၂၀၂၉ မှာ ပြည်တွင်းဖြစ် 6G နည်းပညာဆိုင်ရာကိစ္စများ ဖန်တီးမယ့် တရုတ်အစီအစဉ်က လျင်မြန်စွာတိုးတက်နေတဲ့ အနိမ့်ပျံစီးပွားရေးနဲ့ကုန်စည်ပို့ဆောင်ရေးလိုမျိုး ကဏ္ဍတွေကို အားကောင်းစေမှာဖြစ်ပြီး ဉာဏ်ရည်တု AI အတွက် ဆက်သွယ်ကွန်ရက်များ ဖြန့်ကျက်မှုကိုလည်း အရှိန်အဟုန် တင်ပေးလိမ့်မယ်လို့ စက်မှုသုတေသီတစ်ဦးက ပြောပါတယ်။
#Asia_Technology
Published 16 July 2026
#6G #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 16 July 2026
■ အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ရေကြောင်းပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ပြီးနောက် ဗုဒ္ဓဟူးနေ့က အီရန်ကမ်းရိုးတန်းခံတပ်များနဲ့ ဒုံးကျည်နေရာများကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
■ အီရန်ကတော့ ဒေသတွင်းစွမ်းအင်တင်ပို့ကုန်မှုများကို ထပ်မံပိတ်ချသွားဖို့ ခြိမ်းခြောက်ခဲ့ပြီး အမေရိကားနဲ့ ရှင်သန်ရပ်တည်ရေးတိုက်ပွဲ ဆင်နွှဲနေရတယ်လို့ ဆိုလိုက်ပါတယ်။
■ ခိုင်မာမှုမရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြယ်ပြီး ရက်အနည်းငယ်အကြာမှာပဲ အခုလိုတင်းမာမှုတွေ ပြန်မြင့်တက်လာတာဖြစ်ပြီး စစ်ပွဲကြီးပြန်ဖြစ်လာမယ့် အရိပ်အယောင်များလာပါတယ်။
■ အီရန်က ဟော်မုဇ်ရေလက်ကြား ပိတ်လိုက်ပြီးတည်းက တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။
■ အမေရိကန်တပ်တွေက ဟော်မုဇ်ရေလက်ကြား ဘေးကင်းစွာဖြတ်သန်းနိုင်ရေးအတွက် အီရန်ရဲ့ အရေးပါတဲ့ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
■ အမေရိကန် တိုက်ခိုက်မှုများကြောင့် ဆေးရုံတစ်ခုအပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများအနီးရှိ နေရာများထိခိုက်ခဲ့ကြောင်း အီရန်က ပြောပါတယ်။
■ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့(IRGC)က ထိုဒေသရှိ အမေရိကန် စစ်ဘက်ဆိုင်ရာနေရာများကို ပြန်လည်ပစ်မှတ်ထား လက်တုံ့ပြန်ခဲ့ပါတယ်။
■ ထရမ့်က အီရန်ကို မကြာမီ အနိုင်ယူနိုင်မှာဖြစ်ကြောင်း ယုံကြည်ချက်ရှိရှိ ဖော်ပြခဲ့ပြီး လက်ရှိဆွေးနွေးညှိနှိုင်းများ ရှိနေကြောင်းလည်း ထည့်သွင်းပြောကြားထားပါတယ်။
■ အီရန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတစ်ဦး ပြန်လည်လွတ်မြောက်လာခြင်းက စေတနာအရ လိုက်လျောမှုတစ်ခုသာဖြစ်ကြောင်း ပြသနေပါတယ်။
Source: Reuters
#World_Health
Published 16 July 2026
