#World_Health
Published 06 September 2026

■ မဂ္ဂနီဆီယံဓာတ်က သွေးကြောနံရံများကို ပြေလျော့စေပြီး သွေးကြောကျုံ့ခြင်းကို ထိန်းညှိပေးတာကြောင့် သွေးလှည့်ပတ်မှုချောမွေ့စေကာ သွေးတိုးခြင်းကို လျှော့ချပေးပါတယ်။

■ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုးနဲ့ ချောကလက်မည်းတို့လို သဘာဝအစာအာဟာရတွေကနေ မဂ္ဂနီဆီယံ အဓိကရနိုင်ပါတယ်။

■ အမျိုးသားများအတွက် တစ်နေ့ကို သတ်မှတ်ထားတဲ့ လိုအပ်ချက်ပမာဏက ၄၀၀-၄၂၀ မီလီဂရမ်ဝန်းကျင်ဖြစ်ပါတယ်။

■ သွေးဖိအားထိန်းညှိရန်အတွက် သောက်ဆေးအဖြစ် သုံးစွဲမယ်ဆိုပါက ခန္ဓာကိုယ်မှ စုပ်ယူရလွယ်ကူတဲ့ မဂ္ဂနီဆီယံဂလိုင်ဆီနိတ် ဒါမှမဟုတ် မဂ္ဂနီဆီယံဆစ်ထရိတ် အမျိုးအစားများကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

■ မဂ္ဂနီဆီယံက စိတ်ဖိစီးမှုတုံ့ပြန်မှုကို ထိန်းညှိပေးတာကြောင့် စိတ်ဖိစီးမှု လျှော့ချခြင်းဖြင့် ကော်တီဆောဟော်မုန်း အလွန်အကျွံ ထွက်ရှိခြင်းနဲ့ ဓာတ်သတ္တုများ လျင်မြန်စွာ ကုန်ခမ်းခြင်းတို့ကို ကာကွယ်ပေးပါတယ်။

■ အစာအိမ်နဲ့ အူလမ်းကြောင်း ဘေးထွက်ဆိုးကျိုးများ မဖြစ်စေရန် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဖြည့်စွက်ဆေးပမာဏကို တစ်နေ့လျှင် ၃၅၀ မီလီဂရမ်နဲ့အောက်သာ သုံးစွဲသင့်ပါတယ်။

■ မဂ္ဂနီဆီယံက သွေးဖိအားကို အသင့်အတင့်သာ လျှော့ချပေးနိုင်တဲ့ အထောက်အကူပြု သတ္တုဓာတ်တစ်ခု ဖြစ်တာကြောင့် ကျန်းမာတဲ့ လူနေမှုဘဝပုံစံကို အစားမထိုးနိုင်ဘဲ အားဖြည့်ပေးရုံသာ ဆောင်ရွက်ပေးပါတယ်။

■ အထူးသဖြင့် သွေးတိုးရောဂါဆေးများ သောက်သုံးနေရသူ ဒါမှမဟုတ် ကျောက်ကပ်ရောဂါ ရှိသူများအနေဖြင့် ဖြည့်စွက်ဆေးများ မသုံးစွဲမီ ကျန်းမာရေးစောင့်ရှောက်သူနဲ့ မဖြစ်မနေ တိုင်ပင်ဆွေးနွေးရပါမယ်။

Source: GQ