၁၉ ဇန်နဝါရီ၊ ၂၀၂၅
တရုတ်နိုင်ငံ အနောက်တိုင်းပိုင်း ကွေကျူးပြည်နယ်မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့် ဆုံးတံတားဖြစ်လာမယ့် တံတားတစ်စင်းရဲ့ အဓိကအစိတ်အပိုင်းတည်ဆောက်မှု သောကြာနေ့က ပြီးစီးသွားပါတယ်။
Source CCTV+
#World_News
Published 23 January 2025
▪️ ဗုဒ္ဓဟူးနေ့က လော့စ်အိန်ဂျလိစ်မြောက်ပိုင်းမှာ နောက်ထပ်တောမီးတစ်ခု လောင်ကျွမ်းခဲ့ရာ ဧကပေါင်း ၉၄၀၀ ကျော် လျင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့ပြီး လေပြင်းနဲ့ ခြုံထူများက မီးကိုအားပေးသလို ဖြစ်ခဲ့ကာ လူပေါင်း ၃၁၀၀၀ ကျော်ကို မဖြစ်မနေ ထွက်ပြေးတိမ်ရှောင်ဖို့ ညွှန်ကြားခဲ့ရပါတယ်။
▪️ လော့စ်အိန်ဂျလိစ်မြောက်ပိုင်း မိုင် ၅၀ အကွာက The Hughes မီးက မြို့ပြနေရာမှ တောမီးကြီးနှစ်ခုကို အတော်လေးထိန်းချုပ်လာနိုင်တဲ့ မီးသတ်သမားတွေ နောက်ထပ်ရင်ဆိုင်စရာ ဖြစ်လာပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ နာရီပိုင်းအတွင်းမှာပဲ The Hughes မီးက Eaton မီးရဲ့ ၃ ပုံ ၂ ပုံလောက်အထိ ကြီးမားလာခဲ့ပါတယ်။
▪️ လော့စ်အိန်ဂျလိစ်ကောင်တီ Castaic Lakeနေရာမှ လူတွေကို အသက်အန္တရာယ် ချက်ချင်းရှိနေပြီလို့ တာဝန်ရှိသူများ သတိပေးခဲ့ပြီး ကယ်လီဖိုးနီးယားတောင်ပိုင်း အများစုမှာ ခြောက်သွေ့လေပြင်းများကြောင့် မီးဘေးအန္တရာယ် ရှိနေဆဲဖြစ်ပါတယ်။
▪️ ဆန်ဂေဘရီယယ်တောင်တန်းတွေက ဧက ၇ သိန်းရှိတဲ့ ဥယျာဉ်ကြီးတစ်ခုလုံးကို ဧည့်သည်ဝင်ရောက်ခွင့် ပိတ်ထားတယ်လို့ အိန်ဂျလိစ်အမျိုးသားသစ်တောက ပြောပါတယ်။
▪️ မီးလျင်မြန်စွာ ကူးစက်လာနိုင်တာကို ခန့်မှန်းပြီး ကယ်လီဖိုးနီးယားတောင်ပိုင်းတဝိုက် မီးသတ်သမား ၁၁၀၀ ခန့် နေရာချထားတယ်လို့ ကယ်လီဖိုးနီးယား မီးကာကွယ်ရေးဌာနက ဆိုပါတယ်။
▪️ Hughesမီးအတွက် မီးသတ်သမား ၄ ထောင်ကျော် ငြိမ်းသတ်နေကြပါတယ်။
ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ၉ လကြာအောင် မိုးမရွာခဲ့ဘဲ အလွန်ခြောက်သွေ့အန္တရာယ်များတဲ့ အခြေအနေဖြစ်ခဲ့ပေမယ့် စနေနေ့မှ တနင်္လာနေ့အထိ မိုးရွာသွန်းမယ်လို့ ခန့်မှန်းရတာကြောင့် မီးသတ်သမားတွေအတွက် အတော်လေးသက်သာရာ ရဖွယ်ရှိပါတယ်။
▪️ ရုပ်သံဗီဒီယိုထဲမှာ ရဟတ်ယာဉ်တွေက ရေကန်ထဲမှ ရေတွေကိုယူနေပြီး တောင်ကုန်းပေါ်ကနေ မီးသတ်ဆေးများ ဖြန်းနေတာ တွေ့ရပါတယ်။
▪️ ဇန်နဝါရီ ၇ ရက်နေ့က စတင်လောင်ကျွမ်းတဲ့ မီးကြီးနှစ်ခုကတော့ အတော်လေး ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
#Source: Reuters
#World_Health
Published 23 January 2025