■ နေ့စဉ် လက်ဖက်စိမ်းရည် သောက်သုံးပါက ရောင်ရမ်းမှု ဓာတ်တိုးဖိစီးခြင်းနဲ့ အသည်းထဲက အဆီစုပြုံခြင်းတို့ကို လျှော့ချပေးကာ အသည်းကျန်းမာရေးကို အကူအညီပေးနိုင်ဖွယ်ရှိပါတယ်။
■ (၁) ဓာတ်တိုးဖိစီးခြင်းမှကာကွယ်ပေးခြင်း
လက်ဖက်စိမ်းမှာ ပါဝင်တဲ့ EGCG ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ဓာတ်တိုးဖိစီးခြင်းကို လျှော့ချပေးပြီး MASLD လိုမျိုး အခြေအနေတွေကနေ အသည်းကို ကာကွယ်ပေးကာ အသည်းလုပ်ဆောင်ချက် ထောက်ကူပေးနိုင်ပါတယ်။
■ (၂) အသည်းထဲမှ အဆီစုပြုံမှုလျှော့ချပေးခြင်း
လက်ဖက်စိမ်းနဲ့ catechin တို့က အဆီဇီဝဖြစ်စဉ် တိုးတက်စေကာ အစားအစာမှရတဲ့ အဆီကို ပိုမိုခြေဖျက်စေပြီး အသည်းထဲ အဆီစုပြုံခြင်းကို လျှော့ချစေပါတယ်။
■ (၃) အသည်းအင်ဇိုင်းများ ကောင်းမွန်စေခြင်း
အသည်းရောင်ရမ်းခြင်း ဖြစ်စေတဲ့ ALT ၊ AST တို့လို အသည်းအင်ဇိုင်းတွေကို လျှော့ချပေးကာ အသည်းအဆီဖုံးရောဂါ၊ ဇီဝကမ္မရောဂါ ရှိသူတွေမှာ အကျိုးဖြစ်စေပါတယ်။
■ (၄) အသည်းရောင်ရမ်းမှု ကျနိုင်ခြင်း
လက်ဖက်စိမ်းမှာပါတဲ့ ပိုလီဖီနောက ရောင်ရမ်းမှု ကျစေနိုင်ကာ အသည်းဆဲလ်တွေကို ကာကွယ်ပေးပြီး အသည်းလုပ်ဆောင်ချက် ထောက်ကူပေးနိုင်ပါတယ်။
■ ဒါပေမဲ့ လက်ဖက်စိမ်းရည် သောက်တာများရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပြီး ကဖင်းဓာတ်များခြင်း၊ သံဓာတ်စုပ်ယူမှု လျော့ကျနိုင်ခြင်း၊ အချို့သောဆေးဝါးများနဲ့ ဓာတ်ပြုတုံ့ပြန်ခြင်း၊ အသည်းအဆိပ်သင့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ ဒါကြောင့် နေ့စဉ် လက်ဖက်စိမ်းရည် အနည်းငယ်သောက်သုံးခြင်းကတော့ ဘေးကင်းစိတ်ချရပါတယ်။
Source: Health
#World_Health
Published 16 July 2026
■ ငှက်ပျောသီးအစိမ်းတွေက ရင့်မှည့်တဲ့ ငှက်ပျောသီးတွေနဲ့ မတူကွဲပြားတဲ့ အာနိသင်တွေ ရစေနိုင်မယ်လို့ ကျွမ်းကျင်သူတွေ ဆိုပါတယ်။
■ ထောင့်ချိုးသိသာထင်ရှားတဲ့ ငှက်ပျောသီးတွေက ထောင့်ချိုးဝိုက်သွားတဲ့ ငှက်ပျောသီးတွေလောက် သိပ်ပြီးမမှည့်သေးဘူးလို့ ဖလော်ရီဒါတက္ကသိုလ်မှ သစ်သီးဝလံပညာရှင် ဂျိုနသန်ကရိန်းက ပြောပါတယ်။
■ အေးလွန်းတဲ့အပူချိန်နဲ့ ထိတွေ့တဲ့ ငှက်ပျောသီးတွေဟာ သာမန်ရင့်မှည့်ခြင်းဖြစ်စဉ် နှောင့်ယှက်စေပြီး အချိန်လွန်သည့်တိုင်အောင် အစိမ်းရောင် ဒါမှမဟုတ် စိမ်းဝါရောင် ဖြစ်နေနိုင်ပါတယ်။
■ ၅၆ ဒီဂရီနဲ့ ၅၉ ဒီဂရီဖာရင်ဟိုက်ကြား အပူချိန်က ငှက်ပျောသီးထိန်းသိမ်းဖို့ အကောင်းဆုံးဖြစ်ပါတယ်။
■ ဒါပေမဲ့ အစိမ်းရောင်ငှက်ပျောသီး စားခြင်းကလည်း အကျိုးကျေးဇူး ရှိနိုင်ပါသေးတယ်။
