#World_News
Published 17 November 2025
■ ရုရှားတို့က ယူကရိန်းအရှေ့တောင်ပိုင်း ဇာပိုရစ်ဇ်ဇီယာဒေသမှာ ရှေသို့ချီစစ်ဆင်လာနိုင်ခဲ့ပြီး ထိုဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ရွာကြီးနှစ်ခုကို အခြေကုပ်ရယူခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောသွားပါတယ်။
■ ယူကရိန်းက ရုရှားထက် တပ်အင်အားနည်းပါးသဖြင့် ဒိုနက်စ်ဒေသမှာ ခံစစ် မြှင့်တင်ဖို့ ခက်ခဲနေပြီး ကျန်တဲ့တပ်တွေကတော့ ရှေ့တန်းမှာ ရုရှားတပ်ဖွဲ့တွေရဲ့ အမြှောက်တွေ၊ ဒရုန်းတွေ တိုက်ခိုက်မှုတွေကြား ကြံ့ကြံ့ခံနေပါတယ်။
■ ရုရှားတပ်တွေက ဇွန်လနောက်ပိုင်းမှာ ဒီနီပရိုပက်ထရော့ဗ်ဒေသသို့ ချီတက်လာပြီးနောက်ပိုင်း ဇာပိုရစ်ဇ်ဇီယာဒေသအထိ တွန်းအားပေးလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ၆ ပတ်အတွင်း ရှေ့တန်းမှာ ၃၀ ကီလိုမီတာလောက်အထိ ရှေ့တက်လာနိုင်ခဲ့ပါတယ်။
■ ရုရှားတပ်တွေ ရစ်ဗ်နိုပီလျာကို သိမ်းယူပြီးနောက် ရုရှားချီတက်လမ်းကြောင်းမှာ ဟူလျာပိုးလ်မြို့က ပစ်မှတ်ဖြစ်လာနိုင်ကာ အိုရီကိဗ်ကနေ ၉ ကီလိုမီတာဝေးတဲ့ မာလာတော့မက်ခါကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
■ ယူကရိန်းဘက်ကတော့ ဒီအကြောင်းတွေကို ပြောကြားခြင်းမရှိသေးပါဘူး။
■ ဟူလျာပိုးလ်မြို့နားတဝိုက် အပါအဝင် ဇာပိုရစ်ဇ်ဇီယာရှေ့တန်းနေရာတွေမှာ တိုက်ခိုက်မှုပိုဆိုးရွားလာပြီး ယူကရိန်းတပ်တွေက ရွာအများအပြားထံကနေ ဆုတ်ခွာလာရတယ်လို့ ယူကရိန်းထိပ်သီးဗိုလ်ချုပ်တစ်ဦးက ပြောခဲ့ပါတယ်။
■ ယူကရိန်းတို့က ခုခံရေးနေရာအများအပြားကို ထိန်းထားနိုင်လောက်တဲ့ တပ်အင်အားမရှိပါဘူး။
■ အခုဆိုရင် ရုရှားက ယူကရိန်းနယ်မြေရဲ့ ၁၉ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ၁၁၅,၄၇၆ စတုရန်းကီလိုမီတာလောက်ကို ထိန်းချုပ်ထားပါတယ်။
■ ရုရှားက ဒိုနက်စ်၊ လူဟန့်စ်အပါအဝင် ဒွန်ဘက်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ချင်သလို ခါဆန်နဲ့ ဇာပိုရစ်ဇ်ဇီယာတို့ကိုလည်း အလိုရှိနေပါတယ်။
Source: Reuters