▪️ ဆယ်လ်မွန်နဲလားလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဟာ အများပြည်သူ ကျန်းမာရေးပြဿနာ ဖြစ်လာပြီး ပဋိဇီဝဆေးယဉ်ပါးကာ ဆေးကုသမှုတွေကို ခံနိုင်ရည်ရှိသလို ကူးစက်နေရာအမျိုးမျိုးကနေ ပျံ့နှံ့နိုင်ပါတယ်။
▪️ ရောဂါပိုးရှိနေတဲ့ အစားအစာတွေ၊ လူသားတွေ၊ တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်တတ်သလို ပန်စတိတ်သုတေသီများရဲ့ လေ့လာချက်မှာဆိုရင် အိမ်မွေးခွေးတွေကနေလည်း ကူးစက်နိုင်ပါတယ်။
▪️ ခွေးတွေနဲ့ လူတွေ နီးစပ်တဲ့အခြေအနေကို လေ့လာချက်မှာ အလေးပေးဖော်ပြထားပြီး ဆေးယဉ်ပါးဆယ်လ်မွန်နဲလားတွေက တိရိစ္ဆာန်ကနေ လူသားဆီ ကူးစက်နေတာ စိုးရိမ်စရာ ဖြစ်နေပါတယ်။
▪️ ခွေးတွေမှာ ဆယ်လ်မွန်နဲလားက ရောဂါလက္ခဏာ မပေါ်တတ်ဘဲ ဘက်တီးရီးယားကို သယ်ဆောင်ထားနိုင်ကာ အစားအစာများ သန့်ရှင်းစွာ မကိုင်တွယ်ခြင်း၊ အိမ်မွေးတွေကို ထိန်းသိမ်းရာမှာ မသန့်ရှင်းခြင်းတို့ကြောင့် ရောဂါကူးစက်နိုင်ခြေ များစေပါတယ်။
▪️ ဆယ်လ်မွန်နဲလားလို ဘက်တီးရီးယားက ကျန်းမာရေးအန္တရာယ်များစေပေမယ့် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဘက်တီးရီးယားတွေလည်း ရှိနေပါတယ်။
အိမ်မွေးတွေနဲ့ အနီးကပ်နေတဲ့အခါ ကျန်းမာရေးအန္တရာယ်များအကြောင်း သတိထားဖို့လိုပါတယ်။
▪️ အမေရိကန် FDA ထံမှ ဇီဝစောင့်ကြည့်ရေး အချက်အလက်များမှ ခွေးများရဲ့ ဆယ်လ်မွန်နဲလား ကူးစက်မှုတွေကို ဆန်းစစ်ခဲ့ရာ လူသားတွေမှ ကူးစက်မှုတွေနဲ့ ကိုက်ညီနေပါတယ်။
▪️ ခွေးတွေမှာတွေ့ရတဲ့ ရောဂါပိုးမျိုးနွယ်တွေဟာ လူသားတွေမှာ ဆေးယဉ်ပါးတဲ့ မျိုးနွယ်တွေဖြစ်နေပါတယ်။
▪️ ဒီအတွက် လက်ဆေးခြင်းလိုမျိုး တစ်ကိုယ်ရည် သန့်ရှင်းမှုအလေ့အထများ ပြုလုပ်ဖို့အရေးကြီးကြောင်း သုတေသနပြုစုသူ အန်ကူချီယာအမ်အီကာနာထာက ပြောသွားပါတယ်။
▪️ ဒီသုတေသနရဲ့ ရည်ရွယ်ချက်က အိမ်မွေးတိရိစ္ဆာန်မွေးခြင်းကို အားမပေးချင်တာမဟုတ်ဘဲ အန္တရာယ်တွေအကြောင်း သိရှိစေလိုတာ ဖြစ်ပါတယ်။
#Source: India Today
#World_Health
Published 23 January 2025
▪️ အချိုဓာတ်နဲ့ ပြည့်ဝဆီ ပါဝင်မှုများတဲ့ အစားအသောက်က ဦးနှောက်အတွင်း ရောင်ရမ်းမှုဖြစ်စေကာ ဦးနှောက်ဆဲလ်များကို ထိခိုက်စေနိုင်ပြီး ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေများစေဖွယ်ရှိတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိယူဆထားကြပါတယ်။
▪️ ပြည့်ဝဆီမြင့်မားတဲ့ အသားကြီးတွေ အထူးသဖြင့် အဆင့်ဆင့် ထုပ်ပိုးထုတ်လုပ်ထားတဲ့ အသားကြီးတွေကို အစားများပါက ရံဖန်ရံခါမှ စားသုံးတာထက်ပိုပြီး ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ ဒီမန်ရှာဖြစ်နိုင်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