မှည့်သည်ဖြစ်စေ၊ စိမ်းသည်ဖြစ်စေ ပိုတက်ဆီယံ၊ ဗိုက်တာမင်-ဘီ၆၊ ဗိုက်တာမင်-စီနဲ့ အခြားအာဟာရဓာတ်တွေ ပေးစွမ်းနိုင်တာကြောင့် မိမိရွေးချယ်တဲ့အပေါ်သာ မူတည်နိုင်ပါတယ်။
■ ငှက်ပျောသီးစိမ်းတွေမှာ အမျှင်ဓာတ်လိုမျိုး ကာဗိုဟိုက်ဒရိတ်တစ်မျိုး ပါဝင်တာကြောင့် အချိုပိုနည်းပြီး သွေးတွင်းသကြားဓာတ်အပေါ် ဖြည်းညင်းစွာ သက်ရောက်စေမှာပါ။
■ ငှက်ပျောသီးက မှည့်လာတဲ့အခါ ထိုဓာတ်တွေက သဘာဝအချိုဓာတ်အဖြစ်သို့ ပြောင်းသွားပါတယ်။
■ ဒါကြောင့် သွေးတွင်းသကြားဓာတ် ထိန်းနေရသူဆိုရင် ငှက်ပျောသီးစိမ်းက ပိုအဆင်ပြေနိုင်ပြီး အချိုစားချင်ကာ အစာခြေစနစ်အတွက်ဆိုရင်တော့ ငှက်ပျောသီးမှည့်က ပိုသင့်လျော်ပါတယ်။
■ ငှက်ပျောသီးအရောင်ကို ဦးစားပေးနေတာထက် ဘယ်လိုအသီးက အလုံးစုံအာဟာရဓာတ်နဲ့ နေ့စဉ်စားသုံးပုံစံတို့နဲ့ ဘယ်လောက်ကိုက်ညီလဲကို စဉ်းစားသင့်ပါတယ်။
Source: Fox News
အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ဟာ လုပ်ငန်းဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် တစ်ကမ္ဘာလုံးရှိ ဝန်ထမ်းအင်အားစု ၂.၁ ရာခိုင်နှုန်းရှိတဲ့ အလုပ်နေရာပေါင်း ၄,၈၀၀ ခန့် လျှော့ချသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
#World_News
Published 15 July 2026
#Microsoft
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 July 2026
■ အမျိုးသမီးတစ်ဦးဟာ လောင်းကစားစွဲလမ်းမှုကြောင့် ငွေကြေးရရန် ရည်ရွယ်ချက်ဖြင့် လက်စ်ဗေးဂတ်စ်မှာ အမျိုးသား ၅ ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
■ အသက် ၃၃ နှစ်အရွယ် ကျာယင်ချန်ဟာ အမျိုးသားများနဲ့ လက်ထပ်ပြီး ယင်းတို့ထံမှ ဒေါ်လာသောင်းချီ ယူသွားပြီးနောက် ပျောက်ကွယ်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
■ တိုင်ကြားချက်အရ ယခုနှစ် ဧပြီလမှ ဇွန်လကြား အမျိုးသား ၅ ဦးနဲ့ လက်ထပ်ခဲ့ပြီး ဇွန်လမှာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
■ အွန်လိုင်းမှတ်တမ်းများအရ သူမဟာ ၂၀၁၉ မတ်လနဲ့ ၂၀၂၄ မေလကြား ကလာ့ခ်ခရိုင် အိမ်ထောင်ရေးလိုင်စင်ဗျူရိုသို့ အိမ်ထောင်ပြုခွင့်လျှောက်လွှာ ၁၅ စောင် တင်သွင်းခဲ့ကြောင်း သိရပါတယ်။
■ ၂၀၂၄ တုန်းကလည်း လင်ပြိုင်ထားမှုဖြင့် ထိန်းသိမ်းခံခဲ့ရဖူးပါတယ်။
■ ဗစ်ကီလန်ဆိုတဲ့ အမည်ပွားကို အသုံးပြုပြီး နီဗာဒါးပြည်နယ် ယာဉ်မောင်းလိုင်စင်နဲ့ အမေရိကန်နိုင်ငံကူးလက်မှတ်တို့ အတုပြုလုပ်ခဲ့ကြောင်း News 3 သတင်းက ဖော်ပြထားပါတယ်။
