#World_Health
Published 13 October 2025
■ အချို့လူတွေက အယ်ကိုဟောယမကာတွေကို ရံဖန်ရံခါမှ သောက်တာမျိုး၊ သောက်ရင်လည်း အနည်းငယ်ပဲ သောက်တာမျိုး ရှိပါတယ်။
■ ယခင်လေ့လာချက်တွေအရ ဒီလိုမျိုး အနည်းငယ်သောက်ခြင်းက ဦးနှောက်ကျန်းမာရေးကို အကျိုးရှိစေတယ်လို့ ယူဆထားပါတယ်။
■ ဒါပေမဲ့ ၂၀၂၅ စက်တင်ဘာ ၂၃ ရက်နေ့က BMJ ဆေးပညာအဖွဲ့ဟာ ဒီယူဆချက်ကို ဆန့်ကျင်လိုက်ပြီး အနည်းငယ်မျှ သောက်သုံးခြင်းကပင် အာရုံကြောဆုတ်ယုတ်ရောဂါများ ဖြစ်လာနိုင်ခြေ များစေတယ်လို့ ပြောလာပါတယ်။
■ အယ်ကိုဟောကို အနည်းငယ်သောက်ပေးလျှင် ခန္ဓာကိုယ်မှာ အကျိုးပြုတယ်ဆိုတဲ့ ယူဆချက်တွေက တကယ်တမ်းမှားယွင်းပြီး လေ့လာချက်အရ နောက်ပိုင်းမှာ ဒီမန်ရှာဖြစ်တဲ့သူတွေဟာ အနည်းငယ်သောက်သုံးတာ တွေ့ရပါတယ်။
■ ဒီလိုသောက်သုံးခြင်းက ဘေးအန္တရာယ်မရှိဘူးလို့ ပြောနေကြတာတွေကို သုတေသီတွေက ဆန့်ကျင်ထောက်ပြလိုကြပါတယ်။
■ သုတေသီတွေက လူပေါင်းသန်းတဝက်ကျော်ထံမှ အချက်အလက်များ အပါအဝင် နောက်ထပ် ၂ သန်းရဲ့ မျိုးဗီဇအချက်အလက်များဖြင့် လေ့လာမှုကြီး ပြုလုပ်ကြပါတယ်။
■ တွေ့ရှိချက်အရ အယ်ကိုဟောဘယ်လောက်ပဲသောက်သောက် ဒီမန်ရှာဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။
■ ဒါကြောင့် အယ်ကိုဟောအနည်းငယ်မျှ သောက်သုံးရင်တောင် ရေရှည်မှာ ဦးနှောက်ထိခိုက်စေပြီး နောက်ပိုင်းမှာ ဒီမန်ရှာဖြစ်လာစေနိုင်ပါတယ်။
Source: Hindustantimes.