▪️ ဒါ့အပြင် အသားကြီးတွေက ဆီးချိုရောဂါ ဒုတိယအမျိုးအစားနဲ့ နှလုံးရောဂါတို့လည်း ဖြစ်နိုင်ခြေများစေကာ ဦးနှောက်ကျန်းမာရေး ယုတ်လျော့စေတယ်လို့လည်း ဘရစ်ဂမ်နဲ့ အမျိုးသမီးဆေးရုံမှ ဒေါက်တာ ဒေါင်ဝမ်က ပြောပါတယ်။
▪️ အသားကြီးတွေထဲမှာ အမဲသား၊ ဝက်သား၊ သိုးသားတို့ပါဝင်ပြီး အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးတွေက အရသာမှုန့်များ၊ ဓာတုပစ္စည်းများ ပါဝင်တဲ့ ဝက်ပေါင်ခြောက်၊ ဟော့ဒေါ့၊ ဝက်အူချောင်းနဲ့ အလားတူထုတ်ကုန်များ ဖြစ်ပါတယ်။
▪️ ဒါတွေစားသုံးခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေထဲမှာ ဒီမန်ရှာက ထိပ်ဆုံးကပါဝင်နေပါတယ်။
▪️ ဒီမန်ရှာဆိုတာက မှတ်ဉာဏ်စွမ်းရည်၊ အာရုံစူးစိုက်မှု၊ ပိုင်းခြားဆင်ခြင်မှုတို့ ဆုံးရှုံးလာတဲ့ အခြေအနေဖြစ်ပြီး အသားကြီးတွေကို လက်တစ်ဖဝါးစာ အရွယ်အစားရဲ့ ၄ ပုံ ၁ ပုံမျှ နေ့စဉ်စားသုံးခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း ပိုများစေပါတယ်။
▪️ နောက်တစ်မျိုးက မှတ်ဉာဏ်စွမ်းရည်နဲ့ စဉ်းစားတွေးတောနိုင်စွမ်းတို့ ဆိုးရွားလာတဲ့ အခြေအနေဖြစ်ပါတယ်။
▪️ နေ့စဉ် အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးကို လက်တစ်ဖဝါးစာ အရွယ်အစားရဲ့ ၄ ပုံ ၁ ပုံမျှစားသုံးခြင်းဖြင့် ထိုအခြေအနေ ဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်းများစေပါတယ်။
▪️ ဒါ့အပြင် ထိုကဲ့သို့အသားတွေ များများစားခြင်းဖြင့် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်းမှု၊ ပြဿနာဖြေရှင်းစွမ်းရည်တို့လည်း ထိခိုက်စေကာ နေ့စဉ်စားသုံးခြင်းဖြင့် ဦးနှောက်ကို ၁.၆၁ နှစ်ခန့် အိုမင်းစေပါတယ်။
▪️ အသားကြီးစားမယ့်နေရာမှာ အခွံမာသီး၊ ပဲအမျိုးမျိုး၊ ငါးတို့စားသုံးခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
▪️ အသားကြီးစားသုံးတဲ့အခါမှာလည်း ခပ်သေးသေးပမာဏကို ပြောင်းဂျုံဆန်များ၊ ဟင်းရွက်များ၊ အသီးအနှံများ၊ ပဲများနဲ့ စားသုံးသင့်တယ်လို့ နော့သ်ဝဲလ်ကျန်းမာရေး လီနော့စ်ဟေးလ်ဆေးရုံမှ အာဟာရပညာရှင် အက်ရှ်လေဘော်မိုလ်က ပြောသွားပါတယ်။
#Source: New York Post
တနင်္ဂနွေနေ့မှာ အစ္စရေးလ်-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်လာပြီး ထောင်ချီရှိတဲ့ စစ်ဘေးရှောင် ပါလက်စ်တိုင်းအရပ်သားများ ဂါဇာတောင်ပိုင်း ရာဖာမြို့သို့ ပြန်လာချိန်မှာ ထားရစ်ခဲ့ရတဲ့ နေအိမ်တွေလုံးဝပျက်စီးနေတာကို တွေ့ရှိကြရပါတယ်။