■ ယခုအခါ လင်ပြိုင်ထားမှုအတွက် ထောင်ဒဏ် ၂၄ နှစ် ကျခံရမယ့်အရေး ကြုံနေရပါတယ်။
■ အမျိုးသားများနဲ့ အာဏာပိုင်များကို လှည့်ဖြားရန်အတွက် စာရွက်စာတမ်းအတုများ ပြုလုပ်ခြင်းနဲ့ အမည်ပွားများ အသုံးပြုခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
■ ကျာယင်ချန်ဟာ လင်ရှိလျက်နဲ့ ထပ်မံအိမ်ထောင်ပြုမှု၊ လိမ်လည်လှည့်ဖြားကာ ငွေကြေးရယူမှုတို့အတွက် ပြစ်မှုကျူးလွန်ကြောင်း တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။
■ သူမဟာ Wynn ကာစီနိုမှာ ဒေါ်လာ ၃ သိန်း ဆုံးရှုံးခဲ့ပြီး အနည်းဆုံး အမျိုးသား ၃ ဦးထံမှ ဒေါ်လာ ၁၃၈,၀၀၀ ခန့် ခိုးယူခဲ့ပါတယ်။
Source: WION
#World_Health
Published 15 July 2026
■ ကျောက်ကပ်ကင်ဆာဆိုတာက ရောဂါလက္ခဏာတွေ သိသာစွာမပြဘဲ လတွေနှစ်တွေကြာအောင် ဆိုးရွားလာတတ်ပါတယ်။
■ ကျောက်ကပ်ထဲမှာ အကျိတ်ဖြစ်နေတာကို မသိကြဘဲ လက္ခဏာပေါ်လာတော့မှ ကင်ဆာနောက်ပိုင်းအဆင့်တွေ ရောက်ရှိနေကြကာ ကုသရခက်ခဲစေပါတယ်။
■ ဒီထဲမှာ အစောဆုံးနဲ့ အရေးအကြီးဆုံး လက္ခဏာတစ်ခုက ဆီးထဲသွေးပါခြင်း ဖြစ်ပါတယ်။
■ ဆီးထဲသွေးပါတိုင်း ကင်ဆာမဟုတ်နိုင်ပေမယ့် မနာမကျင်ဘဲ သွေးပါရင်တောင် လစ်လျူမရှုသင့်ပါဘူး။
■ ရောဂါကို စောစီးစွာ သိရှိရင်တော့ ကုသမှုပိုင်းမှာ အောင်မြင်မှု ရနိုင်မှာပါ။
■ ကျောက်ကပ်ရဲ့ ဆီးစုဆောင်းခြင်းစနစ်မှာ အကျိတ်စတင်သက်ရောက်တဲ့အခါ ဆီးထဲမှာ သွေးပါလာနိုင်ကြောင်း ဒေလီမြို့ CK Birla ဆေးရုံမှ ဒေါက်တာ ရီရှီရာဂျ်ဗိုဟရာက ပြောပါတယ်။
■ အချိန်ရက်ပိုင်းအကြာ သွေးမပါတော့ပေမယ့် ရောဂါပြဿနာ ပျောက်သွားတာမဟုတ်တာကို သတိပြုသင့်ပါတယ်။
■ ဘယ်သူမဆို ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ပေမယ့် အသက် ၅၀ အထက်တွေ၊ ဆေးလိပ်သမားတွေ၊ အဝလွန်သူတွေ၊ သွေးဖိအားများသူတွေ၊ ကျောက်ကပ်ကင်ဆာမျိုးရိုး ရှိသူတွေကတော့ ပိုပြီးဖြစ်နိုင်ခြေ များပါတယ်။
■ ဆီးထဲသွေးပါတာဟာ ရောဂါဖြစ်လို့လား၊ ကျောက်တည်လို့လား၊ ကျောက်ကပ်ကင်ဆာလားဆိုတာကို ဆရာဝန်တွေက ဆီးစစ်ဆေးမှုတွေ၊ ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် ဆုံးဖြတ်ကြပါတယ်။
■ အစောပိုင်း ကျောက်ကပ်ကင်ဆာက လက္ခဏာမပြတတ်ပေမယ့် ကုသလို့ရနိုင်ပြီး ဆီးထဲသွေးပါရင် ချက်ချင်းအထူးကုနဲ့ ပြသဖို့ လိုအပ်ပါတယ်။
■ စောစီးစွာ ရောဂါတွေ့ရှိမှသာ ကုသရွေးချယ်စရာ ပိုမိုများပြားတာကြောင့် သတိပေးလက္ခဏာတွေကို လစ်လျူမရှုသင့်ပါဘူး။
Source: India Today
Page 2 of 1193