#World_News
Published 13 October 2025

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့က အစ္စရေးလ်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီး ဒါဟာ စိတ်လှုပ်ရှားမှု၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ ပြည့်နှက်နေတဲ့ အထူးအချိန်အခါသမယလို့ ပြောသွားပါတယ်။

■ လေယာဉ်ပေါ်မတက်ခင်မှာ "ဒါက အလွန်ထူးခြားတဲ့ အခိုက်အတန့် ဖြစ်လာမှာပါ။ အားလုံးကလည်း စိတ်လှုပ်ရှားနေကြပါတယ်" လို့ ပြောသွားပါတယ်။

■ အားလုံးက အားပေးထောက်ခံနေကြချိန် အားမပေးတဲ့သူတွေကတော့ ဆန့်ကျင်ဘက်တွေဖြစ်တယ်လို့လည်း မှတ်ချက်ပြုပါတယ်။

■ အရင်ကတစ်ခါမှ မဖြစ်ဘူးပဲ အခုလို ပါဝင်ပတ်သက်ခွင့်ရတာ ဂုဏ်ယူစရာဖြစ်ကြောင်း ဆိုပါတယ်။

■ ထရမ့်ဟာ အစ္စရေးလ်သို့ ဒေသစံတော်ချိန် တနင်္လာနေ့ မနက်အစောပိုင်း ရောက်ရှိမှာ ဖြစ်ပါတယ်။

■ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာပြီးနောက် ထရမ့်အနေနဲ့ အစ္စရေးလ်သို့ ပထမဆုံး လာရောက်တာဖြစ်ပါတယ်။

■ ဒီခရီးစဉ်ထဲမှာ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ပထမအဆင့် အကောင်အထည်ဖော်ခြင်း ပါဝင်သလို ငြိမ်းချမ်းရေးအတွက် လက်ရှိအားထုတ်မှုတွေရဲ့ အရေးပါမှုလည်း ပါဝင်နေပါတယ်။

■ အစ္စရေးလ်သို့ သွားပြီးနောက်မှာ ကြားဝင်စေ့စပ်ပေးနေတဲ့ အီဂျစ်သို့ သွားရောက်မှာ ဖြစ်ပါတယ်။

■ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ အီဂျစ် ရှမ်အယ်ရှိတ်ခ်အပန်းဖြေမြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးအခမ်းအနားက ထရမ့်ခရီးစဉ်ရဲ့ အဓိကဖြစ်လာမှာပါ။

■ အီဂျစ်သို့ မထွက်ခွာခင်မှာ ထရမ့်ဟာ အစ္စရေးလ်မှာ ၇ နာရီထက်မပိုဘဲ ရှိနေမှာဖြစ်သလို အမေရိကန်သို့ မပြန်ခင်မှာလည်း အီဂျစ်မှာ ၃ နာရီခန့်သာ ရှိနေနိုင်ပါတယ်။

■ ယခုခရီးစဉ်က အရှေ့အလယ်ပိုင်းသံတမန်ရေးမှာ ထရမ့်နောက်ဆုံးပါဝင်ပတ်သက်ထားတဲ့သဘော မြင်နေရပါတယ်။

■ ထရမ့်ရဲ့ခရီးစဉ်အကြောင်းကို ဝါရှင်တန်နဲ့ ဒေသတွင်းမြို့တော်တွေက ဘက်ပေါင်းစုံ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန်ဆိုပြီးတော့ အရေးကြီးသတင်းအဖြစ် ဖော်ပြနေကြပါတယ်။

Source: ANI