#World_Crisis
Published 22 January 2025
#အစ္စရေးလ်-ဟားမတ်စ် #ပါလက်စ်တိုင်းအရပ်သား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 January 2025
၁။ ဝင်းစိန်တောရဆရာတော်ကြီး၏ ၁၀၄ နှစ်မြောက် ဝိဇာတမွေးနေ့ပူဇော်ပွဲမနက်ဖန်ကျင်းပမည်
၂။ ပဲစဉ်းငုံလွတ်လပ်စွာတင်သွင်းခွင့် အိန္ဒိယနှစ်တိုးသတ်မှတ်လိုက်သောကြောင့် ဈေးမာလာနိုင်
၃။ ယခုနှစ်မှစတင်ကာမတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ရေခဲတောင်များနေ့အဖြစ် သတ်မှတ်
၄။ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်ပါလက်စ်တိုင်းအရပ်သားများ နေအိမ်အပျက်အစီးများသာကြုံတွေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၂ ဇန်နဝါရီ ၊၂၀၂၅
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေအားလုံးကို ရက်ပေါင်း ၉၀ တိတိ ဆိုင်းငံ့လိုက်တဲ့ သမ္မတအမိန့်ကို လက်မှတ်ရေးထိုး လိုက်ပါတယ်။ သူ့အနေနှင့်အဲဒီရက်ပေါင်း ၉၀ အတွင်း အဲဒီအကူအညီတွေဟာ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနှင့်ကိုက်ညီမှု ရှိမရှိ သုံးသပ်မယ်လို့ဆိုပါတယ်။
ဘာဖြစ်လို့သူအဲသလိုလုပ်ရသလဲ
-အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီတွေဟာ အမေရိကန်ရဲ့အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိ၊ အမေရိကန်တန်ဖိုးတွေနှင့် ဖြောင့်ဖြောင်းကြီးဆန့်ကျင်နေလို့ဖြစ်တယ်လို့ အမိန့်မှာပါရှိပါတယ်။
-အဲဒီအစီအစဉ်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ နိုင်ငံတွင်းနှင့်နိုင်ငံအကြားရှိ သဟဇာတနှင့် တည်ငြိမ်သော ဆက်ဆံရေးများအပေါ် တိုက်ရိုက်ဆန့်ကျင်နေသော အိုင်ဒီယာများကို မြှင့်တင် ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို မတည်ငြိမ်ဖြစ်အောင်လုပ်ဆောင်နေခြင်းကြောင့်ဟုဆိုပါတယ်။
ဘာတွေဖြစ်မလဲ
-အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီအစီအစဉ်များ ချက်ခြင်းရပ်ဆိုင်းရတော့မည်။
နောက်လာမည့် အမေရိကန်၏ နိုင်ငံခြားရေးအကူအညီများသည် သမ္မတထရမ့်၏ နိုင်ငံခြားရေးမူဝါဒ နှင့် ကိုက်ညီရမည်။
-လက်ရှိအကူအညီများကို ရပ်ဆိုင်းပြီး ရက်ပေါင်း ၉၀ အတွင်းသုံးသပ်မည်။
ယင်းနောက်ဘာတွေဖြစ်မလဲ
- ပြန်လည်သုံးသပ်ပေးပြီးနောက် အကူအညီပေးရေးအစီအစဉ်များ ပြန်လည်စတင်မည်။
- နိုင်ငံခြားအကူအညီအသစ် များကို နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုရမည်။ နိုင်ငံခြားရေးဝန်ကြီးက အစီအစဉ်များကို ရပ်ဆိုင်းခွင့်ရှိသည်။
Page 5 of 871