#World_Health
Published 07 October 2026
■ သင်အခုပဲ အသက်ရှူနေတာပါ။ မပြောမချင်း သတိတောင်ထားမိမှာ မဟုတ်ပါဘူး။ ငါတို့အားလုံးဟာ အသက်ရှူတာကို သဘာဝတရားရဲ့ ရိုးရှင်းတဲ့ ဖြစ်စဉ်တစ်ခုလိုပဲ သဘောထားလေ့ရှိကြပါတယ်။
■ "My Fair Lady ပြဇာတ်ထဲက ပါမောက္ခ ဟင်နရီ ဟစ်ဂင်းစ်က အီလိုင်ဇာ ရဲ့ အမူအကျင့်တွေကို တင်စားပြောခဲ့သလိုပေါ့ - "ဒါတွေဟာ အသက်ဝင်လိုက် ရှူထုတ်လိုက်လုပ်နေသလိုပဲ အခုတော့ ငါ့အတွက် ဒုတိယသဘာဝတစ်ခုဖြစ်နေပါပြီ"တဲ့။
■ ဒီစာကြောင်းနှစ်ကြောင်းကို ဖတ်လို့မပြီးသေးခင် စက္ကန့်ပိုင်းအတွင်းမှာပဲ သင့်ဦးနှောက်ပင်စည်ထဲမှာရှိတဲ့ "preBötzinger complex" လို့ခေါ်တဲ့ နျူရွန် (အာရုံကြောဆဲလ်) အစုအဝေးလေးဟာ လျှပ်စစ်ဓာတ်အချက်ပြမှုကို ညီညီညာညာ ထုတ်လွှတ်လိုက်ပါတယ်။ အဲဒီအချက်ပြမှုဟာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကြားက ရင်ဝမ်းခြားကြွက်သား ဆီ ချက်ချင်းရောက်ရှိသွားပြီး၊ ကြွက်သားကို ကျုံ့သွားစေကာ အဆုတ်ထဲကလေဖိအားကို လျှော့ချပြီး အောက်ဆီဂျင်သစ်တွေကို ဆွဲသွင်းလိုက်တာပါ။
■ ငါတို့အများစုက အသက်ရှူတာကို ခန္ဓာကိုယ်ရဲ့ နောက်ကွယ်က နောက်ခံဆော့ဖ်ဝဲလ်တစ်ခုလိုပဲ ထင်ထားကြတာပါ။ ဦးနှောက်က အထက်ထပ်မှာတွေးခေါ်တာ၊ ခံစားတာ၊ ဆုံးဖြတ်တာဆိုတဲ့ "အရေးကြီးတဲ့" အလုပ်တွေကိုလုပ်နေချိန်မှာ အောက်ထပ်မြေအောက်ခန်းထဲမှာ တိတ်တဆိတ် စက်ရုပ်လို အလိုအလျောက် ဓာတ်ငွေ့လဲလှယ်ပေးနေတဲ့ အလုပ်တစ်ခုပေါ့။
■ ဒါပေမဲ့ ခေတ်သစ်အာရုံကြောသိပ္ပံရဲ့ ပေါ်ထွက်လာတဲ့ တွေ့ရှိချက်တွေအရ ဒီဆက်ဆံရေးဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ သင့်ရဲ့ အသက်ရှူသွင်းလိုက်၊ ရှူထုတ်လိုက်တိုင်းဟာ သင့်ကိုအသက်ရှင်ရုံတင်မကစေပါဘူး။
■ သင့်ရဲ့ဦးနှောက်လှိုင်းတွေကို တက်ကြွစွာ ပြောင်းလဲပေးနေတယ်၊ မှတ်ဉာဏ်ကို ထက်မြက်စေတယ်၊ ပတ်ဝန်းကျင်ကို သင်ဘယ်လို တုံ့ပြန်မလဲဆိုတာကိုပါ ဆုံးဖြတ်ပေးနေတာ ဖြစ်ပါတယ်။
■ ပါမောက္ခ Jack Feldman ဟာ ဂျေရုစလင်မြို့က Dan Carmel ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဟီးဘရူးတက္ကသိုလ် ဆေးပညာဌာန၊ အစ္စရေး-ကနေဒါ ဆေးသုတေသနသိပ္ပံ (IMRIC) ညီလာခံမှာ ဧည့်သည်တော်ဟောပြောသူအဖြစ် တက်ရောက်ဖို့ အစ္စရေးနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့တာပါ။
■ ဖဲလ်မန်းဟာ အသက်ရှူခြင်းနဲ့ ဦးနှောက်အကြောင်း နယ်ပယ်မှာ ကမ္ဘာ့အတော်ဆုံး ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ဦးပါ။ သုတေသနတွေကို ကျော်ကြားလှတဲ့ သိပ္ပံနဲ့ ဆေးပညာဂျာနယ်တွေမှာတင်မကဘဲ The New York Times, NPR နဲ့ Scientific American စတဲ့ ထိပ်တန်းမီဒီယာတွေမှာပါ ဖော်ပြခြင်း ခံခဲ့ရပါတယ်။
■ သူဟာ နယူးယောက် Polytechnic Institute ကနေ ရူပဗေဒဘွဲ့၊ ချီကာဂိုတက္ကသိုလ်ကနေ ရူပဗေဒပါရဂူဘွဲ့ (PhD) တို့ကို ရရှိခဲ့သူပါ။ အဲဒီနောက် ပါရီနဲ့ နယူးယောက်တို့မှာ ပါရဂူလွန် သုတေသနအဖြစ် စမ်းသပ်အာရုံကြောသိပ္ပံကို လေ့လာခဲ့ပါတယ်။
