသမီးတွေမှာ အိမ်တွင်းကိုယ်ဝန်စစ်ကိရိယာဆိုတာက ဆီးထဲမှာ hCG ဟော်မုန်းတွေကို ရှာဖွေတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေ သန္ဓေအောင်တဲ့အခါ hCG အလျင်အမြန် များပြားလာပါတယ်။

ဒါကြောင့် hCG က ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ အမှတ်အသားတစ်ခုလို့ ပြောလို့ရပါတယ်။

ယောက်ျားတွေမှာ ကိုယ်ဝန်မဆောင်နိုင်တာကြောင့် အဆိုပါဆီးစစ်တံနဲ့ စစ်ဆေးရင် အနုတ်လက္ခဏာ ပြရမှာပါ။

ဒါပေမဲ့ ရှားရှားပါးပါးအနေနဲ့ အမျိုးသားတွေမှာ အပေါင်းလက္ခဏာ ပေါ်ပေါက်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒါဟာ ကိုယ်ဝန်ကြောင့်မဟုတ်ဘဲ hCG ထုတ်လုပ်နေတဲ့ အချို့သော အခြေအနေတွေကြောင့် ဖြစ်ပါတယ်။

ဝှေးစေ့အကျိတ်ရှိတဲ့ ယောက်ျားအများစုမှာ ဆဲလ်တွေ ပုံမှန်မဟုတ်ကြီးထွားရာကနေ hCG ထုတ်လုပ်ပါတယ်။

အသည်း၊ အစာအိမ်၊ အဆုတ်တို့မှ ရှားပါးအကျိတ်တွေမှာလည်း hCG ထုတ်လုပ်လေ့ရှိပါတယ်။

ဒါကြောင့် အမျိုးသားတွေမှာ ဆီးစစ်တံနဲ့စစ်ဆေးလို့ အပေါင်းလက္ခဏာပေါ်ရင် ကိုယ်ဝန်ရှိတဲ့သဘောမဟုတ်ပေမယ့် ကျန်းမာရေးပြဿနာတွေတော့ ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ဝှေးစေ့ကင်ဆာဖြစ်တဲ့အခါ hCG ထွက်လာတာကြောင့် မပေါ့ဆသင့်ပါဘူး။

ယောက်ျားများ ကျန်းမာရေးနဲ့ မျိုးပွားအခြေအနေ ကောင်းမွန်နေစေရန်အတွက်ဆိုရင် ဆရာဝန်နဲ့ ပုံမှန်ပြသခြင်း၊ ဆေးလိပ်အရက်ဖြတ်ခြင်း၊ သန့်ရှင်းစွာ နေထိုင်ခြင်း၊ နေထိုင်စားသောက်မှုပုံစံ ထိန်းသိမ်းခြင်း၊ ကူးစက်မှုကာကွယ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

Source: Indian Express.