#World_Health
Published 04 October 2025

▪️ ကိုဗစ်-၁၉ ရောဂါပိုးက ဆက်လက်ဆင့်ကဲပြောင်းလဲနေဆဲဖြစ်ပြီး လက်ရှိမှာလည်း ဗိုင်းရပ်စ်မျိုးစိတ်သစ်တစ်ခု ပျံ့နှံ့နေပါတယ်။

▪️ XFG ခေါ် Stratus လို့ခေါ်တဲ့ မျိုးဗီဇကွဲဟာ ဇန်နဝါရီလက အရှေ့တောင်အာရှမှာ ပထမဆုံးတွေ့ပြီးနောက် ပျံ့နှံ့နေတယ်လို့ WHO က ဖော်ပြထားပါတယ်။

▪️ ဇွန်လမှာတော့ နိုင်ငံပေါင်း ၃၈ နိုင်ငံအထိ ပျံ့နှံ့ခဲ့ပြီးနောက် SATS-CoV-2 မျိုးဗီဇကွဲကို စောင့်ကြည့်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

▪️ Stratus က ကိုယ်ခံအားစနစ်ကို ရှောင်ရှားသွားနိုင်ပြီး ယခင်မျိုးကွဲ Nimbus ထက် ပိုမိုဒုက္ခပေးနိုင်တဲ့အထိ ဆင့်ကဲပြောင်းလဲသွားကြောင်း ဆိုပါတယ်။

▪️ ဒါကြောင့် ကာကွယ်ဆေး မထိုးထားသူများ၊ ယခင်က မကူးစက်ဖူးသူများမှာ တိုက်ထုတ်ရ ပိုမိုခက်ခဲသွားနိုင်ပါတယ်။

▪️ သူ့မှာ ကိုဗစ်-၁၉ ရဲ့ သာမန်လက္ခဏာအများစု တွေ့ရပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ ချောင်းခြောက်ဆိုးခြင်းတို့ ဖြစ်နိုင်ပါတယ်။

▪️ ဒါ့အပြင် အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်တင်းကြပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ အနံ့အရသာပျောက်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။

▪️ ဒီလိုလက္ခဏာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

▪️ ရောဂါမကူးစက်ဖို့အတွက် နှာခေါင်းစည်းတပ်ခြင်း၊ လေဝင်လေထွက်ကောင်းအောင် ထားခြင်း၊ မကြာခဏလက်ဆေးခြင်း၊ နီးကပ်စွာ မထိတွေ့ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

Source: Times of India