■ ၁၉၇၈ မှာ inois ပြည်နယ် Northwestern တက္ကသိုလ်မှာ ကူညီပညာရှင်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၆ မှာတော့ ကယ်လီဖိုးနီးယားတက္ကသိုလ် (UCLA) ကို ပြောင်းရွှေ့ခဲ့ကာ အခုအခါမှာ နျူရိုဘိုင်အိုလိုဂျီ (အာရုံကြောဇီဝဗေဒ) ဘာသာရပ်ရဲ့ ထူးချွန်ပါမောက္ခအဖြစ် တာဝန်ယူထားပါတယ်။
■ ၁၉၉၁ မှာတော့ ဖဲလ်မန်းဟာ မြောက်ပိုင်းကယ်လီဖိုးနီးယားရှိ စတန်းဖော့ဒ်တက္ကသိုလ်က သုတေသနအဖွဲ့နဲ့အတူ အသက်ရှူခြင်းနဲ့ သက်ပြင်းချခြင်းရဲ့ နောက်ကွယ်က လုပ်ဆောင်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
■ သူတို့ဟာ preBötzinger complex ကို ရှာဖွေတွေ့ရှိပြီး အမည်ပေးခဲ့သလို၊ သက်ပြင်းချခြင်းကို ထိန်းချုပ်မွေးထုတ်ပေးတဲ့ ဦးနှောက်ရဲ့ ပင်မကွန်ရက်ကိုပါ စုံစမ်းဖော်ထုတ်နိုင်ခဲ့တာပါ။
■ သူ့ရဲ့ သုတေသနဟာ အသက်ရှူခြင်း၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ခံစားချက်၊ အိပ်စက်ခြင်းနဲ့ တရားဘာဝနာတို့ကြားက ဆက်စပ်မှုတွေကို စူးစမ်းထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် "ငါတို့ အသက်ရှူပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ ငါတို့ရဲ့ စိတ်ခံစားချက်ကို တကယ်ပဲပြောင်းလဲသွားစေနိုင်သလား" ဆိုတဲ့ စိတ်ဝင်စားဖွယ် မေးခွန်းကိုအဓိကထားလေ့လာထားတာပါ။
■ ပုံမှန်အားဖြင့် ဦးနှောက်က ရင်ဝမ်းခြားကြွက်သားနဲ့ အသက်ရှူကြွက်သားတွေကို အမိန့်ပေးတာလို့ ငါတို့ထင်ထားပေမဲ့၊ ဖဲလ်မန်းရဲ့ သုတေသနကတော့ ပြောင်းပြန်ဆက်ဆံရေးကိုပါ သက်သေပြနေပါတယ်။ အသက်ရှူပုံစံက ဦးနှောက်ဆီ အချက်ပြမှု ပြန်ပို့ပြီး လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ သိမြင်နားလည်မှု အခြေအနေကို ဖန်တီးပေးနေတာဖြစ်ပါတယ်။
■ ညီလာခံခေတ္တနားချိန်မှာ The Jerusalem Post နဲ့ အင်တာဗျူးစဉ် သူက ဦးနှောက်ရဲ့ သက်ပြင်းချစနစ်မှာ နျူရွန်ပေါင်း ၂၀၀ ခန့်ပါဝင်တဲ့ အစုအဝေးလေး နှစ်ခု (preBötzinger complex ထဲမှာ) ရှိပြီး အဲဒီအစုအဝေးက ပုံမှန်အသက်ရှူခြင်းကို သက်ပြင်းအဖြစ် ပြောင်းလဲပေးတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
■ ဒီနျူရွန်တွေဟာ သီးသန့် နျူရိုပက်ပတိုက် (NMB နဲ့ GRP) တွေကို သုံးပြီး အသက်ရှူစက်ဝန်းဆီ အချက်ပြကာ နောက်လာမယ့် အသက်ရှူမှုကို နှစ်ဆ ပမာဏကြီးသွားအောင် လုပ်ဆောင်ပေးတာပါ။
■ လေပြွန်ရဲ့ အဆုံးပိုင်းမှာရှိတဲ့ လေအိတ်ငယ်လေးတွေ (alveoli) ဟာ ဆဲလ်တစ်ထပ်တည်းနဲ့ ဖွဲ့စည်းထားတာမို့ ဂက်စ်တွေ လဲလှယ်ဖို့ လမ်းကြောင်းဟာ အလွန်တိုတောင်းပါတယ်။
■ "အဲဒီ လေအိတ်လေးတွေရဲ့ မျက်နှာပြင် အကျယ်အဝန်းဟာ ၇၅ စတုန်းမီတာလောက်ရှိတယ်။ တင်းနစ်ကွင်းတစ်ခုရဲ့ သုံးပုံတစ်ပုံလောက် ပမာဏမို့ ဂက်စ်လဲလှယ်မှု အများကြီး လုပ်ပေးနိုင်တာပေါ့။ ဒီကွန်ရက်ကြောင့် ငါတို့ဟာ ပျမ်းမျှ ၅ မိနစ်မှာ တစ်ကြိမ် သက်ပြင်းချမိကြတာပါ။ မင်း စိတ်ဖိစီးနေတဲ့အခါ ဦးနှောက်ထဲမှာ အရာအများကြီး ဖြစ်ပျက်သွားတယ်။ ဟိုက်ပိုသလမတ်စ် (hypothalamus) က ပက်ပတိုက်တွေ ထုတ်ပေးတဲ့အခါ မင်း သက်ပြင်း ပိုချရတယ်။ သက်ပြင်းချတာဟာ သဘာဝအတိုင်း ဖြစ်စဉ်တစ်ခုဖြစ်ပြီး မရှိမဖြစ်လည်း လိုအပ်ပါတယ်" လို့ ဖဲလ်မန်းက ဆိုပါတယ်။
Source - The Jerusalem Post