#World_Health
Published 17 November 2025

▪️ ဆီးအမြှုပ်ထခြင်းက ကျောက်ကပ်ရောဂါဖြစ်တဲ့သဘော မဟုတ်ဘဲ ဆီးသွားနှုန်းပြင်းထန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အိမ်သာခွက်ထဲ ဆပ်ပြာအစအန ကျန်ခြင်းတို့ကြောင့် ဖြစ်တတ်တယ်လို့ KIMS ဆေးရုံမှ ဆီးနှင့်ကျောက်ကပ်အထူးကု ဒေါက်တာ အာဂျစ်ဂူဂျယ်လာက ပြောပါတယ်။

▪️ ဆီးအမြှုပ်ထခြင်း ကာလကြာမြင့်လာရင်တော့ ဆီးထဲမှာ ပရိုတိန်းယိုစိမ့်တာဖြစ်နိုင်ပြီး ကျောက်ကပ်ပုံမှန် မစစ်ထုတ်နိုင်တာ ဖြစ်ပါတယ်။

▪️ တစ်နေ့တာအတွင်း ပြောင်းလဲမှုထက်စာရင် ဘာတွေကို သတိထားရမလဲဆိုတော့ ရက်အတော်ကြာ ဆက်တိုက်အမြှုပ်ထခြင်း၊ ခြေထောက် ခြေကျင်းဝတ် လက် မျက်လုံးတို့မှာ ဖောရောင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးသွားနည်းခြင်း၊ ဆီးအရောင်ပြောင်းလဲခြင်းတို့ကို ဂရုပြုသင့်ပါတယ်။

▪️ ဒီလိုဆိုရင် ဆီးထဲက ပရိုတိန်းစစ်ဆေးခြင်းနဲ့ ကျောက်ကပ်လုပ်ဆောင်ချက် ဆန်းစစ်ဖို့က အရေးကြီးကြောင်း ဒေါက်တာက ဆိုပါတယ်။

▪️ ရေဓာတ်ပြည့်ဝစွာနေခြင်း၊ အငန်စာနဲ့ အဆင့်ဆင့်ထုပ်ပိုးစားစရာများ လျော့ချခြင်း၊ သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းခြင်း၊ အသားကြီးငါးကြီး ယာယီကန့်သတ်ခြင်း၊ မလိုလားအပ်တဲ့ အကိုက်အခဲပျောက်ဆေးများ ရှောင်ရှားခြင်း၊ လှုပ်ရှားမှုပြုလုပ်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ဖြင့် ကျောက်ကပ်ကျန်းမာရေးကို ထိန်းချုပ်နိုင်ပါတယ်။

▪️ Creatinine နဲ့ eGFR တိုင်းတာဖို့ ပရိုတိန်းနဲ့ သွေးစစ်ဆေးမှုများ ပြုလုပ်နိုင်ကာ အမြှုပ်ထတဲ့ ကာလကြာချိန်၊ ဖောရောင်ခြင်းရှိမရှိ၊ ဆီးအရောင်ပြောင်းလဲခြင်း ရှိမရှိ၊ ဆီးချို သွေးတိုး ကျောက်ကပ်ရောဂါမျိုးရိုးရှိမရှိ၊ သုံးစွဲနေတဲ့ ဆေးဝါး ဖြည့်စွက်ဆေးများ စတာတွေကို အသေးစိတ် ကြည့်ခြင်းဖြင့် ဘေးအန္တရာယ်မရှိဘူးလား ကျောက်ကပ်ပတ်သက်နေလားဆိုတာကို ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

▪️ ဆီးအမြှုပ်ထခြင်းကို စောစီးစွာ သိရှိပြီး ကြိုတင်ကာကွယ်ကုသခြင်းက ကျောက်ကပ်ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

Source: Indian Express